 

in #myanmar6 years ago

တစ်နေ့တာမှ မနက်ခင်းလေး

ဒီနေ့ မနက်ခင်းလေးမှာတော့ အလုပ်ကလေးတစ်ခုတော့ လာအပ်လာတယ်ဗျာ။
အော်ရင် ထူး အဲ ဟုတ်ပေါင် အော်ရီဒူး ဖုန်းလေးပေါ့ဗျာ။

20180807_095357.jpg

အပေါ်မှန်လေးကွဲနေလို့ ပြင်ပေးပါတဲ့။
လူက နဲနဲတော့ ရစ်ကြောင် ရစ်ကြောင်နဲ့ဗျာ။
သူ့ဖုန် ပြင်တာကို ဘေးကနေ ကြည့်အုံးမယ်ဗျာ ဆိုပြီး သူကတော့ ကျွန်တော် လုပ်နေတာတွေ ကို ကြည့်နေလေ ရဲ့။

ကျွန်တော် ဆိုတဲ့ ကောင်ကလည်း ဘေးကနေ ကြည့်နေရင် အလုပ်လုပ်နေရတာ စိတ်ကအိုက်တယ်ဗျာ။
ကြည့်နေရုံတင် မဟုတ်ဘူး ဖုန်းပိုင်ရှင်က ဟိုမေး သည်မေးနဲ့ အလုပ်ထဲ အာရုံက သိပ်မရှိတော့ဘူး။

20180807_094426.jpg

ဖုန်းကို ခွာနေတာ အဲ့အရည်လေးတွေကဘာလား
ညာလား နဲ့ကျွန်တော်လည်းဖြေနိင်သမျှဖြေပေါ့။
ဒီလိုနဲ့ ကွဲနေတဲ့ မှန်ကို ဖြုတ် အသစ်ကလေးတပ် အေးဆေးပေါ့။

ဖုန်းကလေး ပစ္စည်းလေးတွေပြန်တပ်ပြီးပြီပေါ့။
စိတ်ထဲပေါ့ပါးသွားတယ်။
ဒီလူပြန်သွားအေးတာပဲပေါ့ဗျာ။

ဖုန်းလေးကို ဘက်ထရီလေးတပ် ပါဝါလေး ဖွင့်လိုက်တော့
ငိုချင် သွားတယ်ဗျာ။
ဘာလို့လဲဆိုတော့ကာ ဖုန်းလေးက ဖွေးဖွေးကြီးပေါ်နေပြီး အောက်ပိုင်းမှာ အမဲကြောင်းလေးထနေတယ်လေ။

ကျွန်တော်သိလိုက်ပြီလေ။
ကျွန်တော် လဲပေးလိုက်တဲ့ဖုန်း
မှန်ခွာနေရင်း လက်ဆများပြီး အောက်မှန်ထိသွားပြီဆိုတာ
သွားပြီပေါ့။
မနက်ခင်းလေး အမြတ်မရတဲ့ အပြင် အရင်းထဲက ပါသွားပြီလေ။

ဒါနဲ့ ဖုန်းကိုပြန်ဖြုတ် အောက်ကမှန်ကို ပြန်တတ် ပြီးတော့ သေချာစမ်းပြီး ပေးလိုက်ရတယ်ဗျာ။

20180807_095133.jpg

ပိုင်ရှင်တွေဘေးကကြည့်နေရင် အဲ့လိုပဲ ကျွန်တော်ကဖြစ်တတ်တယ်။
အာ့ကြောင့် ကျွန်တော့်ကို ပစ္စည်းလာအပ်ရင် ခုံမှာ အေးဆေး ထိုင်ပြီး စောင့်ကြပါလို့။

စေတနာနဲ့ပါဗျာ ကိုယ်က လျှော်ရတာ အရေးမကြီးဘူး
ခင်ဗျားလေးတို့ အော်ပစ္စည်းလေးတွေ ပျက်သွားမှာစိုးလို့ပါလို့ ဟီးဟီး ။

ကဲ အားလုံးပဲ ဒီနေ့ကတော့ ဒီလောက်ပါပဲလို့ ....။

@lwanwai
Photo . me

Sort:  

ကျွန်တော်လည်း အဲ့လိုပဲ ဘေးကတစ်ယောက်ယောက်ပေါ့ ကိုယ်တစ်ခုခုလုပ်နေတာကို
ကြည့်နေရင် မလုပ်တတ်တော့ဘူး ဟီး

ဟုတ်ပဗျာ အလိုက်ကန်းဆိုးမသိတာတွေ ဟိး

စက်​ပြင်​သမားအနား မှာ အ​သေအခြာ ထိုင်​ပြီးစက်​ပြင်​တာကို
ကြည်​​နေရင်​ စက်​ပြင်​သမားမှာကြိုးတုပ်​ခံရတာထက်​ ပိုဆိုးတယ်​ဆိုတာကို​​ယ်​​တွေ့

ဟုတ်ပ အဲ့တာ ကိုယ်တွေ အသိဆုံး ဟိဟိ

တစ်​​ယောက်​တည်း​အေး​ဆေးပြင်​ရမှာကို...​ဘေးကကြည့်​​ပြော​နေတယ်​...အလိုက်​ကန်းဆိုးမသိ😜😝😁

ဟုတ်တယ် မကြိုက်ပါဘူးဆို ဟိဟိ

ဟုတ်တယ်နော်...ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် လုပ်နေတဲ့ အလုပ်တစ်ခုကို ဘေးလူတစ်ယောက်ယောက်က လာကြည့်ပြီး ဟိုလိုလား ဒီလိုလားနဲ့ မေးနေတာမျိုးလောက် အာရုံနောက်တာမရှိဘူး။ တစ်ခါတလေဆို အလိုက်ကန်းဆိုးမသိတဲ့သူတွေကို အော်ထုတ်ပစ်မိတဲ့အထိပဲ..ဟီးဟီး..။ အော်ပြီးမှ အားတွေနာနေရတာ...။

စိတ်တိုတုန်း အော်မိတာ ပီးမှ အားနာရတာဗျာ ဟုတ်တယ်

အလုပ်​လုပ်​စားရတာမလွယ်​ပါလား​နော်

အဲ့လို လေးတွေမှ စားဝင်အိပ်ပျော်တာ ဟီး

သေချာတာပေါ့ဗျာ ကိုယ့်အာရုံနဲ့ကိုယ် လုပ်နေတဲ့အချိန်မှာ ဘေးကလာကြည့်ပြီး ဟိုဟာ ဒီဟာ ပြောနေရင် အာရုံစူးစိုက်အားကျသွားရောလေ။တစ်ချို့လူတွေက အဲဒီလိုတွေရှိတတ်တယ်ဗျာ။

မလုပ်တတ်ပါဘူးဆို ဟုတ်တယ် ဟီး

ဖုန်းနည်းပညာ‌လေး မျှ‌ဝေ‌ပေးပါလား ကိုလွမ်း။အသုံး ပြုပုံ‌လေး‌တွေ‌ပေါ့။

ဟုတ် မျှပေးပါ့မယ် ကိုမဟော်ရေ

ဖုန်းပြင်ဆာကြီး လက်ဆများသွားတော့ အိပ်စိုက်လိုက်ရတယ်ပေါ့။

ဟုတ်တယ် ဦးညီရာ ဟီးဟီး

အဲ့ဒါ​လေး​တွေက touch အပိုလာတယ်​​ပေါ့ နာဖြင့်​ ဘယ်​နှစ်​လုံးလဲမသိဘူး စုထားတာ ဖုန်းမပြင်​ကတည်းက​ပေးပလိုက်​တာ coolpad ​လေး​တေ​ကောပဲ လဲရတာနဲ့မတန်​​တော့လို့

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17