အလုပ်နှင့် အလုပ်အပေါ် ရူ့မြင်ခြင်း

in #myanmar6 years ago

IMG_20180508_150712.jpg

ဒီတစ်ပတ်တော့ အလုပ်အကြောင်းလေး ရေးကြည့်မယ် စိတ်ကူးမိပါသည်။ အားလုံးအတူတူ အမြင်လေးတွေလဲ ဖလှယ်ကြည့်ချင်ပါသည်။ မယ်ကြည်တို့ G3 member တွေထဲတွင် လုပ်ငန်းခွင်ထဲမှ သူတွေ များမည် ထင်မိပါသည်။ အားလုံးသည် မိမိနှစ်သက်တာကိုပဲ လုပ်နေကြသလား (သို့) မနှစ်သက်သော်လည်း ကြိတ်မှိတ် လုပ်နေရသလား??

3-3.jpg
Crd-org-source

မိသားစု စားဝတ်နေရေးတွက်၊ မိမိအတွက် အလုပ်လုပ်ရမည်သာ ဖြစ်သည်။ ပညာသင်ကြသည်ကလည်း အလုပ်လုပ်ဖို့ပဲမဟုတ်ပါလား..။ အလုပ်တစ်ခုကို လုပ်နေရသည်လို့ မထင်ရပါဘဲ လုပ်ပျော်နေသည် ဘယ်လောက်လုပ်ရ လုပ်ရ လုပ်ရသည်ဟု မထင်ပါက သေချာပါသည်..။ ထိုသူ အောင်မြင်ပါလိမ့်မည်။ လူတိုင်း လူတိုင်း နှစ်သက်ရာကို လုပ်နေရလျှင် မပျင်းရိကြပါချေ။

lovejob.jpg
Crd-org-source

ဥပမာပြောရမည်ဆိုလျှင် ဖဲရိုက်တတ်သောသူများသည် တစ်နေကုန် တစ်ညလုံး မထတမ်း ဖဲရိုက်နိုင်ကြသည်။ လုံးဝ ပင်ပန်းကြသည်ဟုမထင်ကြပါချေ။ ထိုသူများကို တစ်ခြားအလုပ်ခိုင်းကြည့်ပါက နာရီဝက် လေးဆယ့်ငါးမိနစ်အကြာမှာပင် ထိုင်ရတာ ညောင်းလိုက်တာဟူ၍ပင် ဖြစ်လာပေတော့မည်။ ထို့အတူ ဂေါက်သီးရိုက်သမားကို ကြည့်လျှင်လည်း သူတို့သည် ဂေါက်သီးလိုက်ရိုက်ကြသော အကွာအဝေးသည် မနဲလှပေ..။ သာမန်စိတ်မဝင်စားသောသူများ အလကားနေရင်းလမ်းမလျောက်နိုင်သော ပမာဏပင်ဖြစ်သည်။ သို့သော် ထိုသူများသည် ဝါသနာပါရာ လုပ်ဆောင်နေရသောကြောင့် မောပန်းညောင်းညာခြင်း အလျဉ်း မရှိကြချေ။ အလုပ်လုပ်ရာတွင်လည်း ဝါသနာကိုအရင်းခံမှသာ အောင်မြင်နိုင်ပါလိမ့်မည်။

images (2).png

Crd-org-source

ကိုယ်ကြိုက်တာ လုပ်ရခြင်းသည် ပျော်ရွှင်မူ့မဟုတ် ကိုယ်လုပ်ရမည်ကို ကြိုက်ခြင်းကသာ ပျော်ရွှင်မူ့ဟု ကြားဖူး သည်။ အလုပ်ကို မနှစ်သက်ပါပဲ လုပ်နေရခြင်းသည်လဲ ဒုက္ခ ပင်ဖြစ်ချေလိမ့်မည်။

6-things-you-should-never-store-on-your-work-computer.jpg
Crd-org-source

သို့သော် တစ်ခု ပြောပြချင်သေးသည်။ မိခင်က အရွယ်မရောက်တရောက် သားကို မြက်ရိတ်ခိုင်းသည်။ သားကဆော့ကစားချင်သည်။ နေ့စဉ် သူငယ်ချင်းများ နှင့် ဆော့ရမည့်အချိန်တွင် မိမိက မြက်ရိတ်နေရသည့်အတွက်လဲ မိခင်အား စိတ်ခုနေလေသည်။ ထိုသည်ကို ဖခင်က မြင်ပြီး သားအား ပြောသည်မှာ သားသည် အိမ်၏ အလုပ်ကို ကူလုပ်နိုင်ခြင်းကို ဝမ်းသာသင့်ကြောင်း မိမိလုပ်ပေးရသောအလုပ်ကို လုက်ချင်စိတ် စေတနာလေးနှင့် လုပ်ပေးသင့်ကြောင်း အလုပ်ပြီးမြောက်လျှင် မိမိနှစ်သက်ရာ လုပ်နိုင်ကြောင်း ဆုံးမလေသည်။

kaiden-mowingDSC_0216.jpg
Crd-org-source

နောက်ရက်များတွင် သားဖြစ်သူသည် မြက်ကို လျင်မြန်စွာနှင့် အရင်ရက်ထက် များများ ရိတ်လာသည်ကို တွေ့မြင်ရလေသည်။ ဖခင်က မေးမြန်းရာ မိမိသည် မြက်ရိတ်ခြင်း အလုပ်ကို လုပ်ကိုလုပ်ရမည်ဖြစ်သဖြင့် လုပ်ချင်စိတ်လေးထည့်လိုက်ရာ မြက်ရိတ်ရခြင်းအပေါ် ပျော်ရွှင်စရာ ဟုထင်မြင်လာပြီး အရင်ကထက်လဲ ပိုပျော်လာသည်ဟု ပြန်လည် ပြောကြားလေသည်။ ဆိုလိုရင်းမှာ မိမိသည် မိမိမလုပ်ချင်သော အရာတစ်ခုကို လုပ်ကိုလုပ်ရတော့မည်ဟု ဆိုလျှင် လုပ်ချင်စိတ်လေးထည့်ကြည့်ပါ လုပ်ပျော်လာပါလိမ့်မည်ဟုပင် ။ ဖြစ်နိုင်သည်ဟု ထင်ပါသလား..? မယ်ကြည် ကျောင်းပြီးသောအခါ မျှော်လင့်ထားသော အလုပ်က မရသောအခါ ရသောအလုပ်ကိုသာ လုပ်ရပါသည်။ ပထမတွင် မပျော်ပါ စိတ်မဝင်စားပါ။ သို့သော် နေလာသည်နှင့်အမျှ မိမိလုပ်ကိုလုပ်ရတော့မည်ဟု သိလာသောအခါ စိတ်ဝင်စားစွာ လေ့လာမိလေသည်။ ထိုအခါ အလုပ်လုပ်ရတာ ပျော်လာသည်။ နေ့စဉ် မိမိမသိသေးသည်များလေ့လာရင်းနှင့် အချိန်ကုန်မှန်းမသိ ကုန်လေသည်။

images (19).jpeg
Crd-org-source

ထို့ကြောင့် အကြံပြုလိုပါသည်။ မိမိဝါသနာပါရာ လုပ်ခွင့်ရပြီး ၎င်းနှင့် ငွေရှာနိုင်ခြင်းသည် ကံကောင်းပေသည်။ မိမိ ဝါသနာမပါသော်လည်း မြတ်ရိတ်ချင်စိတ်လေး မွေးလိုက်ပါ။ နေပျော်လာပါလိမ့်မည် လုပ်ပျော်လာပါလိမ့်မည် စိတ်ပျော်လာပါလိမ့်မည်။ ယခု စာဖတ်နေသူများ မည်သည့်အလုပ်ကို လုပ်ကိုင်နေကြပါသလဲ သိချင်မိပါသည်။ steemit မှ မောင်နှမများ ဘဝတွင် ပျော်ရွှင်ဖွယ်ရာ အလုပ်အကိုင်များ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါသည် 😊။

v3a-20170309111025571.jpg
Crd-org-source

Author @kyi
MSC 050

Sort:  

ဝါသနာနဲ့ကိုယ်လုပ်နေတဲ့အလုပ်ထပ်တူကျမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ

ဟုပါ့ ဟုပါ့ဆြာရေ ကံကောင်းသူပါလို့😊

မမ ကခု​တော့ ​ပျော်​​နေပြီမလား။ သားက​တော့ ခုသားလုပ်​​နေရတဲ့ အလုပ်​က သားသား စိတ်​ဝင်​စားပြီး လုပ်​ချင်​တဲ့ အလုပ်​ဖြစ်​​​နေ​တေမမ​ယေ ။

သိနေတယ်လေ😍😍သားက ပျော်မှာလို့ မမကတော့ မြက်ရိတ်ချင်စိတ်လေးတော့ မွေးရတာပေါ့အေ😌

အောင်မြင်ရေး လမ်းစဉ်များဖြစ်ပါသည် ကျေးဇူးဗျာ
မမkyi

ဒလိုဖဲ ရေးကြည့်တာပါ အားပေးလို့ ကျေးဇူးပါ😊

ဝန်‌ထမ်းဘဝဟာ ကျွန်‌‌တော့်‌ရဲ့ ဒုတိယ‌ကျောင်း‌တော်‌ကြီးပါ ။၁၅ နှစ်‌‌လောက်‌ ပြီဆို‌တော့ ဝန်‌ထမ်း‌တွေရဲ့ သ‌ဘောသဘာဝကို အ‌တော်‌အတန်‌‌တော့ နားလည်‌‌နေပါပြီ ။အချိန်‌ ပြည့်‌အလုပ်‌ထဲမှာ ‌နေရ‌တော့ ‌ပျော်ွှင်‌အောင်‌ ဖန်‌တီးရတာ‌ပေါ့။

ဟုတ်တယ် ဆရာရေ..😊တစ်နေ့ ၈နာရီ နေရတဲ့ နေရာပေပဲ ပျော်နေပါပြီ😊

ကျွန်​​တော်​က​တော့ ကျွန်​​တော်​လုပ်​ချင်​တာလုပ်​​နေရတယ်​ဗျ
ဘဝမှာ ​တော့​ပျော်​​ပျော်​ပဲ ဟဲဟဲ

ဝမ်းသာပါ၏😁လုပ်ချင်တာ လုပ်ခွင့်မရသူများလဲ မြက်ရိတ်ချင်စိတ်လေး မွေးစေချင်တာပါလို့😁

ဝါသနာနဲ့အလုပ်​ထပ်​တူကျတဲ့သူများက​တော့ဘဝမှာကံအ​ကောင်းဆုံး​တွေပါပဲရှင်​။

ဟုတ်ပါ့ အိ ညီမရေ..😊ကံကောင်းလှသူများပေါ့😉

ဟုတ် ဟုတ် ကံကောင်းတဲ့သူအချင်းချင်းတောင် ပိုပီးကံကောင်းတံသူလို့မှတ်ပါတယ် ဒါနဲ့ ဖဲအတော်ရိုက်ခဲ့တယ်ထင်တယ်

ငမ့် စမိ ဖဲရိုက်စရာလားဟမ် ဖဲရိုက်သူတေ မင်နေရတာကို😖အကိုစိုးသာ ရိုက်နာမလား😁

လုက်ပါ မမကြည်ရယ် ဟီး

အိမ်း မြက်ရိတ်ချင်စိတ်လေး မွေးနေရတာပါ😊

ကိုယ့်​ဝါသနာနှင့်​အလုပ်​တစ်​ထပ်​တည်းကျရင်​အတိုင်းထက်​အလွန်​​ပေါ့...ကြည်​😍
မဖြစ်​မ​နေလုပ်​ရမယ်​ဆိုလည်းကြည်​ပြောသလိုမြက်​​ရိတ်​ချင်​စိတ်​​မွေးရမှာဘဲ....

ဟုတ်ပါ့ ယွန်းရေ😍😍

ဝါသနာဆိုတာ...မွေ့လျော်ခြင်း။ပျော်မွေ့ခြင်းပေါ့...
ပျော်ရွှင်တော့..စိတ်ပါလက်ပါနဲ့အာရုံအပြည့်ထည့်ပီး၊ဝါယမ
ပြုတယ်။အောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရင်းက..အဓိပတိလေးပါးတပ်ခြင်းဖြစ်ပါတယ်။ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာ..ဖြစ်ပါတယ်။

ဟုတ်ကဲ့ တီတီ မှန်ပါတယ်ရှင့်😍

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63898.89
ETH 3129.16
USDT 1.00
SBD 3.90