Airconditioning System အ​ကြောင်းသိ​ကောင်းစရာ

in #myanmar6 years ago

အားလုံးမင်္ဂလာပါခင်​ဗျာခုလိုပူအိုက်​တဲ.ရာသီအတွက်​ဗဟုသုတအဖြင့်​သိသင့်​တဲ.ပစ္စည်း​လေးတစ်​ခုအ​ကြောင်း​ပြောပြခြင်​ပါတယ်​ခင်​ဗျ။
အဲဒါက​တော့Airconditioning System အ​ကြောင်းဘဲဖြစ်​ပါတယ်​ခင်​ဗျ။

2Q==.jpg

Airconditioning Systemဆိုသည်​မှာ
အခန်းတစ်ခန်းနေရာတစ်နေရာကအပူတွေကိုစုပ်ယူပြီး
ဲ့လေထုထဲကိုစွန့်ပစ်တဲ့စနစ်တစ်​ခုဖြစ်​ပါတယ်​ခင်​ဗျ။
အဲဒါကြောင့်Airconဆိုတာ လေအေးပေးစက်မဟုတ်ပါ အပူစုပ်ထုတ်စက် Heat absorbing and rejecting machine လို့ခေါ်ဆိုနိုင်ပါတယ်။
Airconditioning System သည်​အခန်းတွင်းအပူချိန်​ကိုထိန်း​အေး​နေ​အောင်​လုပ်​​ပေး သည့်​အပြင်​​အောက်​ပါတို.ကိုလဲလုပ်​​ဆောင်​​ပေးပါသည်​။
၁ အခန်းရဲ့အပူချိန်ကိုမျှတအောင်ထိန်းသိမ်းခြင်း
(Temperature)
၂ အခန်းရဲ့စိုထိုင်းဆနဲ့ရေငွေ့ပါဝင်မှုကိုထိန်းသိမ်းခြင်း(Humidity & moisture content control)
၃ လေရဲ့စီးဆင်းမှု့ကို သက်သောင့်သက်သာဖြစ်အောင်
လိုသလိုထိန်းချုပ်ခြင်း(Air flow)
၎ လေရဲ့သန့်ရှင်းမှု့ (Cleaness of air)ကို ထိန်းညှိခြင်းတွေ ကိုပါတပြိုင်တည်း လုပ်ဆောင်ပေးပါတယ်​ခင်​ဗျာ။
Airconditioning System တွေရဲ့ လုပ်ဆောင်နိုင်မှုပမာဏ
ကို တိုင်းတာရာမှာ နိုင်ငံတကာမှာတော့
Ton of refrigeration (RT) နဲ့တိုင်းတာလေ့ရှိပါတယ်။
Aircon တစ်တန်စက် (1.5HP)
ဆိုတာသုညဒီဂရီ စင်တီဂရိတ်(0'C)အပူချိန်ရှိနေတဲ့ရေခဲ
တစ်တန်ကို24နာရီအတွင်းရေအဖြစ်လုံးဝပြောင်းသွားဖို့ကိုပေးရတဲ့ အပူပမာဏနဲ့ညီတဲ့အပူကိုအခန်းထဲကနေ၂၄နာရီအတွင်းစုပ်ထုတ်နိုင် စွမ်းရှိတယ်​လို.အဓိပ္ပါယ်​ဖွင့်​ဆိုနိုင်​ပါတယ်​။

ရေခဲတစ်ပေါင်အတွက်ဆိုရင် အပူချိန်ပမာဏ144 Btu (British thermal unit)ဗြိတိသျှသုံးအပူချိန်တိုင်းယူနစ် လိုပါတယ်။ရေခဲတစ်တန် ပေါင်2000အတွက်အပူပမာဏ 144x2000=288000 Btu /24 hourဖြစ်ပါတယ်။တစ်နာရီအတွက်ဆိုရင်တော့ 288000/24 ဖြစ်တဲ့အတွက် 12000 Btu/hour ရပါလိမ့်မယ်။အဲဒါကို
တစ်တန်စက်လို့ခေါ်ပါတယ်။ဆိုလိုတာက အခန်းထဲမှာရှိနေတဲ့ အပူတွေထဲကနေ Airconတစ်နာရီမောင်းရင် အပူပမာဏ 12000Btu လျောသွားမယ်လို့မှတ်​ယူနိုင်​ပါတယ်​။
Aircon one ton စက်ကို ဖော်ပြရာမှာ
နိုင်ငံနဲ့ထုတ်လုပ်သူတွေအလိုက် ဈေးကွက်မှာ
အခြားယူနစ်တွေနဲ့လည်းသတ်မှတ်ခေါ်ဝေါ်ကြပါသေးတယ်။
စက်ရဲ့စွမ်းအားတန်ကိုသိချင်တော့ သူရဲ့ Name plate
မှာ အောက်ဖော်ပြပါ ယူနစ်တခုခုနဲ့ရေးထားတာကိုကြည့်ပြီး
တစ်တန်နှုန်းနဲ့ပြန်စားလိုက်ရင် စက်ရဲ့တန်ပမာဏကိုသိနိုင်ပါတယ်။

1 Ton of refrigeration =1.5 H.P in Electric Power
1 Ton of refrigeration = 12000 Btu /hr
1 Ton of refrigeration =3.5 kW (Heat Kilo Watts)
1 Ton of refrigeration =3024 KCal(Kilo-calories)

Airflowကိုအောက်ပါအတိုင်း မှန်းကြည့်ပြီးအကြမ်းဖျင်းတန်ချိန်ကို သိနိုင်ပါတယ်
1 Ton of refrigeration =400 CFM ( airflow)
ွAirconditioning Systemအတွက်​အဓိကပစ္စည်းများကို​လေ့လာကြည့်​လျင်​​အောက်​ပါအတိုင်း​တွေ.ရမှာဖြစ်​ပါတယ်

(၁)အဓိကအစိတ်အပိုင်းများ (Main components)
(၂) စနစ်အကူပစ္စည်းများ(Auxiliary devices)
(၃)ကာကွယ်ရေးပစ္စည်းများ(Protective Devices)
များဆိုပြီး (၃)မျိုးပါဝင်ပါတယ်။
အဓိကအစိတ်အပိုင်းအနေဖြင့် (၄)ခုပါဝင်ပါတယ်
-Compressor
-Condensing Unit or Outdoor Unit
-Expansion Unit
-Evaporator or Indoor Unit )
Compressor က​တော့ဖိသိပ်​​လေဖြစ်​​ပေါ်ရန်​ပြုလုပ်​​ပေး​သောအပိုင်းပါ Condensor သို.မဟုတ်​ Outdoor unitက​တော့အပူကိုစွန်​.ထုတ်​မူပိုင်းဖြစ်​ပါတယ်​ Expansion unit က​တော့ဖိအား​လျော့ပိုင်းဖြစ်​ပါတယ်​ Evaporator or indoor unit က​တော့အ​ငွေ.ပျံအပူစုပ်​​ပေး​သောအပိုင်းဖြစ်​ပါတယ်​။
2C 2E လို့အလွယ်မှတ်သားနိုင်ပါတယ်။
အဓိကအစိတ်အပိုင်းတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံ Refrigeration Cycle က​တော့​အောက်​ပါအတိုင်းဖြစ်​ပါတယ်

images.jpg
(1)Evaporator ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အခန်းထဲကအပူကိုစုပ်ယူဖို့ပါ။
Evaporator ထဲမှရောက်နေတဲ့ Refrigerant လို့ခေါ်တဲ့
အဲကွန်းဂက်စ်ဟာ ကအခန်းထဲကပုံမှန်အားဖြင့်ရှိနေတတ်တဲ့ အပူချိန်
85'F ကနေ 95'Fလောက် ကြားကအပူချိန်ထက်
အေးတဲ့ 40'F ဝန်းကျင်ရှိတဲ့အရည်အခြေအနေပါ ။ Evaporator သိုမဟုတ်IndoorUnitမှာတပ်ထားတဲ့ပန်ကာကအခန်းထဲကလေကိုစုပ်ယူပြီး သူ့ကိုဖြတ်သွားတဲ့အခါ လေထဲမှာပါတဲ့ အပူကို အပူဖလှယ်နိယာမအရ ကြေးပိုက်နဲ့ဆူးတောင်တွေကတဆင့် ဂက်စ်ကစုပ်ယူလိုက်ပါတယ်။အဲဒီအခါ အဲကွန်းဂက်စ်ဟာ
အရည်ကနေအငွေ့ဖြစ်သွားပါတယ်။ဒါပေမယ့်အပူချိန်ကတော့ 40'F ဝန်းကျင်ကနေ အများကြီးပြောင်းလဲမသွားပါဘူး။အဲဒီဂက်စ်အငွေ့ဟာအပူကို စုပ်ယူပြီး 40'Fအနေနဲ့ပဲ ကွန်ပရက်ဆာ (Compressor)ဆီကိုသွားပါတယ်။
9k=.jpg

(2) Compressor(ကွန်ပရက်ဆာ)
သူရဲ့အဓိက တာဝန်ကတော့ Evaporator သို့ Indoor Unit ကနေအပူသယ်လာတဲ့ 40' F အပူချိန်ရှိတဲ့ ဂက်စ်ကို
ဖိအားထပ်မြှင့်ပြီး အပူချိန်တိုးစေဖို့ပါ။ဘာ့​ကြောင့့်အပူချိန် တိုးစေရသလဲဆိုတော့ ပတ်ဝန်းကျင် အခန်းပြင်ပ အပူချိန်က 80'F အထက်ရှိနေချိန်မှာ 40'F အပူချိန်သာရှိနေတဲ့ ဂက်စ်ကနေ ပတ်ဝန်းကျင်ကို အပူစွန့်ထုတ်ဖို့ မဖြစ်နိုင်လို့ပါ။အပူဆိုတာ စွမ်းအင်သဘောအရ မြင့်ရာကနေ နိမ့်ရာကိုပဲပြောင်းလဲ
စီးဆင်းလို့ရလို့ပါ။အဲဒီအတွက် Evaporator ကနေတဆင့်
အခန်းထဲကအပူစုပ်လာတဲ့ဂက်စ်ဟာ အပူစုပ်လာပေမယ့်
အရည်ကနေအငွေ့ကိုပြောင်းလိုက်တဲ့အချိန်မှာ သူ့ရဲ့အပူကိုသုံးလိုက်ရတဲ့အတွက် အပူချိန်တိုးမလာပဲ
ကွန်ပရက်ဆာအဝင်မှာ 40'F ဝန်းကျင်ပဲသာရှိနေပါတယ်။
အဲဒီအပူချိန်နဲ့ပတ်ဝန်းကျင်ကမြင့်နေတဲ့အပူချိန် 80'Fထဲ
ကိုစွန့်ပစ်လို့မဖြစ်နိုင်တဲ့အတွက် ကွန်ပရက်ဆာကနေ
အဲဒီဂက်စ်ငွေ့ကို ဖိအားမြှင့်ပြီးအပူချိန်မြင်အောင် လုပ်ပေးတာပဲဖြစ်ပါတယ်။ကွန်ပရက်ဆာကထွက်သွားရင် ဂက်စ်ရဲ့ အပူချိန်ဟာ 105'Fအထက်ရှိသွားလို့ ပတ်ဝန်းကျင်အပူချိန်ထက် မြင့်သွားပါပြီးအဲဒီဂက်စ်အငွေ့ဟာ Condensor သို့မဟုတ် Outdoor လို့ခေါ်တဲ့အပူထုတ်တဲ့ စနစ်ထဲရောက်သွားပါပြီ။
images(1).jpg

(3)Condensor or Outdoor Unit်ရဲ့အလုပ်က Evaporator or Indoor သို့ အအေးကွိုင်ကနေ စုပ်လာတဲ့အပူကို ကွန်ပရက်ဆာ ကအပူချိန်ထပ်မြှင့်ပြီးရောက်လာတဲ့ အခန်းထဲကအပူကိုလေထုထဲကိုစွန့်ထုတ်ပေးဖို့ပါ။
ကွန်ပရက်ဆာကရောက်လာတဲ့ ဂက်စ်အငွေ့ဟာ
105'F အပူချိန်ရှိပါတယ်။အဲဒီဂက်စ်က Outdoor သို့မဟုတ် အပူကွိုင်ထဲရောက်လာချိန်မှာ Outdoor
Fan ကတဆင့် အပြင်ကနေအပူချိန် 85'Fဝန်းကျင်ရှိတဲ့လေကို စုပ် ကွိုင်ကိုဖြတ်စေပြီးအပူကိုစုပ်ယူစေပါတယ်။အဲဒီအခါ ကွိုင်ထဲကဂက်စ်ရဲ့အပူဟာ​ကြေးပိုက် ဆူးတောင်ကနေတဆင့် အပြင်လေထဲကိုပါသွားပါတယ်။အဲဒါကြောင့် Outdoor Unitကထွက်တဲ့လေဟာပူနေတာတွေရပါလိမ့်မယ်။
အဲဒါဟာ ခန်းထဲကပါလာတဲ့အပူကိုစွ့န့်ထုတ်နေတာပါ။
အဲဒီအခါ 105'F အထက်ရှ်နေတဲ့ဂက်စ်အငွေ့ဟာ
ပတ်ဝန်းကျင်လေထုရဲ့ 80'F လေအေးကြောင့်
အရည့်အဖြစ်ပြောင်းလဲသွားပါတယ်။အပူအငွေ့ကိုအအေးခံရင် အရည်ဖြစ်ပါတယ်။အဲဒီအရည်ဟာ 80 'Fလောက်ထိလျော့ကျသွားပြီး
ဖိအားလျော့ အပိုင်း Expansion Unit ဆီကို ​ရောက်​သွားပါတယ်။
Z.jpg
(4)Expansion Unit or pliti Type အဲကွန်းတွေမှာ
Capiliary tube လို့ခေါ်တဲ့ ဖိအားနှိမ့်အပိုင်းရဲ့ အဓိက
ဆောင်ရွက်ချက်ကတော့ Condensor သို့မဟုတ်
Outdoor Unit ကလာတဲ့ 80'F လောက်အပူချိန်နဲ့ ဖိအားမြင့်အရည်ကို ဖိအားနိမ့်အောင်လုပ်ပြီး အပူချိန်
နိမ့်သွားအောင်ပြောင်းပေးလုပ်ပေးတာပါ။
စနစ်ထဲမှာရှိတဲ့ဂက်စဟာ ဖိအားနှိမ့်ခံရရင် သို့မဟုတ် ဖိအားအလျှောခံရရင် အပူချိန်လျော့သွားတာပါပဲ။
Outdoor Unit သို့မဟုတ် အပူကွိုင်ကလာတဲ့
ဖိအားမြင့်အရည်ကို ပိုက်ကျဉ်းလေးထဲကိုအရှည်ကြီးဖြတ်ခံလိုက်ရရင် သို့မဟုတ် ကြားထံမှာ အပ်ထိပ်လောက်ရှိတဲ့ ပိုက်ကလေးဖြတ်ဆက်ခံလိုက်ရရင် ဟိုဖက်လဲရောက်ရော
ဖိအားနိမ့်ပြီး အပူချိန်ကလည်း 80'F ဝန်းကျင်ကနေ
40'F ဝန်းကျင်အောက်ရောက်သွားပြီး အရည်အဖြစ်နဲ့ပဲ
Evaporator သို့မဟုတ် Indoor ကွိုင်ဆီကို ပြန်ရောက်သွားပြီး
Refrigeration Cycle အစက​နေပြန်​လည်​ပတ်​​စေပါသည်​။

နောင်​လာမည့်​ post တွင်​ aircon ပ္စည်းအစိတ်​ပိုင်းများအားလုံးအ​သေးစိတ်​ ပျက်​လျင်​ဘယ်​လိုပြုပြင်​ထိန်းသိန်းမလဲဆိုတာ​တွေကို​ကိုဆက်​လက်​​ဖော်​ပြ​ပေးသွားပါဦးမည်​ခင်​ဗျာ။အားလုံးစိတ်​ချမ်းသာကိုယ်​ကျန်းမာခြင်းနဲ.ပြည့်​စုံပါ​စေဗျာ။

@kyawzaywin
MSC-235

Photo credit google img
Knowledge credit - facebook

Sort:  

သိထားသင့်ပါတယ်အစ်ကိုရေ။ မျှဝေပေးတာကျေးဇူးတင်ပါတယ်။

လာ​ရောက်​အား​ပေးတာ​ကျေးဇူးပါဗျ

သိသင့်သိထိုက်တဲ့အကြောင်းအရာတွေ
မျှဝေပေးတာကျေးဇူးပါဗျာ

ဟုတ်​ဗဟုသုတ​ပေါ့ bro

ဗဟုသုတတွေတစ်ခုပြီးတစ်ခုပဲ . . အစက Air-Con ဆိုတာကို လေအေးပေးစက်လို့ပဲထင်ထားတာ တကယ်က လေပူစုပ်ထုတ်တဲ့စက်ပေါ့နော် . . . ဒါဆို aircon သုံးနိုင်တဲ့သူတွေ air con သုံးနေတာက သူတို့ထဲကအပူတွေ မသုံးတဲ့သူတွေဆီသွားကြဆိုသလို တွန်းထုတ်နေသလိုဖြစ်နေတာပေါ့ . . . 1.5 !HP ကို ၂၄ နာရီအတွင်း တစ်တန်ရေခဲဆိုတော့ အတော်ပြင်းတဲ့အားပဲ 😣😣😣

အမြဲတမ်းဆုပ်​ယူ​နေတဲသ​ဘောမဟုတ်​ပါ bro သူ.မှာသတ်​မှတ်​ထားတဲ. Set temperature ရှိပါတယ်

ဗဟုသုတ ရပါတယ်။

ဟုတ်​ bro

ဗဟုသုတ တိုးပြီ

ဟုတ်​​ကျေးဇူးပါခုလိုအား​ပေးတဲ.အတွက်

ဗဟုသုတရပါတယ်​။မျှ​ဝေ​ပေးတာ​ကျေးဇူးပါ။

လာ​ရောက်​အား​ပေးတဲ.အတွက်​​ကျေးဇူးပါ bro

ဗဟုသုတ ရရပါတယ်ဗျာ..

ဟုတ်​​ကျေးဇူးပါဗျ

Good ရှယ်​ပဲ

What a fantastic work you are doing? CHEER @kyawzaywin

CHEER brother!thank

သိစင့်​သည့်​အ​ကြောင်းအရာများပါပဲရှင်​။

လာအား​ပေးလို.​ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 67146.64
ETH 3123.64
USDT 1.00
SBD 3.80