ဗိုက်

in #myanmar6 years ago

FB_IMG_1509591737205.jpgphoto credit by facebook
ပျော်စရာတွေယူဆောင်ပေးတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကိုရောက်လာခဲ့ချိန်မှာ အရာရာဟာနွေးထွေးနေခဲ့ပေါ့။သူ့အတွက်အစစအရာရာအဆင်ပြေအောင် ကြိုးစားခဲ့ရတဲ့အချိန်တွေမှာ ကိုယ့်စိတ်တွေလှုပ်ရှားနေခဲ့မိတယ်။ဘဝမှာပထမဦးဆုံး ကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေများလာမှာကိုတော့ ကိုယ်ကြိုတင်ရင်ခုန်မိနေတယ်။

ကိုယ်ငယ်ငယ်ကတည်းကနေ အရွယ်ရောက်လို့အိမ်ထောင်ပြုခဲ့တဲ့အချိန်အထိ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တာဆိုလို့ အိပ်တာ စားတာနဲ့ ခရီးတွေသွားတာပဲရှိခဲ့တာမို့ ကိုယ်အိမ်ထောင်ပြုတော့မယ်ဆိုတော့ ကိုယ့်အဖေကစိတ်ပူနေခဲ့သေးရဲ့။ကိုယ်ရဲ့အိမ်ထောင်ဖက်က ကိုယ်နဲ့အယူအဆသိပ်မကွာသူမို့ နားလည်မှုတွေတော့ အများကြီးမယူခဲ့ရတာ ကိုယ့်အတွက်ကံကောင်းမှုတစ်ခုပေါ့။

တစ်ခါတစ်လေတော့လည်း တစ်မိဘတည်းကမွေးထားတဲ့မောင်နှမတွေတောင် စိတ်သဘောထားတွေမတိုက်ဆိုင်ကြတာရှိကြတာမို့ ကိုယ်တို့နှစ်ယောက်လည်း စိတ်ဆိုးတာစိတ်ကောက်တာတွေရှိခဲ့ကြတာပေါ့။ဒါပေမယ့်လည်း တစ်အိမ်ထဲမှာနှစ်ယောက်တည်းရှိတာမို့ သိပ်အကြာကြီးတော့ စိတ်မကောက်ဖြစ်ခဲ့ကြပါဘူး။သူလွန်သွားတာရှိရင် သူအရင်စခေါ်ပီး ကိုယ့်ဘက်ကလွန်တာရှိရင်လည်း ကိုယ်ကစခေါ်ခဲ့ရတာပေါ့လေ။

FB_IMG_1487695005721.jpgphoto credit by facebook
ဒီလိုနဲ့ ကိုယ်တို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ တစ်ခါပြည့်သွားပီးတဲ့အချိန်မှာတော့ ကိုယ်တို့ရဲ့ဘဝထဲကိုနောက်ထပ်လူသားလေးတစ်ယောက် ထပ်မံရောက်ရှိလာဖို့အတွက်အစပြုခဲ့တယ်။အဲဒီအချိန်ကစလို့ ကိုယ်တို့နှစ်ယောက်ရန်ဖြစ်ဖို့အတွက် အချိန်မရှိခဲ့ကြတော့ပါဘူး။လူ့လောကထဲရောက်မလာသေးတဲ့သူအတွက် ရောက်လာချိန်မှာအဆင်သင့်ဖြစ်အောင်ပြင်ဆင်ကြရင်း စိတ်တွေလှုပ်ရှားနေခဲ့ကြတယ်။

ကိုယ်တို့အစစအရာရာပြင်ခဲ့ကြတဲ့အထဲမှာ ပထမဦးဆုံးဘယ်အိုဂျီနဲ့အပ်ရမလဲပေါ့ ဒုတိယစဉ်းစားရတာကတော့ ဘယ်ဆေးရုံမှာမွေးရမလဲ တတိယစဉ်းစားရတာက ကလေးမွေးပီးအလုပ်ပြန်တက်ရင် ကလေးကိုဘယ်သူကကြည့်ပေးမှာလဲ အစရှိသည်ပေါ့။နောက်ပီးတော့ စဉ်းစားရတာက မီးဖွားခွင့်ကာလက ဘယ်နေ့ကနေဘယ်နေ့အထိလဲ ဆိုတာတွေပေါ့။

240595_Plum Flower.jpgphoto credit by facebook
အားလုံးစဉ်းစားပီးတော့ အဆင်ပြေအောင်စီစဉ်ပီးတဲ့အချိန်မှာတော့ ကိုယ့်ရဲ့အိမ်ဦးနတ်ကသတိပေးလာခဲ့တယ် "မင်းစာမရေးတာတော်တော်ကြာနေပီနော်"တဲ့။အဲဒီတော့မှ ကိုယ်လည်းစာရေးဖို့ကိုပြန်သတိရမိတယ်။တစ်ဖြည်းဖြည်းပိုပီးပူပူလာတဲ့ ဗိုက်တစ်လုံးနဲ့ အလုပ်ရှုပ်နေတာနဲ့ စာရေးဖို့ဘက်ကို သတိမေ့သွားခဲ့မိတယ်။စာရေးမယ်လို့စဉ်းစားလိုက်ပြန်တော့လည်း ဘာအကြောင်းတွေရေးရမလဲဆိုတာ စဉ်းစားလို့မရလို့ ကိုယ့်ဗိုက်တစ်လုံးအကြောင်းကိုပဲ ဋီကာချဲ့ပီးရေးမိခဲ့ပြန်တယ်။

အတွေ့အကြုံရှိတဲ့သူတွေကတော့ ရယ်ချင်နေမလားမသိပေမယ့် ကိုယ့်အတွက်ကတော့ ဗိုက်တစ်လုံးနဲ့ တစ်ကယ်ကိုအလုပ်ရှုပ်နေမိတာတော့အမှန်ပါပဲ။စကားမစပ် steemit က မီးဖွားခွင့်ဘယ်လောက်ပေးလဲ သိချင်မိပါရဲ့။

@leeshang
MSC 230

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

မေ​မေဖြစ်​​တော့မယ်​ဆို​တော့​ပျော်​စရာ​ပေါ့....

Posted using Partiko Android

ဟုတ်ကဲ့

ဗိုက် ဗိုက် ဗိုက်

အာ့လို အာ့လို

အဆင်​​ပြေပါ​စေဗျာ

Posted using Partiko Android

ဆုတောင်းပေးတဲ့အတိုင်းဖြစ်ချင်ပါတယ်

အိမ်ရဲ ဆည်းလယ်လေးပေါ့ကွယ်

Posted using Partiko Android

ပြောကြတာပဲလေ

နာ့အ​မေ ဗိုက်​ကြီးတုန်းက မဗိုက်​လို့​ခေါ်ကြတာ နံမယ်​ကိုမ​ခေါ်ကြတာသတိယတယ်

ဟုတ်တယ် ခုလည်း နာမည်ပျောက်တော့မယ်

ယောင်္ကျားဖောင်းစီး မိန်းမမီးနေတဲ့ ဂရုစိုက်ဦးနော် sis.

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

ဟုတ်ကဲ့ ကျေးဇူးပါ

ဟားး!မီးဖွားခွင့်‌ ဘယ်‌‌လောက်‌လိုချင်‌လဲေ ပြာကြည့်‌၊မဗိုက်‌‌ရေ နီးပြီးမလား။ကျန်းမာပါ‌စေ ညီမ။

တစ်နှစ်လောက်လိုချင်မိပါရဲ့

ဂုဏ်ယူစရာမိခင်များပါဗျာ။

ဂုဏ်ယူစရာသားသမီးလေးများလည်း လိုချင်မိပါရဲ့

ဝမ်းသာပါတယ် ညီမရေ ခုလို စာပြန်ရေးတာမြင်ရလို့လဲ ဝမ်းသာတယ် ကလေးလေးကြီးလါရင် ပြလို့ရမယ်လေ ညီမ ကလေးတွက် ခံစားချက်တွေ များများရေးပါလို့😁

Posted using Partiko Android

ဟုတ်ကဲ့ ကြိုးစားပါ့မယ်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63096.55
ETH 3032.40
USDT 1.00
SBD 3.69