မကြာမှီ ဖြန့်​ချီမည်

in #myanmar6 years ago

😍 မကြာမှီ ဖြန့်​ချီမည်​ 😍

image
ဒီစာအုပ်​လေး ရေးဖြစ်​တာ
ခုဆိုရင်​ ၂ နှစ်​လောက်​ရှိပါပြီ။
ဒီလမကုန်​ခင်​ ထွက်​ရှိပါမယ်​ခင်​ဗျာ။
ရေကြောင်းလောကမှာလိုအပ်​တဲ့
ကွက်​လပ်​လေးတွေကို ရှာကြံပြီး ဖြည့်​စွပ်​ယုံ
မျှဝေရေးသားခြင်းဖြစ်​ပါတယ်​ခင်​ဗျာ။

ယ္ခု ဒုတိယ စာအုပ်​လေးရဲ့ ထူးခြားချက်​က
Thesis ပုံစံလေးနဲ့ ပြုစုထားပါတယ်​ခင်​ဗျာ။

ဟင်းစားမဟုတ်​သည့်​ ကွန်​ချက်​စာအုပ်​တစ်​အုပ်​ပါ၊
ကျွန်​တော်​ကိုယ်​တိုင်​က သင်္ဘောသားတစ်​ဦးဖြစ်​လို့
သင်္ဘောပေါ်က ဘဝတွေအတွက်
ကိုယ်​ချင်းစာမိတာဖြစ်​လို့ ကျွန်​တော်​ကြုံတွေခဲ့ဖူးတဲ့
အခက်​အခဲတွေကို လူသစ်​ ညီအစ်​ကိုတွေ
အနေနဲ့ အခက်​အခဲမရှိ လွယ်​ကူစွာ လုပ်​စေဖို့
ရည်​ရွယ်​ပြီးမျှဝေထားတဲ့ စာအုပ်​လေးပါ။

ပထမစာအုပ်​ဖြစ်​တဲ့
ရေကြောင်းအင်​ဂျင်​နီယာလက်​စွဲ စာအုပ်​လေးကို
၃ ကြိမ်​တိုင်​တိုင်​ စုစုပေါင်း
အုပ်​ရေ ၃၀၀၀ ပုံနှိပ်​ဖြစ်​ခဲ့ပါတယ်​ခင်​ဗျာ။

အချို့အမြင်​မှာတော့ ရောင်းကောင်းတယ်​ပေါ့။
ရောင်းအားဆိုတာ Supply & Demand
အပေါ်မှာ အခြေခံတာပါ။
ရေကြောင်းလောကသားတွေ အားပေးမှုကြောင့်​ဆို
ပိုပြီးမှန်​ကန်​ပါလိမ့်​မယ်​ခင်​ဗျာ။

ဘာပဲလုပ်​လုပ်​ စေတနာအပြည့်​ထည့်​ပြီး
အမြဲလုပ်​ခဲ့ပါတယ်​။ ခု စာအုပ်​ထဲမှာ အရင်​ကထက်
လျှပ်​စစ်​အကြောင်းအရာတွေ ပိုများပါတယ်​။

ဒီ့အပြင်​ အဲယားကွန်း ရေခဲသေတ္တာအကြောင်းတွေ
ဘွိုင်​လာအကြောင်းတွေနဲ့ Electronic အကြောင်းတွေ အများအပြားထည့်​ပေးထားပါတယ်​။
စာမျက်​နှာအားဖြင့်​ ၃၀၀ကျော်​ပါတယ်​။

စက္ကူဈေးမြင့်​မားလွန်းတာကြောင့်
စာမျက်​နှာ ရှော့ချတဲ့အနေနဲ့ ခေါင်းစဉ်​တွေကို
စာမျက်​နှာ အလွတ်​နေရာမချန်​ပဲ စာဖတ်​သူများ
အဆင်​ပြေစေဖို့ ကြိုးစားပြီးဖွဲ့စည်းပေးတဲ့
တည်းဖြတ်​ပြီး ဒီဇိုင်းကူညီသူ ကိုအောင်​မျိးနိုင်​ နှင့်
စီစဉ်​သူ အစ်​မ မခိုင်​မာတို့ကို ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ။ စာအုပ်​ဖြစ်​မြောက်​ရေး ထုတ်​ဝေပေးသူ
ဆရာဦးကျော်​ကျော်​လှိုင်​ (SMART) ကိုလည်း
ကျေးဇူးအထူးတင်​ရှိပါတယ်​ခင်​ဗျာ။

စာအုပ်​လေးကို အမှာစာရေးသားပေးသူကတော့
မကြာမှီ စာအုပ်​ထွက်​ရှိတဲ့အချိန်​မှာ သိရှိရမှာပါ။

စောင့်​မျှော်​အားပေးနေသော ကျွန်​တော့်​ရဲ့
စာဖတ်​ပရိတ်​သတ်​ မိတ်​ဆွေ ညီအစ်​ကိုများကို
ဤနေရာမှ ကျေးဇူးတင်​ရှိပါရစေခင်​ဗျာ။

သင်္ဘောသားတင်​မကပဲ
ကုန်းပေါ်က အင်​ဂျင်​နီယာ ညီအစ်​ကိုများ
ဗဟုသုတရရှိစေဖို့ ဖတ်​ရှုနိုင်​ရန်
ကြိုးစားရေးသားထားပါတယ်​ခင်​ဗျာ။
BOILER တို့ AIRCOND တို့ COMPRESSOR တို့
ENGINE တို့ဆိုတာ ကုန်းပေါ်မှာပါ လုပ်​ကိုင်​ကြတဲ့
ပစ္စည်းတွေဖြစ်​လို့ အဆင်​ပြေမယ်​ဆိုတာ .......

စာအုပ်​ဖြစ်​မြောက်​ရေးအတွက်​ အစစရာရာ
အကူအညီပေးခဲ့ကြသော ဆရာသမားများနဲ့တကွ
မိတ်​ဆွေ ညီအစ်​ကိုများအားလုံးကိုလည်း
ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ။

မေတ္တာဖြင့်

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63133.02
ETH 3043.69
USDT 1.00
SBD 3.63