Learning from a story

in #myanmar6 years ago (edited)

အလုပ်​​လေးပါးတုန်း internetဖွင့်​ပြီး ​facebook​​ပေါ်ဟိုကြည့်​ဒီကြည့်​ ကြည့်​​နေမိသည်​။မထင်​မှတ်​ပဲ ပုံပြင်​​လေးတစ်​ပုဒ်​​တွေ့လိုက်​မိသည်​။မူလတန်းတုန်းက သင်​ရတဲ့ ''မပုကြွယ်​နှင့်​ခရုငယ်​'' ဆို​သော ပုံပြင်​​လေးတစ်​ပုဒ်​။
IMG_20180610_091134-01-01.jpeg
ပျင်းပျင်းရှိတာနဲ့ ပုံပြင်​​လေးကိုဆုံး​အောင်​ဖတ်​​နေမိသည်​။ စ ဆုံး ဖတ်​ပြီးသွားသည့်​အခါ ကျွန်​​တော့်​ ဦး​နှောက်​ထဲ စဉ်းစားစရာ​တွေအပြည့်​ကျန်​​နေခဲ့သည်​။ စာညံ့လှပါသည်​ဆိုသည့်​ မပုကြွယ်​​လေး တစ်​​ရွေ့​ရွေ့နှင့်​ တိုင်​ထိပ်​ကိုဖြည်းဖြည်းချင်းတက်​​နေသည့်​ ခရု​လေးကိုကြည့်​ကာ ငါလဲတစ်​​နေ့ကိုနဲနဲချင်းကျက်​ရင်​ ရမှာပဲဆိုသည့်​​ကောင်းတဲ့ဘက်​က ​တွေးယူပြီး ကြိုးစားလိုက်​တာ အတန်းထဲမှာစာ​တော်​တဲ့က​လေးတစ်​​ယောက်​ ဖြစ်​လာတယ်​။
ဒီ​နေရာမှာ တစ်​ချက်​စဉ်းစားမိတာက 'အ​တွေး​' ​ပေါ့​နော်​။ အ​တွေးက ​ယေဘုယျအားဖြင့်​ နှစ်​မျိုးရှိတာကို။ ​ကောင်းတဲ့ဘက်​က​တွေးတဲ့အ​တွေးနဲ့ ဆိုးတဲ့ဘက်​က​တွေးတဲ့ အ​တွေး ။ မပုကြွယ်​​လေးက ​ကောင်းတဲ့ဘက်​က​တွေးမိလို့သာ စာ​တော်​တဲ့က​လေးတစ်​​ယောက်​ဖြစ်​လာတာ။ အဲ့လိုမဟုတ်​ပဲ သူကဆိုးတဲ့ဘက်​​တွေးလိုက်​မယ်​ဆိုရင်​ 'ဟာ ဒီခရု​လေးက ​နှေးလိုက်​တာ ဘယ်​လိုလုပ်​တိုင်​ထိပ်​​ရောက်​​တော့မှာလဲ ငါလဲ ဒီခရု​လေးလိုလဲ ​လေးလံ​နှေး​ကွေး ဥာဏ်​ထိုင်းလို့သာ အတန်းထဲမှာစာညံ့​နေတာ အဲ့​လောက်​ထိုင်း​နေမှ​တော့ ကျက်​လဲရမှာမဟုတ်​ဘူး ကျက်​မ​နေ​တော့ပါဘူး ' ဆိုတဲ့ ဆိုးတဲ့ဘက်​ကသာ ​တွေးခဲ့ရင်​ သူဟာ စာ​တော်​တဲ့​ကျောင်းသူက​လေးဖြစ်​လာစရာအ​ကောင်းမရှိဘူး။
အဲ့လိုပဲဗျ ခဗျားတို့ ကျွန်​​တော်​တို့​နေထိုင်​တဲ့ လူ့ပတ်​ဝန်းကျင်​အသိုင်းအဝိုင်းမှာလဲ အ​ကောင်းနဲ့အဆိုးက အမြဲဒွန်​တွဲ​နေတာပဲ။ကောင်းတာ​တွေရှိသလို ဆိုးတာ​တွေရှိမယ်​။ အဲ့​တော့ ကျွန်​​တော်​တို့က ကိစ္စရပ်​တစ်​ခုအ​ပေါ်မှာအ​ကောင်းဘက်​ကဖြည့်​​တွေးတတ်​ဖို့လိုတယ်​။ ဒါမှသာ လူသားဆန်​တဲ့လူ​တွေဖြစ်​လိမ့်​မယ်​။အဲ့လိုမဟုတ်​ပဲ အဆိုးဘက်​ကချည်း​တွေး​နေမယ်​ဆိုရင်​ လူ့ပတ်​ဝန်းကျင်​အသိုင်းဝိုင်းဟာ အနိဌာရုံ​တွေနဲ့ပြည့်​​နေမှာ​ပေါ့။အဲ့​တော့ ဒီပုံပြင်​​လေးဖတ်​ပြီး ပထမတစ်​ချက်​ သင်​ခန်းစာရလိုက်​တာက ကိစ္စရပ်​တစ်​ခုဖြစ်​ပျက်​လာတဲ့အခါ အ​ကောင်းဘက်​က ဖြည့်​​တွေးတတ်​ရမယ်​ဆိုတာပါပဲ။

နောက်​တစ်​ချက်​က ပုံပြင်​​လေးဖတ်ပြီးကိုယ့်ကိုကိုယ်ပြန် သုံးသပ်မိတယ်။အသက်​က လူလတ်​ပိုင်းအရွယ်​​ရောက်​လာ​ပေမဲ့ဘာတစ်​ခုမှ ဖြစ်​ဖြစ်​​မြောက်​​မြောက်​မရှိ​သေးဘူး။ ​ဘာ​အောင်​မြင်​မှုတစ်​ခုမှ လက်​ဆုပ်​လက်​ကိုင်​မပြနိုင်​​သေးဘူး။အ​​ပေါင်းအသင်းသူငယ်ချင်း​​တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကိုယ့်​ကိုကိုယ်​သိမ်​ငယ်​မိသည်​။သို့​သော်​ ''မပုကြွယ်​နှင့်​ခရုငယ်​''ဆို​သော ပုံပြင်​​လေးကို ဖတ်​မိတဲ့အခါ အား​တွေတက်​လာမိသည်​။ယုံကြည်​မှု​တွေအသစ်​တစ်​ဖန်​ ပြန်​ရှိလာသည်​။ ယခုအချိန်​ကပြန်​စလျှင်​ မှီ​သေးသည်​။ မပုကြွယ်​​လေးလို မပျင်းမရိကြိုးစားလျှင်​ လူလတ်​ပိုင်းအရွယ်​မကုန်​ခင်​ ​အောင်​မြင်​မှုတစ်​ခုရနိုင်​​သေးသည်​။ယ​နေ့​ခေတ်​သည်​ နည်းပညာ​ခေတ်​ဖြစ်​သည်​။ပညာ​ရေး​ခေတ်​ဖြစ်​သည်​။ကမ္ဘာကြီးသည်​ အလွှာ​ပေါင်းစုံမှ လျှင်​မြန်​စွာတိုးတက်​လျှက်​ရှိသည်​။ကျွန်ုပ်​တို့သည်​ တိုးတက်​​နေသည့်​နည်းပညာ​တွေ ​ခေတ်​​ရေစီး​ကြောင်း​တွေကို အ​မောတ​ကောမှီ​အောင်​လိုက်​​နေရသည်​။နေ့စဉ်​​နေ့တိုင်း သင်​ယူစရာ​တွေများပြားလွန်းလှသည်​။သင်​ယူ​လေ့လာချင်​သည့်​ ပညာရပ်​တစ်​ခုကို ဖုန်းတစ်​လုံးနှင့်​ ထိုင်​ရာကမထ အိမ်​မှာ​နေရင်းသင်​ယူလို့ရ​နေပြီ။ အံသြထူးဆန်းလွန်းလှ၏။ ထို့​ကြောင့်​ ကျွန်ုပ်​တို့သည်​ ကိုယ်​ဝါသနာပါ​သော ကိုယ်​​လေ့လာသင်​ယူချင်​​သောပညာရပ်​တစ်​ခုကို ဖြည်းဖြည်းမှန်​မှန်​ ကြိုးစားသင်​ယူလျှင်​ တစ်​​နေ့​နေ့မှာ ရည်​ရွယ်​ချက်​ပန်းတိုင်​သို့ မလွဲမ​သွေ​ရောက်​ကို​ရောက်​ရဖြစ်​သည်​။

ဤသည်မှာ ​ပုံပြင်​​လေးတစ်​ပုဒ်​မှ ဆွဲထုတ်​သွား​သော ကျွန်ုပ်​၏အ​တွေးအမျှင်​အပိုင်းအစ​လေးများသာဖြစ်​​တော့သည်​။ကျွန်ုပ်​တစ်​ဦးထဲ၏ အ​တွေးအမြင်​သက်​သက်​သာ ဖြစ်​ပါသည်​။လွတ်​လပ်​စွာ သ​ဘောထားကွဲလွဲ​တော်​မူကြပါကုန်​။ ![IMG_20180610_091134-01.jpeg](https://cdn.steemitimages.com/DQma4KsBJNzbMac81putSWLRPVs5XcazCD1m2XDPF6qvJdS/IMG_20180610_091134-01.jpeg)![KKKK.jpg
Sort:  

မှန်ပါသည်

ဟုတ်​ကဲ့ ခုမှsteemitစသုံးတာဆို​တော့ အမှားပါရင်​နားလည်​​ပေးပါဗျ

ကြိုးစားလျှင်ပန်းတိုင်အမြဲရှိမှာပါ

ဟုတ်​ကဲ့​ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61757.83
ETH 2905.75
USDT 1.00
SBD 3.62