Life(ပြောကြည့်မယ်ဗျာ)

in #myanmar6 years ago (edited)

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png
မင်္ဂလာပါခင်ဗျာ ဒီတစ်ပတ်တော့ ပြောချင်တာပြောကြည့်မလို့ပါဗျာ။😁😁

စပြောပါပြီ 😁
ကျနော်တို့သည် တစ်နေ့သေလွန်ကြရလိမ့်မည်။
မသေခင်အချိန်လေးမှာ ပျော်ရွှင်မှုဝမ်းနည်းမှုတို့ကိုရရှိကြရမည်မှာမလွဲဧကန်၊ ဧကန်မလွဲပါ။
ဟုတ်ပြီ ကျနော်တို့ တစ်နေ့တွင် သေဆုံးကြရမည်မှန်သည်။သို့ပေမယ့် ကျနော်တို့သေဆုံးသည်အခါ ဘာတွေယူဆောင်သွားကြမည်နည်း။ စွဲလမ်းမှုတွေလား၊ အတ္တ မာနတွေလား။ပစ္စည်းဥစ္စာတွေလား ဟိုဟာဒီဟာလား။ ဘယ်အရာကိုမှယူဆောင်သွားလို့မရပါဘူး။ သို့ပေမယ့်ယူဆောင်သွားကြတာတွေတော့ ရှိပါတယ်။ ဘာတွေလည်းဆိုတာကိုအသေးစိတ်မပြောပြတက်ပေမယ့် ကျနော်တို့သေလွန်ရင် ယူဆောင်မသွားချင်တောင်မရတဲ့အရာတွေက အကုသိုလ်နဲ့ ကုသိုလ်တို့ရဲ့အကျိုးဆက်တွေပါပဲ။ ကိုယ်ပြုသောကံပဲ့တင်သံဟာ ယခုဘဝတွင်မက နောင်သံသရာအထိ သယ်ဆောင်သွားပြီး အကျိုးပေးကြတယ်။ သင်မကောင်းမှုပြုမယ် ကျနော်ကောင်းမှုပြုမယ်ဆိုရင် သင်ဆိုးကျိုးတွေခံစားရမယ် ကျနော်ကောင်းကျိုးတွေခံစားရမယ်။အဲ့ဒီလိုပဲ ဟိုသံဝေဂရစရာ စာပေလေးကလည်း ရှိနေပါသေးတယ်။
"သူသေ ၊ ငါပို့
ငါပို့ ၊ သူသေ”....ဆိုတာလေ...😁😁

" အမှန်က
သူသေ၊ ငါပို့
ငါသေ ၊ သူပို့”
ပါ။

unnamed.jpg

Credit image source

ကျနော်တို့ရဲ့ဘဝတွေအတွက် စားဝတ်နေရေးအတွက်ရှုန်းကန်ကြရတယ် အပိုဝင်ငွေလေးတွေလိုချင်ကြတယ်၊ လောဘရှိကြတယ်ပေါ့။ ဒါဟာ လူတိုင်းလူတိုင်းမှာ ရှိသင့်တဲ့အရာမို့ အထူးပြောနေစရာမလိုတော့ပါဘူး။ ဘာလို့ လောဘရှိနေသင့်တာလည်းဆိုရင် ကျနော်တို့တတွေဟာ သေမင်းနဲ့ရင်မဆိုင်ရခင်အချိန်စပ်ကြားမှာ အိုခြင်း၊ နာခြင်းဆိုတဲ့အရာတွေနဲ့ မလွဲမသွေကြုံတွေ့ကြရမှာပဲမဟုတ်လား။ ဒီတော့ ငယ်ရွယ်စဉ်အချိန်အခါမှာသာ ဥစ္စပစ္စည်းတွေကို ရှာဖွေနိုင်ကြမယ် စုဆောင်းနိုင်ကြမယ်လေ။ လူမှုရေးဆိုတာတွေကို မတွေးပဲနဲ့ အသာချန်လှပ်ထားလိုက်ပါအုံး။ တွေးကြည့်ရင် စိတ်ညစ်စရာတွေဖြစ်နိုင်တဲ့သူတွေလည်းရှိနေနိုင်တာမို့ပါ။ အဲ့ဒီအရာတွေကိုမတွေးပဲ မိမိတို့ရဲ့ စားဝတ်နေရေးကိုပဲတွေးမယ်ဆိုရင် ရှာဖွေထားတာတွေဟာ စားတဲ့သောက်တဲ့အထဲလည်းရောက်စေပြီး စုဆောင်းမှုထဲလည်းရောက်စေရပါတယ်။ မစုဆောင်းထားတာတွေက ကိုယ့်ရဲ့ကျန်းမာရေးမကောင်းတဲ့အချိန်အခါ အလုပ်မလုပ်နိုင်တဲ့အချိန်အခါတွေမှာ အထောက်အပံ့ကောင်းတွေကိုရရှိစေနိုင်ဖို့ ဖြစ်လာပါလိမ့်မယ်။

ဟုတ်ပြီ ရှာဖွေကြတယ်ပေါ့။ ကျနော်တို့တတွေဟာ မိမိတို့ရဲ့ သားစဉ်မြေးဆက်အထိတွေးတောပြီးရှာဖွေကြတယ် စုဆောင်းကြတယ်။ ဟုတ်ပါတယ် ဒါလည်းကောင်းပါတယ်။ ဒါပေမယ့် အဓိကလိုအပ်နေတာ သားစဉ်မြေးဆက်အတွက်မဖြစ်သင့်ဘူးလို့ကျနော်မြင်မိတယ်။ ကျနော်တို့ရှာဖွေတာ ကျနော်တို့အတွက်ပဲဖြစ်သင့်ပါတယ်။ ကျနော် ဒီလိုပြောလို့ အတ္တဆန်လွန်းတယ်လို့တော့မမြင်ကြပါနဲ့ဗျာ။ တစ်ကယ်ဆိုရင် တွေးကြည့်ပါ။ သားစဉ်မြေးဆက်အတွက်ရှာဖွေတယ်တဲ့၊ အဲ့ဒီလိုရှာဖွေရင်း သေဆုံးသွားခဲ့ရင် ကျနော်တို့ ဘာတွေရသွားခဲ့မှာလည်း။စဉ်းစားကြည့်ပါဗျာ။ ဥစ္စာပစ္စည်းဆိုတာ နောင်ဘဝအတွက် ပါသွားခဲ့ခြင်းမရှိဘူးလေ။ ဒီတော့ ကိုယ်က တစ်ခြားဘဝမှာ ငရဲကျခံဖို့ ဒီဘဝမှာ ကြိုးစားနေကြမှာလား။ ကျနော်တို့ရှာဖွေတာကို ကျနော်တို့ရရှိနိုင်အောင် အလှူအတန်းလေးတွေများစွာပြုလုပ်ရင်းယူဆောင်နိုင်ကြပါတယ်။ အလှူတန်းအကြီးကြီးလုပ်ပါလို့ပြောလိုခြင်းမဟုတ်ပါဘူး။ လူအချင်းချင်း ကူညီရိုင်းပင်းရင်းလည်း အလှူအတန်းပြုလုပ်လို့ရပါတယ်။ ကောင်းကျိုးတွေရရှိဖို့ ကြိုးစားဆောင်ရွက်ခြင်းလို့ပဲပြောရမှာပေါ့။ တစ်ကယ်တမ်းက လူ့ဘဝကြီးမှာ ကုသိုလ်ထက် အကုသိုလ်ကိုသာ လူတွေက ပိုစိတ်ဝင်စားကြတယ်ထင်ပါတယ်။ လူအချင်းချင်းကူညီရိုင်းပင်းဖို့နေနေသာသာ ဘယ်လို လှည့်ပတ်ရမလည်း လိမ်လည်ရမလည်းပဲ စဉ်းစားနေကြတာများပါတယ်။ ဒီလိုမျိုးပဲ စဉ်းစားနေတဲ့အခါကြတော့ လိမ်လည်နိုင်တဲ့သူတွေက ချမ်းသာနိုင်ကြပေမယ့် ကျနော်ပြောတဲ့ အလှူလေးတွေမလုပ်နိုင်ကြတော့တာမို့ သေရင် ခံရတော့မှာပါ။ စံရမယ့်သူတွေက နောင်လာနောက်သားတွေပေါ့။ ဒီတော့ ဘာဖြစ်လာသလည်းဆိုရင် လောကကြီးက ပျက်စီးလာတယ်လေ။ ရိုင်းစိုင်းတဲ့ အမျိုးကဆင်းသက်လာသူတိုင်းမရိုင်းစိုင်းနိုင်ကြပေမယ့် အနေနီးတဲ့အတွက် တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးကဖြစ်လာရတော့မှာပါ။

ပိုက်ဆံရှိတဲ့ လူလည်ကြီးသားသမီးက ဆင်းသက်လာတဲ့သူတွေက ငွေဂုဏ်မောက်ပြီး လောကကောင်းကျိုးမသိတော့ဘူးဖြစ်လာမယ်။ဆိုးတဲ့သူတွေဖြစ်လာနိုင်ကြတယ်။ တစ်ကယ်တမ်းကျနော်တို့တတွေဟာ နောင်လာနောက်သားတွေကို ချမ်းသာစေချင်တယ်ဆိုရင် တိုးတက်ကောင်းမွန်တဲ့အနာဂတ် ဘဝတွေကို မိမိတို့ကိုယ်တိုင် ဖန်တီးလာနိုင်ကြစေဖို့ အသိပညာ အတက်ပညာနဲ့ ဗဟုသုတတွေကိုသာ အမွေပေးသင့်တယ်။ ကျနော်တို့ရှာဖွေတာတွေကိုအမွေမပေးသင့်ဘူး၊ အဆင်သင့်ထိုင်စားနေသူတွေမဖြစ်စေသင့်ဘူး။

ဒီအတွက် ကျနော် မေးစရာမေးခွန်းတစ်ခုရှိလို့ အခုလိုpostကို အရှည်ဆွဲရေးလိုက်ရတာပါ။ ကျနော်မေးချင်တဲ့မေးခွန်းလေးက စာတစ်ကြောင်းထဲပါပဲ။
ငွေကို အတင်းနင်းကန်ရှာပြီး ကောင်းမှုလည်းမလုပ် ရပ်ရွာအကျိုးလည်းမပါဝင်၊သူများမျက်ခုံးမွှေးပေါ်မှာတော့ စင်္ကြန်လျှောက်အရသာခံချင်သူတွေကိုသာမေးကြည့်ချင်တာပါ။ သူတို့တတွေက နောင်လာနောက်သား သားစဉ်မြေးဆက် ကောင်းစားစေချင်လို့ ရှာဖွေတယ်ဆိုလို့ပါ။

မေးချင်တာက....
သင်တို့တတွေက သားစဉ်မြေးဆက်အတွက်ရှာဖွေတယ်ဆိုရအောင် သင်တို့ရဲ့ သားစဉ်မြေးဆက်တွေမှာ ခြေလက် အဂါင်္တွေမပါတော့ဘူးလား၊ ဦးဏှောက်အသိဥာဏ်တွေမပါဝင်လာတော့ဘူးလား လို့ မေးကြည့်ချင်တာပါ။

ကျနော်ဆိုလိုချင်တာက လွယ်လွယ်ထိုင်စားလို့ရအောင်ဖန်တီးပေးလိုက်ရင် ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိပဲ အချိန်ကြာလာလို့ အားကိုးရမယ့်သူတွေမရှိရင် လွယ်လွယ်ထိုင်စားမိလို့ လွယ်လွယ်ဘဝပျက်ကြရတော့မယ်မဟုတ်လားဗျာ။ ကုဋေ ရှစ်ဆယ် သူဋ္ဌေးသားရဲ့ ဥပမာကို သဘောပေါက်ကြရင် ကျနော်ပြောတာကိုလည်း သဘောပေါက်မှာပါ။

dead-passenger_2925210a.jpg

Credit image source

ကျနော်လည်း တစ်နေ့သေမှာပါ။ သင်တို့လည်းတစ်နေ့သေမှာပါ။ ဒါပေမယ့် ဒီအတွက်ကြောက်စရာလိုနေကြအုံးမှာလား။ ကြောက်နေအုံးမယ်ဆိုရင်တော့ သေချာပါတယ်။ သင့်မှာ ကောင်းမှုကုသိုလ်နည်းနေသေးတာပါ။ ဒါကြောင့် နည်းနည်းလေးသော ကုသိုလ်ကောင်းမှုတွေကို ယခုပင်စတင်လုပ်ဆောင်လိုက်ပါလို့အကြံပြုပြောကြားရင်း postလေးကို နိဂုံးချုပ်လိုက်ပါတယ်ဗျာ။

ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ။ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာချမ်းသာကြပါစေ.....

@komoezaw

MSC-030

Sort:  

ကိုယ့်သားသမီးတွေအတွက် ကိုယ့်လုပ်ရပ်က တစ်သက်စာအမွေပါဗျာ

ကိုစောပြောတာကမှပိုထိရောက်သေးဗျာ
ကျနော် စာရှည်ပြီး ခရီးမရောက်ဘူး😁
ကိုယ့်ရဲ့ လုပ်ဆောင်နိုင်မှုဂုဏ်အရည်အသွေးဟာ သားစဉ်မြေးဆက်အတွက်ဖြစ်လာရတာပေါ့။သူတို့တတွေက အဲ့ဒီအမွေတွေကို ဆက်လက်ထိန်းသိမ်းနိုင်၊မနိုင်ကတော့ သူတို့နဲ့ပဲဆိုင်တော့တာပေါ့။

အမွေအနှစ်ကျန်ခဲ့အောင် ကြိုးစားတာက ကောင်းပါတယ်...
ကိုယ့်ဘဝကိုယ့်သံသရာအတွက် အကျိုးရှိအောင်လည်း
အထူးလုပ်ရပေမယ်ပေါ့။

ဟုတ်ကိုဟိန်း
နှစ်ခုစလုံးကို သင့်တင့်မျှတအောင် လုပ်ဆောင်ရင်
အခုဘဝရော နောင်ဘဝမှာပါ ကောင်းမွန်တာတွေပဲရရှိလိမ့်မယ်လို့ ယုံကြည်မိတယ်ဗျာ။

You got a 1.64% upvote from @postpromoter courtesy of @komoezaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

မှားပါတယ် ကိုမိုးဇော် သူသေ လို့ ငါက ပို့ရတာလေ

ငါသေတော့ သူမှမရှိတာ ကျန်တဲ့သူပို့လို့ပြောရမှာ ☺☺☺

ဒါဆို သူသေငါပို့၊ ငါပို့ သူသေက ပိုကောင်းမလား😂😂😁

အမ်း သေရမာကြာက်သလားဆို အလှူလုပ်တာ နည်းနေသေးတယ် ကိုမိုးဇော်ရေ.ကြိုးစားပါ့မယ်ဗျာ😊

ဟုတ် မကြည်တို့ စိတ်နေသဘောထားအရတော့
အလှူလေးတွေလုပ်လာတာမနည်းလောက်ဘူးလို့ထင်ပါတယ်။
သေချင်ရင်သေလို့ရပြီပေါ့ ကြောက်စရာမလိုတော့ဘူး😂😂😁

ခုမှပဲ steemထဲတိုက်​ရိုတ်​ဖက်​ဖူး​တော့တယ်​ copy pastယူစရာမလို​တော့လို့ပါအကို​ရေ

မြန်မာစာမှန်ပြီလား ညီလေးရ

ဖုန်းလဲလိုက်​တာအကို​ရေ

အဲလဲ့ ရသွားပြီလားဘဒို

မှန်ပါတယ် ကိုမိုးရေ ကိုယ်သေရင်ရင် ကိုယ့်နောက်ပါမှာက
ကိုယ်ပြုခဲ့တဲ့ ကံသာ ပါလာမှာဆို တော့ မသေခင် ကောင်းတဲ့
အပြုအမူများကို အသေးမဦးမီ လက်ဦးထားနိုင်တယ် လူသား
တစ်ယောက် ဖြစ်အောင် ကြိုးစားမယ်ဗျာ.
ကိုမိုး စားအရေးအသားတွေ တော်တော်ကောင်းလာတယ်ဗျာ
လေးစားပါတယ် ကိုမိုးရေ စာရေးဆရာကြီး တစ်ယောက်ဖြစ်ပါစေဗျာ

ဟုတ်တယ် အသေမဦးခင် လက်ဦးနိုင်အောင်ကြိုးစားမှဖြစ်မှာ။
စာအရေးအသားက ကိုဇော်ထွေးတို့လည်း ကောင်းလာပါတယ်ဗျာ။ ဘဝစာမျက်နှာလေးတွေဖွင့်ချပြသွားတာ ဘယ်လောက်ကောင်းလိုက်လည်း Goodတယ်။

အေးဗျာ ​မ​သေခင်​​လေး ကုသိုလ်​များများ ပြုလုပ်​ပြီးတရားဘာဝနာမျာကြိုးစားအားထုတ်​သင့်​ပါတယ်

ဟုတ် ကြိုးစားအားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲဗျာ။

မှန်​တယ်​ ကို​ဇော်​​ရေ လူဆိုတာ ​သေမျိုး​တွေချည်းပဲ မ​သေခင်​မှာ အတ္တ​တွေ မာန​တွေနဲ့ ​မ​သေခင်​တုန်း အပုပ်​​ကောင်​ ရုပ်​​ဆောင်​​နေကြတာ ​သေသွားရင်​ အားလုံးက ပြာဖြစ်​သွားမှာ ​(မြေကြီးက ​ဈေးကြီးတယ်​) ကိုယ့်​အတွက်​ ဘာတစ်​ခုမှ မသယ်​နိုင်​ပဲနဲ့ ငရဲအကျခံပြီး​တော့ ဘယ်​သား​မြေးမြစ်​အတွက်​မှ ကျ​နော်​က​တော့ မရှာနိုင်​ဘူး ​တော်​ရုံပဲ​ကောင်းတယ်​ သူတို့ကို ​မွေးကတည်းက ​ခြေလက်​အင်္ဂါ အပြည့်​စုံနဲ့ ​ကောင်း​ကောင်းမွန်​မွန်​ ​ကျွေး​မွေး​စောင့်​​ရှောက်​ခဲ့ပြီးပြီ အရွယ်​​ရောက်​ရင်​ ကိုယ့်​လမ်းကိုယ်​​လျှောက်​ ကိုယ့်​ဒူးကိုယ်​ချွန်​ကြဘဲ

ကောင်းတယ်ဗျာ ကိုလင်း
သူများအားကိုးနေရတဲ့သူက သူများကိုပဲအားကိုးချင်စိတ်ဖြစ်နေမှာ။မသိ မတက်မြောက်သေးတာကိုတော့ သကြားလို့ရပေမယ့် ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိတာကိုတော့ ကိုယ်တိုင်ပဲလုပ်ဆောင်နိုင်မှရမှာ။

မွေးပြီးရင်တော့ သေမှာပဲ။
မသေခင် ကိုယ်ကြိုက်တာကိုယ်လုပ်မယ်။အဲ့လို့ခံယူထားတယ်။

အဲ့ဒါလည်း ကောင်းတာပဲ ညီလေးရ
ကိုယ်လုပ်ချင်တာလုပ်ရတော့ စိတ်ချမ်းသာတာပေါ့။
မှန်ကန် ကောင်းမွန်တဲ့အလုပ်လေးတွေတော့ ဖြစ်ပါစေညီလေးရေ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00