ဆုံမှတ်

in #myanmar6 years ago

bright-close-up-colors-216608.jpg

Credit Image >>>

အမှတ်တမဲ့တွေအတွက်
အမှတ်တရတွေ ကျွန်တော်ရင်းခဲ့ရတယ်
အောင်မြင်မှုဆိုတာ
လေသာတဲ့ပြတင်းပေါက်ကထွက်လာတဲ့
အပ်ခိုးတွေများလား

တစ်ခါတရံ သူတို့တွေလို
အောင်မြင်ချင်တယ်
တစ်ခါတရံ သူတို့တွေလို
အမြင့်ဆုံးမှာ ရပ်ကြည့်နေချင်တယ်
( ရှိနေချင်တယ် ) ။
အောက်မှာရှိတဲ့ရှုခင်းတွေ
ဘယ်လောက်များလှသလည်း ဒါမှမဟုတ်
အောက်များပြုတ်ကျရင်
ဘယ်လောက်ထိများ နာသလည်းလို့ပေါ့ ။

beard-beggar-face-35015.jpg

Credit Image >>>

တစ်ကယ်တော့ … ဒီခရီးကို သွားနေကြရတဲ့
ကျွန်တော်တို့ဘဝတွေက
နံရံပေါ်မှာချိတ်ထားတဲ့ ပန်ချီကားတစ်ချပ်လို
ပြုတ်မကျရုံတမယ်ပါပဲ
ရင်တထိတ်ထိတ်နဲ့ပေါ့ဗျာ ။
မသွားချင်တဲ့နေရာတစ်ခုကို
ကျွန်တော်တို့ သွားရမှာပဲ
မရောက်ချင်တဲ့နေရာတစ်ခုကိုလည်း
ကျွန်တော်တို့တွေ ရောက်ရမှာပါပဲ ။
တစ်ခုပါပဲ-
အသက်ရှုသံတွေ မရပ်တန့်သရွေ့
ရင်ခုန်မှုပေါင်းများစွာနဲ့ ကျွန်တော်တို့တွေ
ပျော်မွေ့ကြရမှာ ပျော်မွေ့သင့်တာပါ ။

ဆုံမှတ်ဆိုတာ - သေချာတဲ့
အချိန်အခါတွေနဲ့ သက်မှတ်ထားတဲ့
အရာတစ်ခုဆိုရင်မမှားပါဘူး ။

black-and-white-face-man-35197.jpg

Cerdit Image >>>

တစ်ချို့က - တစ်ကိုယ်တည်း
အတ္တဆန်စွာသွားနေကြတယ် ။
တစ်ချို့က - ရည်ရွယ်ချက်တွေ
စိတ်ကူးတွေပေါင်းများစွာနဲ့ သွားနေကြတယ် ။
တစ်ချို့က - 'အန္ဓဗာလ' လူသားတွေအဖြစ်နဲ့
သွားနေကြတယ် ။
တစ်ချို့က - အလင်းပြတဲ့ ကြယ်တွေအဖြစ်နဲ့
သွားနေကြတယ် ။ တစ်ချို့က-
အရာအားလုံးနဲ့ လိုက်ရောညီထွေစွာ
သွားနေကြတယ် ။ တစ်ချို့က - ဘဝကို
ဟန်ချက်ညီစွာ ထိန်းကျောင်းရင်း
သွားနေကြတယ် ။

တစ်ကယ်တော့ -
အကြောင်းရာမျိုးစုံနဲ့ မတူကွဲပြားစွာ
ကျွန်တော်တို့တွေသွားနေရပါစေ
နောက်ဆုံးထွက်သက်မှာတော့
ကျွန်တော်တို့အားလုံးအတူတူ ဆုံကြရမယ့်
ဆုံမှတ်ကလေးမှာတော့ တွေ့ကြရပြီလေ ။

ရိုးရှင်းစွာမြင်ယောင်မိသော အမြင်တစ်ခု -
ကိုယ်ကကောင်းသောတွေ့ဆုံခြင်းနဲ့
ဆုံမှတ်ကလေးမှာ ရှိစေချင်ရင်
ကောင်းတာတွေ ယူဆောင်ခဲ့ကြပါ ။
မကောင်းတာတွေ ရှိခဲ့စေချင်ရင်
မကောင်းတာတွေ ယူဆောင်ခဲ့ကြပါ ။
ဆုံမှတ်ရဲ့မှတ်တိုင်မှာတော့
ကျွန်တော်တို့တွေ ပြန်ရမဲ့
အဖြေတွေရှိပြီးသားပါလေ …

banana-leaf-blur-botanical-1142069.jpg

Credit Image >>>

ကျွန်တော်တို့အားလုံး ရပ်တည်နေရတဲ့
ဒီကမ္ဘာမြေကြီးဟာ
ဖြူစင်သောအရာလေးတစ်ခုဆိုရင်
ကျွန်တော်တို့တွေ…
မဲညစ်လာအောင် မလုပ်ဆောင်သင့်ပါဘူး ။
လိုချင်မိတဲ့ ' လောဘ '
စိတ်ကလေးတစ်ခုကြောင့်
ဒီကမ္ဘာမြေကြီးအကြည်းတန်လွန်းရင်
အဲ့ဒီပန်ချီကားချပ်ကို ကျွန်တော်မရေးဆွဲဘူး ။
သန့်ရှင်းသော လေပြေရနံ့တွေဆိုတာ
သန့်ရှင်းသောရပ်ဝန်းတွေကပဲ
ရောက်လာတယ်ဆိုတာ

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Sort:  

အတွေးတွေ အရမ်းကြွယ်သလို
အရေးကလည်း အသေကြွေပြီဗျို့

သေလောက်တဲ့ အားပေးမှုမျိုးပါလား

တစ်ခါတစ်လေ ဆုံမှတ် ဆိုတာကလည်း ခွဲခွါကြဖို့ လာဆုံကြရပါတယ်လေ

ခွဲခွာခြင်း မှတ်တိုင်တွေပေါ့ ကိုဟိန်း

အဓိပ္ပာယ်ရှိသဗျ

ရေးရကျိုး အားရှိလှပါပြီလေ

ကျွှန်တော်လဲ နေနေပါတယ် စိတ်ညစ်မှုပေါင်းများစွာနဲ့ပေါ့

ဒါဆို အတူတူပေါ့ ကိုဒိုရေ

ကောင်းသောဆုံမှတ်လေးမှာဘဲ ဆုံချင်ကြပါတယ်ဗျာ

ကိုကြီးသားပေါက် အမှတ်ပြည့်ရသွားပါပြီဗျာ

နောက် gathering ဆုံမှတ်မှာထပ်စုံမယ်ဗျို့

မျှော်လင့်နေလျှက်ပေါ့ ညီလေးရေ

MSCဆိုတဲ့ဆုံမှတ်​တစ်​ခုမှာကျွန်​မတို့လာဆုံကြတာ​ပေါ့ရှင်​။

အတူတူ ဖိုက်တင်ပေါ့ မအိရေ

ထပ်ရေးသွားပါတယ် ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး

ဒါဆို ထပြီးပြေးပြီ ဦးစိုးရေ

ရေးတတ်တယ်ဗျာ ဘဒို

ဟုတ်ကျေးဇူးပါဗျာ ကိုစိုင်း

Congratulations @konyinyitun! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61641.91
ETH 2997.57
USDT 1.00
SBD 3.45