နွေနှောင်းမိုးလေး

in #myanmar6 years ago

မနေ့ကတည်းက နေပူလိုက် မိုးအုံ့လိုက်နဲ့
နေ့လည်ကို tv ပြင်ခေါ်လို့ ရွာလည့်သွားပြင်ပေးရတယ် ။

ဟို အဝေးက စနေထေညင့်မှာဖြင့် မိုင်းကာဖြင့်ညိုလို့ လေလား မိုးလား မသဲကွဲ
စိတ်ထဲမှာ ထင်မိတယ်။

FB_IMG_1525490350363.jpg

အိမ်အပြန်စောအောင် မြန်မြန်လေးလုပ်မှဟ လို့ တွေးလိုက်တယ် တော်ကြာ မိုးမိနေမှဖြင့် ဒုက္ခ ။
အလုပ်ကလေး ပြီးလို့ အိမ်ပြန်တော့ လမ်းမှာ မိုးဖွဲလေးတွေ လာလို့ ကျီစယ်နေရဲ့။
လေပြင်းလေးများ တဖြည်းဖြည်းနဲ့တော့ဖြင့် များလာပြီ။
ဆိုင်ကယ်ကို အရှိန်တင်ရင်း အိမ်မြန်မြန်ရောက်ဖို့ကြိုးစားလိုက်တယ်။

FB_IMG_1525490411106.jpg

မျက်စိထဲ ဖုန်နဲ့  သဲနဲ့ အကြည့်တွေကဝိုးတဝါး ဆိုင်ကယ်ကို မနည်း မလဲအောင်ထိန်းနေရတယ်။
ရွာအစပ်ရောက်တဲ့အချိန်မှာတော့ မိုးစက်တွေ ပိုစိပ်လာတယ်။
မိုးမိမှာစိုးလို့ထင် ကိုယ့်လိုပဲ ဆိုင်ကယ်နှင့်သော် လည်းကောင်း ခြေလျှင်သော်လည်းကောင်း ပြေးလွားသွားနေကြလေရဲ့။
မိုးရေထဲ ဆော့တဲ့ ကလေးတွေကဆော့လို့ ပျော်နေကြလေရဲ့။

FB_IMG_1525490367087.jpg

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ရှေ့မျက်နစာဖက်က မိုးတွေစိုနေလို့ အဝတ်တွေကောက်လဲလိုက်ရတယ်။
အိမ်လဲရောက်ရော မိုးလည်းသည်းရော ဗျာ။
ရွာလိုက်တဲ့မိုး သည်းလိုက်တဲ့မိုး မိုးချုပ်တဲ့ထိ မစဲတော့ဘူး တော်သေးရဲ့ အိမ်ပြန်ရောက်လာလို့။
မိုးအေးအေးနဲ့ ဒီညတော့ အိပ်ကောင်းပြီလေ ။

မနက်မိုးလင်းတော့ ညကမိုးရွာတဲ့ အရှိန်ကြောင့် ဖားရောင်းတဲ့ အသည်တွေ ရွာထဲမှာ ပလူပျံနေလေရဲ့။
အရင်ဆုံးလာရောင်းတဲ့ သူဈေးကောင်းရတာပဲလေ။

FB_IMG_1525488225400.jpg

ဖားအိုင်းတွေဗျာ ဥတွေနဲ့ကိုဖောင်းနေတာပဲ။
တစ်ဆယ်သားကို ၁၀၀၀ ကျပ်တဲ့။
နွေရာသီ ဖားအိုင်းစားချင်တော့လည်းဝယ်ကျတာပဲလေ။
နောက်နည်းနည်းကြာလာတော့ ဖားရောင်းတဲ့ အသည်တွေ များလာတယ်။
အဲ့ဒီတော့ ၃၀ သားကို ၁၀၀၀ ကျပ်လောက်ဖြစ်လာတယ်။
အရင်ဝယ်တဲ့သူတွေ ရူံးပြီလေ။

20180505_091201.jpg

ကိုယ်တို့လည်း ဒီမနက်တော့ ဖားသားလေး စားလိုက်အုံးမယ် ဥလေးတွေနဲ့ ပြောနေရင်း ဗိုက်ဆာလာပြီ
သွားစားလိုက်အုံးမယ်ဗျာ 😂😂😂။

@lwanwai
Photo Credit from facebook and my phone

Sort:  
Loading...

ဒါလည်း​ကောင်းတာဘဲ...တစ်​​နေ့တာအ​ကြောင်းဖတ်​ရတာ😊

ဟုတ်တယ် စိတ်ထဲရှိရားရေးလိုက်တာ😆😆

ထမင်းစားကောင်းပါစေခင်ဗျာ။မကျွေးတော့ဘူးလား

ကျွေးတော့ဘူး ကုန်သွားပီ ဟီး 😂😂😂

ဖားသား​တော့စားရဲဘူး။အသည်းယားလို့။

အသည်းယားပါနဲ့ ကောင်းတယ် စားလို့😂😂

ထမင်းစားမြိန်ပါစေ ဗျာ😂😂😂

ဟုတ်ကဲ့ပါဗျာ😂😂

ဒီနေ့တော့ ဖားကလေးတွေနဲ့ ထမင်းစားမြိန်တော့မယ်ထင်ပါ့

ဟုတ်ပဗျာ😂😂

ဖားသား စားတတ်ဘူး

စားကြည့်ပါြိကြိုက်သွားမယ်😂😂

Release the Kraken! You got a 14.81% upvote from @seakraken courtesy of @lwanwai!

You got a 15.99% upvote from @nado.bot courtesy of @lwanwai!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63955.40
ETH 3139.68
USDT 1.00
SBD 3.87