Steemit Platform ပေါ်တွင် post တင်ကြရာဝယ်( Henry Aung )

in #myanmar6 years ago

STEMMIT-HENRY.jpg

ရေးရပြန်ပါပြီ။ ကျွန်တော်ဤအကြောင်းအရာနှင့်ပါတ်သက်ပြီး မရေးချင်ပါ။။ သို့သော် ကျွန်တော်တို့ မြန်မာ လူမျိုး များ အထူးသဖြင့် ငယ်ရွယ်သေးသော မောင်မယ်လူငယ်များအား အနည်းငယ်ရှက်စိတ်ဝင်လာစေရန် ဤဆောင်းပါးရေးသားရခြင်းဖြစ်ပါသည်။ Steemit Platform တွင်ဆောင်းပါးတင်လျင် ပိုက်ဆံရမည်ကတော့ မှန်ပါသည်။

သို့သော် စည်းကမ်းချက်များ နည်းလမ်းများကို အရင် သိနားလည်လာသည်အထိ လေ့လာပါရန် တိုက်တွန်းလိုပါသည်။ Steemit Platform ပေါ်တွင် တွေ့ကရာကူးတင်လိုက်ရုံဖြင့် ပိုက်ဆံရမည်ဆိုလျင်တော့ မည်သူမှ အလုပ်လုပ်စရာ လိုတော့မည်မဟုတ်ပါ။ ထပ်မံ၍ ပြောပါမည်။

Steemit Platform သည်လည်းကောင်း Myanmar Steemit Community သည်လည်းကောင်း အခြားသူငှာများ ရေးထားသော စာ ၊ ဆောင်းပါးများကို copy ကူးယူ၍ မိမိ နာမည် တပ်၍ Steemit Platform ပေါ်တင်ခြင်းကို အထူးပင်တားမြစ်ထားပါသည်။ လက်ရှိအနေဖြင့် မိမိတို့ MSC တွင် စာရေးဆရာဟူ၍ ဆရာတင်လှိုင်ဦး နှင့် အသစ် ဝင်ရောက်လာသော ဆရာ တွင်းကြီး ဝမ်းမောင် တို့ နှစ်ဦးသာရှိပါသေးသည်။

ကျန်သူများမှာ စာရေးဆရာမဟုတ်သော်လည်း မိမိတို့ တတ်သိသလောက် မိမိတို့အကြောင်း ၊ ရပ်ရွာအကြောင်း ၊ အပေါင်းအသင်းများအကြောင်း စသည်ဖြင့် ရေးတတ်သလိုရေး၍ ဆောင်းပါးတိုလေးများရေးတင်နေကြပါသည်။ မှားလျင် အမြင်မတော်သူက ပြင်ပေးပါလိမ့်မည် ။ ပြင်လည်း ပြင်ပေးနေကြပါသည်။
MSC rules and regulation-page-001.jpgMSC rules and regulation-page-002.jpg

သို့သော့် အချို့သော အကောင့်များမှာ သူတပါးရေးထားပြီးသော ဆောင်းပါးများအား ကူးယူ၍ မိမိ ရေးထားသယောင် ပြုလုပ်နေကြသည်မှာ ရှက်ဖွယ် အလွန်ပင်ကောင်းပါသည်။ ဤသို့ ကူးယူထားသော ဆောင်းပါးများအား အခြားသူများက ကောင်းကြောင်း ကွန်မန့် ပေးသောအခါ မျက်နှာပြောင်တိုက်စွာ ကျေးဇူးတင်ပါတယ်၊ ကြိုးစားပါးအုံးမယ် ဟူ သော reply များကို မြင်ရသည်မှာ ထိုသူများ မည်မျှ အရှက်နည်းကြောင်းကို သိသာစေပါသည်။

အချို့ကလည်း ဟိုဆောင်းပါးမှ နည်းနည်းယူ ဒီဆောင်းပါးမှ ဖြတ်ညှပ်ကပ်လုပ်၍ မိမိ ပြန်ရေးထားသယောင် ပြုလုပ်ကြပါသေးသည်။ ထပ်မံပြောလိုပါသည် ။ မိမိတို့ MSC admin များသည် စာဖတ် နာသူများ စာပေဝါသနာရှင် များစု၍ ဤ MSC admin တာဝန်ကို စေတနာ့ ဝန်ထမ်းနေကြခြင်းဖြစ်ပါသည်။

မိမိ ကူးယူသော ဆောင်းပါးများ တခု နှစ်ခု cheetah လွတ်၍ promotion များရယူ နိုင်သော်လည်း Steemit Platform တွင် delete မပါသည်ကို သတိပြုပါလေ။ ကူယူထားသော ဆောင်းပါးမှန်းသိသော်လည်း သက်သေမပြနိုင်သေး၍ လွတ်ထားပေးခြင်းဖြစ်ပါသည်။ သက်သေပြနိုင်သည့် နေ့တွင် Facebook ပေါ်တွင်မိမိမှာ သူတပါးစာ၊ ဆောင်းပါးခိုးယူ သူဖြစ်ကြောင်း ဖေါ်ပြခံရပါမည်။ တကယ်လည်း ဖေါ်ပြနေပါသည်။

မယုံလျင် Myanmar Steemit Newbies Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အခြားတဖက်မှ လည်း Myanmar-Cheetah မှ ဤသို့သော ဆောင်းပါးသူခိုးများအား လိုက်လံရ၍ ထောက်လှမ်း ဖမ်း ပေးနေပါသည်။ မယုံလျင် အောက်တွင် ဖေါ်ပြထားသော Myanmar-Cheetah link တွင် မည်သို့သောသူများ သူခိုး ဖြစ်ကြောင်း ဝင်ရောက်ကြည့် ရှုနိုင်ပါသည်။

Myanmar -Cheetah ၏ ကွန်မန့်ပေးခံရသူ များ၏ အကောင့်များမှာ အများအား အဘယ့်ကြောင့် cheetah ဝင်ရောက်လာကြောင်းကို လေ့လာပါရန် တိုက်တွန်းလိုပါသည်။

Steemit Platform ပေါ်တွင်အောင်မြင်ကြစေရန် ( Henry Aung )

Myanmar- Cheetah ဖမ်းမိထားသောသူများ

0223.jpg

ထို့အပြင် လက်ရှိ အသစ်ဝင်ရောက်လာသော လူသစ်များတွင် အင်္ဂလိပ်စာ အရေးအသားကောင်းကောင်းဖြင့် ဗဟုသုတ ဆောင်းပါးများရေးသားသူ အတော်များများ ပါဝင်လာ၍ ဝမ်းသာရပါသည်။ ထိုသူတို့ ၏ အင်္ဂလိပ်စာ အရေးအသားမှာ ထိပ်တန်း ဝင် သော အရေးအသား ဖြစ်၍ တနည်း အားဖြင့် ဤသို့ သော MSC ထဲတွင် မထင်မရှားဖြင့် တိမ်မြုပ်မနေသင့်ပါ။

မိမိတို့ MSC admin များတိုင်ပင်၍ ထိုသူတို့၏ ဆောင်းပါးများအား Reader Digest ( Asia ) , Time Magazine, The Economic magazine များ ထို့ နောက် အင်္ဂလိပ်စာ အရေးအသားကောင်းသော သမိုင်း ဆောင်းပါးများအား History Magazine နှင့် National Geographic magazine သို့ ထို ဆောင်းပါးရေးသူ၏ အမည်မှန် ၊ Facebook လိပ်စာနှင့်တကွ ဆက်သွယ်ရန် phone နံပါတ်များကို တပါတည်း ထို magazine တိုက်များသို့ ပေးပို့ ပေးမည်ဖြစ်ပါသည်။

ဤသည်မှာ မိမိတို့ MSC admin များက အခမဲ့ ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါသည်။ ဤသို့ အင်္ဂလိပ် ဆောင်းပါးကောင်းများ magazine တိုက်သို့ ပို့ပေးပြီးလျင် မည်သူ မည်ဝါ၏ ဆောင်းပါးကို မည်သည့် magazine တိုက်သို့ ပို့လိုက်သည့် အကြောင်းကို Myanmar Steemit Community Facebook main page မှကြေညာပေးပါမည်။

မြန်မာတို့ ရေးသားသော အင်္ဂလိပ်စာ အစွမ်းကို ကမ္ဘာ က သိသင့်သည်ဟုလည်း ထင်ပါသည်။ ကူးယူထားသော ဆောင်းပါးဖြစ်ပါကလည်း ကမ္ဘာနှင့် ချီ၍ မိမိတို့ သူခိုးများ ဖြစ်ကြောင်း အသိပေးလိုက်ရုံသာ။ Plagiarism checker ဟူသော software မှာ အလကားထွက်ပေါ်လာသည်မဟုတ်သည်ကိုတော့သိစေချင်ပါသည်။

အချုပ်အနေဖြင့် ထပ်မံပြောလိုသည်မှာ Steemit Platform သည် ကြိုးစားသူများအတွက်ဖြစ်၍ ကြိုးစားနေကြသူများကိုလည်း အသိအမှတ်ပြု သောနေရာဖြစ်ပါသည်။ ကြိုးစားနေကြသူများအားလည်း မိမိတို့ MSC မှ လက်တွဲခေါ်ယူလျက်ရှိသလို အချောင် လိုချင်သူများအားလည်း မှာလိုက်ချင်ပါသည်။

" မြန်မာဆိုလျင် နည်းနည်းလေးတော့ ရှက်တတ်ပါစေ"။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

$ ရတယ်ဆိုတော့ steemit ဝင်လာကျတယ် စည်းကမ်းချက်တွေ ကို သေချာ မကြည့်ဘူး promotion တင်တယ်။ အဓိက စာကိုသေချာမဖတ်ပဲ post တွေ တင်နေကျတာ စည်းကမ်းချက်လေးတွေကို သေချာဖတ်စေချင်တယ် ။myanmar tag ကို အရင်လို့ top 50 ကိုပြန်ဝင်နေတာကိုကြည့်ပြီး ဝမ်းသာနေတာသိက္ခာ တရားထက် $ ကိုပိုမက်ကျတာ မြင်တော့ စိတ်မကောင်းဘူး။

ပိုက်ဆံမက်တာက လူတိုင်းမက်ပါတယ်။ မက်နိုင်ပါတယ်။ တရားနည်းလမ်းတကျ နဲ့ အများနည်းတူ ကြိုးစားယူဖို့ အတွက် လမ်းဖွင့် ပေးနေတာပါ။ အချောင်လို ချင်သူ များလာလို့ ။

အထိမိဆုံး postပါ။ ဒီpost ဖတ်​ပြီး ကျွန်​တော်​ အ​တော်​ကို ​စိတ်​မ​ကောင်းဖြစ် ရပါတယ်​။ ကိုယ့်​ကိုယ်​ကို အပြစ်​မကင်းသလိုလည်း ခံစားရတယ်​။ ဒါ​ကြောင့်​ ဒီpost ​အောက်​မှာပဲ တခါတည်း ဝန်​ခံပါရ​စေ အကို​ရေ။ ကျွန်​​တော်​ တချိန်​က " promotion " ​​တွေ စတင်​​ပေးချိန်​က​ပေါ့။ အဲ့ဒီတုန်းက စလုပ်​ခါစမို့ စာ​ရေးရတာလည်း အဆင်​မ​ပြေဘူး။ ​ရေးစရာအ​ကြောင်းအရာလည်း မယ်​မယ်​ရရမရှိ။ စာ​ရေးရတာလည်း ဝါသနာမပါ။ စာလည်း သိပ်​မ​ရေးတတ် sbdလည်း လိုချင်​​။ အဲ့​တော့ ကျွန်​​တော်​လည်း အခု လူသစ်​​လေး​တွေ နည်းတူ facebook wiki ​ပေါ်မှ ​စာ​ပေဆောင်းပါး​တွေကို ဖြတ်​ညှပ်​ကပ်​လုပ်​ပြီိး promotion ​တွေကို လိမ်​လည်​ရယူခဲ့မိပါတယ်​။ အခုလို အကိုတို့်​ရဲ့ အနှစ်​နာခံမှု​တွေ ​စေတနာ​တွေကို နားလည်​ သိရှိလိုက်​ချိန်​မှာ ကျွန်​​တော်​ လုပ်​ရပ်​​တွေဟာ​ အကိုတို့ရဲ့ ​စေတနာကို ​စော်​ကားလိုက်​သလို ဖြစ်​သွားခဲ့ပါတယ်​။ ကျွန်​​တော့်​ လုပ်​ခဲ့တာ​တွေ ​အတွက်​လည်း ကိုယ့်​ကိုကိုယ်​ အရှက်​ရမိပါတယ်​။ ဒီလိုလုပ်​ခဲ့တဲ့အတွက်​လည်း အကိုဟင်နရီ​နှင့်​တကွ MSCAdminအားလုံးကိုလည်း အနူးအညွှတ်​​​တောင်းပန်​ပါတယ်​။ ​နားလည်းခွင့်​လွှတ်​​ပေးမယ်​လို့လည်း ​မျှော်​လင့်​မိပါတယ်​။ ​နောက်​​နောင်​ အဲ့ဒီလိုမလုပ်​​တော့ပါဘူး။ အခုလည်း ကိုယ်​တိုင်​​တွေး​တောကြံစပြီး ​ရေးသား​နေပါပြီ။ စာ​ရေးရတာလည်း အ​တော်​အဆင်​​ပြေလာပါပြီ။ ​ကျေးဇူးတင်​ပါတယ်​။

အမှားကို သိပြီး အမှန်ဘက်ကို ပြောင်းလည်းလာတာဟာ မင်္ဂလာ တစ်ပါးမို့ ခွင့်လွတ်ပါတယ်။ Steemit Platform ဟာကြိုးစားသူတိုင်းအတွက်ပါ။

ကျေးဇူးပါ အကိုကြီး

ညီ​လေး အမှန်​မြင်​လာလို့ ​ကျေးဇူး

စိတ်မကောင်းမိသော်လည်းဘာမှမတတ်နိုင်ပါဆရာဟင် ငွေတစ်ခုတည်းကိုသာကြည့်တတ်ကြသည်မှာ အင်မတန်ရှက်စရာကောင်းနေပါသည်။ မြန်မာကို နိုင်ငံတကာမှ သိစေရန်အတွက် လူအနည်းငယ်မှ ကြိုးစားနေချိန်မှာ မြန်မာကို နာမည်ဖျက်မည့်သူများထောင်ချီနေသည်မှာ အင်မတန်အံ့သြဖွယ်ဖြစ်နေပါသည်။

ဒီလို အဖြစ်အပျက်တွေအတွက် မျှော်လင့်ပြီး သားမို့ သိပ်တော့မထူးဆန်းပါဘူး။ ဒီလို ရရှိခံစားနိုင်တဲ့ အခွင့်အရေးကို ဒီလူတွေပဲ ဖျက်ဆီး လိမ့်မယ်ဆိုတာသိပါတယ်။ ဒါပေမယ့် တကယ်ကြိုးစားနေသူတွေရှိလို့ အတတ်နိုင်ဆုံး ပညာပေးနေရခြင်းပါ။

Hi bro ကျွန်တော်က user အသစ်ပါ voteလုပ်ပေးပါဦး

Steemit ပေါ်ကို အသစ်ရောက်လာတဲ့သူတွေဆိုရင် MSC admin များဖြစ်ကြတဲ့ @domelay , @thatkozaw , @ansoe @ahtaroo @pyaesonekhinkhin တို့နဲ့ ဆက်သွယ်ပြီး Newbies support chatgroup တွေမှာ သိလိုသည်များကို ဝင်ရောက်မေးမြန်နိုင်ပါတယ်။ MSC admin များက အားလုံးကို လက်တွဲခေါ်နေပါတယ်။

တ​ယောက်​ထဲ ဖြစ်​​နေပါတယ်​.စည်းကမ်းချက်​အကုန်​လက်​ခံပါတယ်​.MSCနဲ့ဘယ်​လိုjoinရမလဲ

Steemit ပေါ်ကို အသစ်ရောက်လာတဲ့သူတွေဆိုရင် MSC admin များဖြစ်ကြတဲ့ @domelay , @thatkozaw , @ansoe @ahtaroo @pyaesonekhinkhin တို့နဲ့ ဆက်သွယ်ပြီး Newbies support chatgroup တွေမှာ သိလိုသည်များကို ဝင်ရောက်မေးမြန်နိုင်ပါတယ်။ MSC admin များက အားလုံးကို လက်တွဲခေါ်နေပါတယ်။

စဉ်းစားလို့ မရတာတစ်ခုက ကူးတာကို သဘာဝအလျှောက် ကြိုက်နေကြတာ ဘာလို့များလဲနော် စာမေးပွဲဖြေလဲကူး စာသင်လဲ လိုက်ကူးပြီး အကျင့်များပါနေလားဘဲ

ဟုတ်​ကဲ့ပါအကိုဟင်​​ရေ တတ်​နိုင်​သမျှကိုယ်​အ​တွေးနဲ့ကိုဖြစ်​​အောင်​ကြိုးစားပြီး​ရေးပါ​တော့မယ်

ကြိုဆိုပါတယ်၊ လက်တွဲခေါ်ယူဖို့ အသင့်ပါ။

ဆရာ့စေတနာကို လေးစားပါတယ်

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 69995.16
ETH 3735.97
USDT 1.00
SBD 3.74