SMT နှင့် ကျွန်တော့ အမြင် ( Henry Aung )

in #myanmar4 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ဤ Steemit platform အကြောင်း update ရေးသားရန် စိတ်ကူးနေခဲ့သည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ သို့သော် လွန်ခဲ့သော ရက်အတွင်းမှ Steemit blog မှ update တင်လိုက်သော Presentation video file များအား ကြည့်ရ၍သာ ဤကဲ့သို့ update ဆောင်းပါးရေးနိုင်ခြင်း ဖြစ်ပါသည်။

SF4 videoclip များအား ကြည့်၍ ရေးသားထားသော ဆောင်းပါး ဖြစ်သော်လည်း အများ သိချင်နေသော SMT အကြောင်းအား ဦးစားပေး၍ ဖေါ်ပြပေးပါမည်။ ထို့အပြင် SF4 အားကြည့်၍ ကျွန်တော်ခံစားရသော ခံစားချက် အမှန်အတိုင်း ရေးပြပါမည်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ကတော့ စာဖတ်သူမိတ်ဆွေတို့ အနေဖြင့် ဆုံးဖြတ်စေချင်ပါသည်။

ကျွန်တော့ အနေဖြင့် Steemit platform အကြာင်း ဆောင်းပါး အတော်များများ ရေးခဲ့ဘူးပါသည်။ အားတက်စရာများ မျော်လင့်စရာများ စသည်ဖြင့် ။ သို့သော် ယခုဆောင်းပါးကတော့ ကျွန်တော့ ခံစားချက် အမှန်အား ရေးပြရန် စိတ်ကူးထားပါသည်။ အပိုင်းခွဲ၍ မရေးလိုသဖြင့် ဆောင်းပါး ရှည်သွားလျင် သည်းခံ ၍သာ ဖတ်ကြပါရန် ပန်ကြားလိုပါသည်။

SF4 အား ကျွန်တော် အများကြီးမျှော်လင့်ထားခဲ့ပါသည်။ သို့သော် ယခင် SF3 ကဲ့သို့ အီလည် လည် နှင့် ပြီးရပြန်ပါပြီ။ @Ned မပါသော ဤတွေ့ဆုံပွဲသည် ပွဲဖြစ်သည် ဆိုရုံမျှသာ ဖြစ်ပါသည်။ တက်ရောက်လာသူ အယောက် ၅၀ မပြည့်ပါ။ အထူးသဖြင့် Witness များ မတက်ရောက်ခြင်း ဖြစ်ပါသည်။ Steemit witness အယောက် ၁၀၀ ရှိရာတွင် အနည်းဆုံး အယောက် ၃၀ ခန့်တော့ တက်ရောက်သင့်သည်ဟု ထင်ပါသည်။

02.jpg
Original Source

ဤသည်ကို ကြည့်ခြင်းအားဖြင့် Witness များ၏ Steemit platform အပေါ် ထားသော သဘောထား အမြင်ကို သိမြင်နိုင်ပါသည်။ အဘယ်ကြောင့် တက်ရောက်လာသူ အင်အားနည်းရပါသနည်း။ Steemit ၏ အမာခံ blogger တို့ ဤ platform ကို စွန့်ခွာသွားကြခြင်းက အဓိကကျပါသည်။ တွေ့ဆုံပွဲအကြောင်း ဆက်ကြပါအုံးစို့ ။

တွေ့ဆုံပွဲတွင် Steemit management team အားလုံးနီးပါး တက်ရောက်ကြပါသည်။ကျွန်တော့ အမြင်တွင် Steemit team အသစ်သည် လူ ၁၀ ယောက်ခန့်သာ ရှိပါလိမ့်မည်။ Steemit MD မှ ဤ platform ၏ ရည်ရွယ်ချက်အား ရှင်းပြပါသည်။ Steemit platform ၏ ရည်ရွယ်ချက် ဦးတည်ချက်မှာ ဤ platform ပေါ်သို့ လူအများ အပြား ဝင်ရောက်လာရေး နှင့် Internet website များတွင် blockchain နည်းပညာဖြင့် ကိုယ်ပိုင်ငွေကြေး token များ ဖြန့်ဖြူးနိုင်ရေး ဖြစ်ပါသည်။

ဆိုလိုသည်မှာ အနာဂတ် Website များတွင် ကိုယ်ပိုင် token များ ထုတ်လုပ်၍ ကိုယ်ပိုင်ငွေကြေးများ ဖန်တီးနိုင်ရေး ဖြစ်ပါသည်။ ဤသည် မှာ SMT ကို ဆိုလိုပါသည်။ SMT နည်းပညာသည် အလွန်ကောင်းမွန်သော နည်းပညာ ဖြစ်ပါသည်။ Token များအား မည်သည့် code မှ ရေးသားရန်မလိုပဲ အလွယ်တကူ ထုတ်ယူ ဖြန့်ဖြူးနိုင်သလို မိမိတို့ ၏ token များအား ICO IEO စသည်ဖြင့် မိမိတို့ လိုအပ်သလို Fund ဟုခေါ်သော ငွေရင်း များ ရှာယူနိုင်ပါသည်။ Ethereum ၏ ERC 20 ထက်များစွာ ပိုမိုကောင်းမွန်လွယ်ကူပါသည်။

03.jpg
Original Source

တခု အရေးကြီးနေသည်မှာ ဤ Platform ပေါ်မှ ထုတ်လုပ်လိုက်သော Social Media website သို့ မဟုတ် အခြားတနည်းနည်းသော နည်းပညာ တို့တွင် Steemit ကဲ့သို့ Voting နည်းပညာဖြင့် သူတို့၏ SMT များ ဖြန့်ဖြူးကြမည် ဆိုလျင် SMT သည် အောင်မြင်ရန် အလားအလာ အလွန်နည်းပါသည်။

အဘယ့်ကြောင့် ဆိုသော် ၏ voting စနစ်ဖြင့် token ဖြန့်ဖြူးနေသော Steemit platform သည် နမူနာ ဖြစ်ပါသည်။ အကြောင်းမှာ Token များများပိုင်ဆိုင်ထားသူတို့ မင်းမူနိုင်သော အခွင့်အရေး ရှိနေသောကြောင့် ဖြစ်ပါသည်။ Social Media တို့ အောင်မြင်နေသည်မှာ လွတ်လပ်စွာ ကြိုက်၏ မကြိုက်၏ ရွေးချယ်နိုင်သောကြောင့် ဖြစ်ပါသည်။

Voting နည်းဖြင့် token ဖြန့်ဖြူးခြင်းသည် ငွေကြေးရရှိခြင်း သဘောပါလာပြီ ဖြစ်သော ကြောင့် ကြိုက်ခြင်း မကြိုက်ခြင်း သဘောကျခြင်း သဘောမကျခြင်းထက် မိမိကို တန်ပြန် Vote ပေးမည့် တနည်းအား ဖြင့် မိမိအား ပိုက်ဆံ ခွဲဝေပေးမည့် သူကိုသာ ရွေးချယ် Vote ပေးကြမည် ဖြစ်ပါသည်။ ဤသို့ ဆိုလျင် Voting အား အခြေခံသော Social Media တိုင်းသည် Steemit platform ရင်ဆိုင်ရသော ပြဿနာ များ အားလုံးထပ်တူ နီးပါး ရင်ဆိုင်ရမည် ဖြစ်ပါသည်။

Steemit တွင် အစပိုင်း post တင်သူအဖို့ 5$ ရသည် ဆိုပါစို့။ နောက်ထပ် တင်သော Post များ အတွက် 5$ မသေချာတော့ပါ။ 0$ လည်း ဖြစ်ချင် ဖြစ်နိုင်ပါသည်။ မိမိတွင် Power အသင့်အသင့်ရှိ၍ 1$ လောက်ရနိုင်သည်ဆိုလျင် တနေ့လျင် post 5 ခုခန့်တင်၍ 5$ ရအောင် ရှာကြတော့မည် ဖြစ်ပါသည်။ လက်ရှိ Steemit ရင်ဆိုင်နေရသော ပြဿနာမှာ ဤပြသနာဖြစ်ပါသည်။

04.jpg
Original Source

အစတွင် ပိုက်ဆံရသည်ဟူ၍ ဝင်လာကြလိမ့်မည်။ ထို့နောက် ပုံမှန် မရတော့လျင် ပျောက်ကွယ်သွားကြမည်သာ ဖြစ်ပါသည်။ Facebook တွင် like ပေးရခြင်းမှာ မိမိတို့ဆီမှ ဘာမှ ကုန်ကျသွားခြင်း မရှိပါ။ သို့သော် Facebook တွင် Steemit သဘောတရားအရ like ပေးလျင် ပိုက်ဆံရမည် သို့သော် မိမိ power များ ကုန်ဆုံးသွားမည်။

like ပိုက်ဆံများများ ပေးနိုင်ရန် မိမိတွင် like token power များ ဝယ်စုထားရမည် ဟု ဆိုလာလျင် Facebook သည် Steemit ပုံစံအတိုင်းသာ ဖြစ်လာမည် ဖြစ်ပါသည်။ မိမိ like အား ဘုံပေါလအော မပေးနိုင်ပါ မိမိအား Like ပေးသူသာ မိမိ like ပေးနိုင်မည် ဖြစ်ပါသည်။ ဤ သဘောတရား အတိုင်း Steemit platform မှ ထွက်လာမည် ဖြစ်သော SMT များကလည်း SMT power , SMT voting စနစ်ကို အခြေခံလျင် ဖြင့် အောင်မြင်ရန် အလားအလာအလွန်နည်းပါသည်။

အခြားတခုကလည်း Steem Engine ကို ကြည့်ပါ။ Steem Engine သည် token ထုတ်ရန် အလွန်လွယ်ကူပါသည်။ လွယ်လွန်းသောကြောင့် မည်သူမျှ စိတ်မဝင်စားပါ။ Steem Engine Market တွင် ဝင်ကြည့်ပါ။ Token များ ပွစာကျဲ ၍ မည်သည့် Steem Engine Token မျှ ပြင်ပစျေးကွက် တွင် ဝင် ဆံ့နိုင်ခြင်း မရှိပါ။ ထို့အတူ Steem Engine မှ ထုတ်လုပ်လိုက်သော မည်သည့် token များအားလည်း ရင်းနှီးမြုပ်နှံသူတို့ စိတ်မဝင်စားကြပါ။ Steem Engine သည် Steemit အသိုင်အဝိုင်း မှလူများဖြင့်သာ လည်ပတ်နေခြင်း ဖြစ်ပါသည်။

05.jpg
Original Source

အခြား တဖက်မှကြည့်လျင်လည်း Blockchain Social Media ထူထောင်လျင် (၁) Token တို့၏ သဘောတရား နားလည်ရမည် (၂) ထိုToken တို့၏ အလုပ်လုပ်ပုံ အား နားလည်ရမည် ( ၃ ) Token wallet blockchain wallet နှင့် key တို့၏ သဘောတရားနားလည်ရမည် ဖြစ်ပါသည်။ဤသဘောတရားတို့မှာ လက်ရှိ Facebook ကဲ့သို့ လွယ်ကူသော သဘောတရားမဟုတ်ပါ။ သင်ယူရမည် လေ့လာရမည် ဖြစ်သောကြောင့် တော်ရုံတန်ရုံ ခေါင်းစား မခံနိုင်သူတို့ ရောက်ရှိလာရန် အလွန်ခက်ပါသည်။

အခြားတခုမှာ Social media တို့၏ သဘောသဘာဝသည် အပျင်းပြေစေရန် သော်လည်းကောင်း ဖျော်ဖြေ ရန်သော်လည်းကောင်း အသုံပြုကြသသော်လည်း Blockchain social media မှာ Voting ကို အခြေခံလျင် ဝင်ငွေရှာဖွေသော သဘောတရားသို့ သက်ရောက်သွား ပြီ ဖြစ်ပါသည်။ ဥပမာ ပြရလျင် Steemit ၏ နောက် တနှစ်အကြာမှ ထွက်လာသော Tik Tok ဟူသော Social Media platform မှာ ယခု အလွန်ရေပန်းစား ကျော်ကြားနေပြီ ဖြစ်ပါသည်။

Tik Tok သည် ဖျော်ဖြေရေးကို ဦးစားပေးသောကြောင့် ဖြစ်ပါသည်။ ရုပ်ပြောင်များ သို့မဟုတ် ကမောက်ကမ သရုပ်ဆောင် ချက်များ သို့မဟုတ် သီချင်းအလိုက် ဟာသသရုပ်ဆောင်များ မပေါ့တပေါ် သရုပ်ဆောင်မှုများက ကြည့်ရှုသူအဖို့ စိတ်ဝင်စားစေသလို တခဏသာ အပျင်းပြေစေပါသည်။ သရုပ်ဆောင်သူတို့က လည်း သူတို့၏ videoclip များက like မည်မျှရသည်ဟူ၍ သာယာနိုင်သလို ဆယ်လီဟူသော Social Media တွင် နည်မည်ကြီးသူ ဟူသော ဘွဲ့ထူးလည်း ရရှိနိုင် ကြပါသည်။

06.jpg
Original Source

ဆိုခဲ့သည့် အတိုင်း Steemit ၏ SMT သည် လက်ရှိ အချိန်တွင် စမ်းသပ်နေသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ အားလုံးစုံကောင်းမွန်သွားလျင် လွင့်တင်၍ Blockchain Developers များက ဆိုင်ရာဆိုင်ရာ Project များ ပြုလုပ်၍ SMT အသက်ဝင်လာအောင် ပြုလုပ်ကြပါလိမ့်မည်။

အမှန်ဆိုရလျင် Steemit ၏ SMT နည်းပညာသည် ကရိယာ တန်ဆာပလာ သာ ဖြစ်ပါသည်။ ထိုကရိယာ တန်ဆာပလာအား အသုံးပြု၍ Developers တို့က မိမိတို့ ညဏ်စွမ်း ရှိသလောက် စိတ်ကူးစိတ်သန်း ကောင်း သလောက် အများနှင့် မတူ သော website များ ရေးသားနိုင်လျင်ဖြင့် အလွန်ကောင်းပါသည်။ သို့မဟုတ် SMT တိုင်းက Power စု Voting ပေးစနစ်သာ ဆိုလျင်ဖြင့် အောင်မြင်ရန် ခက်ခဲပါလိမ့်မည်။

တခုကောင်းသည်ကတော့ လက်ရှိ Blockchain နည်းပညာတွင် Steemit ကဲ့သို့ SMT နည်ပညာအား မည်သူမျှ လိုက်မတုပနိုင်သေးပါ။ EOS ကလည်း Steemit ကို သတ်ရန် Voice ဟူသော Social media base blockchain ကို မိတ်ဆက်ပေးခဲ့ပါသည်။ သို့သော် အောင်မြင်ခြင်း မရှိပါ။ SMT ဟူသော လက်နက်ကရိယာအား အခြားသူများ မလုပ်နိုင်သေးပါ။

နည်းပညာသည် အလွန်ကျယ်ပြန့်ပါသည်။ Steemit team အနေဖြင့်ကလည်း SMT product အဆင်သင့်ဖြစ်လျင် စျေးကွက် ရှာဖွေ၍ သူ၏ SMT ကရိယာ တန်ဆာပလာအား Developer များလက်သို့ ထည့် ပေးပါလိမ့်မည်။ ထို မတူညီသော Project များမှ အောင်မြင်သော SMT project များ ထွက်လာလျင်ဖြင့် Steemit အနေဖြင့် ထူထူထောင်ထောင် ဖြစ်လာပါလိမ့်မည်။

01.jpg
Original Source

ကျွန်တော့ တယောက်တည်းအမြင်ဖြင့်ပြောရလျင် လက်ရှိ Developers များကလည်း ဤ Power စနစ် voting စနစ်၏ အလုပ်မဖြစ်ပုံအား မသိမဟုတ် သိကြမည်သာ ဖြစ်ပါသည်။ ထိုစနစ်ထက် ပိုမိုကောင်းမွန်သော နည်းပညာများအား ကြံစကြမည် သာ ဖြစ်ပါသည်။ အချုပ်အနေဖြင့် ဆိုရလျင် Steemit team အနေဖြင့်လည်း သူတို့၏ SMT နည်းပညာအား အယုံအကြည် မရှိလျင် တက်ရောက်လာသူ နည်းပါးမည် ဖြစ်သော SF4 မှာ ဖြစ်လာစရာ အကြောင်းမရှိပါ။

သူတို့၏ မျက်နှာပေါ်တွင် ဤ SMT အား မျှော်လင့်ချက် အပြည့်ထားသည်ကို မြင်တွေ့ရပါသည်။ ကျွန်တော်အနေဖြင့် နည်းပညာ အားပြုလုပ်နိုင်သူမဟုတ် အသုံးချတတ်သူ အဆင့်သာ ဖြစ်သောကြောင့် မျှော်လင့်ချက်ရှိနေသရွေ့ Steemit platform တွင် တွယ်ကပ်နေအုံးမည်သာ ဖြစ်ပါသည်။

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကိုဟင် သည်တောင် စောင့်နေနိုင်သေးလျှင်
ကျွန်တော်သည် steem ဈေးအခြေအနေကောင်းလာမည့်နေ့အား မစောင့်နိုင်စရာလုံးဝမရှိပါ။
ပေကပ်၍ ကျေနပ်စွာစောင့်နေပါအုံးမည်။

ပေကပ်၍ ကျေနပ်စွာ စောင့်နေပါအုံးမည်။ ကြိုက်သွားပြီ။

သိဘူး ကုန်ပြီ

အဲတာလည်း အေးတာပဲ။ စိတ်ရှုပ်စရာမလိုတော့ဘူးပေါ့။

တွယ်ကပ်လိုက်ပါနေရုံမှတစ်ပါး အခြားရွေးစရာ မရှိသေးပါ။

Posted using Partiko Android

တွယ်ကပ်နေသမှ ကုတ်နဲ့ ကော်လွတ်တာတောင် မခွာဘူး

မျှော်နေတာလေး ဖတ်ခွင့်ရလို့ကျေးဇူးပါ အစ်ကိုဟင်ခင်ဗျ ...
ဘာပဲဖြစ်ဖြစ်မျှော်လင့်ချက်နဲ့ Steemit မှာတွယ်ကပ်နေဆဲပါ အစ်ကိုရေ ..

မျှော်လင့်ချက်ရှိနေနိုင်သူပဲ... မျှော်လင့်လို့ရတာ....

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62121.36
ETH 3004.20
USDT 1.00
SBD 3.71