စိတ်​ညစ်​ရတဲ့ ​နေ့တစ်​​နေ့ (To day)

in #myanmar6 years ago (edited)

DQmXfFrmMTp2szpgJoha6aTSZ9P9wxZV9bhp5pK6paLt7Jg.jpg
Myanmar steemit မှ သူငယ်​ချင်းများအားလုံး မင်္ဂလာအ​ပေါင်းနဲ့ ပြည့်​စုံကြပါ​စေခင်​ဗျာ...

ဘာလိုလိုနဲ့ ကျ​နော်​တို့ G1 မှ PRO တင်​ရမယ့်​ ရက်​ကို​တောင်​ ​ရောက်​လာခဲ့ပါပြီ...

ဒီတစ်​ပတ်​ PRO မှာ​တော့ ခါတိုင်း ကျ​နော်​​ရေး​နေကြ "ကျ​နော့်​ဘဝရဲ့ အ​တွေ့အကြုံများ" ဆိုတာကိုဆက်​ရေးဖို့ စိတ်​သိပ်​မပါ​သေးဘူးဗျာ...

ဘာလို့လဲဆို​တော့ ဒီ​နေ့က ကျ​နော်​အရမ်းစိတ်​ညစ်​​နေလို့ပါခင်​ဗျာ😣😣😣

စိတ်​ညစ်​ရတဲ့ အ​ကြောင်းရင်းကို ​ပြောပြရမယ်ဆိုရ​င်​ ကိုယ့်​​ပေါင်​ကိုယ်​ လှံနဲ့​ထောင်းသလို ဖြစ်​​နေမယ်​ဆိုတာကိုလည်း ကျ​နော်​သိပါတယ်​၊ ဒါ​ပေမယ့်​ ကျ​နော့်​မှာ ရင်​ဖွင့်​စရာ အ​ပေါင်းအ​ဖော်​ မရှိ​တော့ Steemit ​ပေါ်မှာပဲ ​ရှေ့မျက်​နှာ ​နောက်​ထားပြီး​တော့ ရင်​ဖွင့်​ပါရ​စေ....

စိတ်​ညစ်​ရတဲ့ အ​ကြောင်းအရင်းက​တော့ ဒီလိုပါ....
လွန်​ခဲ့တဲ့ ၁နှစ်​​ကျော်​​လောက်​က ကျ​နော့်​အ​မေ ဆုံးသွားတဲ့ အချိန်​ကစပြီး​တော့ ​​ရေးရမှာဘဲ...

လွန်ခဲ့တဲ့ ၁နှစ်​​ကျော်ေ​လာက်က ​ကျနော့်​အ​မေက အသည်းကင်​ဆာနဲ့ ဆုံးပါးသွားခဲ့ပါပြီ၊ အ​မေဆုံးပြီး​နောက်​ပိုင်းမှာ​တော့ ကျ​နော်​တို့မှာ အ​ဖေတစ်​​ယောက်​ပဲ ကျန်ပါ​တော့တယ်​။

ဒီလိုနဲ့ ကျ​နော်​တို့ အ​မေဆုံးသွား​တော့ အ​ဖေဖြစ်​တဲ့သူကို လိုေ​လ​သေးမရှိ​အောင်​လို့ ကျ​နော့်​တို့​မောင်​နှမ​တွေ စိတ်​ချမ်းချမ်းသာသာနဲ့ ထားခဲ့ပါတယ်​။ ကျ​နော်​က တိုင်းတစ်​ပါးမှာ လာ​ရောက်​လုပ်​ကိုင်​​နေထိုင်​​နေခြင်း ဖြစ်​တာ​ကြောင့်​ ကျ​နော့်​ရဲ့အ​မေ ဆုံးသွားပြီး ​နောက်​ပိုင်းမှာ အ​ဖေဖြစ်သူ​​ကို အနီးကပ်​ ပြုစုခွင့် မရခဲ့​ပေမယ့်​ အ​ဖေ့အတွက်​ လိုအပ်​တာမှန်​သမျှ အစစအရာရာ အ​ဝေးက​နေပြီး ​ငွေပို့​ထောက်​ပံ့​ပြီး​တော့ပဲ အ​ဖေ့ကို စိတ်​ချမ်းသာ​အောင်​ ထားနိုင်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​.... ကျ​နော့်​ရဲ့အ​ဖေဟာ ​ငွေကို လိုတာထက်​ပိုပြီး​တော့ သုံးခဲ့ပါတယ်​၊ မကြာခဏဆိုသလိုလည်း ခဏခဏ ​ကျ​နော့်​မှာ ​ငွေလှမ်း​တောင်းပါတယ်​။ ကျ​နော့်​ဘဝမှာ အ​​မေဆုံးပြီး​နောက်​ပိုင်း အ​ဖေတစ်​​ယောက်​ပဲ ကျန်​ရှိ​နေ​တော့ ​အ​ဖေစိတ်​ချမ်းသာရင်​ပြီး​ရော ဆိုပြီး​တော့ ​​ငွေ​တောင်းတဲ့အခါတိုင်း အငြီးမငြူ အမြဲလိုလို ​ငွေလှမ်းပို့​ပေးခဲ့ပါတယ်​။

တစ်​ကယ်​​တော့ ကျ​နော်​ဟာ တိုင်းတစ်​ပါးမှာ လက်​လုပ်​လက်​စား ဘဝနဲ့ ကျွန်​ခံပြီး ​ငွေရှာ​နေရသူလည်းဖြစ်​၊ ကျ​နော့်​မှာ ဇနီးနဲ့သားရှိပြီး​တော့ အိမ်​​ထောင်​သယ်ဘဝလည်းဖြစ်​ပြန်​​တော့.... ကျ​နော့်​အ​ဖေ ဒီလိုမျိုး ခဏခဏ ​ငွေလှမ်း​​တောင်း​နေတာ အကြိမ်​ဖန်​များလာ​တော့ ကျ​​နော့်​စိတ်​ထဲ သိပ်​မသင်္ကာလာ​တော့ပါဘူး၊ တစ်​ကယ်​ဆိုရင်​ တစ်​လတစ်​ခါ ကျ​နော်​ပို့​ပေးတဲ့ ​ငွေဟာ ကျ​နော့်​အ​ဖေအတွက်​ စားနိုင်​​သောက်​နိုင်​ရုံသာမက လှူနိုင်​တန်းနိုင်​ပါ​သေးတယ်​၊ သည်​လိုနဲ့ ကျ​နော့်​အ​ဖေ ဘာ​ကြောင့်​ ​ငွေ​တွေ သည်​လိုလှမ်း​တောင်းရတာလဲ ဘာ​တွေလိုအပ်​လဲ စိတ်​ထဲ သိချင်​​နေတာနဲ့ ကျ​နော်​မြန်​ပြည်​သို့ ပြန်​သွားခဲ့ပါတယ်​။

ကျ​နော်​ မြန်​မာပြည်​သို့ ပြန်​​ရောက်​တာနဲ့ ​​အ​ဖေဘာ​တွေများလုပ်​​နေလဲဆိုတာ သိချင်​လို့ ဇနီးနဲ့သားကို ​ယောက္ခမအိမ်​သို့ ပို့​ပေးပြီးတာနဲ့ ကျ​နော်​ အ​ဖေ့အိမ်​မှာပဲ ပြန်​​နေခဲ့ပါတယ်​။ အ​​ဖေ့အိမ်မှာ​ ကျ​နော်​ စ​ရောက်​​ရောက်​ခြင်း​တော့ ကျ​နော့််​အ​ဖေဟာ ပုံမှန်​ပါပဲ၊ သို့​သော်​.. သုံး​​လေးရက်​​လောက်​ ကြာတဲ့အခါမှာ​တော့ ​ကျ​နော့်​ဆီမှာ ​ငွေ(သိန်း×××) ​တောင်းယူ​ပါေ​တ့ာတယ်​၊

"သား"

"ဗျာ.. အ​ဖေ"

"အ​ဖေ့ကို ​ငွေ(သိန်း×××)​လောက်​​ပေးပါလား"

"ဟာ ​ငွေ(သိန်း​×××)တောင်​ အ​ဖေက ဘာလုပ်​မလို့လဲဗျ ဘာ​တွေလိုအပ်​လို့ ဒီ​လောက်​​ငွေကို ​တောင်းရတာလဲ အ​ဖေရာ..."

"ဒီလိုပါသားရာ... အ​ဖေ့မှာ လုပ်​ငန်းတစ်​ခု ကန်​ထရိုက်​ဆွဲထားတာရှိတယ်​သားရ အဲ့ဒါ ​လော​လောဆယ်​ အ​ဖေက ​ငွေစိုက်​ထားရ​လို့ ​ငွေလိုလို့ပါသားရာ.."
ကျ​နော့်​အ​ဖေမှာ ကျ​နော့်​အား ဤသို့​ပြောပြ၍ ငွေ​တောင်း​တော့ ကျ​နော်​လည်း...

"အင်း​လေ လုပ်​ငန်းအတွက်​ လိုတာဆိုလည်း ယူ​ပေါ့အ​ဖေရာ... ဒါမယ့်​ သားမှာ ​​ငွေ သိပ်​အများကြီး ပါမလာဘူး​နော်​.. သားရဲ့မိန်းမက ငွေ​တွေကို သူပဲအကုန်​သိမ်ထားတာ"

"​အေးဘာကွာ အခုယူတဲ့ ​ငွေကလည်း အ​ဖေပြန်​​ပေးမှာပါ"

"ဟာ...မဟုတ်​တာ သားအဖချင်းပဲကို ပြန်​​ပေးစရာ မလိုပါဘူး အ​ဖေရာ.."

သည်​လိုနဲ့ ကျ​နော့်​အ​ဖေ​တောင်းတဲ့ ​ငွေအား ကျ​နော်​ထုတ်​​ပေးလိုက်​ပါတယ်​။ သို့​သော်​ ကျ​နော့်​အ​ဖေမှာ ​ငွေရပြီးတဲ့​နေ့ကစလို့ မနက်​ဆိုရင်​ ဆိုင်​ကယ်​နဲ့ထွက်​သွားပြီး​တော့ အိမ်​ကို ည၁၀နာရီ ၁၁နာရီ​လောက်​မှ ပြန်​​ရောက်​လာပါ​တော့တယ်​။ ဒါနဲ့ ကျ​နော်​လည်း ကျ​နော့်​အ​ဖေ​ပြောတဲ့ အ​ဖေ့ရဲ့ ကန်​ထရိုက်​ယူထားတဲ့ လုပ်​ငန်းဆိုတာကို အ​ဖေမသိ​အောင်​ စုံစမ်းပါ​တော့တယ်။

ဟုတ်​ပါတယ်​ သူ့လုပ်​ငန်းမှာ ​ငွေ​တွေသုံးထားရတာ မှန်​ပါတယ်​၊ သို့​သော်​... ကျ​နော့်​ဆီက​နေ ​တောင်းတဲ့​ငွေ​တွေကို လုပ်​ငန်းထဲမှာ သုံးစွဲထားခြင်း မရှိသလို၊ ကျ​နော့်​ရဲ့အ​ဖေမှာ လုပ်​ငန်းထဲတွင်​လည်း ခဏတစ်​ဖြုတ်​သာ လာ​ရောက်​ပြီး​တော့ ပြန်​သွား​ကြောင်း အလုပ်​သမား​တွေ ​ပြောပြချက်​အရ ကျ​နော်​သိခဲ့ရပါတယ်​၊ ဒါဆို ကျ​နော့်​အ​ဖေ ဘာ​တွေလုပ်​​နေလဲ....? ဘယ်​​တွေကိုသွားလို့များ ညအချိန်​အခါမရှိမှ အိမ်​ကို ပြန်​လာရတာလည်းဆိုတာ...? ကျ​နော်​သိချင်​လာပါတယ်​။

ဒါ​ပေမယ့်​ ကျ​နော်​ မြန်​မာပြည်​ကို ခွင့်​ယူပြီး ပြန်​လာခဲ့ရတာ ရက်​ပြည့်​ခါနီးပြီမို့ အ​ဖေ့အ​ကြောင်း ဂဃနဏ မသိရှိခဲ့ရပဲ ကျ​နော်​တိုင်းတစ်​ပါးသို့ ပြန်​ထွက်​ခဲ့ရပါ​တော့တယ်​။ ဒါ​တောင်​ ကျ​နော်​ပြန်​ခါနီးမှာ ကျ​​နော့်​အ​​ဖေမှာ ​ငွေ(သိန်း×××)​ထပ်​​တောင်းလို့ ကျ​နော့်​မှာ မရှိတဲ့ကြားထဲက​နေ မ​ပေးချင်​ပဲ ​ပေးခဲ့ရပါ​သေးသည်​။ သည်​လိုနဲ့...

ကျ​နော်​ ဘန်​​ကောက်သို့ ပြန်​​ရောက်​ပြီး တစ်​လအကြာမှာ​တော့ မထင်​မှတ်​ပဲ သတင်းတစ်​ခု ကြားရတာက​တော့....

ကျ​နော့်​အ​ဖေ အိမ်​​ထောင်​ပြုလိုက်​ပြီတဲ့ဗျာ...

တစ်​ပင်​လဲလို့ တစ်​ပင်​ထူတာ ကျ​နော်​နားလည်​ပါတယ်​၊ ဘာမှ​တော့ မ​ပြောလိုပါဘူး၊ အ​ဖေ ဘာပဲဖြစ်​ဖြစ်​ သားသမီးတစ်​​ယောက်​အ​နေနဲ့ အ​ဖေဟာ အ​ဖေပါပဲ....

သို့​သော်​ အ​မေဆုံးတာ နှစ်​ဝက်​​တောင်​ မရှိ​သေးဘူး အခုလို အ​ဖေဖြစ်​သူက ​အိမ်​​ထောင်​ထပ်​ပြီးပြုလိုက်​တာကို သိလိုက်​ရ​တော့ ကျ​နော့်​စိတ်​ထဲမှာ အ​တော်​​လေးကို ထိခိုက်​​ကြေကွဲရပါတယ်​။
ပိုပြီး​စိတ်​ထိခိုက်ရတာက​တော့ ကျ​နော့်​အ​ဖေယူတဲ့ မိန်းမက ကျ​နော့်​ထက်​​ အသက် အများဆုံး ​၅နှစ်​​လောက်​သာ ကြီးသည်​ဟု သိခဲ့ရပါတယ်​။

သြော်​... ဒါ​ကြောင့်​​ ကျ​နော့်​အ​ဖေ ​ခဏခဏ ​ငွေလှမ်း​တောင်း​နေတာ ကျ​နော့်​အ​ဖေက သူယူမယ့်​မိန်းမကို ပန့်​ပိုး​နေတာကို ကျ​နော်​သိလိုက်​ရပါသည်​။

ဒါ​ပေမယ့်​ ကျ​နော့်​အ​ဖေဟာ မိန်းမယူပြီးလည်း ​ခဏခဏ ငွေထပ်​လှမ်း​တော​င်း​နေတာ​ကြောင့်​ ကျ​နော့်​လည်း ​ဆက်​ပြီး​တော့ ​ငွေမပို့​ပေးချင်​​တော့ပါဘူး၊ ခဏခဏ ​ငွေပို့​ပေး​နေရတာ​ကြောင့်​ ကြာရင်​ ကျ​နော့်​အိမ်​​ထောင်​​ရေးလည်း ပြိုကွဲ​ပါတော့မည်​၊ ကျ​နော့်​မိန်းမဖြစ်​သူကလည်း ကျ​နော် အ​ဖေ့ကို ​ငွေ​တွေပို့​ပေး​နေတာ အကြိမ်​ဖန်​များလာ​တော့ ငြူစူလာပါပြီ၊ ဟုတ်​​တော့ဟုတ်​ပါတယ်​ 
ယောက္ခမနဲ့ ​​ချွေးမဆိုတာက သိတဲ့အတိုင်းပါပဲ၊ ဒါ​တောင်​ ကျ​နော့်​မိန်းမက အလွန်​သ​ဘောထားကြီးလို့ပါ ကျ​နော့်​အ​ဖေကို ​ငွေပို့တိုင်း ယ​နေ့အချိန်​ထိ သူ ဘာတစ်​ခွန်းမှ ကျ​နော့်​ကို မ​ပြောဖူး​သေးဘူး၊ သို့​​သော်​ ကျ​​နော့်​မိန်းမ ​ပါးစပ်​က မ​ပြော​ပေမယ့်​ စိတ်​ထဲက ​ငွေမ​ပေးချင်​​တော့မှန်းလည်း ကျ​နော်​သိပါတယ်​။ ​ချွေးမဖြစ်​သူ ​မ​ပြောနဲ့ သားအရင်း​ဖြစ်​သူ ကျ​နော်​​တောင်​မှပဲ ကျ​နော်​အ​ဖေလုပ်​ရပ်​​ကြောင့်​ ကျ​နော်​ကိုယ်​တိုင်​​တောင်​ ​ကျ​နော့်​အ​ဖေ​တောင်း​တဲ့​ငွေကို ဆက်​မပို့​ပေး​ချင်​​တော့ပါဘူး။

သည်​လိုနဲ့ ကျ​နော့်​အ​ဖေ​တောင်းတဲ့​ငွေကို ကျ​နော်​မပို့​ပေး​တော့ ကျ​နော့်​အ​ဖေဟာ ကျ​နော့်​ဆီ ဖုန်းဆက်​ပြီး​တော့ ကျ​နော့်အား ကြိမ်း​မောင်းပါ​တော့တယ်​၊ ကျ​နော့်​လည်း သည်းမခံနိုင်​​တော့ အ​ဖေနဲ့သား ဖုန်းထဲမှာ ရန်​ဖြစ်​ကြပါ​တော့တယ်​၊ အဲ့လိုရန်​ဖြစ်​ပြီးတဲ့​နေ့ကစလို့ ကျ​နော်​လည်း အ​ဖေ့ဆီကို အဆက်​သွယ်​မလုပ်​​တော့သလို ကျ​နော့်​အ​ဖေလည်း ကျ​နော့်​ဆီကို အဆက်​သွယ်​ မလုပ်​​တော့တာ ယ​နေ့အချိန်​ထိပါ။

ဒါ​ပေမယ့်​ အ​ဖေဟာအ​ဖေပါဘဲ အ​ဖေ့ဆီကို ကျ​နော် ​တိုက်​ရိုက်​ အဆက်​သွယ်​ မလုပ်​ဖြစ်​​ပေမယ့်​ အ​ဖေ့အ​ကြောင်း ကျေ​နာ်​ အမြဲစုံစမ်း​ပါတယ်​၊ လွန်​ခဲ့တဲ့ တစ်​လ​ကျော်ေ​လာက်​က ကျ​နော့်​အ​ဖေနဲ့ အ​ဖေ့မိန်းမနဲ့ ကွဲသွား​ကြောင်း ကျ​နော်​ကြားသိခဲ့ရပါတယ်​။ ကွဲမယ်​ဆိုတာကို အစကတည်းက ကျ​နော်​ကြို​တွက်​ထားပြီးသားပါ၊ ဘာ​ကြောင့်​လဲဆို​တော့ ကျ​နော့်​အ​ဖေက ​ဆေး​ပေးမီးယူအဖြစ်​ ​အိမ်​​ထောင်​အသစ်​တည်​လိုက်​တယ်​ဆို​ပေမယ့်​ အ​ဖေရဲ့မိန်းမက အ​ဖေ့ကို ချစ်​လို့ယူခဲ့တာ မဟုတ်​ဘူး​လေဗျာ... အ​ဖေ့ရဲ့ သားသမီး​တွေဆီက ​ထောက်​ပံ့​ငွေ​တွေနဲ့ သုံး​ကောင်းဖြုန်း​ကောင်းလို့ ယူခဲ့တာပဲ၊ အခု ကျ​နော်​တို့​မောင်​နှမ​တွေက ​ငွေမပို့​ပေးတော့ ဘိုင်​ပျက်​ပြီး​ သုံးဖို့စွဲဖို့ အကျပ်​တည်းဖြစ်​လာ​တော့ အ​ဖေ့ကို ထားခဲ့ပြီး ​နောက်​​ယောင်္ကျား​နောက်​ကို လိုက်​သွားပြီဖြစ်​​ကြောင်း ကျ​နော်​ကြားသိခဲ့ရပါတယ်​။ ​နောက်​တစ်​ခုက အ​ဖေ​နေမ​ကောင်းဘူးတဲ့ အ​ဖေ​နေမ​​ကောင်းတဲ့အချိန်​မှာ အ​ဖေ့မိန်းမက အ​ဖေ့ကို ထားခဲ့တာတဲ့ဗျာ... ဘယ်​​လောက်​ရင်​နာစရာ​ကောင်းလဲ။ 
"သြော်​ မိန်းမ​တွေ မိန်းမ​တွေ"
(မိန်းမတိုင်းကို မဆိုလိုပါဘူး)

ကျ​နော့်​အ​ဖေ​နေမ​ကောင်းဘူးဆို​တော့ ဘာဖြစ်တာလဲဆိုတာ ​ကျ​နော်​သိချင်​လို့ စုံစမ်းကြည့်​လိုက်​တော့ ​ခြေထောက်မှာ အနာဖြစ်​ပြီး​တော့ ​နေမ​ကောင်းတာလို့ သိရပါတယ်​၊ ဒါနဲ့ အ​ဖေမသိ​အောင်​ ကျ​နော်​ တစ်​ဖက်​လှည့်​နဲ့ အ​ဖေ့အတွက်​ ​ဆေးကုသစရိတ်​ ငွေပို့​ပေးခဲ့တယ်​။

ဒါ​ပေမယ့်​ ကျ​နော်​ပို့​ပေးတဲ့ ​ငွေက နည်းလို့ ​ဆေးကုမရတာလား ​ဆေးမကုပဲ သုံးပစ်​လိုက်​တာလား​တော့ မသိပါဘူး၊ ကျ​နော့်​အ​ဖေ ​ခြေ​ထောက်​က အနာက တစ်​ဖြည်းဖြည်းနဲ့ ဆိုးလာ​ကြောင်း ကျ​နော်​ထပ်​သိခဲ့ရပါတယ်​။ ​နောက်​ထပ်​တစ်​ခါ ​ဆေးကုသဖို့အတွက်​ ​ငွေကို လုံလုံ​လောက်​​လောက်​ ကျ​နော်​ပို့​ပေးခဲ့ပါတယ်​။
received_567621816935554.jpeg
သို့​ပေမယ့်​လည်း ​ကျ​နော့်​အ​ဖေရဲ့ ​ခြေ​ထောက်​က အနာက မသက်​သာတဲ့အပြင်​ အ​ခြေ​နေ ပိုးဆိုးလာပါတယ်​။

အ​ဖေနဲ့သား မာနနဲ့အတ္တ ​ရှေ့တန်းတင်​ထားကြ​တော့ အခုချိန်​ထိလည်း အ​ဖေလည်း ကျ​နော့်​ဆီကို ဖုန်းဆက်​မလာသလို ကျ​နော်​လည်း အ​ဖေ့ဆီကို ဖုန်းဆက်​မသွားခဲ့ပါဘူး။

အခု ကျ​နော့်​အ​ဖေ ​ဆေးရုံတက်​​နေရပါတယ်၊ ကြားသိရတာက​တော့ ​ခြေ​ထောက်​က ​ငွေမတတ်​နိုင်​ရင်​ ဖြတ်​ရဖို့များတယ်​တဲ့၊ ​ငွေနိုင်​ရင်​​တော့ ပလပ်​စတစ်​ဆာဂျီဆိုလား အသား အစားထိုးဆိုလား ကုသမယ်​လို့​တော့ ​ပြောကြတယ်​။
received_624184621265091.jpeg
ဒီ​တော့ မနက်​ဖြန်​ကို ကျ​နော်​ အ​ဖေ့အတွက်​ ​ငွေထပ်​ပို့​ပေးရ​တော့မယ်​၊ ​လော​လောဆယ်​ လက်​ထဲမှာလည်း ဘိုင်​ပျက်​​နေတယ်​ ​ငွေကသိပ်​မရှိဘူး ခါတိုင်းဆိုရင်​ အပြင်​မှကြား​ပေါက်​​ဝင်ေ​ငွရလမ်း​တွေရှိ​​သေးတယ်​၊ အခုတစ်​လောအတွင်း အလုပ်​ထဲမှာ ည၈/၁၀နာရီထိ ​နေ့တို်​င်းလို အလုပ်​ဆင်း​နေရ​တော့ အပြင်​မှာ ကြား​ပေါက်​ဝင်​​ငွေလည်း ထွက်​မရှာနိုင်ခဲ့​​တော့ဘူး...​၊ ​​ကျ​နော့်​အလုပ်​က လခစားဆို​တော့ လစာထွက်​မှပဲ လက်​ထဲမှာ ​ငွေရွင်​​တော့မယ်​။ မိန်းမဆီက​နေ ​ငွေ​တောင်းရပါများလာ​တော့ မိန်းမမျက်နှာကြည့်ရတာ ​​​အ​ခြေ​အနေက သိပ်​မဟန်​​တော့ဘူး ​တောင်းရင်​လည်း ​ငွေ​ရဖို့ ​လမ်းမမြင်​တော့​ဘူး။ ဒီ​တော့ အ​ဖေ့​ခြေ​ထောက်​အတွက်​ ​ငွေပို့နိုင်​ဖို့​အ​ရေး ရှာရ​ဖွေရ ကြံရဖန်​ရ​တော့ပါမည်​။ ကျနော့်​အ​ဖေအ​ကြောင်းတွေကို ဟို​တွေး ဒီ​တွေးရင်းနဲ့ ​ခေါင်း​တွေ​လည်း​လေးလာပြီ၊ အလုပ်​ထဲလည်း ဘာလုပ်​လုပ်​ စိတ်​​ထောင်းကိုယ်​​ကြေပြီး​တော့ အလုပ်​ကို စိတ်​ဝင်​စားမှုမရှိ​တော့ပါဘူးဗျာ...။
2018-05-15 20.58.45.jpg

2018-05-15 20.59.30.jpg

2018-05-15 21.00.34.jpg

2018-05-15 21.02.22.jpg
ဆက်​​ရေးဖို့ စိတ်မပါ​​တော့လို့ ဒီ​လောက်​နဲ့ပဲ ရပ်​နားပါရ​စေ။

(ကျ​နော်​ အခု ဒီစာကို ​ရေးပြီးခါနီး အချိန်​​လေးတင်​ ကျ​နော့်​ဆီ အ​ဖေ ဖုန်းဆက်​လာလို့ ဝမ်းသာလိုက်​တာဗျာ..)

အခုလို ဖက်​ရှု့​ပေးတာကိုလည်း အားလုံးကို ​ကျေးဇူးအထူးတင်​ပါတယ်​ဗျာ..။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
Myanmar Steemit မှ Admin များနဲ့တစ်​ကွ အဖွဲ့သားများ အားလုံးကို အထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​။

MSC 160
Author @kolinn

Sort:  

စိတ်မကောင်းပါဘူးဗျာ ဒါပေမယ့်ကိုလင်း အဖေကို အားပေးလိုက်ပါ

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ
.. ဒီမနက်​က​​ ကျ​နော့်​အ​ဖေဆီကို ဖုန်းဆက်​ပြီး အား​ပေးခဲ့ပါတယ်​bro

ဆီးချိုရောဂါဆိုတာ ကြိုတင်သိရှိနိုင်ပါတယ်၊ ဂရုစိုက်ရင်Type 2 ကလွဲလို့ ပျောက်ကင်းနိုင်ခြေများပါတယ်။

ဟုတ်​ကဲ့.. ​ကျေးဇူးတင်​ပါတယ်​ ဆရာ!

အဆင်ပြေပါစေ
ဆုတောင်းပေးပါတယ်ရှင်

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

မြင်​ရတာစိတ်​မ​ကောင်းဘူးဗျာ အမြဲဆု​တောင်း​ပေး​နေတယ်​အကို​ရေ

အခုလို ဆု​တောင်း​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ညီ

သားသမီးတစါယောက်နေရာကနေထပ်တူဝမ်းနည်းရပါတယ်ကိုလင်းရေ ကိုလင်းအဖေအမြန်ဆုံးသက်သာပါစေ
ကိုလင်းလည်းထိုင်းထီပေါက်ပါစေဗျာ

အခုလို ထပ်​တူထပ်​မျှ ခံစား​ပေးတာ ​ကျေးဇူးအများကြီးတင်​ပါတယ်​ခင်​ဗျာ...
ပေးတဲ့ဆုနဲ့လည်း ပြည့်​ရပါလို၏😔

စိတ်မကောင်းဘူးကွယ်။သားကတာဝန်တွေ၊ဝတ္တရားတွေအားလုံးကျေပွန်ပါတယ်။ဆီးချိုရှိလို့နေမယ်။မရှိရင်ပျောက်ဖို့
နီးစပ်ပါတယ်။အနာကိုသန့်သန့်ရှင်းရှင်းဖြစ်ဖို့အရေးကြီးတယ်။ပိုးဝင်သွားရင်..ဦးနှောက်ထဲရောက်သွားရင်တော့..မလွယ်ဘူး။စိတ်ထဲမှာ..အရမ်းကြီးမခံစားပါနဲ့ကွယ်။ကိုယ့်တာဝန်တွေကျေလိုက်တာမှ၊ဟိုဖက်တောင်ရောက်နေပီ။
ထောက်ပံ့...ပန့်မဟုတ်ပါ။ပြင်လိုက်နော်။

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ အန်​တီ!
စာမှားသွားလို့ ​ထောက်​ပြ​ပေးတဲ့အတွက်လည်း​ ထပ်​ပြီး​တော့ ​ကျေးဇူးတင်​ပါတယ်​ ပြန်​ပြင်​လိုက်​ပါ့မယ်​ခင်​ဗျာ..

လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုသလိုပါပဲလားဗျာ။

ဟုတ်​ပါတယ်​ ကို​ထွေး​ရေ... လူတိုင်းက အပူ​တွေနဲ့ပါ လူရယ်​လို့ဖြစ်​လာရင်​ ဒါ​တွေက ​ရှောင်​လွဲလို့ မရတဲ့ သင်္ခါရတရား​တွေပါ😔

ကိုလင်းရေ စိတ်မကောင်းပါဘူး ဘယ်လိုဖြစ်ပြီး အဲဒီလောက်အခြေအနေက ဆိုးသွားတာလဲဗျာ ...

ဟုတ်​ကဲ့ ကို​စော​ရေ... အစက အဲ့​လောက်​ဖြစ်​မယ်​ ကျ​နော်​လည်း မထင်​ထားဘူး😔
ကျ​နော့်​ညီမ ​ပြောတာက​တော့...Screenshot_2018-05-16-13-59-01.jpg

အေးဗျာ စိတ်​မ​ကောင်းစရာ အမြန်​​သက်သာပာ​​စေ

​
 ​​​...

ကိုလင်း အဖေ မြန်၂ သက်သာပါစေ ဘဒိုရေ

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ ​ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေ ကိုစိုင်း​ရေ..😔

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63750.99
ETH 3130.22
USDT 1.00
SBD 3.95