ဖြောင့်မတ်ခြင်း(2)

in #myanmar6 years ago (edited)

image
ဖြောင့်မတ်ခြင်းမရှိသူ၏ ပုံသာဓကများပြပါဆိုရလျှင် မှန်ကန်ဖြောင့်မတ်ခြင်း မရှိသည့်အတွက် ဥစ္စာကိုမရနိုင်။ ဥစ္စာမရနိုင်ပါက မိတ်ဆွေလည်မရနိုင်ပေ။ မိတ်ဆွေမရရှိနိုင်ပါက စီးပွားလည်းမရရှိနိုင်ပေ။ နောက်ဆုံးတွင် လူ့ဘဝ၏ ဆင်းရဲတွင်းတွင်နစ်ကာ ဒုက္ခများစွာ ကြုံတွေ့တတ်ပေသည်။ ထို့ကြောင့် လူ့ဘဝအတွက် အသက်ရှင်နေထိုင်ရန်နှင့် တိုးတက်အောင်မြင်စေရန် ဖြောင့်မတ်မှန်ကန်ခြင်းကို ထားရှိသင့်ပါသည်။ဖြောင့်မတ်မှန်ကန်သော စိတ်ထားများကို မွေးမြူလျက် မိမိအတွက် နိုင်ငံအတွက် အမျိုးဘာသာ သာသနာများကို တိုးတက်ဆောင်ရွက်သူများဖြစ်စေရန် ကြိုးစားကျင့်ကြံနေထိုင်ရပါမည်။
အတိတ်၏ ကုန်လွန်ခဲ့သော နေ့ရက်များကို မှန်းဆလျက် အနာဂတ်၏ ကောင်းကျိုးအတွက် မျက်မှောက်ပစ္စုပ္ပန်နှင့် အနာဂတ်တို့သည် အချိန်တစ်ချိန်၏ ကြာရှည်သောသမိုင်းမှတ်တိုင်(အတိတ်)ဖြစ်သည်ကို သတိချပ်သင့်သည်။ လူသားအားလုံးသည်လည်း အတိတ်ကိုဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ကုန်ဆုံးခဲ့သော နေ့ရက်များကို သင်ခန်းစာယူပြီး ဆောင်ရန် ရှောင်ရန်ဆင်ခြင်နှလုံးသွင်းသင့်သည်။ လူသားအားလုံးသည် ကုန်လွန်ခဲ့သော အတိတ်၏ နေ့ရက်များကို ထမ်းပိုးရင်း ရှေ့ဆက်ရမည့်ပစ္စုပ္ပန်နေ့ရက်များကို အကောင်းဆုံးဖြတ်ကျော်ရမည်။
ရိုးသားဖြောင့်မတ်ခြင်းဆိုသော ပညာရပ်များကို ပြင်သစ်အတွေးအခေါ်ပညာရှင် 'ရူးဆို့' က နည်းလမ်းသုံးသွယ်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ သဘာဝတရား လူသား အရာဝတ္ထုဆိုပြီး ဖွင့်ဆိုထားသည်။လူသားအားလုံးသည် လူ့သဘာဝပတ်ဝန်ကျင်းတွင် ဝမ်းစာရှာဖွေကြသည်။ လူသားများအားလုံးသည် မွေးကင်းစဘဝထဲမှ အရွယ်လွန်အိုမင်းချိန်ထိ အပြန်အလှန် ဆက်နွှယ်နေရဦးမည်။ အတွေ့အကြုံ ကြံစည်တွေးခေါ်မှု လူမူပတ်ဝန်းကျင် သဘာဝပတ်ဝန်းကျင်တွင် လေ့လာမှတ်သားစရာများရှိနေဦးမည်။ ဖြောင့်မတ်ခြင်းတွင် တွေးခေါ်စိတ်ကူးမှု ရိုးစင်းသောဘာသာစကား အလေ့အထ ကျွမ်းကျင်မှု သဘာဝပတ်ဝန်ကျင်စသော အရာများပါဝင်နေသည်။ ကောင်းသောအသိ ကောင်းသောအကျင့် ကောင်းသောအမွှေအနှစ်များကို အစဉ်စောင့်ရှောက်ရမည်။ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများသည် နေ့စဉ်ဘဝတွင် ထင်ကန်နေမည်။ ကျရောက်လာမည့် နေ့သစ်များကို လူသားအချင်းချင်း ချစ်ခြင်းမေတ္တာ ကရုဏာ ရိုင်းပင်းစောင့်ရှောက်မှု တာဝန်သိစိတ်ဖြင့် ဘဝ၏မျှော်မှန်းရာပန်းတိုင်းသို့ လျှောက်လှမ်းကြပါစို့။
အနုတ်လက္ခဏာ စိတ်ထားရှိသူသည် တစ်စုံတစ်ရာမစတင်မီ တစ်ဝက်ရှုံး၍ 'ဖြောင့်မတ်ခြင်း' ဟူသော အောင်မြင်ခြင်း၏ အပေါင်းလက္ခဏာသော့ကို ယူဆောင်သွားပြီး ပစ္စုပ္ပန်နေ့ရက်များဖြင့် ရှေ့ဆက်သွားသင့်သည်။ 'ပြန်လည်စဉ်းစားဆင်ခြင်မှုမပြုဘဲ စာဖတ်နေခြင်းသည် အစာစားပြီးနောက် ပြန်လည်ချေဖျက်မှုမရှိခြင်းနှင့်တူသည် (Conversel did not think and reading book after eating conversely did cancel out the some)' ဟု အက်ဒ်မန်ဘတ်ခ်(အိုင်ယာလန်လူမျိုး စာရေးဆရာ)က ပြဆိုထားသည်။ ထို့ကြောင့် လူသားအားလုံးအပြန်အလှန်နားလည်သိရှိကာ ရိုးသားဖြောင့်မတ်ခြင်းဖြင့် လောကကိုအလှဆင်သူများဖြစိကြပါစေ။
Author by @khaylay
MSU-007

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09