ဥယျာဉ်ခြံမြေသတ္တဝါများ၏ ထူးဆန်းသော မှော်အတတ်ပညာ (၃)

in #myanmar6 years ago

image

နောက်ထပ် ဥယျာဉ်ထဲမှာတွေ့ရတဲ့ သတ္တဝါတစ်မျိုးကတော့မပျံသန်းနိုင်တဲ့ကြောက်စရာကောင်းသော ပင့်ကူဆိုသည်သတ္တဝါပါ။ ပျားမှာ အရှေ့တွင်ပြောခဲ့သည့်လိပ်ပြာတို့လောက်ထူးခြားဆန်းပြားလှပမှုတော့မရှိပါ၊ ဒါပေမဲ့သူကလည်းဥယာဉ်ခြံမြေဘက်တွင် မဖြစ်မနေအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသော အင်းဆက်သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ပင့်ကူသည်ကျနော်တို့အတွက် သဘာဝပတ်ဝန်းကျ ဆိုင်ရာ တွင် အရေးကြီးသောသတ္တဝါအပြင်အရေးကြီးသောအခန်းကဏ္ဍတွင်လည်းအမျိုးမျိုးပါဝင်ခဲ့ပါသည်။ လိပ်ပြာများလောက်လှပသော အဆင်းသဏ္ဍာန်မရှိပေမဲ့ သူတို့တွင်လည်း သက်ဆိုင်သောအဆင်းသဏ္ဍာန်နှင့် စွမ်းရည်မှာ ရှိကြပါတယ်။ပင့်ကူများနှင့်ပတ်သတ်ပြီး ရှေးဟောင်း ဒဏ္ဍာရီများတွင် များစွာသောသမိုင်းများ၊အဖြစ်အပျက်များအပြင်၊ များစွာသော ပုံပြင်မှားလဲရှိခဲ့ပါတယ်။အိပ်ယာဝင်ပုံပြင်များတွင်လည်း ပင့်ကူများကို ထည့်သွင်းထားသော fairy tale များစွာလည်းရှိပါသည်။ထို့ကြောင့်လိပ်ပြာများ ပျားများသာမက ထိုပင့်ကူများသည်လည်းမှော်ပညာအခန်းကဏ္ဍများတွင်မဖြစ်မနေပါဝင်သော အကောင်တစ်မျိုး၊ အင်းဆက် တစ်မျိုးလဲဖြစ်လာပါတယ်။ ပင့်ကူတစ်ကောင်၏ရက်လုပ်ထားသောပင့်ကူမျှင်များ ပင့်ကူကွန်ရက်များ ပင့်ကူအိမ်များသည် အဓိပ္ပါယ်မျိုးစုံရှိပါတယ်။ ထိုသို့အဓိပ္ပါယ်များထဲတွင် အဆုံးမဲ့သောညို့ချက်များဖန်တီးနိုင်သောအရာ အဆုံးမဲ့သောအလှတရားများတည်ရှိသောနေရာသည်ထိုအားလုံးရဲ့အရင်းမြစ်လဲဖြစ်ပါတယ်။ အနောက်တိုင်းမှော်ပညာစဉ်လောကမှာ ပင့်ကူမျှင်ဖြင့်ရက်လုပ်ထားသောကြိုးများ၊အဆောင်ပစ္စည်းများ ဖြင့်လည်း သရဲတစ္ဆေများကိုတားနိုင်ခြင်း၊ လူတစ်ယောက်၏မေ့ပျောက်နေသောမှတ်ဉာဏ်များကိုပြန်လည် ဖော်ထုတ်နိုင်ခြင်း သိမ်းဆည်းထားသောမှတ်ဉာဏ်များကိုလည်းပြန်လည်ထုတ်ကြည့်ရာတွင်လည်း အသုံးပြုခြင်း စသောမှတ်ဉာဏ်နဲ့ပတ်သတ်သည့်ကိစ္စများတွင်လည်းပင့်ကူမျှင်၏ အစွမ်းသတ္တိမှာပိုမိုပေါ်လွင်လာပါသည်။

image

အမေရိကန်၊ အိန္ဒိယ လူရိုင်းနွယ်များတွင် သူတို့၏ နတ်ဘုရားမများအဖြစ် Spider Women ဟုခေါ်သောပင့်ကူနတ်ဘုရားမလည်းရှိပါတယ်။ထိုနတ်ဘုရားမ၏ အကူအညီ လမ်းညွှန်မှုများဖြင့် သူတို့မျိုးနွယ်စု၏ ဘဝ သာယာလှပရေးအတွက်လည်း ပိုမိုအထောက်အကူဖြစ်စေပါသည်။ သူတို့၏ ကိစ္စများအတွက်ကိုလည်း ထိုပင့်ကူနတ်ဘုရားမကြီးကိုပူဇော်ပသခြင်းဖြင့်အကူညီများ လမ်းညွှန်မှုများကို ရယူကြပါတယ်။ တချို့မှာ သူကို Spider Grandmother(ပင့်ကူမယ်တော်ကြီး) ဟုလည်းခေါ်ဆိုကြပါသေးသည်။ထိုပင့်ကူမယ်တော်ကြီ၏ အကူညီအထောက်အပံ့ဖြင့် ရိုးရာတစ်ခုဖြစ်လာပါတယ်။ထိုရိုးရာမှာ ကျနော်တို့ယနေ့ခေတ်အသုံးပြုနေကြသော dream cather ဟုခေါ်သောပစ္စည်းတစ်မျိုးဖြစ်လာပါတယ်။ သူမသည် မျိုးနွယ်စုများအတွက် ပထမဦးဆုံး creator(ဖန်တီးသူ) ပထမဆုံးမိခင်လဲဖြစ်ပါတယ်။

image

ပင့်ကူနဲ့ပတ်သက်ရင် မှော်အသုံးအဆောင်ပစ္စည်းထဲမှာ Dream Catcher ဆိုတဲ့ အိမ်မက်ဖမ်းအဆောင်က မရှိမဖြစ်မသိမဖြစ်သိရမဲ့အရာပါ။ ဒီ Dream Catcher ရဲ့ ဒဏ္ဍာရီသုံးခုရှိပါတယ်။ ထိုသုံးခုစလုံးဟာလည်း ပင့်ကူနှင့်ပတ်သက်နေတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

image

Dream Catcher နှင့်ဆိုင်သော ဒဏ္ဍာရီများ
Nokomis ဒဏ္ဏာရီ

Nokomis ဆိုတာ အင်ဒီးယန်းအဘွားအိုလို့
အဓိပ္ပာယ်ရပါတယ်။တစ်ရံသောအခါက အင်ဒီးယန်းမျိုးနွယ်စုတစ်ခုကိုဉီးဆောင်ရတဲ့ အဘွားကြီးတစ်ဉီးရှိတယ်။တစ်နေ့တော့အဘွားကြီးရဲ့ အိပ်ရာခေါင်းရင်းမှာပင့်ကူတစ်ကောင်ဟာ ထူးဆန်းတဲ့ငွေရောင်ပင့်ကူအိမ်ကွန်ယက်ဖွဲ့ပြီးနေသတဲ့။ ကာလတွေကြာညောင်းပြီးတစ်နေ့မှာ အဘွားကြီးရဲ့မြေးဖြစ်သူအင်ဒီးယန်းလေးဟာပင့်ကူကိုတွေ့မြင်သွားပြီးသတ်ဖို့လုပ်တယ်။အဘွားအို nokomis ကမလုပ်ဖို့တားဆီးလိုက်တယ်။မြေးဖြစ်သူက ဘာကြောင့်တားရတာလဲမေးတော့ ဘာမှမဖြေပဲပြုံးပြီးသာနေသတဲ့ကွယ်။မြေးဖြစ်သူကလဲဆက်မမေးတော့ပဲ တစ်ပါးသောအရပ်ကိုကစားဖို့ထွက်သွားတယ်။ ထိုအခါမှာ ပင့်ကူဟာ ထူးဆန်းစွာလူသား ဘာသာစကားနဲ့အဘွားအိုကိုကျေးစူးတင်စကားဆိုတာပေါ့။ အဘွားအိုကမအံ့သြပဲတကယ်ကသူမကကျေးစူးတင်ရမှာဖြစ်ကြောင်းပြောသတဲ့။ယခင်ပင့်ကူအိမ်လေး မရှိခင်က အိပ်စက်ရာမှာ အိပ်မက်ဆိုးများမက်လေ့ရှိခဲ့ကာ မျိုးနွယ်စုကိစ္စများနှင့်အကြံဉာဏ်များမထွက်နိုင်ဖြစ်ခဲ့ရတယ်။ ပင့်ကူအိမ်လေးရောက်လာပြီးနောက်မှာအရာရာကပြောင်းလဲလာခဲ့တယ်။အိပ်မက်ဆိုးတွေကကင်းဝေးခဲ့ပြီး ဉာဏ်စိတ်ကူးသစ်တွေတိုးတက်ကာ မျိုးနွယ်ကိုကောင်းစွာဉီးဆောင်နိုင်ခဲ့တယ်။
ထိုအခါပင့်ကူလေးဟာ လျှို့ဝှက်ချက်အချို့ကိုပြောပြခဲ့တယ်။သူဟာသာမာန်ပင့်ကူတစ်ကောင်မဟုတ်ကြောင်းနတ်ဘုရားရဲ့တမာန်တော်ဖြစ်ကြောင်းနဲ့သည်အဖြစ်ကိုသာဓကယူပြီးပစ္စည်းတစ်ခုဖန်တီးဖို့ပြောတယ်။ပစ္စည်းမှာငွေရောင်ပင့်ကူအိမ်ကို ပါဝင်အောင်ယှက်လုပ်အသုံးပြုဖို့ပြောပြီးထွက်ခွာသွားခဲ့တယ်။ အဘွားအိုကနောက်ပိုင်းမှာရိုးရာပစ္စည်းတွေကိုအသုံးပြုပြီး Dream Catcher ကိုဖန်တီးခဲ့ပါတယ်။

image

Lakota ဒဏ္ဏာရီ

လွန်ခဲ့တဲ့ပေါင်းများစွာက ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်း သာယာဝပြောချိန်ကာလတုန်းက Lakota လူမျိုးစုရဲ့ ဘာသာရေးခေါင်းဆောင်နတ်ဆရာတစ်ယောက်ဟာ တောင်ကုန်းပေါ်မှာ တရားမှတ်ကာလောကကြီးကိုခံစားနေခဲ့တယ်။ ထိုအချိန်မှာသူ့ရှေ့ကို ဥာဏ်ပညာကိုပိုင်စိုးတဲ့ နတ်ဘုရားတစ်ပါးဖြစ်သူ Iktomi ဟာ ကြီးမားတဲ့ပင့်ကူတစ်ကောင်အဖြစ်  ဖန်ဆင်းပြီးရောက်လာတယ်။ 
   နတ်ဆရာနဲ့ Iktomi ဟာ ( လေဘာသာစကား sound of wind)မြင့်မြတ်တဲ့ဘာသာစကားကို

အသုံးပြုပြီး အပြန်အလှန်စကားပြောကြတယ်။ လောကနိယာမအကြောင်းကိုပြောနေရင်းနဲ့ ပင့်ကူကြီးဟာ သူ့ရဲ့လက်တံတွေနဲ့ ထိုဘာသာရေးဆရာရှေ့က မိုးမခကွင်းကိုကောက်ကိုင်လိုက်တယ်။ပြီးတော့ကျန်လက်တံတွေကိုဆန့်တန်းပြီး လက်တံနဲ့ပါလာတဲ့ပစ္စည်း( မြင်းမွှေး ၊ငှက်မွှေးတောင်၊ ရိုးရာပုတီးစေ့၊ကျောက်စေ့)တွေကို
မိုးမခကွင်းမှာတပ်ဆင်ပြန်တယ်။ပြီးတော့ မိုးမခကွင်းရဲ့အလယ်တည့်တည့်မှာပင့်ကူအိမ်ကိုရက်လုပ်
တယ်။ရက်လုပ်နေစဉ်မှာ နတ်ဘုရား lktomi ကလူ့ဘ၀ဆိုတာ ကလေးငယ်ဘ၀ကနေ အရွယ်ရောက် အရွယ်ရောက်တာကနေ အိုမင်း အိုမင်းတဲ့အရွယ်မှာ ကလေးတွေကိုပြန်စောင့်ရှောက် စသဖြင့် လည်ပါတ်သံသရာလည်နေကြောင်းပြောပြတယ်။ လူ့ဘ၀ဆိုတာကောင်းခြင်းဆိုခြင်းတွေနဲ့အတူတည်ရှိနေကြောင်း မိမိဟာကောင်းခြင်းကို လက်ခံမယ်ဆိုရင် ကောင်းအောင်ကျင့်ကြံမယ်ဆိုရင် ဘ၀ဟာမှန်ကန်တဲ့လမ်းပေါ်မှာ ရောက်သွားပြီး မကောင်းတာတွေကိုလက်ခံနေရင် မကောင်းတဲ့လမ်းပေါ်ကိုရောက်သွားပြီး ပျက်ဆီး နာကျင်ရမှာဖြစ်ကြောင်း ပြောပြနေခဲ့တယ်။စကားတွေပြောပြီးသွားချိန်မှာ ပင့်ကူအိမ်ယှက်လဲယက်လုပ်လို့ပြီးသွားခဲ့တယ်။ ထို့နောက်ရက်လုပ်ထားတဲ့ပင့်ကူအိမ်မိုးမခကွင်းကို နတ်ဆရာကို ပေးလိုက်ပြီး
" ဒီကွန်ရက်ဟာ ပြည့်စုံတဲ့စက်ဝိုင်းနဲ့အလယ်မှာ
အပေါက်တစ်ခုပါတယ်။ ဒီကွန်ယက်ကိုအသုံးပြုပြီးလူတွေရဲ့ ရည်မှန်းချက်တွေပြည့်စုံစေဖို့ လုပ်ပေးပါ။
ကောင်းမွန်တဲ့စိတ်ကူးတွေ ကောင်းမွန်တဲ့ အိပ်မက်တွေ ကောင်းမွန်တဲ့ အာရုံတွေရအောင် ကူညီပေးလိုက်ပါ။ ချီးမြှောက်တတ်တဲ့ နတ်ဘုရားဝိညာဉ်တော်ကို ယုံကြည်လေးစားပြီးလေးစားစွာအသုံးပြုရင် ဒီကွန်ရက်လေးက ကောင်းမွန်တဲ့ အကြံဥာဏ်တွေကို ရရှိစေပြီး မကောင်းမွန်တဲ့အကြံဥာဏ်တွေကို တားဆီးပေးပါလိမ့်မယ် " လို့ပြောပြီး lktomis ဟာပျောက်ကွယ်သွားခဲ့တယ်။နတ်ဆရာဟာ အကြောင်းစုံကိုသူ့လူမျိုးစုကို ပြောပြခဲ့တယ်။ သူတို့လူမျိုးနွယ်စုတွေဟာ နတ်ဆရာပြညွှန်တဲ့ ဒီပစ္စည်းလေးကိုနမူနာယူပြီး ပုံစံတူတွေကိုရက်လုပ်ဖန်တီးကြတယ်။မြေးဖြစ်သူတွေအတွက် မျိုးနွယ်စုထဲကအဘွားအိုတွေကကိုယ်တိုင်ရက်လုပ်ကြတယ်။

image

ညဘက်မှာအိပ်မက်တွေဟာလေထုထဲပျံ့လွှင့်နေလေ့ရှိပြီး Dream Catcherလေးရဲ့ပင့်ကူကွန်ယက်က
မကောင်းတဲ့အိပ်မက်ဆိုးတွေကိုဖမ်းယူကပ်ငြိနေစေတယ် ကောင်းတဲ့အိပ်မက်လေးတွေကျတော့ အလည်တိုင်ကတစ်ဆင့် ငှက်မွှေးငှက်မွှေးမှတစ်ဆင့် အိပ်ပျော်နေသူရဲ့အာရုံဆီရောက်ပြီး ကောင်းမွန်တဲ့ အိပ်မက်တွေ အသိဉာဏ်တွေကိုမက်စေ ရစေတယ်လို့ယုံကြည်ကြတယ်။ပင့်ကူအိမ်မှာကပ်ငြိနေတဲ့ မကောင်းတဲ့အိပ်မက်တွေကမနက်မိုးသောက်တဲ့အခါ နေ့အာရုံဦး အလင်းရောင်ကြောင့်ပျောက်ကွယ်သွားကြတော့တယ်။

image

Ojibwe ဒဏ္ဍာရီ

           လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Ojibwe တို့ရဲ့ ရွာငယ်စုတွေအားလုံး တစ်စုတစ်တည်းထဲတည်ရှိနေခဲ့တဲ့ Turtle Island မှာ Ojibwe တို့ရဲ့တိုင်းပြည်ရှိခဲ့တယ်။  ထိုတိုင်းပြည်မှာAsibikaashi ဆိုတဲ့ ပင့်ကူမိန်းမပျို နတ်ဘုရားမတစ်ပါးရှိတယ်။သူမာဘယ်လောက်အစွမ်းထက်သလဲဆိုရင် နေရောင်ခြည်ကိုတောင်သူမရဲ့ကွန်ယက်နဲ့ ဖမ်းပြီး ညအချိန်မှာလင်းစေနိုင်သတဲ့။ တိုင်းသူပြည်သားတွေဟာမနက်တိုင်းသူမရဲ့ပင့်ကူအိမ်မျှင်တွေထဲမှာ တလက်လက်တောက်ပနေတဲ့ နေရောင်ကိုဖမ်းထားတာကို အံ့သြဖွယ်တွေ့မယ်ရတယ်။ Asibikaashi ဟာ သူမရဲ့ထိုတိုင်းပြည်ကလူတွေကို သားသမီးသဖွယ်စောင့်ရှောက်တယ်။ကာလအတန်ကြာမှာ Ojibwe လူမျိုးတွေဟာအမေရိကားတိုက်နယ်မြေတစ်လွှားကို ပြောင်းရွှေ့အခြေချကြတယ်။နယ်မြေသစ်တွေမှာသူတို့တွေဟာ ဒုက္ခမျိုးစုံတွေ့ရတဲ့အတွက် ခေါင်းဆောင်နတ်ဆရာတွေဟာ ပင့်ကူမိန်းမပျို နတ်သမီးန့ အဆက်အွယ်ရဖို့ကြိုးစားကြတယ်။တတိယမြောက်နတ်ဆရာငယ်ရဲ့လက်ထပ်မှာ နတ်ဘုရားမဟာ ဆန်းကြယ်တဲအာရုံနဲ့ ဝိညာဉ်လောကမှာအတွေ့ခံခဲ့ကာ စကားတစ်ခွန်းကိုမိန့်ကြားခဲတယ်။ မနက်ဖန်မိုးသောက်ချိန်မှညနေအချိန်အတွင်းသူမရဲ့ တမာန်တော်တွေလွှတ်ပေးလိုက်မယ်။သေချာဂရုပြုပြီး စောင့်ကြည့်ပြီး သူတို့ဆီကသင်ယူဖို့မှာလိုက်တယ်။

image

နတ်ဆရာလေးဟာမနက်လင်းကနေစောင့်နေပြီးမွန်းတည့်ချိန်လောက်မှာထူးဆန်းတာတစ်ခုတွေ့တယ်။အမျိုးအစားစုံလင်လှတဲ့ပင့်ကူတွေဟာတန်းစီပြီးတောထဲသွားနေကြသတဲ့။ နတ်ဆရာလေးလဲ ပင့်ကူတန်းနောက်ကိုလိုက်သွားလို့လမ်းဆုံးတော့ကျောက်ဂူတစ်ခုကိုရောက်သွားခဲ့တယ်။ ပင့်ကူတွေဟာ ဂူမျက်နှာတွေပေါမှာ မတူညီတဲ့ပင့်ကူအိမ် ၇ ကွက်ကိုယှက်လုပ်ပြီးအသီးသီးပြန်ထွက်သွားခဲ့တယ်။ထို ၇ ကွက်က ( ပင့်ကူအိမ်ကွက် လေးထောင့်ကွက်၊ ကြာပန်းကွက်၊ ထပ်တစ်ရာကွက် အစရှိသဖြင့် ) ထို အိမ်ယှက်ခုနစ်ကွက်ကိုနတ်ဆရာလေးဟာ ရိုးရာပိတ်စပေါကူးယူရေးဆွဲခဲ့ပြီး နတ်ဘုရားမအမိန့်အတိုင်း ထိုအိမ်ယှက်တွေကိုအသုံးပြုပြီး တန်ခိုးအာဏာကိုယ်စားပြုတဲ့ပစ္စည်းကိုဖန်တီးတယ်။ ပစ္စည်းပေါင်း ၆ သောင်းကျော်ဖန်တီးပြီးနောက်မှာ Dream Catcher ကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်။ ပင့်ကူနတ်ဘုရားမကိုကိုယ်စားပြုတဲ့မတူညီတဲ့ Dream Catcher အဆောင် စုစုပေါင်း ၇ ခုကိုဖန်တီးနိုင်ခဲ့တယ်။ ထို ၇ ခုကိုရက်လုပ်ရာမှာ ပင့်ကူနတ်ဘုရားမလက်တံ ၈ ဖက်ကိုကိုကိုယ်စားပြုတဲ့ အယှက် ၈ ခုကိုတိတိကျကျထည့်သွင်းရပါတယ်။ထိုခုနစ်မျိုးကိုအခြေခံ
ပြီး မျိုးကွဲ Dream Catcher စုစုပေါင်း ၄၀ ကျော်ထပ်မံပေါထွက်လာခဲ့သလိုအသုံးပြုပုံစွမ်းအားတွေကလဲမတူကြပါဘူး။

image

ဟိန္ဒူအယူအဆ ဟိန္ဒူ ဒဏ္ဍာရီ အရပင့်ကူသည် နတ်ဘုရားမ Maya ကို ကိုယ်စားပြုပါသည်။အံ့ဩဖွယ်ကောင်းသော တီထွင်ဖန်တီးနိုင်စွမ်းများဖြင့်ကြီးမားလျက်ရှိသည့် ထိုနတ်ဘုရားမ maya သည်လျှို့ဝှက်မှုအပေါင်းတို့၏ နတ်ဘုရားမဖြစ်ပါတယ်။ ပညာအပေါင်းတို့၏နတ်ဘုရားမဖြစ်ပါတယ်။ စိတ်အလျှင်၊ စိတ်အတွေးအပေါင်းတို့၏ နတ်ဘုရားမဖြစ်ပါတယ်။ထို့ကြောင့်အချို့သော ကိစ္စရပ်များတွင် အချို့သော ပညာရေးနှင့်ပတ်သတ်သောကိစ္စရပ်များတွင် ပင့်ကူနှင့်ပတ်သတ်သောအဆောင်များဆောင်ကြရန် ညွှန်းဆိုလေ့ ရှိကြပါတယ်။ ဒါဟာထိုပင့်ကူနှင့်ပတ်သတ်သော maya နတ်ဘုရားမကိုကိုယ်စားပြုသောအားဖြင့်ဆောင်စေခြင်းဖြစ်ပါတယ်။ ကံတရားစည်းမျဉ်းဆိုင်ရာလှည့်ပတ်မှုများအရ သူမဟာ မှော်ပညာများ နှင့်စုန်းကဝေပညာများနှင့်ပက်သတ်ဆက်နွယ်နေကြောင်းတွေ့ရှိရပါတယ်။

image

Maya နတ်ဘုရားမနှင့်ပတ်သတ်သော အစီအရင်များ ယတြာများအဆောင်များ များစွာလဲရှိပါတယ်။ ဥရောပ ဒေသတွေမှာလဲ မြောက်များစွာသောနတ်ဘုရားမများ၏ ဖွဲ့စည်းပုံစံတွေကိုလည်း ပင့်ကူမျှင်၏ကွန်ရက် ယက်လုပ်မှုပုံစံများဖြင့် ဖွဲ့စည်းထားတာကိုတွေ့ရှိရပါတယ်။ အချိုမှာ ပင့်ကူမျှင်နှင့် ပင့်ကူအိမ်ပုံစံသည်အစဉ်မပြတ် လည်ပတ်နေသောကွန်ရက် အတတ်ပညာ ကွန်ရက်မှော်ပညာနှင့် တိုက်ရိုက်ချိတ်ဆက် ဆက်သွယ် မှုရှိနေသည်ဟုယုံကြည်ထားတယ်။ အချို့သောအရာများကိုမြင်တွေ့နိုင်ခြင်းမရှိနိုင် အချို့သောကွန်ရက်များကိုမြင်တွေ့နိုင်ခြင်းမရှိသေးပါ အချို့အရာများသည် တည်ရှိမှုမှဖြစ်တည်လာသောအာများလဲဖြစ်ကြသည်။အနောက်တိုင်းမှော်ပညာလောကမှာ ပင့်ကူကွန်ရက်သဏ္ဍာန် တယောက်နှင့်တယောက်စွမ်းအင်များ ပို့ဆောင်မှုများ ပြုလုပ်မှုတွေရှိပါတယ် ထိုစွမ်းအင်များအား ပင့်ကူကွန်ရက် သဏ္ဍာန် တရွေ့ရွေ့အပြန်အလည်ပို့ဆောင်ခြင်းအားဖြင့်အလယ်တွင် ပြင်းထန်သောအားတစ်ခုကိုရယူပါတယ်။ ထိုပြင်းထန်သောအားဖြင့် သက်ဆိုင်သောအစီအရင်မျာသက်ဆိုင်သောအလုပ်များအာားးပိုမိုဖြစ်မြောက်စေဖို့အတွက်ထိုပင့်ကူမျှင်၏အားဖြင့်ရယူသုံးစွဲထားတာတွေရှိပါတယ်။ အနောက်တိုင်းနိုင်ငံများအတွက်စီးပွားရေး ကဏ္ဍများတွင်လည်း ပင့်ကူကွန်ရက်သဏ္ဍာန် လုပ်ငန်းဖွဲ့စည်းပုံများ လုပ်ငန်းစိစစ်မှုများ အဝင်အထွက်ဇယားများလဲရှိပါတယ်။ ထို့ကြောင့် ပင့်ကူကွန်ရက်သဏ္ဍာန် အချင်းအရာများသည် ကျနော်တို့၏ မှော်ပညာလောက တွင်သာမဟုတ်ပဲ အခြားစီးပွားရေးလောကများ အခြားပညာရေးလောကများတွင်လည်းအသုံးကျယ်ပြန့်ရရရှိနေပါတယ်။ ပင့်ကူသည် ကျွန်တော်တို့အား ထင်ရှားသည့် ဉာဏ်ပညာများအပေါ် ဘယ်လို ချဉ်းကပ်နိုင်မလဲဆိုတာကိုလည်း ကျွန်တော့်တို့ကို သင်ကြားပေးနိုင်ပါတယ်။

Ref :

  1. https://en.m.wikipedia.org/wiki/Dreamcatcher
  2. https://www.facebook.com/sasayakamagic/ (Sa Sa Ya Ka - မှော်ပညာ)
  3. en.m.wikipedia.org/wiki/Maya_(religion)
  4. Other Resources

Photo Credit :

  1. www.pinterest.com
  2. https://tinyurl.com/y9c24v63
  3. https://tinyurl.com/y836vtqs
  4. https://tinyurl.com/y8a4a5ge
  5. www.upload.wikimedia.org/wikipedia/commons/d/d4/Atrapasuenos.jpg

MSC - 226
@လင်းညို့တာရာ
@linnhyotaryar

Sort:  

အယ်ကို အထက်လမ်းတွေ အောက်လမ်းတွေရောတတ်လားဟင်။မိုက်ချက်ပဲ။ဖတ်လို့တော်တော်ကောင်းတာ။

ဟုတ်တယ် မိုက်တယ် အဟီး

စိတ်​ဝင်​စားဖို့ ​ကောင်းသလို ဖတ်​လို့လည်း.အရမ်း​ကောင်းပါတယ်​ဗျာ .. အား​ပေး​နေပါတယ်ဗျ ..

ကျေးဇူးပါလို့

Wow! မိုက်ချက်

ဟုတ်ပီဗျ

စိတ်ဝင်​စားချက်

ကြွေဝါးလား

စုံနေတာဘဲဗျာ

အဟီး ကျန်သေးတယ်

spider girl ဖြစ်ချင်လိုက်တာနော်

Marvel တွေပါလာပီ

ရောမ မှော်စုန်းကား တစ်ကားကြည့်ဖူးတယ် ပင့်ကူခေါင်းစွပ်ထဲ အပျိုစင်သွေးနဲ့ရောပြီး အနှိုင်းမဲ့ မှော်စွမ်းအင် ရှာဖွေတဲ့ဇာတ်ကားလေး

ဘဘုန်းဘုန်းလည်း စိတ်ဝင်စားနေပီ

အံ့သြဖွယ်​ရာ​ကောင်းသလို စိတ်​ဝင်​စားစရာလည်း​ကောင်းတယ်​ဗျ

ဟုတ်တယ်ဗျ

ထူးထူးဆန်ဆန်ရှာဖွေရေးတတ်တာ

ဟုတ်တယ်

အိမ်း..အစုံအလင်ပါပဲလား..

စုံစုံပဲ

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 61672.72
ETH 2996.85
USDT 1.00
SBD 3.78