ပေါင်းဖို့ကံ

in #myanmar6 years ago


photo credit by facebook
မိသားစုတစ်ခုတည်းက လူနှစ်ယောက်မှာ အဖြစ်အပျက်တစ်ခုကလာတူနေတတ်တယ်။အဲဒီလိုအဖြစ်အပျက်ကို တစ်ချို့တစ်ချို့သောလူတွေက ဝဋ်လည်တာလို့ပြောကြပေမယ့် ကိုယ်ကတော့ဘယ်လိုမှမသုံးသပ်တတ်ပဲ အံ့သြလို့သာနေမိတယ် ဒီလောက်ပဲတိုက်ဆိုင်ရလားကံတရားရယ်။

ကိုယ်တို့သူငယ်ချင်းတွေဘွဲ့ယူပီးလို့ အလုပ်လျှောက်ဖို့အတွက် ကြိုးစားနေချိန်မှာ သူငယ်ချင်းတစ်ယောက်က ဆိုင်းမဆင့်ဘုံမဆင့် အိမ်ထောင်ပြုတော့မယ့်အကြောင်းပြောလာတယ်။သူ့မှာ ချစ်သူရည်းစားမရှိတာ ကိုယ်တို့အသိဆုံးပဲဆိုတော့ ဘယ်သူနဲ့ယူမှာလည်းလို့ အလန့်တကြားမေးမိကြတယ်။

သူငယ်ချင်းကပြောပြတော့ သူ့အတွက်စိတ်မကောင်းဖြစ်ခဲ့မိတယ်။သူနဲ့ယူမယ့်သူက သူ့ထက်အသက်ကြီးတဲ့ ဦးလေးကြီးတစ်ယောက်ပါ။သူ့အမေထက် အသက်အနည်းငယ်သာငယ်ပီး အဲဒီဦးလေးကြီးဆီမှာ သူတို့အိမ်ကိုပေါင်ထားတယ်တဲ့လေ။ရုပ်ရှင်ထဲက ဇာတ်လမ်းတွေလိုမျိုးပါပဲ။

ဒါပေမယ့် ကိုယ့်သူငယ်ချင်းကတော့ ရုပ်ရှင်ထဲကမင်းသမီးတွေလို တစ်ငိုငိုတစ်ရယ်ရယ်မဖြစ်တော့ ကိုယ်တွေအံ့သြနေခဲ့တယ်။အဲဒီလိုနဲ့ သူငယ်ချင်းနဲ့ ဦးလေးကြီး စေ့စပ်မယ့်ရက်ရဲ့ မနက်ခင်းအစောကြီး ၄နာရီလောက်မှာ ကိုယ့်သူငယ်ချင်းက အိမ်ကထွက်ပြေးသွားခဲ့တယ်။

ဘယ်မှာမှ သူငယ်ချင်းရဲ့အကြောင်းကို စုံစမ်းလို့မရခဲ့ကြဘူး။လူကြီးတွေကတော့ ကိုယ်တို့ကသိရက်နဲ့ မပြောတာလို့ထင်နေကြတယ်။အမှန်က ကိုယ်တို့လည်း တစ်ကယ်မသိပါဘူး သူဘယ်ကိုထွက်ပြေးသွားတယ်ဆိုတာကိုပေါ့။ဒီလောက်ရိုးပီး ကြောက်တတ်တဲ့သူက ဘယ်လိုသတ္တိတွေနဲ့များ အိမ်ကထွက်ပြေးသွားတာပါလိမ့်ကွယ်။

သူငယ်ချင်းအိမ်ကထွက်သွားတာ ၁နှစ်ကျော်ကြာတဲ့အထိ သတင်းအစအနမရခဲ့ပါဘူး။ကိုယ့်သူငယ်ချင်းလည်းမရှိရော အဲ့ဒီဦးလေးကြီးက သူငယ်ချင်းရဲ့အမေနဲ့မောင်လေးကို အိမ်ပေါ်ကနှင်ချပီး အိမ်ကိုပါတစ်ခြားတစ်ယောက်ကို ရောင်းစားသွားလေရဲ့။

ကိုယ့်သူငယ်ချင်းနဲ့မပေါင်းလိုက်ရတဲ့ အဲဒီဦးလေးကြီးက နောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့ ယူတော့မယ်ဆိုပီး အသံထွက်လာတယ်။သူနဲ့ယူမယ့်အမကြီးနဲ့လည်း တွဲသွားတွဲလာလုပ်လာတယ်။အမကြီးက ကိုယ်တို့မြို့ကမဟုတ်ဘဲ တစ်ခြားမြို့ကဆိုတော့ ကိုယ်တို့မြို့ကိုအလည်ခေါ်လာတတ်တယ်။ဘယ်လိုပဲဖြစ်ဖြစ် သူလည်းသူလိုချင်တဲ့ မိန်းမရတာ့မယ်ဆိုတော့ ပျော်နေတယ်ထင်ပါတယ်။

ဒီလိုနဲ့ တစ်ဖြည်းဖြည်းအချိန်ကြာလာတဲ့အချိန်မှာ အဲဒီဦးလေးကြီးရဲ့ရည်းစား ကိုယ်တို့မြို့ကို ပါမလာတော့ပါဘူး။နောက်မှကြားတာကတော့ အဲ့ဒီဦးလေးကြီးနဲ့ သူ့ရည်းစားအမကြီးတို့ မယူဖြစ်ခဲ့ကြဘူးတဲ့လေ။တစ်ခါကနေနှစ်ခါဖြစ်လာတော့ လူကြီးတွေဆီကနေ စကားအဆန်းတွေကြားလာရတယ်။ဒီကောင်လေးက ဘယ်မိန်းမနဲ့မှ ပေါင်းဖို့ကံပါမလာဘူးထင်ပါတယ်တဲ့လေ။ကိုယ်တို့သိတဲ့နှစ်ယောက်အပြင် အဲ့ဒီဦးလေးကြီး ငယ်ငယ်တုန်းက အမကြီးတစ်ယောက်နဲ့ ကြိုက်ဘူးပီး အဲ့ဒီအမကြီးကလည်း သူ့ကိုမယူဘဲ တစ်ခြားတစ်ယောက်ကို ယူသွားတယ်တဲ့လေ။

ဒီလိုနဲ့နှစ်တွေတော်တော်ကြာလာတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်းပြန်လာခဲ့တယ်။ထွက်ပြေးရင်းနဲ့ စက်ချုပ်သင်ခဲ့ပီး ခုတော့စက်ချုပ်စားနေလေရဲ့။ကိုယ့်သူငယ်ချင်းက တည်ငြိမ်လာတဲ့အချိန်မှာ အရွယ်ရောက်လာပီဖြစ်တဲ့ သူ့မောင်လေးက တစ်စခန်းထပြန်ပါတယ်။သူတို့ရဲ့ အိမ်နီးချင်းကောင်မလေးတစ်ယောက်နဲ့ကြိုက်ပီး မိန်းမတောင်းပေးပါဖြစ်ပါလေရော။

ခက်တာကသူကသာတောင်းခိုင်းတာ ကောင်မလေးဘက်ကသူနဲ့ သဘောမတူကြပါဘူး။ဒါနဲ့နောက်ဆုံးတော့ သူငယ်ချင်းရဲ့မောင်လေးက ကောင်မလေးကို မ သွားပါလေရော။အဲဒီနေ့ မိုးမချုပ်ခင်ပဲ ကောင်မလေးအိမ်ကသိသွားပီး ပြန်လာခဲ့ပါ ပေးစားပါမယ် ဆိုပီးဖုန်းတွေဆက်ခဲ့ကြတယ်။ကောင်လေးကလည်းယုံပီးတော့ ကောင်မလေးကိုခေါ်ပီးပြန်လာခဲ့တယ်။

ကောင်မလေးပြန်ရောက်တာနဲ့ ကောင်မလေးအိမ်ကကောင်လေးနဲ့ခွဲလိုက်ပါတယ်။သူတို့သမီးကိုနည်းမျိုးစုံနဲ့ ဖြောင်းဖျခဲ့ကြတယ်။မိန်းကလေးဆိုတော့လည်း မိဘစကားမှာ ပြန်ပီးစိတ်ပြောင်းသွားတယ် ကောင်လေးနဲ့အဆက်ဖြတ်ခဲ့ပါတယ်။ကောင်လေးအသည်းကွဲပေါ့။

မိဘတွေကိုမလွန်ဆန်နိုင်လို့ ခွဲခဲ့ရတဲ့နှစ်ယောက်ကတော့ နှစ်လအကြာမှာ ဒုတိယအကြိမ်ခိုးပြေးပြန်ပါတယ်။သိတဲ့သူတွေကလည်း ဒီတစ်ခါတော့ ကောင်မလေးမိဘတွေကိုပြောမပြကြတော့ပါဘူး။

ဒါပေမယ့်လည်း မနက်မိုးလင်းတဲ့အချိန်မှာ ကောင်လေးကိုသူ့အိမ်မှာပတ်တီးအဖွေးသားနဲ့ တွေ့လိုက်ရပါတယ်။ကောင်မလေးရော လို့ မေးမိတော့ ခိုးပြေးတဲ့ညမှာပဲ ဆိုင်ကယ်မှောက်လို့ ကောင်မလေးလည်းသူ့အိမ်ပြန်ရောက်သွားပီတဲ့လေ။နောက်ပီးတော့ မျက်ရည်လေးတစမ်းစမ်းနဲ့ပြောသေးတယ် ကျွန်တော်တို့ ပေါင်းရမယ့်ကံ မပါဘူးလားမသိပါဘူးတဲ့လေ။

@leeshang
MSC-230

Sort:  

You got a 10.78% upvote from @mitsuko courtesy of @leeshang! .

Join our team and delegate your SP to earn passive income.
Get part of 90% @mitsuko profit based on your delegated SP
Delegate 10 SP
Delegate 100 SP
Delegate 200 SP
Delegate 300 SP
Delegate 500 SP
Delegate 1000 SP

or custom delegation SP

You got a 21.53% upvote from @th3voter thanks to: @leeshang!


kitten fighting :)
Image Source cloudinary.com


This post has upvoted from @th3voter !For more information, click here!

You can earn daily profit by delegating SP to our bot, 98% of earnings paid out to delegators. To do so, click below:
30SP, 50SP, 100SP, 250SP, 500SP, 1000SP, 5000SP, 10000SP,
Custom Amount
Make sure you have at least 15 SP left on your account.

မှန်​ပါတယ်​ ဒါမယ့်​ ကံဆိုတာ အလုပ်​က 80%​လောက်​ထိ လက်​ခံထားတယ်

You got a 3.08% upvote from @minnowvotes courtesy of @leeshang!

ကံတရား​ပေါ့

ကံမပါလာရင် အဲဒီလိုပဲ

You got a 21.47% upvote from @peace-bot courtesy of @leeshang!

Help spread the peace. Want to promote your posts too? Send a minimum of .02 SBD or STEEM to @peace-bot with link in the memo for an upvote on your post. You can also delegate to the bot for daily passive earnings. If you would like to delegate to the Peace Bot you can do so by clicking on the following links:
50SP 100SP 250SP 500SP 1000SP 5000SP

Learn more!

You got a 6.25% upvote from @cabbage-dealer courtesy of @leeshang!
100% of earnings are paid out to delegators daily! Delegate today!

Loading...

This post has received a 5.17% upvote from @lovejuice thanks to @leeshang. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

ကံတရားကလို့ပဲပြောရမှာပေါ့လေ

အေးလေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63815.31
ETH 3124.40
USDT 1.00
SBD 3.99