ဥယာဉ်မှူး

in #myanmar6 years ago


photo credit by facebook
အလုပ်ကပြန်ရောက်တာနဲ့ ခဏတဖြုတ်နားပီး ပန်းပင်လေးတွေဆီကိုရောက်ဖြစ်တယ်။ပန်းပင်ကလေးတွေကိုရေလောင်းပေါင်းသင်ရင်း အမောဖြေမိတယ်။အဲဒီအချိန်ခဏလေးက ကိုယ်ရဲ့တစ်နေ့တာပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးနိုင်တယ်မဟုတ်လား။

ပန်းကြိုက်တတ်တဲ့ကိုယ့်အတွက် အသိမိတ်ဆွေတော်တော်များများက ပန်းမျိုးလှလှလေးတွေမြင်ရင် သတိတရနဲ့ ဝယ်လာပေးတတ်တယ်။ပန်းချင်တူရင်တောင် ကိုယ်စိုက်တဲ့ပန်းကပိုလှသတဲ့လေ။ဒီလိုနဲ့ပဲ အသိမိတ်ဆွေတွေရဲ့ ချီးကျူးမြှောက်ပင့်ပေးမှုနဲ့ ကိုယ်လည်းကြိုးစားပီးစိုက်လိုက်တာ ကိုယ်ခြံထဲမှာ ပန်းပင်တွေအပြည့်ပေါ့။


photo credit by facebook
ပန်းပင်တွေကိုချစ်တဲ့ကိုယ်က ပန်းပွင့်တွေကိုခူးတာကိုတော့ မကြိုက်ပါဘူး။ပန်းပွင့်ဆိုတာ အပင်မှာနေရင်အကြာကြီးလှလှပပရှိနေမှာဖြစ်ပီး ကိုယ့်အတ္တနဲ့ ကိုယ်ခဏတစ်ဖြုတ်လှပဖို့အတွက် ခူးပီးပန်လိုက်မယ်ဆိုရင် တစ်နေ့တည်းနဲ့နွမ်းသွားမှာပါ။ဒါကြောင့်ကိုယ့်ပန်းပွင့်တွေကို ဘယ်သူ့ကိုမှ မခူးစေချင်ဘူးလေ။


photo credit by facebook
ကိုယ့်အမေကတော့ ပန်းဆိုတာအပင်မှာပဲနေရရင် သူ့တန်ဖိုးကို သူသိမှာမဟုတ်ဘူးတဲ့လေ။ဘုရားကိုလှူရင် ကိုယ်လည်းကုသိုလ်ရမယ် ပန်းပွင့်ကလေးအတွက်လည်း တန်ဖိုးရှိမယ်တဲ့။နောက်ပီးပွဲလမ်းသဘင်တွေကို ပန်သွားမှသူ့တန်ဖိုးက မြင့်တက်မှာပေါ့တဲ့။အပင်ပေါ်မှာပဲနေပီး နွမ်းသွားရင် ပန်းပွင့်ကလေးက သူ့ရဲ့လှပမှုတွေအတွက် ဘယ်လိုလုပ်ဂုဏ်ယူရမှာလဲတဲ့လေ။

ဒီလိုအခြေအတင်တွေဖြစ်တိုင်း ကိုယ့်ပဲအမြဲရှုံးခဲ့တယ်။ဘာကြောင့်လည်းဆိုတော့ အဲဒီစကားတွေပြောဖို့ ခြံထဲကိုဆင်းလာတိုင်း ကိုယ့်အမေရဲ့လက်ထဲမှာ ကတ်ကြေးတစ်ချောင်းပါလာခဲ့လို့ပါဘဲ။ဘုရားတင်ဖို့အတွက်ဆိုတော့လည်း ကိုယ်ဘယ်လိုတားရမလဲနော်။

ကိုယ့်အဖေကတော့ အမေနဲ့ကိုယ်နဲ့စကားနိုင်လုတိုင်း လူဆိုတာကိုယ့်အတွေးနဲ့ကိုယ် ရှင်သန်နေတာဆိုပီးပြောတတ်တယ်။ကိုယ့်အတွေးလည်းမမှားသလို အမေပြောတာလည်းမမှားဘူးဆိုပီး ကြားနေဝါဒစကားတွေ ပြောတတ်ပေယ့် စကားဆုံးရင်တော့ ကိုယ်ခူးချင်တယ်ဆိုရင် ကိုယ့်ဘာသာစိုက်ပါလားဆိုပီး ကိုယ့်ဘက်ကလိုက်ပီး အမေ့ကိုပြောတတ်တယ်။

ကိုယ့်အဖေဆက်ပြောတဲ့စကားကတော့ လူဆိုတာ ပန်းပင်တွေလိုပဲသီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရတယ်တဲ့လေ။ပန်းတွေကိုပျိုးထောင်ရတာ ပျော်တယ်ဆိုရင် ကိုယ့်သွေးသားကိုပျိုးထောင်ရတာ ပိုပီးတော့ပျော်စရာကောင်းတယ်ဆိုပဲ။ဒီစကားကတော့ အသက် ၃၀ ကျော်တဲ့အထိ မစွံသေးတဲ့ကိုယ့်ကို ဖြတ်ရိုက်လိုက်တာထက်တောင် နာသေးရဲ့။

ဒါပေမယ့်လည်း ဟန်ကိုယ့်ဖို့ဆိုတဲ့ စကားကလည်းရှိနေတော့ ပန်းပင်လေးတွေစိုက်ပျိုးရင်းပဲ အေးအေးချမ်းချမ်းနေပါတော့မယ်။အပူတွေမရှာချင်ပါဘူးဆိုပီး ကိုယ့်အဖေနဲ့ဝေးရာဆီသို့ ရှောင်ထွက်ခဲ့ပါတော့တယ်။

@leeshang
MSC-230

Sort:  

ပန်း​ဆိုတာ အပင်​နဲ့သာ အတူရှိသင့်​ပါတယ်​။

လူမျိုးလိုက်အယူအဆမတူကြတာရှိတယ်၊ ဂျပန်လူမျိုးတွေကပန်းကိုအပင်မှာပဲလှစေချင်တာ

ဂျပန်ပဲပြောင်းနေတော့မယ်

ကဲ အခုတော့ ဘယ်လိုလဲ။

ဒီလိုပါဘဲ

ပန်းကြိုက်တဲ့ ကောင်မလေးတွေ ဘယ်ပျောက်နေပါလိမ့် ။

ပန်းပင်ရေလောင်းနေမှာပေါ့

ဒီအတိုင်းပဲ ​ကောငိးပါတယ်

အဲ့လိုပဲပြောရတော့မှာပေါ့

အပူမရှာတာကောင်းပါတယ်။ အပျိုရီးသာလုပ်တော့။ဟီးးး

အပြိုရီးပါ

အာ့နဲ့ အပျိုးကြီးလုပ်တော့မယ်ဆိုပါတော့

အပြိုရီးဖြစ်နေပီ

ပန်းနဲ့ အပျိုကြီးနဲ့မလိုက်ဘူးဗျ ဟီး...

အေးလေ အေးလေ

ကျွန်​မလည်းပန်းဆိုအပင်​မှာပဲကြိုက်​တာ။

ရိုက်လိုက်ပါအုံး

အေးချမ်းတဲ့အပျိုကြီးဘဝပဲကောင်းပါတယ်။

ဘယ်လိုပြောရမလဲ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66274.97
ETH 3175.04
USDT 1.00
SBD 4.06