လောကတွင် တန်ဖိုးအရှိဆုံးသောအရာ

in #myanmar6 years ago (edited)

image
ယခုခေတ်လို ဘက်ပေါင်းစုံ တိုးတက်နေသော ခေတ်ကြီးထဲတွင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ သူ့ထက်ငါ အစစအရာရာသာလွန်စေရန် ကြိုးစားယှဉ်ပြိုင်လာကြပါသည်။ သာမန်အားဖြင့် ကျား မ အားလုံးတို့သည် မိုးလင်း မိုးချူပ်ဆိုင်ရာလုပ်ငန်းခွင်များတွင် အချိန်ပြည့်လုပ်ကိုင်ကြရပါသည်။ကိုယ်ပိုင်အားလပ်အချိန်များ ယခင်ကထက်နည်းပါးလာကြပါသည်။ ထို့ကြောင့် အချိန်ကို အလဟဿ ဖြုန်းတီးမပစ်ဘဲ ချွေတာရန် ပိုမိုလိုအပ်လာပါသည်။ 'အချိန်ကို ချွေတာသုံးစွဲရင် ကိုယ်ထင်ထားသည်ထက် အကျိုးများစွာခံစားရမှာ ဖြစ်သလို အဲဒီအချိန်ကို ဖြုန်းတီးပစ်ရင်လည်း အသိဥာဏ်နဲ့ စာရိတ္တပျက်စီးသွား လိမ့်မည်' ဟု ဂလက်စတုန်းကဆိုဖူးသည်။
ထိုသို့အချိန်ကို ချွေတာ၍ ရရှိလာသော အချိန်ပိုကလေးများကို အကျိုးရှိအောင် အသုံးချနိုင်သူသည် သာမန်လူများထက်ပို၍ အောင်မြင်မည်မှာသေချာပါလိမ့်မည်။ 'တစ်နေ့မှာ ၁၅မီနစ်နှုန်းနှင့် စာမှန်မှန်ဖတ်ရှုလေ့လာသွားလျှင်လေးနှစ်ကျော်တဲ့အခါ သူရဲ့ပညာအဆင့်အတန်းဟာ တက္ကသိုလ်ပညာအဆင့်အတန်းနှင့် ညီမျှပါလိမ့်မည်' ဟု ဟားဗက်တက္ကသိုလ် ဥက္ကဋ္ဌဟောင်း ပါမောက္ခ အီလီယော့က ပြောဖူးပါသည်။ ထို့ကြောင့် ၁၅မီနစ်ထက်ပိုသော မိမိ၏ အချိန်ပိုကလေးများကို နေ့စဉ်စနစ်တကျနှင့် မိမိဝါသနာပါကိုက်ညီရာ ပညာရပ်တစ်ခုခု လုပ်ငန်းတစ်ခုခုကို စွဲစွဲမြဲမြဲလေ့လာလုပ်ဆောင်နေမည်ဆိုလျှင် မည်မျှအကျိုးများမည်ကို တွက်ဆကြည့်နိုင်ပါသည်။ မိုးရေပေါက်ကလေးများသည် ကျဖန်များသော် ရေအိုးပြည့်သကဲ့သို့ အချိန်ကလေးများကို ဖြုန်းတီးမပစ်ဘဲ အကျိုးရှိရှိအသုံးချလိုက်လျှင် မိမိတို့၏ အကျိုးစီးပွားသည်လည်း ပြည့်လျှံတိုးပွားလာမည်ဟု ပြောချင်ပါသည်။
ယခုခေတ်သည် နည်းပညာတိုးတက်ကောင်းမွန်လာပြီး သတင်းအချက်အလက်များ တစ်နေရာနှင့်တစ်နေရာမြန်မြန်ဆန်ဆန် စီးဆင်းနေသည်။ သိစရာ တတ်စရာများ များပြားလာသကဲ့သို့ သိစရာ တတ်စရာပညာရပ်များကို တစ်နေရာတည်းတွင် အလွယ်တကူ လေ့လာ၍လည်းရနေပါသည်။ ထိုသို့ပညာရပ်များစွာကို အကုန်အကျနည်းနည်းဖြင့် အလွယ်တကူလေ့လာ နိုင်သောနေရာမှာ လူမှုကွန်ရက်စာမျက်နှာများပင်ဖြစ်သည်။ သို့သော် ကျွန်မတို့နိုင်ငံရှိ လူမှုကွန်ရက်အသုံးပြုသူ အတော်များများသည် ဗဟုသုတပညာရပ်ပိုင်းဆိုင်ရာများကို လေ့လာဖတ်မှတ်နေသည်ထက် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ သူမှားသည် ကိုယ်သာမှန်သည်ဟု အယူဝါဒများပြိုင်ဆိုင်နေကြပါသည်။ ဒီမိုခရေစီ၏ သဘောသဘာဝအရ တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ လုပ်ဆောင်ချက်များမှ အားနည်းချက် အားသာချက်များကို စနစ်တကျဝေဖန်ထောက်ပြကြရမည့်အစား အထောက်အထား အချက်အလက်မဲ့စွာ အချင်းချင်းငြင်းခုံပုတ်ခတ်နေကြသည်။ မိမိတို့၏ အဖိုးတန်သော အချိန်များသည် ဗဟုသုတဘဏ္ဍာတိုက်ထဲတွင် အမှိုက်ကောက်ရင်း ကုန်ဆုံးသွားသည်နှင့်တူနေတော့သည်။ သုံးတတ်လျှင် ဆေးဖြစ်ရမည့်အစား မသုံးတတ်တော့ ဘေးဖြစ်နေသည်မှာ ဝမ်းနည်းစရာကောင်းလှပါသည်။
မြတ်စွာဘုရားဟောကြားတော်မူသည့် လောကတွင်ရခဲလှသောအရာ ငါးမျိုးရှိသည်။ ၄င်း ငါးမျိုးထဲတွင် 'မနုဿတ္တဘာဝ ဒုလ္လဘ လူအဖြစ်ကိုရခဲခြင်း' ဟု ဆိုသောအချက်ပါသည်။ လူအဖြစ်ကို ရခဲလှသည်ဟုဆိုသော်လည်း လူတို့၏ သက်တမ်းသည် ရှည်ကြာလှသည်တော့ မဟုတ်ပါ။ ကျွန်ုပ်တို့၏ သက်တမ်းမှာ အလွန်တိုတောင်းလှပါသည်။ တာဝတိံသာနတ်တို့၏ သက်တမ်းနှင့် တွက်ကြည့်ပါက နတ်တို့၏ တစ်ရက်သည် လူတို့၏ နှစ် ၁၀၀ သက်တမ်းနှင့်ညီမျှသည် ဟု မှတ်သားဖူးပါသည်။ သံသရာတစ်ကြောတွင် စုန်ဆန်မျောနေရသော ကျွန်ုပ်တို့အဖို့ လူဖြစ်လာရသော အချိန်သည် လျှပ်စပမာ ခဏတာမျှ လင်းလက်လိုက်သော အချိန်ပိုင်းလောက်သာရှိပါသည်။ ထို့ကြောင့် တိုတောင်းလှသည့် အချိန်ကာလအတွင်း တန်ဖိုးရှိသော အချိန်များကို မိမိတို့၏ဘဝကောင်းရာကောင်းကျိုးအတွက်သော်လည်းကောင်း အများ၏ ကောင်းရာကောင်းကျိုးအတွက်သော်လည်းကောင်း အကျိုးရှိရှိအသုံးချရန် လိုအပ်ပါကြောင်းရေးသားလိုက်ရပါသည်။
Author by @khaylay
MSU-007

Sort:  

အ​ရေးအသား​ကောင်းတယ်​ မမ😝

Congratulations! This post has been upvoted from the communal account, @minnowsupport, by khaylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အရေးအသား ကောင်းပါတယ်

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85