📡📡📡နေမဝင် အင်ပါယာရဲ့ နေဝင်ချိန်လေး 🗣🗣အပိုင်း - 1 📡📡📡

in #myanmar6 years ago

ဒီ တစ်ခေါက်ကတော့လား
ကျွန်တော်တို့ စလောင်း လောကရဲ့ လက်ယက်တွင်း လေး သဲဖုန်းသွားတဲ့ အကြောင်းလေးပြောပြပါ့မယ် 😂😂။

20180531_101913.jpg

အကြောင်းက ဒီလိုပေါ့ဗျာ 😊😊
IPM ဆိုတဲ့ စလောင်း စက်အကြောင်းကို အားလုံးကြား ဘူးကြမှာပေါ့။
သူက ဟိုး အရင်က SD စနစ်နဲ့ ရုပ်သံလိုင်းတွေကိုဖမ်းတဲ့ စက်နဲ့ ထုတ်တယ်လေ။

FB_IMG_1528186612630.jpg

Photo-credit-source နောက်တော့ လိုင်းတွေ ပိုကြည်လင်ပြတ်သားဖိုးအတွက် HD စနစ်နဲ့ ဖမ်းတဲ့ စက်တွေကို ထုတ်ပြန်ရော 😁😁။

FB_IMG_1528187762992.jpg

Photo-org-source

အဲ့ဒီမှာ ဘာပြဿနာမှ မရှိသေးဘူး။
ပြီးတော့ IPM ရုပ်သံဌာန က
စလောင်းလိုင်း 12604 v 30000 က မြန်မာလိုင်းတွေကို Bisskey ဆိုတဲ့ စနစ်ကလေးနဲ့ ထည့်လွင့်ပါလေရော။

Bisskey ဆိုတဲ့ စနစ်က သူ့မူရင်း IPM စက်တင်ပါဘူး Bisskey စနစ်ပါဝင်တဲ့ မည်သည့် စလောင်းဖမ်းစက်နဲ့ မဆို ဖမ်းယူ ကြည့်ရူနိင်ပါတယ်။
ကဲ IPM စလောင်းစက် အကြောင်းကနေ PSI စလောင်းစက် အကြောင်းကို ကူးလိုက်ကြပါအုံးစို့ 😁😁။

FB_IMG_1528186618878.jpg

Photo-credit-source

PSI ဆိုတဲ့ စလောင်းစက်က မြန်မာပြည် စတင်ဝင်ရောက်ကာစ က
Psi S2 ဆိုလား Sd စနစ်နဲ့ ဝင်ရောက်လာတယ်။မြန်မာလိုင်းတွေကို 12729 v 30000 ဆိုတဲ့ စလောင်း ကီးနဲ့ ထုတ်လွင့်တယ်။
ပြီးတော့ တစ်သက်စာ အခမဲ့ ဆိုလား ဝင်ရောက်လာတာပေါ့ဗျာ ။ တစ်နစ်လောက်ကြာတဲ့ အခါမှာတော့
ပိုပြီး ကောင်းဖို့ ဆိုပြီး PSI AEC စလောင်းစက်ဆိုပြီး အသစ်ထပ်ထုတ်တယ်။ အဲ့ဒီတော့ အရင် ထုတ်ထားတဲ့ စလောင်း ဖမ်းစက်က မြန်မာလိုင်း ၄ လိုင်းပဲ ရတော့ သုံးစွဲသူ User တွေက လိုင်းများတာ ရချင်တော့ အသစ်ဝယ်ပြန်ရောလေ 😂😂။

အသစ်ထုတ်ပြီးလို့ များမကြာခင်မှာပဲ
PSI က ကြည်လင်ပြတ်သားမူ့ သန်းရာခိုင်နူန်း ဆိုပြီးတော့ PSI S2 AEC HD ဆိုပြီး အသစ်ထွက်ပြန်ရော ။ အသစ်ထွက်ပေမဲ့ အဟောင်းစက်တွေကိုလည်း ကြည့်မရအောင် သူ့မူရင်း 12729 v 30000 စလောင်းကီးတွေကို ပိတ်ထားခဲ့ပါတယ်။ အဲ့ ဒီတော့ သူ့ PSI လိုင်းတွေ ကို ကြည့်ချင်ရင် PSI စက်အသစ် ဝယ်ရတော့မှာပါ။

20180605_145946.jpg

Photo-oreginal-source

အရင်ဝယ်ထားတဲ့ PSI စက်သမားတွေ အသစ်မဝယ် နိင်တော့ပါဘူး ။ အဲ့ဒီတော့ အဟောင်း လေးတွေနဲ့ ရအောင် လုပ်ပေးပါဆိုပြီး ဆိုင်တွေကို ရောက်ကြပါလေရောဗျာ 😆😆။

FB_IMG_1527855608970.jpg
Photo-org-source

PSI စက်တွေ ကBisskey စနစ်နဲ့ လွင့်တဲ့ ရုပ်သံလိုင်းတွေကို ဖမ်းယူလို့ရပါတယ်။
ကဲ ဒီနေရာမှာ လုပ်ငန်းစလို့ ရပါပြီ 😂😂။

အပိုင်း ၂ ကို ဆက်လက်ဖတ်ပေးပါအုံး ခင်ဗျာ 😍😍။

@lwanwai
photo me
MSC - 045

Sort:  

စိတ်​၀င်​စားလို့အပိုင်း၂ဖတ်​ဖို့​စောင့်​​နေပါ့မယ်​...

ဟုတ်ကဲ့ပါဗျာ 😊😘

Read my profile if want me to resteem your post to over 72,500 followers. @a-a-a

psi က လိုင်းတွေပျောက်သွားတာဘယ်လိုလုပ်ရမလဲ
ပြောပေးပါဦး

စက် အဟောင်းဆို အသစ်ဝယ်ရတော့မယ် အကိုရေ😄

ခဏခဏ ဝယ်ရတော့ ပိုက်ဆံကုန်တာကို😀😀😀

ဟုတ်ပဗျာ အသစ်ချည်းပဲ ဝယ်နေရတယ် 😊😊

PSI စက်တွေက အကြမ်းခံတယ်ဗျ

ဟုတ်တယ် စိတ်ကြိုက် ကလိ အေးဆေး 😂😂

အာ့ဆို ဆက်လက်စောင့်စားဖတ်ရှုပါမယ်ဗျ PSI အကြောင်းဆို စိတ်ဝင်စားတယ်ဗျ

ဟုတ်ကဲ့ပါ ဗျာ 😊😊

ဆက်​လက်​ဖတ်​ရှူ့ရန်​​စောင့်​​မျှော်​​နေပါတယ်​ရှင့်

စက်အဟောင်းတွေကို စက်အသစ်တွေဝင်လာတော့ ဈေးကွက်စနစ်နဲ့ထိန်းချုပ်လိုက်တဲ့သဘောတွေ့ရပါတယ်။နောက်အပိုင်းဆက်အားပေးမယ်ဗျာ။ကောင်းသော post ပါ။

အဲ့တာ အမှန်ပါပဲ အကိုရေ 😊😊

Thanks for your support @nayhlaingsoe 😊😊

သူModel အသစ်‌ထုတ်‌တိုင်းအသစ်‌ဝယ်‌ရမှာလား။ဆရာတို့ရှိတာဘဲ။

ဒီ တစ်ခါတော့ မရတော့ဘူး ဆရာရေ 😊😊

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64513.75
ETH 3146.11
USDT 1.00
SBD 3.95