အိမ်တွင်ပြုလုပ်နိုင်သော အမြစ်သန်ဆေး

in #myanmar6 years ago

အမြစ်ထွက်ဆေးဆိုသည်မှာ သစ်ပင်များကို အမြစ်များလျင်မြန်စွာသန်မာ ထွက်ပေါ်စေသည့် ဓာတုကွန်ပေါင်းတစ်မျိုး ဖြစ်ပါသည်။ အဓိကအားဖြင့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ၀ါဂွမ်း၊ ပျိုးပင်ငယ်၊ ပန်းမံ၊ ဆေးဝါးစသည့် စီးပွားဖြစ်ကောက်ပဲ သီးနှံများ၏ ပျိုးထောင်ခြင်း၊ ပျိုးပင် ခွဲခြားခြင်း၊ ပျိုးပင်ပြောင်းရွှေ့ခြင်း၊ နေရာချစိုက်ပျိုးခြင်းစသည့်အချိန်များတွင် အသုံးပြုနိုင်ပါသည်။ အမြစ်သန်ဆေးပြုလုပ်နည်းများ မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

ဆန်ရှာလကာပျော်ဝင်ရည်


အရည်အသွေးမြင့်သောဆန်ရှာလကာရည်ကိုရွေးချယ်ပြီး ရေအေးဖြင့် ၁း ၁၀၀ အချိုးစပ်ကာ ဆန်ရှာလကာ ရည်ပျော်ဝင်ရည်ကိုပြုလုပ်ရမည်ဖြစ်သည်။ စပျစ်ပင်စသည့် ကိုင်းဖြတ်မျိုးပွားသည့် အပင်များ၏ သစ်ကိုင်းများကို စိမ်ထားရန်ပိုမိုသင့်တော်ပြီး အသုံးပြုစဉ်တွင် သစ်ကိုင်း အောက်ပိုင်း ကို(၈)နာရီမှ(၁၂)နာရီအထိစိမ်ထားခြင်းအားဖြင့် ထိုသစ်ကိုင်းများကို ပင်ပိုင်းဖြတ်ပွားနိုင်ပြီဖြစ် ပါ သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် အပင်၏အသက်ရှင်နှုန်းကိုမြှင့်တင်နိုင်ပြီး ပင်ပိုင်းဖြတ်ပွားသည့် ပျိုးပင်များကို ပိုမိုကြီးထွားသန်မာစေနိုင်မည်ဖြစ်ပါသည်။

FB_IMG_1528122283992.jpg

အက်စပရင်ပျော်ဝင်ရည်


အက်စပရင် ၀.၀၁%ပါဝင်သော ပျော်ဝင်ရည်အတွင်းသို့ ကိုင်းဖြတ်စိုက်ပျိုးမည့် သစ်ကိုင်းကို စိမ်ထားခြင်းအားဖြင့် အညှောက်ထွက်နှုန်းကို မြန်ဆန်စေနိုင်မည်ဖြစ်ပြီး အက်စပရင် ၀.၀၅% ပါဝင်သောပျော်ဝင်ရည်အတွင်းသို့စိမ်ထားပါက ပျိုးပင်ကြီးထွားမှုကာလကို တိုတောင်းစေရန် လျော့ချပေးနိုင်မည်ဖြစ်သည့်အပြင် ပျိုးပင်ခြောက်သွေ့ခြင်းကိုကာကွယ်တားဆီးနိုင်မည်ဖြစ်ကာ ကြီးထွားရှင်သန်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

ဗီတာမင်B12ပျော်ဝင်ရည်


ဆေးကုသရာတွင်အသုံးပြုသော ဗီတာမင်B12 နှင့် တစ်ဆများသောရေအေးကို ထည့် မွှေလိုက်ပြီး သစ်ကိုင်းကို အောက်ပိုင်းတွင်ညှပ်ဖြတ်လိုက်ကာ ထိုပျော်ဝင်ရည်ထဲသို့ (၅) မိနစ်ကြာ ထည့်ပြီး နောက် ကိုင်းဖြတ်စိုက်ပျိုးပါက အမြစ်ကြီးထွားရှင်သန်မှုကိုမြှင့်တင်ပေးနိုင်မည့်အပြင် တစ်သျှူးများ ကိုလည်း ပြန်လည်ပျောက်ကင်းစေရန်ကုသပေးနိုင် မည်ဖြစ်ပါသည်။

FB_IMG_1528122286400.jpg

မိုးမခပင်ကိုင်းအရည်


မိုးမခပင်ကိုင်းအရည်သည်လည်း သစ်ပင်များကြီးထွားစေရန်အတွက် ကောင်းမွန်ပါသည်။ မိုးမခပင်၏အရည်ထဲတွင် ကြီးထွားမှုဟော်မုန်းပါဝင်သောကြောင့် ထိုအရည်ကိုအသုံးပြုပါက အပင် ကိုထိခိုက်မှုမရှိစေနိုင်သည့်အပြင် အမြစ်များကိုလည်း လျင်မြန်စွာ သန်မြန်ထွက်လာစေနိုင်မည် ဖြစ်ပါသည်။
လုပ်ပုံလုပ်နည်း - မိုးမခပင်၏အကိုင်းအခက်နှင့်အရွက်များကို အခြောက်လှန်းပြီး အကိုင်းအခက် များကို တူဖြင့်ကြေ အောင်ထုကာ ရေထဲတွင်စိမ်ထားရမည်။ တစ်ရက်ကြာပြီးနောက် အကိုင်းအ ခက်နှင့်အရွက်များကို ဆယ်လိုက်ပါက ကျန်ရှိသောအရည်မှာ မိုးမခပင်ရည်ပင်ဖြစ်ပါသည်။ ဒုတိယ နေ့တွင် ကိုင်းပိုင်းဖြတ်ပွားမည့်အကိုင်းကိုထိုရေထဲတွင် တစ် ရက်ခန့်စိမ်ထားကာ (အချိန်ကြာ သွားလျှင်လည်း ပြဿနာမရှိပါ၊ အဘယ်ကြောင့်ဆိုသော် မိုးမခရည်၏ပါဝင်ပစ္စည်းမှာ ပိုးမွှား ရှင် သန်ကြီးထွားစေမှုကို တားစီးနိုင်သောကြောင့် ဖြစ်သည်။) ပုံမှန်အတိုင်းစိုက်ပျိုးပေးရမည်ဖြစ်သည်။ ဤကဲ့သို့ပြုလုပ် ခြင်းအားဖြင့် အမြစ်ထွက်မှုကိုလျင်မြန်စေနိုင်မည့်အပြင် အပင်ရှင်သန်ကြီးထွားစေ မှုအတွက် လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

ကြံသကြားပျော်ဝင်ရည်


ကြံသကြားကို ရေနွေးထည့်ကာ ၅%-၁၀%ရှိကြံသကြားပျော်ဝင်ရည်ဖြစ်ရန်လုပ်ဆောင်ပြီး သဘာဝအတိုင်း အလိုအလျောက်အအေးခံကာ အမြစ်ထွက်လွယ်သော တရုတ်နှင်းဆီ၊ သဖန်း သီး၊တရုတ်ဆေးကုတ်ကြီး ရွက်လှပန်းစသည့်ပန်းမံများ၏အကိုင်း အောက်ပိုင်းကို ထိုကြံသကြား ပျော်ဝင်ရည်အတွင်းသို့ (၄-၆)နာရီခန့်စိမ်ထားပြီးနောက် စိုက်ပျိုးပေးရမည်ဖြစ်သည်။ အမြစ်ထွက် မှုနှေးကွေးသောအပင်များအတွက်မူ ကြံသကြားပျော်ဝင်ရည်၏ပျစ်ခြင်းကို အဆပေါင်းများစွာ တိုးမြှင့်ပေးရမည်ဖြစ်သည်။(သကြားရည်ပျစ်လေ စိမ်ထားချိန် ပိုမိုတိုတောင်းသွားမည် ဖြစ် သည်။)

ပျားရည်ပျော်ဝင်ရည်


ပန်းမံများလိင်မဲ့မျိုးပွားစဉ်တွင် အမြစ်ထွက်စေရန်အတွက် ကြီးထွားမှုဟော်မုန်း မြင့်တင် လုပ်ဆောင် ပေးရမည်ဖြစ်သည်။ သို့သော် ကြီးထွားမှုဟော်မုန်းမရှိပါက ထိုအပင်၏ အကိုင်းအား ပျားရည်ထဲသို့ခေတ္တနှစ်လိုက်ကာ ကိုင်းဖြတ်စိုက်ပျိုးလိုက်ပါက ကြီးထွားရှင်သန်နှုန်း ကိုမြှင့်တင်ပေး နိုင်ပြီး အမြစ်ထွက်သန်ရန်အတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါ သည်။
Potassium Permanganate ပျော်ဝင်ရည်
ကိုင်းဖြတ်မျိုးပွားမည့် သစ်ကိုင်းအောက်ခြေပိုင်းကို ၀.၁%-၀.၅%ရှိ Potassium Permanganate ပျော်ဝင်ရည်ထဲ တွင် (၁၀-၁၂)နာရီအထိ ထည့်စိမ်ထားပြီးနောက် စိုက်ပျိုး နိုင်ပြီဖြစ်ပါသည်။

Ref:shweli ayar news

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94