မီးသမားဘဝ

in #myanmar6 years ago

မီးသမားတယောက်အနေနဲ့အမြဲဂရုစိုက်ပြီးလုပ်ဆောင်ရပါတယ်။မီးသမားတယောက်ဟာကိုရဲ့အလုပ်ပေါ် တခြားအလုပ်တွေထက်ပိုပြီး စေ့စပ်သေချာအောင် စစ်ဆေုးခင်းတွေကိုလုပ်ေးရတယ်။ကိုယ်ဖြစ်ရင်ကိုယ်ခံဆိုတဲ့အသုံးစကားက မီးသမားတွေကိုပြောတဲ့စကားပါ။

image

ကုယ်ကိုင်တွယ်လိုက်တဲ့ကြိုးမှာ လျှပ်စီးစီးနေတာမျိုးရှိနေသလို မရှိပဲကိုင်ရတာမျိုးလဲရှိနိုင်ပါတယ်။တခါတလေ breaker ချပြီးလုပ်နေပေမဲ့ ဘုမသိ ဘမသိ က breaker တင်လိုက်တာမျိုးလဲကြုံဖူးတယ်။သတိဆိုတာပိုတယ်မရှိပါဘူး။
တချို့အိမ်တွေဆိုရင် Main breaker ကိုချထားပေမဲ့ sub breaker မှားမီးဝင်နေတာလဲကြာခဲ့ရဖူးတယ်။meter ကအထွက်ကြိုးမှာဖောက်ပြီးနှစ်လိုင်းဆွဲသုံးထားကြတာတွေပေါ့။

image

မကြောက်တက်ကြတာမသိနားမလည်လို့လေ။
တချို့အိမ်တွေဆိုမီးဆင်ပေးဖို့သွားတာ မီးဆင်ဖို့မလုပ်ရပဲ ကြိုးတွေတောင်ဝင်မြောက်ဝင်တွေကိုအရင်ရှင်းထုတ်ရတယ်။ Db ကိုဖွင့်ကြည့်လိုက်တာလန့်သွားတယ် အထဲမှာအမှိုက်ပုံကြီးဖြစ်နေတာလေ။

ဘယ်သူကလုပ်ပေးသွားလဲလို့အိမ်ရှင်ကိုမေးကြည့်တော့...အနီးအနားကမီးသမားကိုခေါ်လုပ်ခိုင်းတာပါတဲ့။မီးသမားတိုင်း Law ကိုသေချာမသိဘူး။စနစ်တကျသင်ယူပြီးလုပ်နေတာမဟုတ်လို့ မီးသမားလို့မဆိုနိုင်ပါဘူး။ကြိုးနှစ်စပူးရင်မီးလာတာတော့လူတိုင်းသိနေတာပဲ။
အဲ့ကြိုးနှစ်ချောင်း ကို Safety ဖြစ်အောင်လုပ်ဖို့ကလူတိုင်းမသိဘူး။

image

ဘာမှမဖြစ်ခင်တော့ ဘာမှမဖြစ်ဘူး။ ဖြစ်သွားရင်လဲ ရှင်းလို့ကလွယ်မှာမဟုတ်ဘူး။
အတွေ့အကြုံတွေကကိုယ့်ရဲဆရာပါပဲ။လုပ်ရင်းနဲ့သိလာရတာတွေမှတ်စုတအုပ်မှာမှတ်ပြီးပြန်ဆန်းစစ်ကြည့ရတာလေ။Electrical technician တယောက်ရဲ့အလုပ်အတွေ့အကြုံတွေများပြားလာသည့်အတွက် note book ထဲမှတ်သားမှသာလျှင် တချိန်မှာအသုံးဝင်နိုင်ပါလိမ့်မယ်။

ဒါနဲ့ပုံစံတူ တခုကိုလက်ခံပြီးပြန်လုပ်ခွင့်ရခဲ့ရင် တချိန်ကလုပ်ခဲ့ဖူးတဲ့ မှတ်သားထားသော note book ကိုအလွယ်တကူရှာပြီး ကြည့်လို့လုပ်လို့ပိုလွယ်စေတယ်။ အစကနေပြန်ပြီးစစ်ဆေးဖို့မလိုသည့်အတွက်အချိန်ကုန်သက်သားပြီး အလုပ်ရှင်လဲ ကျေနပ်မှုရလိမ့မယ်။ ကိုယ့်အတွက်လဲအလုပ် ခိုင်မာနေပါလိမ့်မယ်။

အမြဲတမ်းကိုယ့်ရဲ့အလုပ်အပေါ် စေတနာထားပါ။ရှောင်ရန် ဆောင်ရန်တွေကို အလုပ်ပြီးပြက်လို့ အပ်တော့မဲ့အချိန်မှာ သေချာအလုပ်ရှင်ကို ရှင်းပြပါ။Electrical သမားရဲ့ကျွမ်းကျင်မှု Safety ကိုအလေးထားရပါမယ်။ကိုယ်ရဲ့အလုပ်တိုင်းမှာ Safety first ဖြစ်နေရပါမယ်။

အားလုံးကိုခင်မင်လျက်.....
ရေးစရာတွေအများကြီးကျန်နေပါသေးတယ်။
နောက်ဆက်ပါဦးမည်။

Sort:  

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly & Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

မှန်တာပေါ့ဗျာ။ အားယူထားတဲ့မီးကြိုး ရဲ့ ဓါတ်မားစီးဝင်နိုင်မှု၊ အိမ်မှာ သုံးထားတဲ့ ဓါတ်မားပမာဏ၊ ပါဝါလိုင်း၊ အလင်းရောင်လိုင်း သီးခြားခွဲထားမှုမရှိရင် ဝါယာအပူလွန်ကဲမှုတွေဖြစ်နိုင်တာပေါ့။ ဒါ့ကြောင့အကောင်းဆုံးကတော့ ဝါယာဆက်သွယ်မှု Blue print ဆွဲပြီးမှ ဆက်သွယ်နိုင်ရင်ပိုပြီး အန္တရာယ်ကင်းတာပေါ့။ တကယ်တော့ မီးသမားတွေဟာလည်း အသက်စွန်ပြီးလုပ်ဆောင်နေရသူတွေပါပဲဗျာ။

ဟုတ်ကဲ့ဆရာ။အချိန်တိုင်းသတိထားကိုင်တွပြီးလုပ်နေရတာပါ ။အခုလို့လာရောက်ပြီး comment ရေးသားပေးတဲ့ ဆရာကိုကျေးဇူးတင်မိပါတယ်။နောက်လဲအားပေးပါဦးဆရာ။

You got a 1.69% upvote from @brupvoter courtesy of @kowinnhtunn!

You got a 100% upvote from @steempowergroup1 courtesy of @kowinnhtunn! It is a cool free !

မျက်ကန်းတဆေမကြောက်ဆိုသလို မသိတော့ မကြောက်ဘူးပေါ့ဗျည

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63475.77
ETH 3117.23
USDT 1.00
SBD 3.94