ဖိအား

in #myanmar6 years ago

IMG20171203152848.jpgလူတော်တော်များများက ဖိအားဆိုရင်ဘယ်လိုဖိအားမျိုးကိုမဆို ကြောက်လေ့ရှိကြတယ်။ဝန်ထမ်းဆိုရင်လည်း အထက်လူကြီးရဲ့ဖိအား သားသမီးဆိုလည်း မိဘရဲ့ဖိအား ကျောင်းသားဆိုရင်ဆရာ ဆရာမတွေရဲ့ဖိအား အလုပ်သမားဆိုရင်လည်း အလုပ်ရှင်ရဲ့ဖိအား အစသဖြင့်ပေါ့။

ကိုယ်လေ့လာကြည့်မိသလောက် ဖိအားဒါဏ်ကိုခံရတဲ့ လူတော်တော်များများဟာ နောက်ဆုံးမှာအောင်မြင်တဲ့သူထက် ဘဝကိုအရှုံးပေးသွားတဲ့များပါတယ်။ပင်ကိုယ်အသိရှိတဲ့လူတွေက ဖိအားပေးစရာမလိုအောင်ဘယ်လိုအလုပ်မျိုးကိုမဆို ကြိုးကြိုးစာစားလုပ်ဆောင်လေ့ရှိကြပါတယ်။အဲဒီလိုလူတွေကို အတိုင်းထက်အလွန်းဖိအားပေးလာရင်တော့ ရလဒ်ကတစ်မျိုးဖြစ်သွားတတ်ပါတယ်။

ကိုယ့်အသိဆရာဝန်လင်မယားနှစ်ယောက်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ကလေးကဥာဏ်ကောင်းပီး လိမ္မာရေးချာလည်းရှိသူပါ။ခက်တာကဆရာဝန်လင်မယားပါ သူတို့ရဲ့ရည်မှန်းချက်က သူတို့ရဲ့ကလေးကို ဆရာဝန်ဖြစ်စေချင်တာပါ။ကလေးရဲ့ဥာဏ်ရည်နဲ့ ကြိုးစားမှုကလည်း ဖြစ်နိုင်ခြေရှိပါတယိ။

IMG_20180418_215534.jpg
photo credit by facebook
ကလေးကပင်ကိုယ်အသိရှိတဲ့ကလေးမို့ သူလျှောက်ရမယ့်လမ်းကို တည့်တည့်လျှောက်နိုင်ပေမယ့် ဆရာဝန်လင်မယားရဲ့လိုတာထက်ပိုတဲ့ဖိအားကြောင့် စာသင်နှစ်တစ်ဝက်လောက်မှာ ကလေးကစိတ်ဖိစီးမှုများလာခဲ့ပါတယ်။တစ်နေ့ ကိုယ်သူတို့အိမ်ကိုရောက်တဲ့အချိန်မှာ ကလေးရဲ့ဖြူဖွေးနေတဲ့လက်ကလေးတွေမှာ အနာလေးတွေအများကြီးတွေ့လို့ ညီမလေးဘာဖြစ်တာလဲလို့မေးကြည့်မိတယ် အမြဲတမ်းသွက်လက်နေတဲ့ကလေးမလေးက ဘာမှပြန်မဖြေဘဲ ကိုယ့်ကိုပြုံးရုံသာပြန်ပြုံးပြပါတယ်။

နောက်မှသူတို့အိမ်က အဒေါ်ကြီးပြောပြတာက ကလေးကအခုတစ်လောစိတ်မကြည်လင်ဘူးနဲ့တူတယ်တဲ့။ပြောရဆိုရတာအရင်လိုမဟုတ်ဘူးတဲ့လေ။လက်ကအနာတွေကလည်း ခြင်ကိုက်တယ်ဆိုပီးကုတ်ထားတာတဲ့ တစ်ကယ်ဆိုရင် ဒီအိမ်မှာခြင်မှမရှိတာလေလို့ အဒေါ်ကြီးပြောတဲ့အချိန်မှာ ကလေးအတွက်ကိုယ်စိတ်မကောင်းဖြစ်မိတယ်။ဒီအတိုင်းဆိုရင်တော့ ကလေးအတွက်အခြေအနေမကောင်းဘူးလို့ တွေးလိုက်မိပေမယ့် ဆရာဝန်ဖြစ်ဖို့အိမ်မက်ထဲမှာတောင် မဖြစ်နိုင်တဲ့ကိုယ်က ဆရာဝန်လင်မယားကိုဘယ်လို အကြံပေးနိုင်ပါ့မလဲ။

FB_IMG_1526627358066.jpgphoto credit by facebook
နောက်တော့ ကိုယ်မမြင်ချင်တဲ့အရာတွေမြင်ရမှာစိုးလို့ သူတို့အိမ်ဖက်ကို မသွားဖြစ်တော့ပါဘူး။ဆယ်တန်းစာမေးပွဲတွေ ဖြေတဲ့အချိန်မှာတော့ စိတ်မကောင်းစရာသတင်းက ကိုယ့်ဆီကိုတန်းတန်းမတ်မတ်ရောက်လာခဲ့ပါတယ်။ဆရာဝန်လင်မယားရဲ့သမီးလေး စာမေးပွဲဖြေလို့သုံးရက်မြောက်နေ့မှာ စာမေးပွဲခန်းထဲမှာမေ့လဲသွားပါသတဲ့။

သူမရဲ့တန်ဖိုးရှိတဲ့အချိန်တွေ တစ်ခဏလေး ပျက်ဆီးသွားခဲ့ရတာကို နှမြောမိတယ်။ကလေးအတွက် စိတ်မကောင်းလည်းဖြစ်ခဲ့မိတယ်။မိဘတွေရဲ့စေတနာက တစ်ခါတစ်လေမှာ သားသမီးအတွက် ဘေးထွက်ဆိုးကျိုးဖြစ်တတ်တယ်ဆိုတာ ကိုယ်ခေါင်းထဲကိုနည်းနည်းရောက်သွားတယ်။ဘယ်အရာမဆို လိုတာထက်ပိုပီးဖိအားပေးလိုက်ရင် အဆိုးဘက်ကိုရောက်သွားတတ်တာကို သတိပြုမိဖို့လိုတာကိုလည်း သိလိုက်ရတယ်ပေါ့လေ။

@leeshang
MSC -230

Sort:  

သတိထားစရာပဲနော်

ဆင်ခြင်သင့်တယ်

Pressure ​ပေါ့:-)

ဖိအားတွေ ဖိအားတွေ

အလုပ်တစ်ခုက ဘယ်သူ့ဖိအားမှမပါပဲ ကိုယ့်အသိစိတ်နဲ့ လုပ်မှ အောင်မြင်မှုပိုမြန်တာ။ကျွန်တော်ဆိုရင် ကိုယ်စိတ်နဲ့ ကိုယ်လုပ်တဲ့အခါမှာ အာ့ကို သူများ ဖိအားလာပေးရင် အဲ့အလုပ်ကိုဆက်မလုပ်ခြင်တော့ဘူး

အင်း ဟုတ်တယ်

သတိထားစရာပါ

ဟုတ်တယ်

တခါတခါမိဘ​တွေရဲ့ဖြစ်​ချင်​စိတ်​​​ကြောင့်​က​လေး​တွေဘဝနစ်​မွန်းရပါတယ်​ရှင်

စေတနာအမှားတွေလည်းဖြစ်တတ်လို့ပါ

တခါတခါ မိဘတွေကအတ္တကြီးတာပေါ့ဗျာ

စေတနာက ဝေဒနာဖြစ်သွားတတ်တာတွေ

ဖိအားက လိုတဲ့အခါလည်းရှိပါတယ် ၊ လိုတာထက်ပိုရင်သာမကောင်းတာ

ပုံမှန်ထက်လွန်တာတော့ ဘာမှမကောင်းဘူးထင်တယ်

This post has received a 23.81 % upvote from @voterunner thanks to: @leeshang. BIG NEWS: Build your passive income with daily payouts from @voterunner! Read more about earning SBD with me. Daily. The easy way!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60625.76
ETH 2898.84
USDT 1.00
SBD 3.62