Facebookနှင့် Goggleရှိ ပုံများအား link crd ပေးနည်း မျှဝေခြင်း😊

in #myanmar6 years ago (edited)

IMG_20180508_150712.jpg

Steemit မှာ copy right ဟာ အရေးကြီးတာ လူတိုင်းသိကြပါတယ်။ လူတချို့ မယ်ကြည်အပါအဝင် စာသာ ကိုယ်တိုင်ရေးမယ် ပုံကျ အဆင်ပြေသလိုထည့်တယ် ၊ crd google နှင့် crd facebook ဆိုပြီး ပေးခဲ့ဖူးပါတယ်..။ ပုံဆိုတာကလည်း ကိုယ်တိုင်ရိုက် မဟုတ်လျှင် copy ကူးတာနှင့် မထူးပါဘူး။ ကိုယ့်ပုံမဟုတ်ပါဘဲ ခပ်တည်တည်နှင့် မူရင်း link ကို crd မပေးပဲ အသုံးပြုခြင်းသည် copy right ကို ချိုးဖောင်ရာကျနေသည်ပင်..။

copyright-free-98566_1280-250x250.png
Crd-org-source

မသိသေးလို့ အသုံးမပြုတာ အပြစ်မဖြစ်ပေသိ ခုသိပြီးတောင် မသုံးလျှင်တော့ အပြစ်ဖြစ်ပါလိမ့်မည်။ မူရင်း link crd မပေးပဲ သုံးသူများသည် span သာ ဖြစ်နေမည်ကို သတိပြုစေလိုပါသည်။ Google နှင့် Facebook ကို crd ပေးခြင်းကကို မှားနေသည်ပင်။ မိမိတို့ လိုချင်သောပုံကို goggleနှင့် facebook တွင် မရှာပဲနှင့် တွေ့သလား။ မဟုတ်ပါချေ။ မိမိလိုချင်သောပုံကို search box တွင် ရိုက်ရှာသောကြောင့် ရသည် မဟုတ်ပါလား ။ ထို့ကြောင့် copy rightကို လေးစားသူသည် သူများပုံများအား သုံးဆွဲရာတွင် မူရင်း link ကို crd ပေးရန် လိုအပ်ပါသည်။

download.png
Crd-org-source

မှတ်မှတ်ရရ မယ်ကြည် g3 proday ရက်များတွင် ပုံတွေcrd ပေးမပေး လိုက်ကြည့်မိပါသည်။ မပေးထားသူများကိုလည်း comment တွင် လာသင်ရန် ရေးထားခဲ့ပါသည်။ သို့သော် မည်သူမျှ လာရောက် သင်ယူခြင်း မရှိကြပါချေ..။ ထိုပုံ crd ပေးခြင်းသည် g3 မှ လူအနည်းငယ်အား မယ်ကြည် သင်ပေးပြီးဖြစ်ရာ ၄င်းတို့မှလဲ ပြန်လည်ဝေမျှကြပါသည်။ Daily post တွင် တင်သောကြောင့် ဖတ်သူနည်းခြင်းကြောင့် ယခုချိန်ထိလဲ crd google နှင့် crd facebook ဖြစ်နေခြင်းပင်။ ယခု G3 အဖွဲ့သားများထဲ မူရင်း link crd မပေးတတ်သော သူများအား မျှဝေပေးမည်ဖြစ်သည်။ pro တင်သော စာဆိုလျှင် g3 မှ လူတိုင်း ဖတ်ကြသည် ဖြစ်ပါသဖြင့် အာ့လုံး ဂရုစိုက် လိုက်လုပ်စေချင်ပါသည်။ ယခုအပတ် pro တွင် ပုံများအား crd ပေးနည်းအား မသိသေးသူများအား မျှဝေခြင်းဖြစ်၍ မတတ်သေးသောသူများ ရှေ့ အပတ်တွင် အလွယ်လမ်းလိုက်၍ လွယ်လွယ် သူများပုံအား ယူနေမူ့များ ရပ်တန့်ပြီးလျှင် နည်းစနစ်ကျကျ crd ပေးကြစေလိုပါသည်။ လူတိုင်း မူရင်း link ကို crd ပေးတတ်စေရန် အလို့ငှါ စေတနာနှင့် တင်ပြပေးခြင်းအား အချည်းနှီးမဖြစ်စေပဲ နောက်အပတ် pro နှင့် daily တင်ကြရာတွင် စနစ်ကျသော crd ပေးခြင်းသည် မယ်ကြည် စေတနာကို အသိအမှတ်ပြုရာရောက်ပြီး ပြင်ဆင်ခြင်းမရှိ နေမြဲတိုင်း နေသူများသည် စေတနာကို အသိအမှတ်မပြုပဲ copy right ကို အလေးမထားသူများဟု သတ်မှတ်ပြီးလျှင် အရေးယူသွားမည် ဖြစ်ပါကြောင်း သတိပေးလိုက်ရပါသည်။

received_1807790146187627.jpeg
Photo by me

နမူနာပုံများနှင့် ရှင်းပြပေပါမည်။ မိမိတို့ ရေးသားထားသည့် စာတွင် နှင်းဆီပန်းလှလှလေး တစ်ပုံလိုအပ်သည် ဆိုကြပါစို့..။ မိမိဖုန်း browser တွင် search တွင် rose ဟု ရိုက်ရှာကြရမည်ဖြစ်သည်။

Screenshot_2018-05-08-16-03-32-770_com.yandex.browser.png

imageတွင် နှင်းဆီပန်းပုံတွေ အများကြီး တွေ့ရပါလိမ့်မည်။ မိမိလိုချင်သော ပန်းပုံအား တချက်နှိပ်ပါ။ ပုံကိုဖိလိုက်လျှင် save image ပါသည်ဖြစ်၍ ပုံကို အရင် save ပါ..။

Screenshot_2018-05-08-16-05-59-894_com.yandex.browser.png

ထိုပုံသည် မိမိ စာတင်ရာ၌ အသုံးပြုမည့် ပုံဖြစ်၍ ၄င်းပုံ၏ မူရင်း link ကို crd ပေးရန် မူရင်း link ကို ယူရမည်။ ထိုပန်းလေး ပေါ်နေသော အောက်က ဝိုင်းပြထားသောနေရာအား ထက်နှိပ်ပေးပါ

IMG_20180508_233658.jpg

ထိုသို့ နှိပ်ပါက မူရင်းlink သို့ ရောက်ပြီဖြစ်သည်။ ပုံတွင် ပြထားသော search box မှ copy ယူရမည်ဖြစ်သည်။

IMG_20180509_000043.jpg

၎င်း copy ယူထားသော link အား note တွင် နှင်းဆီပန်းဟု ရေး၍ မှတ်ရမည်။ ထို link သည် crd ပေးရမည့် link ဖြစ်သည်။ ထိုlink အတိုင်းချလျှင် link ရှည်သဖြင့် တိုအောင် link ကို ချုံ့ပေးရမည်။

Screenshot_2018-05-09-00-34-33-124_com.socialnmobile.dictapps.notepad.color.note.png

ထိုကဲ့သို့ချုံ့ရန်တွက် [Crd-org-source]( ထိုစာလေးကို ခုနက မှတ်ထားသော link အရှေ့တွင် ချပေးရမည်။ (ထဲတွင် link ထည့်ပြီး.နောက်ဆုံးတွင်) ထည့်ပေးရမည်။ ပုံတွင် ပြထားသည့် အတိုင်း ရပြီဆိုလျှင် ပုံရော link ရော တင်ရန် ready ဖြစ်ပါပြီ ။

IMG_20180509_003549.jpg

IMG_20180509_003615.jpg

steemit တွင် ပုံနှင့် ပုံ crd တင်နည်း ပြောပါမည်။ ထုံးစံအတိုင်း ခုနက save ထားသော နှင်းဆီပန်းပုံလေး အရင်တင်ပါမည်။ ထို့နောက်တွင် အစောက noteတွင် မှတ်ထားသော crd link ကို copy ကူး၍ ကပ်လျက် past ချပေးလိုက်လျှင် ပုံပါအတိုင်း တွေ့ရမည် ဖြစ်သည်။

Screenshot_2018-05-09-00-48-34-413_com.cloudmosa.puffinFree.png

preview တွင် ပုံပါအတိုင်း link မပါပဲ crd-org-source ဟူ၍ ပေါ်လျှင် ပုံအား မူရင်းlink crd ပေးခြင်း အောင်မြင်ပါပြီ။

Screenshot_2018-05-08-16-23-54-012_com.yandex.browser.png

ဆက်လက်၍ facebook မှ ပုံများ ယူသုံးခြင်း အား crd ပေးရန် ဆက်လက် ဖော်ပြပေးပါမည်။ facebook မှ နှင်းဆီပန်းပုံသာ ရှာပါမည်။ ယခုပြထားပုံပုံများထဲမှ တစ်ပုံယူသုံးပါမည်။ မိမိ လိုချင်သော ပုံကို အရင် save ပါ။ ထိုနှင်းဆီပန်း link ယူရန် ထောင့်တွင် ရှိသော အစက်လေး ၃စက် အား နှိပ်ပါက
Copy link အား နှိပ်၍ မူရင်း link ကိုယူပါ။

IMG_20180508_170224.jpg

ထိုlink ကို noteထဲတွင် pastချ၍ မှတ်ပြီး အရင်ပြထားသလို Crd-org-sourceထည့်ပါ။ steemit တွင် တင်ကြပါမည်။ အထက်ပါတွင် ပြထားသည့်အတိုင်းပင် ပုံအရင်တင်၍ link အား copyယူ ပုံအောက်တွင် past ချပေးပါ။

Screenshot_2018-05-09-00-53-02-077_com.socialnmobile.dictapps.notepad.color.note.png

ပုံပါအတိုင်း ရပြီဆိုလျှင် မူရင်း link crd ပေးခြင်း အောင်မြင်ပါပြီ။

Screenshot_2018-05-08-16-36-49-996_com.yandex.browser.png

copy right အလေးထားသော steemit တွင် အားလုံး အခြားသူပုံများအား crd မှန်မှန်ကန်ကန်ပေး၍ သုံးတတ်ကြပါစေ။ အခက်ခဲ တစ်စုံတရာ ရှိပါက မေးမြန်းနိုင်ပါသည်။ pro နောက်တစ်ပတ်တွင်လည်း မှန်ကန်သော crd ပေးနည်း ပေးထားသော ပုံများသာ မြင်လိုပါကြောင်း ဆန္ဒပြုလျက် နိဂုံးချုပ်လိုက်ပါသည်။ myanmar steemit တွင် ပုံ crd မပေးတတ်သောသူများ မှန်ကန်စွာ crd ပေးခြင်းဖြင့် အောင်မြင်ကြစေလိုသည်။ဘေးနားထိုင်၍ သင်ပေးသကဲ့သို့ ရေးထားပေးခြင်း ဖြစ်ပါသည်။

received_1812282122405096.gif
Author @kyi
MSC 050

Sort:  

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60870.66
ETH 2917.09
USDT 1.00
SBD 3.62