TRUST

in #myanmar6 years ago (edited)

Trust (ယုံကြည်​မှု)
trust-1418901__340.jpg
Image Source
စကားလုံး​က​တော့ တိုတိုတုတ်​တုတ်​ပါ။ ဒါ​ပေမယ့်​ ဒီစကားလုံးကို အဓိပ္ပါယ်​ဖွင့်​ဆိုလိုက်​ရရင်​ အ​တော်​ကိုရှည်​လျားသွားပါ​လိမ့်​မည်​။

အဖွဲ့အစည်းတစ်​ခု၊ လုပ်​ငန်းတစ်​ခုမှာ ဒီယုံကြည်​မှုဆိုတဲ့ကိစ္စဟာ ​​မေ့ထားလို့မရပါဘူး။ အဖွဲ့အစည်းအတွင်း၊ လုပ်​ငန်းခွင်​အတွင်းမှာ စည်းလုံးချင်​တယ်​၊ တိုးတက်​ချင်​တယ်​၊ ​အောင်​မြင်​ချင်​တယ်​ဆိုရင်​ အဖွဲ့အတွင်း တစ်​ဦးကိုတစ်​ဦး ​တစ်​​ယောက်​​​ပေါ်တစ်​​ယောက်​ အပြန်​အလှန်​ယုံကြည်​မှုထားရှိဖို့်​အထူးလိုအပ်​ပါသည်​။

ယုံကြည်​မှုဆိုတာကို ရိုးရိုး​လေးပဲ ဖွင့်​ဆိုရရင်​ လူတစ်ေ​ယာက်ကို ​ယုံမှကြည်​မယ်​ မယုံရင်​မကြည်​ဘူး ဟုဖွင့်​ဆိုပါမည်​။ ဒါ​ကြောင့်​ အဖွဲ့အစည်းအတွင်းမှာ တစ်​ဦး​ကိုတစ်​​ဦး ယုံမှာသာလျှင်​ အခြင်းခြင်းကြားမှာ သံသယစိတ်​​ပ​ပျောက်​ပြီး ကြည်​လင်​စိတ်​​တွေဖြစ်​​ပေါ်လာမှပဲဖြစ်​တယ်​။ အချို့က​ပြောကြတယ်​ လူတိုင်းလူတိုင်းကို အလွယ်တကူ​​ယုံကြည်​တာ​ မ​ကောင်းဘူးတဲ့။ ဟုတ်​ပါတယ်​။ လူ​တွေကို ယုံယုံကြည်​ကြည်​နဲ့ ဆက်​ဆံမယ်​ဆိုရင်​ သင်​ ​တစ်​ခါတစ်​ရံ​တော့ အလိမ်​ခံရနိုင်​ပါတယ်​။ ဒါ​ပေမယ့်​ ဒီလို လူ​တွေကို ယုံယုံကြည်​ကြည်​နဲ့ ဆက်​ဆံမယ်ဆို​ရင်​ သင် စိတ်​ထဲမှာ ကြည်​လင်​ပြီး ​​စိတ်​ချမ်းသာ​နေပါလိမ့်​မယ်​။

အချို့ တစ်​နှပ်​စားဉာဏ်​နှင့်​ သူ​တွေက​တော့ ယုံကြည်​မှုဆိုတာကို လိမ်​တဲ့ညာတဲ့​နေရာ​တွေမှာ မ​ကောင်းတာလုပ်​ဖို့်​အတွက်​ အသုံးပြု​နေကြတာ​တွေလည်းရှိပါတယ်​။ ဒီ​ယုံကြည်​မှုကိုပဲ ​စီးပွား​ရေးလုပ်​တဲ့​နေရာ အသင်းဖွဲ့မှာ ​ခေါင်း​ဆောင်​မှုလုပ်​တဲ့​နေရာ​တွေမှာ
နည်းမှန်​လမ်းမှန်​နှင့်​ မှန်​မှန်​ကန်​ကန်​အသုံးချပြီး ​ရေရှည်​မှာ ​အောင်​မြင်​မှု​တွေ ရရှိ​အောင်​လည်းပြုလုပ်​နိုင်​ပါတယ်​။ လူ​တွေသင့်​ကို ချက်​ချင်းကြီး ယုံကြည်​လာ​အောင် လုပ်​ယူလို့​တော့မရပါဘူး။ သင့်​ဘက်​အရင်​ ​ပေးဆပ်​ပြီး ​​ တဖြည်းဖြည်းနဲ့ ယုံကြည်​မှုကို တည်​​ဆောက်​ယူရတာပါ။
0B605456-852C-4DF2-8FD7EC5B567EFC2A.jpg
Image Source
သင်​ဟာ အခြားသူ​တွေရဲ့ ယုံကြည်​မှုကိုရဖို့​ ယုံကြည်​မှုတည်​​​​ဆောက်​​နေသူဆိုလျှင်​ ​​အောက်​ပါအချက်​​တွေကို လိုက်​နာဖို့လိုပါတယ်​။
ကတိတည်​ပါ
ဘယ်​အချိန်မှာ ဘယ်​​နေရာကို လာခဲ့မယ်လို့​ပြောထားရင်​ ဘယ်​​လောက်​အလုပ်​ရှုပ်​​နေပါ​စေ ရောက်​​အောင်​သွားပါ။ ဘယ်​​နေ့ ဘယ်​အလုပ်​ကို အပြီး​သတ်​အောင်​လုပ်​​ပေးမယ်လို့ ကတိေ​ပးထားရင် ဘယ်လိုကိစ္စပဲ​ပေါ်လာပါေ​စ​​​​​ ​ပြီး​အောင်​လုပ်​​ပေးလိုက်​ပါ။ ဘာ​ကြောင့်​လဲဆို​တော့ လူ​တွေကို ကတိ​ပေးပြီးမှ ကတိဖျက်​တာဟာ တစ်​ဖက်​သားကို မ​လေးစား​စော်​ကားရာ​ရောက်​သလို ကိုယ်​နှင့်​ကိုယ့်​လုပ်​ငန်းကိုပါ နာမည်​ပျက်​​​​​ရာ​ရောက်​​စေပါတယ်​။ ဒါ​ကြောင့်​ ကတိစကားတစ်​ခွန်းကို ကိုယ်​တကယ်​မတည်​နိုင်​ဘဲ ဘယ်​​တော့မှမ​ပေးပါနှင့်​။

မိမိအတ္တကို ​ရှေ့တန်းမတင်​ပါနှင့်
လူတိုင်းမှာ​တော့ အနည်းနှင့်​အများဆိုသလို အတ္တကိုယ်​ဆီရှိကြပါတယ်​။ ဒါ​ပေမယ့်​ သင်​ဟာ အခြားသူ​တွေဆီက​နေ ယုံကြည်​မှုကို တည်​​ဆောက်​​နေသူဆိုလျှင်​​တော့ သင့်​အတ္တ​တွေကို ခဏ​​ဘေးဖယ်​ထားပြီး အခြားသူ​တွေရဲ့ လိုအပ်​ချက်​​တွေကို ​ဆောင်​ရွက်​​ပေးလိုက်​မယ်​ဆိုရင်​ သူတို့သင့်​ကို အရင်​ထင်​ပိုပြီး ယုံကြည်​ကြပါလိမ့်​မယ်​။

လူတိုင်းကို လေး​လေးစားစားနှင့်​ဆက်​ဆံပါ
မိမိအလုပ်​နှင့်​ပတ်​သက်၍​ပြောဆိုဆက်ဆံရာတွင်​​​​ ကိုယ့်​ထက်​ ငယ်ရွယ်​​​သူ​ဖြစ်​​စေ၊ ကိုယ့်ထက်​​နိုမ့်​ပါးသူကိုဖြစ်​​စေ တ​စ်​​လေးတစ်​စားနှင့်​ ​ပြောဆိုသင့်​ပါတယ်​။ ကိုယ်​​လောက်မှ​​အဆင့်​မရှိပါဘူး ဘယ်​လို​ဆက်ဆံဆက်ဆံ​​ရပါတယ်​ဟု သတ်​မှတ်​မထား သင့်​ပါ။ အခြားသူ​တွေက သင့်​အ​​ပေါ်​​ကို ​လေး​လေးစားစားနှင့်​ ဆက်​ဆံ​စေချင်​ရင် အရင်ဆုံး​​​​ သင့်​ကိုယ်​တိုင်​​အခြားသူ​တွေအ​ပေါ် ​လေး​လေးစားစားနဲ့ ဆက်​ဆံ​ပေးဖို့ လိုပါတယ်​။ ဒါမှ အပြန်​အလှန်​​လေးစားမှုရရှိပြီး သင်နှင့်​ အလုပ်​မှာလည်း အ​ထောက်​အကူ​တွေများစွာရရှိနိုင်​ပါတယ်​။
images (6).jpeg
Image Source
စာ​ပေ​ဆောင်းပါးများကို ​လေ့လာဖတ်​ရှူ ရုံသက်​သက်​မဟုတ်​ပဲ တကယ်​​လက်​​တွေ့လုပ်​​ဆောင်​နိုင်ပြီး ​အကျိုးထူးများရရှိနိုင်​ကြပါ​စေ.....။

စာရှူ သူများကို​လေးစားလျက်​ ​ရေးသားသူ Jhon Jhon
MSC-046
ကိုးကား- Lynn Thaik Nyunt ၏ Road To Success စာအုပ်​မှ ' Trust ' ​ဆောင်းပါးကို ကိုးကား​ရေးသားပါသည်​။

Sort:  

Roat လေးတော့ ပြင်စေချင်ပါတယ်

ဟုတ်​ကဲ့

ထောက်​ပြ​ပေးတာ​ကျေးဇူးပါ

အမှန်​​တွေပါပဲ။

ဟုတ်​ကဲ့အမ

ဖတ်​ရှု​ပေးတာ​ကျေးဇူးပါ။

ယုံကြည်မှုမရှိရင် ဘာမှဖြစ်မလာပါ။

ဟုတ်​ကဲ့ ဦး

တစ်ဦးနဲ့တစ်ဦးယုံကြည်မှု့မရှိတဲ့ လုပ်ငန်း,အဖွဲ့အစည်းတွေဟာ တိုးတက်အောင်မြင်ဖို့ ခက်ခဲပါတယ်။

ဟုတ်

အမှန်​ပါအမ​ရေ

မှတ်သားရပါတယ်ဗျာ

ဟုတ်​အကို

အဲ့ဒီ ၃ချက်ကို မှတ်ထားပါ့မယ် ဘဒို
တကယ် အသုံးဝင်တဲ့စကားပါ။

ဖေ့ဘုတ်ပေါ်ရှယ်ပါရစေ ဘဒို

ဟုတ်​ကဲ့အကို

သိသလိုလိုနဲ့ သတိမထားမိတဲ့အရာလေးတွေပါ
တစ်ကယ်တန်ဖိုးရှိတဲ့ အချက်တွေပါ

ဟုတ်​ကဲ့ အန်​တီ

Congratulations @jhonnight! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Quarter Finals - Day 2


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64136.70
ETH 3128.20
USDT 1.00
SBD 3.94