ရေပိုက်ပြာ မြန်မာနိုင်ငံတွင်အသုံးဝင်

in #myanmar7 years ago

Transformer installation တိုင်းမှာတွေ့ ရတတ်တာ ကတော့ ရေ ပိုက် အပြာတွေ ပါပဲ ။ရေပိုက် နဲ့ transformer ဆက်စပ် မှု မရှိပေမဲ့ မြန်မာ တွေ က သုံးထားတာတွေ့ရပါတယ် ။
Cable laying တွေမှာ အဓိ ကထား သုံးတာ က cable tray , cable ladder တွေပါ ။ တခြား နိုင်ငံတွေမှာလဲ ပိုက်တွေ ကို စွတ် ပြီး သုံးတာ မရှိ သလောက်ပါပဲ ။ တွေ့လဲ မတွေ့ ဖူးပါဖူး။
ဘာကြောင့်ပါလဲ ။ အကျိုး အကြောင်းရှိပါတယ်။
• ကေဘယ်တွေ ကို လုံး ၀ မချိုးရတဲ့ ၉၀ ဒီဂရီတွေ ချိုးရပါတယ် ။ ( တော်တော် ဆိုးပါတယ် )
• လျပ်စစ် ကေဘယ်များ ဟာ လျပ်စစ် ဓါတ် ကို သယ်ဆောင်ရတဲ့ အတွက် ပူပါတယ် ။ အဲဒီ အတွက် ပြင်ပ လေအေး နဲ့ အေးစေ ပြီး အပူ ကို ဖလှယ်ပါတယ် ။ ဒါဆိုရင် လျပ်စစ် စီးအား သယ်ဆောင် နှုန်း ပို များပါတယ် ။ ကေဘယ် ထရေး တွေနဲ့တောင် ပြွတ်သပ် သိပ်ပြီး မပြေး ပါဖူး။ အပူ ဖလှယ်နှုန်းကောင်းအောင်ပါ ။
• အခုပုံ မှာ ဆိုရင် ပိုက် အပြာတွေ ထဲ ပြွတ် သိပ်ထည့်ထားလို့ အပူ ကို အောင်းသလို ( လူကြီးတွေ ချွေးထုတ် သလို ) မျိုးတောင် ဖြစ်နေပါတယ် ။ လျပ်စစ် စီးနှုန်း ကျဆင်းစေပါတယ်။
• နောက် ဆရာ တယောက် ရေး သလိုပဲ အရောင် တွေ က ပတ်ဝန်းကျင် ကို အမြင်ဆိုးဝါး စေပါတယ်။
• ရေပိုက်ထဲ cable ထည့်ရတာ အလွန်လဲ ခက်ခဲပါတယ် ။ ထည့်တဲ့ သူတွေ သိပါတယ် ။ မလုပ်ချင် ကျပါဖူး ။လုပ်အားတွေ ဆုံးရှုံးပါတယ် ။ အလွန် နှမြော စရာကောင်းပါတယ်။
• ပိုက် အထဲ ကို သေချာစွာ မပိတ်နိုင်ရင် ငှက်တွေ က အသိုက်လုပ်နိုင်ပါတယ် ။ အဲဒီ အသိုက် က မြက်ခြောက်တွေ က မီးလောင် ခြင်း ကို အားပေးပါတယ်။ ကျန်တဲ့ အကောင် ပလောင်များလဲ ၀င်ရောက်နေနိုင်ပါတယ် ။
• မိုးရွှာရင်လဲ မိုးရေတွေ က ပိုက်ထဲ မှာခိုအောင်းနိုင်ပါတယ် ။ cable တွေ ကို visual inspection စစ်လို့ မရပါဖူး။
• Shop drawing တွေ ဆိုတာ ရှိပါတယ် ။ Installation လုပ်တဲ့ အခါ သုံးတဲ့ drawing ပါ ။အဲဒါကို အင်ဂျင်နီ ယာ ကြီးတွေ က approved လုပ်ရပါတယ် ။ အဲဒီ Drawing အတိုင်း specification နဲ့ ဆောက်ရပါတယ် ။ အဲတော့ အဲဒီ shop drawing ထဲ မှာ အဲ ဒီ အတိုင်းဆွဲ ထားပါသလား။ အဲဒါ ကို လက်ခံပါသလား။
• ဘာမှ အကျိုး မရှိတဲ့ ပိုက်ပြာတွေ ထည့်ပြီး နိုင်ငံ တကာလည်း အဆင့် မမှီတဲ့ အလုပ်တွေ ကို ရပ်သင့်ပါပြီ ။ ပြန်ပြီး review လုပ်သင့်ပါတယ် ။ရှေ့ လူတွေ လုပ်သွားတာနဲ့ နောက် ကျလူတွေ လိုက် မလုပ် သင့်ပါဖူး။ နိုင်ငံခြားက သိတဲ့ အင်ဂျင်နီယာတွေ မြင်ရင် လက်ညှိး ထိုး ကဲ့ ရဲ့ ပါလိမ့်မယ် ။

ဒါ ကကျွန်တော် အမြင်ပါ ။ ပိုက်ထည့်တာ လက်ခံတဲ့ ဆရာသမားများဖက် ကကောင်းတဲ့ အမြင် ရှိရင်လဲ ဝေမျ ကျပါဦး ။ ကျွန်တော်တို့ လဲ သိရတာပေါ့။
ကောင်းတယ် ဆိုလဲ ဆက်လုပ် ကျတာပေါ့။
ကျေးဇူးပါ ။

Credit to photoFB_IMG_1507825552752.jpg

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60793.50
ETH 2910.51
USDT 1.00
SBD 3.59