Token များအကြောင်း မူကြိုအဆင့်ဖြင့်ဝေမျှခြင်း ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ယမန်နေ့က cryptocurrency နှင့်ပါတ်သက်၍ အပိုဝင်ငွေရှာဖွေနိုင်သည့် အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ထို အကြောင်းအရာများနှင့်ပါတ်သက်၍ ကျွန်တော့အနေဖြင့် Bixbox Exchange Site အကြောင်း ညွန်းဆိုခဲ့ပြီး ဖြစ်ပါသည်။ ယခု ဤဆောင်းပါးတွင် မိမိရင်းနှီးမြုပ်နှံလိုသော token များ မည်မျှ ခိုင်မာသည် ရည်ရွယ်ချက် မည်သို့ရှိသည် စသည် ဖြင့် ရွေးချယ်ရင်းနှီးမြုပ်နှံမှုပြုလုပ်နိုင်ရန် ဗဟုသုတ အနေဖြင့် အနည်းငယ် ဖေါ်ပြလိုပါသည်။

အများအားဖြင့် cryptocurrency trading လုပ်သူများနှင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ကြသူများသည် မိမိတို့ ရရှိထားသော Data များ informations များအား အခြားသူများအား မျှဝေခဲလှပါသည်။ ကျွန်တော့ အနေဖြင့်လည်း ဤသို့ မျှဝေရန် လက်တွန့်ဆဲ ဖြစ်ပါသည်။ အကြောင်းမှာ ဤ cryptocurrency နှင့်ပါတ်သက်၍ ကျွန်တော် သိသော အကြောင်းအရာတို့မှာ မူကြိုအဆင့်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။

သို့သော်လည်း ပင်လယ်ရေ တယောက်တည်း သောက်မကုန် ဆိုသကဲ့သို့ ကျွန်တော်သိသော မူကြို အဆင့် ဗဟုသုတများအား အခြားသူငှာ မသိသေးသူများ သိရှိနိုင်စေရန် ရည်ရွယ်ရင်း ဖြစ်သည့်အတွက် နားလည်တတ်ကျွမ်းသူတို့ ကျွန်တော်၏ ဆောင်းပါးများတွင် အမှားများ ပါဝင်ပါက ဝေဖန်ထောက်ပြကြပါရန် တိုက်တွန်းလိုပါသည်။

01.png
Original Source
ကျွန်တော့ အနေဖြင့် coin , token များအား ရွေးချယ်ရာတွင် ပထမအဆင့် အနေဖြင့် White paper ကိုလေ့လာပါသည်။ token မည်မျှ ထုတ်မည် မည်သို့လည်ပတ်မည်။ ထို့နောက် သက်ဆိုင်ရာ social media များတွင် ထို token တို့အကြောင်း ရှာဖွေ ဖတ်ရှုပါသည်။ ဥပမာ tweeter တွင် မည်မျှ follower ရှိသည် ။

ထို platform ၏ လုပ်ငန်းဆောင်တာတို့ ဘယ်အဆင့် ရောက်နေပြီ စသည်ဖြင့် လေ့လာပါသည်။ ထို့နောက် သက်ဆိုင်ရာသို့ email ပို့၍ မိမိသိလိုသည်များကို မေးမြန်းပါသည်။ ဤ အဆင့်တွင် မိမိတို့ token အား invest လုပ်လိုသူ များအား မည်သို့ ဆက်ဆံသည်ကို သိရှိနိုင်ပါသည်။ အချို့က email ပြန်၍ အချို့က လုံးဝပြန်ကြားခြင်းမရှိပါ။

ခိုင်မာသော platform များက customer care ကို အထူးဂရုစိုက်ပါသည်။ ဤသို့ မိမိစိတ်ကြိုက် လေ့လာပြီးမှ ထို token , coin အား ဝင်ရောက် ရင်းနှီးမြုပ်နှံပါသည်။ ဤသို့ လေ့လာရာတွင် ရောင်းမှား ဝယ်မှာ မဖြစ်နိုင်ဘူးလား ဟု မေးစရာရှိပါသည်။ ဟုတ်ကဲ့ ဖြစ်နိုင်ပါသည်။ အများအား ဖြင့် token များ ဖြန့်ချီရာတွင် မက်လောက်စရာ စကားလုံး ကြီးကြီးများ သုံးကြသည်ဖြစ်ရာ မိမိမျက်စိကျသော token ဖြစ်နေပါက ဝယ်ယူရင်းနှီထားချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတတ်ပါသည်။

cryptocurrency ဝယ်ယူမှားခဲ့လျင် ပထမဦးဆုံး လုပ်ရမည်မှာ ဆုံးဖြတ်ချက် ခိုင်မာရန်ပင် ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် မိမိဝယ်ယူထားသော token များ သဘောမကျစရာ အချက် ၁ ချက် ၂ ချက် ခန့်တွေ့သည်နှင့် အဆုံးခံ၍ ရောင်းထုတ်လိုက်ပါသည်။

01.jpg
Original Source
ထိုသို့ ပြုလုပ်လိုက်ခြင်းအတွက်လည်း နောင်တရခြင်း မရှိပါ။ အလားအလာရှိသော အခြား token များ တွင် ထပ်မံ ရင်းနှီးနိုင်ပါသည်။ ဆိုလိုသည်မှာ token များအား စိတ်ကြိုက်လေ့လာ လျင်တောင် အမှား ရှိနေနိုင်ပါသေးသည်။ သို့သော် မိမိ စိတ်တိုင်းကျ လေ့လာထား၍ ရွေးချယ်ယူသောကြောင့် စိတ်မှန်း ဖြင့် ဝယ်ယူခြင်းထက် အမှားနည်းပါသည်။

ဥပမာပြရလျင် Steemit platform ၏ SMTs ထွက်ရန် နောက်ကျခြင်း ၊ CEO @ned ၏ စကား မတည်ခြင်းသို့ ဖြစ်လာပြီး နောက်ပိုင်းတွင် ဤ steemit platform အား စွန့်လွတ်ရန် စဉ်းစားမိခဲ့ပါသည်။ သို့သော် MSC တွင် တာဝန်ယူထား ခြင်း ၊ Steemit ကဲ့သို့ အခြားသော မြန်မာစာ ရေး၍ cryptocurrency ရနိုင်သော Platform မရှိသေးခြင်း ( Weku ရှိသော်လည်း မိမိ သဘောမကျပါ ) ထို့ အပြင် steemit platform ၏ management system ပြောင်းလည်း ကာ ပုံစံအသစ်ဖြင့် လျှောက်လှမ်းနေခြင်း ၊ Steem Hunt နှင့် Appics ကဲ့သို့သော platform များက SMTs အား စိတ်ရှည် စွာ ယုံယုံကြည်ကြည်ဖြင့် စောင့်စားနေခြင်း တို့ကြောင့် ကျွန်တော်၏ SP များအား မတို့မထိပဲ ဒီအတိုင်းထား ထားခြင်း ဖြစ်ပါသည်။ သို့မဟုတ်လျင် ၂၀၁၈ အကုန်ပိုင်း လောက်ကတည်းက မိမိ SP အား BTC ပြောင်းထားလိုက်မည် ဖြစ်ပါသည်။

ယခင်က ကျွန်တော့အား SP delegate လုပ်ဘူးသော ကျွန်တော့ သူငယ်ချင်း @dubi က၂၀၁၈ မကုန်ခင်က အတန်တန် သတိပေးပါသည်။ ၂၀၁၉ တွင် BTC မုချ ဈေးတက်လာမည် ဖြစ်ကြောင်း ။ သူ့ ကတော့ ရှိသမျှ SP အကုန်ထုတ်၍ BTC ပြောင်းလိုက်ပါသည်။ ထိုအချိန်က BTC မှာ USD$3000 ကျော်ဝန်းကျင်သာ ဖြစ်၍ ယနေ့အချိန်ဖြင့်ဆိုလျင် သူ အမြတ် ၃ ဆ ခန့် ရရှိသွား ပြီ ဖြစ်ပါသည်။ ဆိုလိုသည်မှာ cryptocurrency များအားကစားရာတွင် အခြေအနေနှင့် အချိန်အခါအား နားလည် ရန် အထူးလိုအပ်ပါသည်။

02.jpg
Original Source
ဤသည် တို့မှာ cryptocurrency နှင့်ပါတ်သက်၍ ကျွန်တော့ သဘောထားများသာ ဖြစ်၍ ထိုကဲ့သို့ မဖြစ်မနေလုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ဤ cryptocurrency နှင့်ပါတ်သက်၍ Risk Assessment, Risk Analysis လုပ်နိုင်လျင် အမှား နည်းကြောင်း ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ ဤ Risk Assessment လုပ်ပုံ လုပ်နည်း အကြောင်း ဖေါ်ပြရလျင် အနည်းဆုံး ဆောင်းပါး ၅ ခုစာ ခန့်မျှ ရေးသားရမည် ဖြစ်၍ ချန်လပ်ထားခဲ့ပါမည်။

ယခင် က ကျွန်တော် ဖေါ်ပြခဲ့သော ညွန်းဆိုခဲ့သော Bix token အကြောင်း ပြန်ဆက်ကြပါစို့။ ၂၀၁၈ နှစ်လည်ပိုင်းမှစ၍ cryptocurrency ဖြန့်ဝေမှုပုံစံ ပြောင်းလာကြပါသည်။ ICO ဟုခေါ်သော ရှုပ်ထွေးသည့် ပုံစံမှ Exchange Site များတွင် အလွယ်တကူ ဝယ်ယူနိုင်သော IEO ပုံစံသို့ ပြောင်းလာကြသလို Exchange Site များကိုယ်တိုင်ကလည်း မိမိတို့ ကိုယ်ပိုင် Token များ ထုတ်လာကြပါသည်။

ဤ Exchange Site များ token ထုတ်လာကြသည်မှာ အကြောင်း မဟုတ်သော်လည်း ထို Token လက်ဝယ်ရှိသူတို့ အကျိုးအမြတ်ရှိစေနိုင်သော နည်းပညာ တခု ထည့်သွင်းထားခဲ့ပါသည်။ ဆိုလိုသည်မှာ Exchange Site ကိုယ်တိုင်က မိမိတို့ Token များ ဖြန့်ဖြူးပြီးသွားသောအခါ ၊ အခါ အားလျော်စွာ မိမိတို့ token အားပြန်ဝယ်ယူ၍ Tokens burning လုပ်ပြစ်သည့်နည်းဖြစ်ပါသည်။

တနည်းဆိုရလျင် မိမိတို့ token အား ပြန်ဝယ်ယူ၍ ဖျက်ဆီး ပြစ်ခြင်း ဖြစ်ပါသည်။ ဤ နည်းဖြင့် ဈေးကွက် တွင် လည်ပတ်နေသော token များ နည်းပါးလာကာ ဈေးနှုန်းများ တက်လာမည် ဖြစ်ပါသည်။

11.png

အလွယ်ကူဆုံးပြောရလျင် BNB က token တသန်း ဖျက်စီးမည်ဟု ကြေညာလိုက်လျင် BNB team က ဈေးကွက်တွင်လည် ပတ်နေသော BNB ကို တသန်းပြည့်အောင် ဝယ်ယူရပါမည်။ Token ဝယ်စုထားသူတို့ ချမရောင်းလျင် BNB team က token တသန်းပြည့်အောင် ဈေးတိုး၍ ဝယ်ယူရပါသည်။ ဤ နည်းဖြင့် မိမိတို့ token အား ဈေးမြှင့်တင် လိုက်သလို Token ဝယ်စုထားသူတို့အတွက် Profit sharing ပြုလုပ်ရာလည်း ရောက်ပါသည်။

ဤနည်း ဖြင့် BNB token တို့ ၈ ကြိမ်မြောက် ဖျက်စီး ပြစ်လိုက်ပြီးနောက် လက်ရှိအချိန်တွင် BNB token တခု၏ ဈေးမှာ USD$25 အထက်တွင် ရပ်တည်နေနိုင်ပြီ ဖြစ်ပါသည်။ ထို့အတူ Huobi Exchange Site ကလည်း token များ ပြန်ဝယ်ယူ၍ ဖျက်ဆီးပြစ်သလို Kucoinshare ကလည်း Kucoin များအား အလျင်သင့်သလို ဖျက်စီးခဲ့ပါသည်။ Huobi token အနေဖြင့် USD 4$ တွင် ရောက်နေခဲ့ပြီ ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့ အနေဖြင့် BNB နှင့် Huobi token တို့အား ဝယ်ယူရန် ဈေး မြင့်နေပြီ ဖြစ်သောကြောင့် သက်သစ်စဖြစ်သော Bibox Exchange token အား ညွန်ဆိုရခြင်း ဖြစ်ပါသည်။ Bix token အနေဖြင့် လက်ရှိအချိန်တွင် USD$ 0.25 ခန့်သာ ရှိသေးရာ လက်လှမ်း မှီ နိုင်သော ဈေးကွက် ဖြစ်သည့်အပြင် Bix token များအား များမကြာမှီ Exchange Site က ပြန်လည် ဝယ်ယူ၍ ဖျက်ဆီးသော အစဉ်အလာရှိ သောကြောင့် ဈေးတက်ရန် အလားအလာရှိပါသည်။

အကယ်၍ ဈေးတက်သွားသည် ရှိသော် မိမိတို့ Lock ချထားသော Bix token မှ reward များလည်း တက်သွားမည် ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် Bibox အား သဘောကျကြောင်း မိမိအမြင်ဖြင့် ဗဟုသုတရစေရန် ဖေါ်ပြရခြင်းသာဖြစ်၍ bix token များ မဖြစ်မနေ ဝယ်ယူကြရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။

222.png
12.png

Bibox အား မိမိစိတ်တိုင်းကျ လေ့လာ၍ မိမိသဘောကျမှသာ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် တိုက်တွန်းလိုပါသည်။ အခြား အခြားသော cryptocurrency Exchange Site များတွင်လည်း မတူညီသော နည်းဖြင့် ရင်နှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ပါသည်။ ဤတွင်စကားကြုံ၍ Steemit ၏ Steem token များ ဤသို့ အခြေအနေ ရောက်သွားရခြင်းအကြောင်းကို အနည်းငယ် ဝေမျှလိုပါသည်။

အထက်တွင် ကျွန်တော်ဖေါ်ပြခဲ့သည့်အတိုင်း Exchange token များ ဈေးတက်လာရခြင်းမှာ Exchange Site များကိုယ်တိုင်က မိမိတို့ Token ကို ပြန်ဝယ်ယူပေးခြင်းဖြင့် token ဝယ်ယူထားသော investor တို့အား အမြတ်ပြန်လည် ဝေမျှပေးသောကြောင့်ဖြစ်ပါသည်။ Steem token များအားလည်း ဤသို့ ပြန်ဝယ်ယူ၍ ဖျက်ဆီးပြစ်ရန် အကြံပေးကြသူ အများအပြားရှိပါသည်။

သို့သော် လက်ရှိ steemit management team မှာ မိမိတို့ token ပြန်ဝယ်ယူရန်အသာထား လစဉ် အသုံးစရိတ်ကာမိစေရန် မိမိတို့ token များအား ဈေးကွက်သို့ တွန်းပို့နေရသော အနေအထား ဖြစ်သောကြောင့် Steem ဈေးအနေဖြင့် နာလန်ထူရန် အချိန်အတော်ကြာ စောင့်စားရအုံးမည် ဖြစ်ပါသည်။ နောက် ဆောင်းပါးတွင် Steemit ၏ Steem Engine အကြောင်း ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Burning နှင့် ပတ်သက်၍ Community Token များက လုပ်ဆောင်နေကြပြီး steem က မလုပ်ဆောင်သည်ကို သတိထားမိပါသည်။ ထို့ကြောင့် ဈေး မတတ်လာသည်ဟုလည်း အကြောင်း တစ်ခု ထင်မိပါသည်။

Bibox ကို signup လုပ်ပြီးသော်လည်း passport မရှိ၍ verify မလုပ်ရသေးသလို 2fector ခံရာတွင် အခက်တွေ့ နေပါသည်။ ဖုန်းနှစ်လုံးဖြင့် လုပ်မှ ရလေမည်လားဗျာ

Posted using Partiko Android

Authenticator သုံးကြည့်ပါလားဗျ

Posted using Partiko Android

ရေရှည် အတွက်ဆိုရင်တော့ passport မဖြစ်မနေလိုအပ်ပါလိမ့်မယ်။ နောက်ပိုင်း Exchange Site တွေက ID verification တွေ များလာပြီ။

bix token လေးတော့ ဝယ်ချင်ပါတယ်။account verify အတွက် passport က သက်တမ်းကုန်အဟောင်းဖြစ်နေတဲ့အခါ အဆင်မပြေလောက်ဘူးနေမယ်။ဗဟုသုတ ရပါတယ်အစ်ကို။နောက်အပိုင်း စောင့်မျှော်နေပါ့မယ်အစ်ကို။

အေးဗျာ.. .. ခုနောက်ပိုင်း Exchange Site တွေကလည်း KYC ကို အတော်များများ သုံးလာကြတော့ passport လေးရှိထားမှ အဆင်ပြေမယ့် ပုံပါပဲ။

Account လုပ်ပြီး ဝယ်ချင်ပေမယ့်
ကိုဟိန်း ပြောသလို verify မှာ ခံမယ့်ပုံပဲ
Passpord က မရှိဘူးကိုး

ကိုဒွန်က တောင်ကြီးမှာ passport လုပ်လို့ရတယ်ဟုတ်..?

Steem တွေလည်းမီးရှို့ပစ်လိုက်ရင် ဈေးတွေတက်လာမလားမသိဘူး

တချိန်ကြရင်တော့ သူတို့လည်း မီးရှို့ပြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဗဟုသုတတွေရပါတယ်အကိုဟင်ရေ…နောက်ဆုံးexchange site က တိုကင်တွေလည်း ဝယ်ချင်တယ်
စတင်းတိုကင်တွေလည်း ဈေးတက်ဖို့နည်းက မီရို့ရမယ့်နည်းလမ်းပဲရှိတယ်ဆိုတာတော့…မမိုက်လောက်ဘူးနော…
တခြား နည်းလမ်းတွေများ မရှိတော့ဘူးလားမသိ သေချာတဲ့တစ်ခုကတော့…အချိန်ကြာကြာပေးရမယ့်နည်းလမ်းကတော့ လက်တွေ့

တခြားနည်းလမ်းကတော့ Mass adoption လို့ ခေါ်တဲ့ လူသန်းပေါင်း ၁၀၀၀ လောက် steemit ကို အသုံးပြုကြရင်တော့ ဝယ်လိုအား တက်လာတဲ့ အချိန် စောင့်မှ ရမယ်ထင်တယ်။


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63096.55
ETH 3032.40
USDT 1.00
SBD 3.69