Libra ဟူသော ငွေကြေး ( Henry Aung )

in #myanmar5 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ယခုကျွန်တော်ရေးသားမည့် ဆောင်းပါးမှာ Facebook ၏ Libra ငွေကြေး အကြောင်း နှင့်ပတ်သက်၍ယမန်နေ့က ထုတ်ဝေခဲ့သည့် Singapore Strait Time တွင် ဖေါ်ပြထားသော ဆောင်းပါးရှင် Saule Omarova နှင့် Graham Steele တို့၏ There’s a lot we still don’t know about Libra ဟူသောဆောင်းပါးအား ကိုးကား၍ ရေးသားထားပါသည်။

လွန်ခဲ့သော လ အနည်းငယ်က Facebook ၏ ခေါင်းဆောင် Mark Zuckerberg အနေဖြင့် သူ၏ Facebook နှင့်ပတ်သက်၍ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်မှုများ ၊ အမုန်းပွားစေသည့် အရေးအသား များ အား မည်သို့ ထိန်းချုပ်မှု၊ ကိုယ်ရေးကိုယ်တာ အချက်အလက် ပေါက်ကြားမှု စသည်တို့ကြောင့် တရားရုံးတွင် ၅ နာရီကျော် အစစ်ခံခဲ့ရပြီး ဖြစ်ပါသည်။

ထိုပြသနာများ နှင့်ပတ်သက်၍ မည်သို့မည်ပုံ ဖြေရှင်းထားသည်များအား မည်သူမျှ တိတိကျကျ မသိကြသေးပါ။ အထူးသဖြင့် Facebook မည်သို့ လည်ပတ်နေသည်ကို တိတိကျကျ မသိကြပါ။ Facebook ၏ Libra ငွေကြေးဆိုင်ရာ ကြေညာချက် ထွက်လာပြီးသည့်နောက် စင်္ကပူ အပါအဝင် နိုင်ငံအတော်များများ က ဤ Libra ငွေကြေး မည်သို့ လည်ပတ်မည်ကို သိချင်နေကြပါသည်။

01.jpg
Original Source

ဆိုလိုသည်မှာ ထို Libra ငွေကြေး မည်သို့ ထုတ်ဝေဖြန့်ချီမည်ကို ( ရွှေပေါင်ထား၍ ထုတ်မည်လား ၊ USD ဖြင့် ချိတ်ဆက်ထား၍ ထုတ်မည်လား ) အသေးစိတ်သိချင်နေကြပါသည်။ Facebook ၏ Libra အကြောင်း မပြောခင် Cryptocurrency အကြောင်း အလျင်ပြောကြပါစို့။ Cryptocurrency ဟူသည်မှာ ထိန်းချုပ်မှုမဲ့ မိမိထံမှ အခြားတယောက်ထံ ကြားခံ ပေးသူမရှိ တိုက်ရိုက်လွဲပြောင်းယူ နိုင်သော ငွေကြေး ဖြစိပါသည်။

Cryptocurrency တို့မှာ Blockchain နည်းပညာ အပေါ်အခြေခံထားသောကြောင့် မည်သူ က cryptocurrency အား မည်မျှလောက်ပိုင်ဆိုင်ပါသည်ဟု ပြောရန် အလွန်ခက်ပါသည်။ ( Steemit Blockchain မှလွဲ၍ ) မူရင်း Blockchain Wallet သည် မိမိ ကိုယ်ပိုင် Key မပျောက်ဆုံးသရွေ့ လုံခြုံသည်ဟု ဆိုနိုင်သော်လည်း ထို cryptocurrency တို့အား ဝယ်ရောင်း ပြုလုပ်သည့် Exchange wallet တို့မှာ မလုံခြုံပါ။

ထို Exchange wallet တို့မှာ အဖွဲ့အစည်း တို့၏ ထိန်းချုပ်မှု အောက်တွင် ရှိ၍ KYC ဟူသော နည်းပညာ ဖြင့် မည်သူ က သူ၏ Exchange wallet တွင် cryptocurrency မည်မျှ ပိုင်ဆိုင်ကြောင်း သိနိုင်ပါသည်။ Facebook အကြောင်းပြန်ဆက်ကြပါစို့ ။ အကယ်၍ Facebook အနေဖြင့် Facebook အကောင့်တိုင်းတွင် Libra wallet တွဲပါလာပြီ ဆိုလျင် ထို Wallet သည် ထိန်းချုပ်မှုမဲ့ လား သို့မဟုတ် ထိန်းချုပ်မှု အောက်တွင် ရှိသည်လား ဆိုသည်မှာ အရေးပါလာပြီ ဖြစ်ပါသည်။

02.jpg
Original Source

အဘယ့်ကြောင့်ဆိုသော် Facebook သည် Blockchain နည်းပညာတွင် အခြေခံထားသော Platform မဟုတ်ပါ။ အပြည့်အဝ ထိန်းချုပ်မှုရှိသော Platform ဖြစ်ပါသည်။ ထိန်းချုပ်မှု မဲ့ဆိုလျင် cryptocurrency သဘောဆန်လာမည် ဖြစ်ပြီး Facebook အကောင့် မှာ ထိန်းချုပ်မှုမဲ့သွား၍ ယခင်ကကဲ့သို့ လူတယောက်လျင် အကောင့်ပေါင်း ရာထောင်ချီ ဖွင့်နိုင်သလို Libra အနေဖြင့်လည်း ငွေကြေးခဝါချလိုသူများ၏ လက်သို့ ကျရောက်သွားတော့မည် ဖြစ်ပါသည်။

ဤသို့ဆိုလျင် Bitcoin တွင်လည်း ငွေကြေးခဝါချ မှုမဖြစ်နိုင်သလောဟု မေးစရာ ဖြစ်လာပါသည်။ ဖြစ်နိုင်ပါသည်။ သို့သော် လက်ရှိ အချိန်တွင် Bitcoin အနေဖြင့် USD နှင့် အခြားသော ငွေကြေးများအား ယျှဉ်ပြိုင်ရန်ထက် သူကိုယ်တိုင် က တန်ဖိုး ရှိနေသောကြောင့် ထိုငွေကြေးများဖြင့် Bitcoin အား တန်ဖိုးဖြတ်နေရပါသည်။ Facebook ၏ Libra မှာ ထိုသို့မဟုတ်ပါ။

1 Libra သည် 1 USD$ နှင့် ညီမျှသည်ဟု သတ်မှတ်လိုက်လျင် တကမ္ဘာလုံးရှိ အမေရိကန် ဒေါ်လာနှင့် လည်ပတ်နေသော စီးပွားရေးလုပ်ငန်း များ မည်သို့ ဖြစ်သွားမည်ကို တွေးကြည့်ပါ။ ကမ္ဘာ့ တိုင်း နိုင်ငံအသီးသီး စီးပွားရေး လုပ်ရာ၌ အခွန်အခ များ ပေးစရာမလိုသည့် P2P ငွေပေးချေ စနစ် များ ဖြစ်ပေါ်လာလျင် လက်ရှိကျွန်တော်တို့ သုံးနေသော စက္ကူ ငွေကြေးမှာ အဓိပ္ပာယ်မရှိတော့ပါ။

03.jpg
Original Source

စက္ကူ ငွေကြေး မလိုအပ်တော့လျင် ဘဏ်များလည်း မလိုအပ်တော့ပါ။ ငွေကြေးဆိုသည်မှာ တိုင်းနိုင်ငံ အစိုးရတို့ကသာ ထုတ်ဝေခွင့်ရှိရာ Facebook ကဲ့သို့ ပြင်ပ အဖွဲ့အစည်းများက ငွေကြေးထုတ်ဝေသည် ဆိုလျင် ဥပဒေဖြင့် ညှိစွန်းနေပြီ ဖြစ်သောကြောင့် Facebook ၏ libra မှာ ငွေကြေးတရပ် အနေဖြင့် ဖြစ်ပေါ်လာရန် အတော်ရုန်းကန်ရမည် ဖြစ်ပါသည်။

ထို့ အပြင် အမေရိကန် အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာနှင့် လည်ပတ်မည်သည့် cryptocurrency မဆို သူတို့အနေဖြင့် မသိချင်ယောင်ဆောင်နေနိုင်သော်လည်း USD$ အား အစားထိုးလာမည့် cryptocurrency ဆိုပါက ဥပဒေဖြင့် တားမြစ်လိမ့်မည်သာ ဖြစ်ပါသည်။

ယနေ့ cryptocurrency လောကတွင် USD $ အစားထိုး cryptocurrency များ ရှိပါသည်။ USD 1$ ဖြင့် စျေးညှိထားသော USDT / USDC စသည် ဖြင့် ရှိပါသည်။ သို့သော်လည်း ထို cryptocurrency များအား စိတ်ဝင်စားသူ မများလှသေးပါ။ Bitcoin နှင့်တကွ အခြားသော cryptocurrency များက ကမ္ဘာသုံး ငွေကြေးအား ခြိမ်းခြောက် နှိုင်စွမ်း အလွန်နည်းပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတဝန်း လုံးနှင့်စာလျင် Cryptocurrency ငွေကြေးအား စိတ်ဝင်စားသူ သန်း ၁၀၀ ပင်မရှိနိုင်သေးပါ။

04.jpg
Original Source

သို့သော် ကမ္ဘာတဝန်း သုံးစွဲသူ ဘီလီယံနှင့်ချီ ရှိသော Facebook ကဲ့သို့သော Social Media က ငွေကြေး ထုတ်ဝေလိုက်လျင် အလျင်အမြန် ပြန့်နှံသွားမည်မှာ သေချာပေါက်ပင် ဖြစ်ပါသည်။ သို့သော် Facebook အနေဖြင်​သူတို့ ငွေကြေးအား လျို့ဝှက်ထုတ်နိုင်သည်တော့မဟုတ်ပါ။ အရာရာ ပွင့်လင်းမြင်သာနေရမည် ဖြစ်သလို အမေရိကန် အစိုးရအနေဖြင့်လည်း Too Big to be fail ဟူသော အနေအထား ရောက်နေပြီ ဖြစ်သည့် Facebook အား သေချာကိုင်တွယ် ရမည် ဖြစ်ပါသည်။

ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း လက်ရှိ ကျွန်တော်တို့ ခေတ်တွင် ငွေကြေး အသုံးပြုမှုဆိုင်ရာ တော်လှန်ရေး တရပ်ဖြစ်ပေါ်နေပြီ ဖြစ်ပါသည်။ ဤ တော်လှန်ရေးသည် Internet ဟူသော အရာတွင် အခြေခံ၍ အလွန် သိမ်မွေ့သောကြောင့် သာမန်လူတို့အတွက် မသိမသာ လှပါ။ သို့သော် ဤငွေကြေးအသုံးပြုမှုဆိုင်ရာ ပြောင်းလည်းလာမှုသည် ကျွန်တော်တို့အတွက် အကျိုးသက်ရောက်မှု အများကြီး ဖြစ်လာမည် ဖြစ်ပါသည်။

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အတော်ကိုစိတ်လှုပ်ရှားစရာ လီဘရာပါ
လီဘရာသာအောင်မြင်ရင်တော့ တော်တော်ကို အပြောင်းအလဲတွေရှိလာမှာ

Libra အောင်မြင်လာရင် တော့ ခေတ်တခေတ် ပြောင်းပြီလို့ ပြောရမယ် ကိုထွေး

Facebookလိုအောင်မြင်ပြီးသားsocialmedia က digitalငွေကြေးထုတ်လိုက်တာနဲ့ အခြား digitalငွေကြေးထုတ်နိုင်တဲ့ social media တစ်ခုခုကအောင်မြင်လာတာနဲ့က သက်ရောက်မှုအတူတူပဲ လား အစ်ကို ....

မတူနိုင်ဘူး.... အထူးသဖြင့် Facebook ရဲ့ အကျိုးသက်ရောက်မှုက ပိုမြန်လိမ့်မယ်... ဘာဖြစ်လို့ဆိုတော့ လက်ရှိ Social Media ကွန်ယက်မှာ Facebook ကိုမှီတဲ့ အခြား Social Media မရှိသေးဘူး....

ခေတ်ရေစီးကြောင်းကတော့ ပိတ်ပင်တားဆီးဖို့ မလွယ်ပေ။
ရေစီးနှင့်အတူ ပြောင်းလဲဆောင်ရွက်နိုင်သူကား အောင်မြင်နိုင်ပြီး ရေစီးလမ်းကြောင်း မသိသူကား ကျန်ရစ်ပေလိမ့်မည်။
Thank for sharing.

Posted using Partiko Android

ခေတ်ရေစီးနှင့် လိုက်ပါစီးမျှောသွားကြပါစို့။

ပြသနာက အကြီးကြီးပါဗျာ...
ရှေးတုန်းကခေတ်လို...ဘုရင်နဲ့သူဌေး ပူးပေါင်းပီးမှ လုပ်ဆောင်မှ တော်ရုံကြမယ်ထင်တယ် ကိုဟင်ရေ...
အဲ့လိုမှမဟုတ်ရင် ပြည်သူလုထုတွေရဲ့ ပိုင်ဆိုင်မူတန်ဖိုးတွေဟာ အချိန်မရွေး ဆုံးရူံးနိုင်ခြေဖြစ်နိုင်သလိုပ...
အစိုးရကတော့..ထိန်းချူပ်လို့မရတဲ့အဆုံး အာဏာပြပီး လုပ်ယူမယ်ဆိုလည်း ပြည်သူကခံရမယ်..အဲ့အတွက် ဖေ့စဖွတ်ကလည်း အရမ်းတိုးဝင်မလာဖို့လိုမယ်ထင်တယ်ဗျာ..။

စိတ်ဝင်စားစရာတော့ အတော်ကောင်းတယ်။ အကယ်၍ Facebook ရဲ့ Libra ကို လက်ခံလိုက်ကြပြီ ဆိုရင်....... ကျန်တဲ့ cryptocurrency တွေကိုလည်း လက်ခံရတော့မယ်။ Cryptocurrency ကို လက်ခံလိုက်ပြီ ဆိုတာနဲ့..... နောက်ဆက်တွဲ တွေ က အစိုးရ ၊ အာဏာနဲ့ ဘဏ် တွေရဲ့ အရေးပါမှုက လျော့ကျသွားလိမ့်မယ်။

ကိုဟင်ရေ..ဘန်ကောက်မှာကျင်းပတဲ့ပဲွလေးလည်း တင်ပေးပါအုံးခမျ..:-))

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.031
BTC 62177.56
ETH 2918.14
USDT 1.00
SBD 3.66