ဒူးရင်းသီးစားပွဲတော်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အပိုင်ဖြစ်သော လောင်းကိုင်ရွာလေးသည် ယနေ့နံနက်တွင်တော့ ထူးခြားစွာစည်ကားလျှက်ရှိသည်။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်ကြားဖူးနားဝသာရှိသော ဒူးရင်းသီးပွဲတော်ဟုခေါ်တွင်သည့် သစ်သီးဆွမ်းအလှူပွဲတော်ကို ယနေ့တွင် ၄၅ကြိမ်မြောက်အဖြစ်စည်ကားသိုက်မြိုက်စွာကျင်းပနေသောကြောင့်ဖြစ်သည်။ကားထားရန်နေရာပင် အတော်ဝေးဝေး၌ရှာရသည်။
ကားအားလမ်းဘေးတစ်နေရာတွင်ပါကင်ထိုးပြီးနောက် ပွဲတော်ကျင်းပရာ လောင်းကိုင်ကျောင်းတိုက်သို့ခြေလျင်လျှောက်ခဲ့သည်။ကျွန်ုပ်တို့ကျောင်းဝင်းအတွင်းသို့ရောက်ချိန်တွင် လူအတော်ပင်စည်ကားများပြားနေချေပြီဖြစ်သည်။ထပ်မံ၍လည်း ဝင်လာမစဲ ရှိနေချေသေးသည်။ပတ်ဝန်းကျင်ပြောစကားများအရ ယခုနှစ်မှဤကဲ့သို့ များပြားလာခြင်းဖြစ်ကြောင်းသိရသည်။ဓမ္မာရုံပေါ်တွင်ကျွေးမွေးနေသည်ကိုလည်းတွေ့ရသည်။တည်ခင်းကျွေးမွေးရန်နေရာပင်မလောက်ငှသောကြောင့် အလှည့်ကျ တန်းစီစနစ်ဖြင့် ကျွေးမွေးနေရလေသည်။ကျွန်ုပ်လည်း ဟိုဟိုသည်သည်ဓာတ်ပုံရိုက်ရင်း လူအုပ်ထဲသို့တိုးဝင်လိုက်သည်။ဒူးရင်းသီးများကို ခွဲနေသူများအားလည်းတွေ့ရသည်။
။မြင်ရသည်မှာ အားရစရာပင်ဖြစ်သည်။နာရီဝက်ခန့်ကို ချွေးတလုံးလုံးနှင့် တန်းစီလိုက်ရသည်။ကြားထဲတွင် အသက်ရှူကြပ်သဖြင့်ထွက်သွားကြသူများလည်းရှိသည်။ဖွင့်ပေးလိုက်သည်နှင့် တဝုန်းဝုန်းတိုးကြရင်း ကျွန်ုပ်ပင် အားမစိုက်ရပဲ ဓမ္မာရုံပေါ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားလေတော့သည်။အသီးသီး ထမင်းဝိုင်းသို့ဝင်ထိုင်ကြသည်။ထိုင်စရာနေရာ မရှာသေးပဲ ဓမ္မာရုံပေါ်တွင်ပတ်ကာ ဓာတ်ပုံလိုက်ရိုက်သည်။
။အောက်တွင်တော့ များပြားလှသောတန်းစီနေသူများကိုတွေ့ရသည်။ရောက်ရောက်ချင်း ထမင်းဝိုင်းတွင်မထိုင်မိသည့်အကျိုးဆက်က အချိန်အတော်ကြာသည်အထိ ထိုင်စရာဝိုင်းမရှိသဖြင့် ယောင်လည်လည်နှင့်ဖြစ်နေသည်။ထိုအချိန်တွင်ကြားရသည့်သတင်းက လူအင်အားအဆမတန်များပြားလှသဖြင့် ဒူးရင်းသီးကျွေးရန် အကန့်အသန့်ချမှတ်လိုက်သောသတင်းဖြစ်သည်။မိမိပင် ကံဆိုးလေသလားမသိ။ဒူရင်းမွှာများချပေးခြင်းအား တစ်ဝိုင်းလျှင် နှစ်ပန်းကန်သာချပေးရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ကျွန်ုပ်လည်း ဒူးရင်းသီးလာချသည့်ဝိုင်းကြုံသည်နှင့် ဝင်ထိုင်ကာ သုံးမွှာခန့်ဆက်တိုက်စားပစ်လိုက်သည်။ထမင်းတော့ မစားတော့ပါချေ။ထမင်းဖြူ ၊ငပိရည်၊ခရမ်းသီးနှပ်၊တို့စရာအဖြစ် သခွားသီး၊နာနတ်သီးမှည့် နှင့်အပင်တစ်မျိုးတို့ကို ဧည့်ခံကျွေးမွေးခြင်းဖြစ်သည်။ဤတွင် ထမင်းမစားတော့သော်လည်း တို့စရာအဖြစ်ထားသော နာနတ်သီးမှည့်များတော့ ကုန်အောင်စားလိုက်သည်။ဒူးရင်းသီးထပ်မချပေးတော့သောထိုဝိုင်းမှထကာ ဟိုကြည့်သည်ကြည့်နှင့် ဒူးရင်းသီးအသစ်လာချသော ဝိုင်းနားရောက်သွားလေသည်။ကျွုန်ုပ်အား လာထိုင်ရန်ခေါ်သဖြင့် ထိုင်ရန်ကြံလိုက်စဉ် အလိုက်ကမ်းဆိုးမသိလှစွာသော Skynet ကင်မရာမန်းက ထိုဝိုင်းအားတည့်တည့်ချိန်ကာ ရိုက်ပါလေတော့သည်။
ထို့ကြောင့် ထိုင်ရန်ပြင်နေခြင်းကို အရှိန်သတ်ကာ ကရင်မချောချောလေးများအား ငေးရင်း ဓမ္မာရုံအတွင်းမှထွက်လာခဲ့တော့သည်။ကျောင်းဝင်းအတွင်းမှအထွက် ကြံရည်သည်တွေ့သဖြင့်ဝယ်သောက်လိုက်သေးသည်။ဒူးရင်းသီးအဝစားရန် အားခဲလာသော်လည်း သုံးမွှာသာစားလိုက်ရသဖြင့်(ဒါတောင်လက်မြန်သဖြင့်) မကျေမချမ်းတော့ဖြစ်မိသေးသည်။သို့သော် နောက်ပိုင်းရောက်လာသူအချို့ စားပင်မစားရဟု ကြားသိရသဖြင့် စိတ်မကောင်းဖြစ်မိသည်။ဗိုက်ကလည်း တဂွီဂွီမည်လာသဖြင့် အနီးနားရှိ ကွေ့တီရို ဆိုင်မှမှာစားကာ ဗိုက်ဖြည့်လိုက်ရတော့သည်။ပြန်ရန်ပြင်လိုက်တော့မှ သတိထားမိသည်က နှစ်မိုင်ခန့် ရှည်လျှားလှသော ကားတန်းကြီးပိတ်နေခြင်းဖြစ်သည်။ သွားချေပြီ။......
@linnkhant42
MSC 022
ဝိုး .. မိုက်တယ်အစ်ကို ရေ ..
ကြားသာကြားဖူးတာ .. အခုပထမဆုံးမြင်ဖူးတာပဲဗျာ .. ကျေးဇူးဗျို့ ..
ရောက်ဖူးသွားတာပေါ့ဗျာ
ဝါး...မိုက်ချက်
မိုက်တာမှာ မှောင်နေတာပဲ 😁
ခ်ခ်ဘရိုတော့သွေးတတ်တော့မယ်။
၃ ခုတည်းစားတာ သွေးတတ်ဘူး
ဒူးရင်းသီး မစားဖူးတာ နှစ်ကို ၁၀ချီနေပြီ အဲ့ပွဲမျိုး နွှဲလိုက်ချငိတယ် ကလင်းရေ
နှစ်တိုင်းရှိတယ် အမရေ
ဘိတ်သာလာခဲ့ပါကွီးရယ် အဝကျွေးမယ်
လမ်းစရိတ်ကပိုများနေမျာ ဟီး
ထမင်းနဲ့ ဒူးရင်းသီးစားတာဘယ်လိုနေမလဲ
အရသာက
မသိဘူး ဒူးရင်းသီးပဲစားလာတာ
ဒူးရင်းသီး အဝမစားရပေမဲ့လည်း ပွဲတော်ကြီးနွှဲဖူးတယ်ဆိုတာ အမြတ်ပေါ့
ဒါပေါ့ ဦးဇင်းရယ် ရောက်ဖို့လွယ်တာမှတ်
စားချင်နေပါတယ်ဆိုမှ
ဟီး ပုံလေးတွေပဲကြည့်ပါတော့ အမရေ
စားချင်တယ်
ဝယ်စား......
ပိန်းနဲသီး ကားကြီးပါလားလို့
ဒူးရင်းသီးပါဆို