MSC-Exchange အကြောင်း အနည်းငယ် ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ MSC members များ အနေဖြင့် MSC Exchange site လွင့်တင်လိုက်ကြောင်း ကို အားလုံး သိပြီး ဖြစ်ပါလိမ့်မည်။ သို့ သော် ကျွန်တော့ အနေဖြင့် ဤ site အလုပ်လုပ်ပုံ ကို အနည်းငယ်ရှင်းပြလိုပါသည်။ ပထမ ဦးဆုံးအနေဖြင့် MSC -Exchange site တွင် ဖေါ်ပြပေးထားသော Steem နှင့် SBD ဈေးနှုန်းများမှာ ၂၄ နာရီ အတွင်းရှိ ဈေးနှုန်းသတ်မှတ်ချက်များ ဖြစ်၍ ပုံသေဈေးနှုန်းဟု မယူဆ စေလိုပါ။ ဈေးနှုန်းများမှာ အချိန်နှင့် အမျှ ပြောင်းလည်း နေပါသည်။

site ပေါ်ထိုဈေးနှုန်းများ ပျမ်းမျှ နှုန်းထားများ ဖြစ်၍ အနီးစပ်ဆုံး တွက်ချက်မှု လွယ်ကူ စေရန် ဖေါ်ပြထားပေးရခြင်း ဖြစ်ပါသည်။ MSC- Exchange site မှာ Bittrex နှင့် ချိတ်ဆက်ထားခြင်း ဖြစ်ပြီး မိမိ တို့ order မှာ လိုက်သော Steem နှင့် SBD တို့အား Bittrex ပေါက်ဈေးအတိုင်း ဝယ်ယူ ရောင်းချ ပေးမည် ဖြစ်ပါသည်။

MSC- Exchange ၏ အလုပ်လုပ်ပုံ မှာ မိမိဖြည့်သွင်းလိုက်သော order form မှာ Exchange order inbox အတွင်းသို့ ရောက်သွား၍ Data အချက်အလက်များအား မှတ်ယူထားပါသည်။ ထို့ နောက် Exchange မှ ဈေးနှုန်းတွက်ချက်ပြီးနောက် လိုအပ်သော Bank နှင့် ဆက်စပ်နေသော Order conformation ကို ပြန်လည် ပေးပို့ပါသည်။

ဤ အဆင့် အထိကို @suhlaing မှ ဆောင်းပါးရေး၍ ဖေါ်ပြပြီး ဖြစ်ပါသည်။ ဤ conformation email ပေးပို့ ပြီး နောက် မိမိ order မှာ ဆက်လက် ပွင့်နေပါသည်။ ဤသို့ Order ပွင့်နေသော အချိန်တွင် မိမိ မှ နောက်ထပ် order ပေးပို့ ၍ မရပါ။ ဤသို့ ပေးပို့ လျင် Exchange inbox မှ မှတ်သားထားသော ပထမ order နှင့် ဒုတိယ order အား မှားယွင်း တွက်ချက်မှု ဖြစ်နိုင်သောကြောင့် ပထမ order အား order processing ပြီးသည် အထိ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

03.png
04.png

ဤအပိုင်းမှာ အနည်းငယ်ရှုပ်ထွေးသောကြောင့် သေချာစွာ ဖတ်ရှုစေလိုပါသည်။ မိမိပထမ buy or sell order ပို့လိုက်သော အခါ Exchange မှ လိုအပ်သည်များကို တွက်ချက်၍ order confirmation form အား ပြန်လည် ပေးပို့ပါသည်။ ထို order confirmation form တွင် တွက်ချက်ထားသော ဈေးနှုန်း ကိုသော် လည်းကောင်း ကျသင့်ငွေကို သော် လည်း ကောင်း သဘောမကျလျင် " မဝယ်လို ပါ ၊ မရောင်းလို ပါ " ဟူ သော email ပြန်ပို့ မှသာလျင် မိမိ order မှာ Exchange မှ Auto cancel လုပ်ပေးလိုက်မည် ဖြစ်ပါသည်။

တွက်ချက်ထားသည်ကို သဘောကျ လျင် ဆက်လက် ဆောင်ရွက်ရန် တာဝန်များကို ဖေါ်ပြပေးထားပါသည်။ ဤသို့ ဆက်လက် ဆောင်ရွက်၍ ပြီး လျင် နောက်ဆုံး MSC Exchange site မှ order မှာယူခြင်း ပြီးပြည့် စုံပါပြီ နောက်ထပ် order များ မှာယူ နိုင်ပါပြီဟူ သော email ရောက်လာမှ သာလျင် order processing ပြီးဆုံးပါသည်။

ထိုအချိန်မှသာ နောက်ထပ် order များ ထပ်မံ မှာ ယူနိုင်ပါသည်။ ဤသို့ order processing မပြီးဆုံးပါက မိမိ order မှာ ပွင့် မြဲအတိုင်း ပွင့်နေပြီ order များ ဆက်တိုက်ပေးပို့နေလျင် ထို email account နှင့် Steem အကောင့်အား Exchange site မှ spam အဖြစ်သတ်မှတ်၍ Auto Blacklist သွင်း ပြစ်လိုက်ပါသည်။

ဤသို့ black list ဖြစ်သွားလျင် ထိုအကောင့် အနေဖြင့် နောက်ထပ်မည်သို့သော order ထပ်ပို့လျင်လည်း Exchange inbox အတွင်းသို့ ရောက်လာတော့မည် မဟုတ်ပါ။ ထို့ကြောင့် MSC members တို့အနေဖြင့် buy order ဖြစ်စေ ၊ sell order ဖြစ်စေ order ဖွင့် ပြီးလျင် ထို order အား အပြီးသတ်ရန် လိုအပ်ပါသည်။ သို့မှ သာ နောက်ထပ် order များ ဆက်လက် မှာယူနိုင်မည် ဖြစ်ပါသည်။

CB buy-page-001.jpg

ထို့ အပြင် ဤ Exchange site မှာ မိမိတို့၏ ကိုယ်ပိုင် data များ အပြင်သို့ မပေါက်ကြားစေရန် သေချာစွာ ထိန်းသိမ်း ပေးထားသည်ဖြစ်၍ မိမိတို့ ငွေလွဲ ထာသော ငွေယူ ထားသော SS တို့ အား ပြင်ပ chat group များတွင် ချပြ ခြင်း ကြေညာခြင်းများကို ရှောင်ကျဉ်စေချင်ပါသည်။ အဘယ်ကြောင့် ဆိုသော် မိမိတို့ ဘဏ်အကောင့် ၊ ဘဏ်အကောင့် နာမည်တို့မှာ private and confidential ဖြစ်ပါသည်။

အချုပ်အနေဖြင့် ဆိုရလျင် မိမိ order မှာထားခြင်း အပေါ် order conformation မှ ဈေးနှုန်းတွက်ချက် မှုအား စိတ်တိုင်းမကျလျင် " မဝယ်လိုပါ ၊ မရောင်းလိုပါ " ဟူသော email ပြန်ပို့ ပေးရန်သာ လိုပါသည်။ order တိုင်းအား မဖြစ်မနေ ဝယ်ယူ ရမည် ရောင်းချ ရမည်ဟု သတ်မှတ်ထားခြင်း မရှိပါ။

တွက်ချက်ထားသော ဈေးနှုန်းများမှာ ယခုတွက် ချက်ခြင်းနှင့် နောက်တနာရီ အကြာ တွက်ချက်မှု တွင် ကွာဟမှု ရှိနိုင်မည်သာ ဖြစ်ပါသည်။ အဘယ့် ကြောင့် ဆိုသော် ပြင်ပ ဈေးကွက်ရှိ ဈေးနှုန်းများလည်း မိနစ်အလိုက် ပြောင်းလည်း နေ၍ ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

Order form သေချာဂရုစိုက်ဖို့ လိုပါမည်ပေါ့။
တစ်ကြိမ်ပြီးပြည့်စုံမှ နောက်တစ်ကြိမ်ပေါ့။
စိတ်မလောပဲ စနစ်တကျ လုပ်ဆောင်ရပါမည်။
msc-exchange.com ကောင်းမွန်စွာ လည်ပတ်နိုင်ပါစေ။

ဟုတ်ကဲ့ , အခုအချိန်ထိတော့ အခက်ခဲ အနည်းငယ် ရှိတာကလွဲလို ကောင်းကောင်းမွန်မွန်လည်ပတ်နေပါတယ်။

တနင်္လာနေ့က ညီမ စမ်းပြီးဝယ်ကြည့်တာ အဆင်ပြေပါတယ်အကိုဟင်။
👍👍👍👍👍

အခုလို ကြားရတာ ဝမ်းသာပါတယ်

လောလောဆယ်တော့ အစ်ကိုရယ် SBD စုဆောင်းဆဲကာလမို့ လာရောက်အားပေးဖို့ မရောက်နိုင်သေးပါဘူးဗျ

ကိစ္စမရှိပါဘူး... ကြိုးစားသာ စုပါ။ ရောင်းဖို့ က ဘယ်အချိန်ရောင်းရောင်း ပိုက်ဆံ ဖြစ်ပါတယ်။

အကိုဟင်သင်္ကြန်တွင်းကာလမှာလည်းရောင်းဝယ်မှု့ပြူလုပ်ပါသလားခင်ဗျ

အခုအချိန်အထိ တော့ ပိတ်ရက်မရှိ Order လက်ခံနေပါတယ်။

ရွှေရောင်လွှမ်းတော့မည့် MSC
ပျော်စရာ အားရှိစရာကောင်းပ ကိုဟင်

ဟုတ်ကဲ့, ကျွန်တော်လည်း အကောင်းဆုံးကို မျှော်လင့်နေပါတယ်။

ဒါဆို ကိုယ်ရေးတဲ့ စာလုံးတိုင်းက ရွှေ ပေါ့။ အားရှိလာပြီ။

အတတ်နိုင်ဆုံး အဆင်ပြေအောင်ပြုလုပ်ပေးနေပါတယ်။

တိတိကျကျသေချာစွာပြုလုပ်ထားတာပါလား
ကျမတော့ sbd စုဆောင်းဆဲပါ

ဟုတ်ကဲ့, အတတ်နိုင်ဆုံး အမှားနည်း အောင်ပြုလုပ်ထားပါတယ်။

မြန်မာငွေဖြင့် ရောင်းဝယ်လို့ ရပြီဆိုတော့ steemit သုံးတဲ့သူတွေ
အဆင်ပြေပြီ။
ကျေးဇူးတင်ပါတယ်။

အတတ်နိုင်ဆုံး အဆင်ပြေအောင်ပြုလုပ်ပေးနေပါတယ်။

excellent working!

ဟုတ်​ကဲ့အကို​ရေ အခုလိုအစီအစဉ်​​ကောင်း​လေးရှိမိတဲ့အတွက်​ အထူးပင်​​ကျေးဇူးတင်​မိပါတယ်​ခင်​ဗျာ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61994.03
ETH 2917.97
USDT 1.00
SBD 3.62