{ PSI လေး OTA ပိတ်ထားစေချင် }

in #myanmar6 years ago

ဒီ ရက်ပိုင်း psi ကနောက်ထပ် version 345 အသစ် Ota ထပ်ဆွဲသွားလို့ Psi အသုံးပြုသူ မိတ်ဆွေများ တော်တော် စိတ်ဆင်းရဲကရပါတယ်ဗျာ။
ဘာလို့လဲဆိုတော့ အရင် တုန်းက version
341 တို့ မှာတုန်းက လိုင်းစုံ ထည့်ချင်ရင် 512 kb လောက်ရှိတဲ့ User db. Bin ဖိုင်လေးထည့်ပေးလိုက်ရုံပဲ အားလုံး အဆင်ပြေပါတယ်။ ဒါမှမဟုတ်ရင် ကိုယ့်စိတ်ကြိုက် လိုင်းလေးသွင်း Biss Key လေးထည့် အဆင်ပြေသလို လုပ်ဆောင် နိင်ပါတယ်။

Screenshot_20180710-073447.png

နောက် ကမ္ဘာ့ဖလား ရာသီမှာတော့ Psi စက်တွေက ဒီစနစ်တွေ လုပ်လို့မရအောင် တစ်ဆင့်ပြီးတစ်ဆင့် version တွေ မြှင့်ခဲ့ကြပါတယ်။
နောက် Version 343/ 344 မှာဆို
Channel လိုင်းအသစ်ရှာတဲ့ စနစ် / Bisskey ထည့်တဲ့ စနစ်တွေကို ပိတ်ပြစ်ခဲ့ပါတယ်။ဒါပေမဲ့ USB upgrade. စနစ်ကိုတော့ မပိတ်သေးတဲ့အတွက် အရင် Vision အဟောင်းကို ပြန်ချပြီး OTA ပိတ်ကာ အသုံးပြုခဲ့ကြပါတယ်။

ခုနောက်ပိုင်း ကမ္ဘာ့ဖလားပွဲ ပြီးကာနီးတဲ့ အချိန်မှာတော့ psi ကနောက်ထပ် အကွက်အသစ်ကိုပြောင်းလဲခဲ့ပါတယ်။
ခုပြောင်းလဲခဲ့တဲ့ Psi ရဲ့ Version 345 မှာဆိုရင်ဖြင့် အရင် Version မှာ ကျန်ခဲ့တဲ့ Usb upgradeစနစ်တောင် မပါလာတော့ပါဘူး။

အရင်က သာမာန်သုံးစွဲသူတွေဟာ ဆရာတွေက ဘယ်ဖိုင်ကို ဒေါင်းလိုက် ဘယ်လို လုပ်လိုက်ဆို အဆင်ပြေသွားပေမယ့် ဒီ ပြောင်းလဲလိုက်တဲ့ Psi ရဲ့ Version မှာတော့ ဆရာတွေလည်း မကယ်နိင်ကြသေးပါဘူး။

အရင်လို bin ဖိုင်လေးထည့်လို့ရအောင် bisskey လေးထည့်လို့ရအောင် လုပ်ဖို့အတွက်တော့ memory ic ကိုဖြုတ်ပြီး အရင် version 341 ဖြစ်ဖြစ် တင်မှပဲ ရတော့မှာပါ။

20180710_073948.jpg

တင်မဲ့နည်းကတော့ ၂ နည်းရှိပါတယ် ကျွန်တော်သိတာပြောတာပါ။
Memory ic မဖြုတ်ပဲ ညှကလစ် နဲ့ phone သို့မဟုတ် ကွန်ပျူတာနဲ့ တင်တဲ့ နည်း နောက်တစ်နည်းက Memory ic ကိုဖြုတ်ပြီး ic ကူးစက်နဲ့ ic to ic ဒါမှမဟုတ် ကွန်ပျူတာနဲ့ တင်တဲ့နည်းပါ။

FB_IMG_1531188026773.jpg

FB_IMG_1531188034431.jpg

(Photo-org-source)[https://m.facebook.com/story.php?story_fbid=1974503739528891&id=100009078526371]

ကဲ Psi ရဲ့ Version. 345 ကို User ရဲ့စက်တွေ ပြောင်းလဲသွားခဲ့ရင်တော့
နီးစပ်ရာ ပြုပြင်ဆိုင်တွေကိုပဲ သွားကြပါတော့လို့ အကြံပြုလိုက်ရပါတယ်။
ဒါကြောင့် မိမိရဲ့စက်ကို အတတ်နိင်ဆုံး OTA ပိတ်ပေးထား ကြပါ။
OTA ဖွင့်ပေးလိုက်ရင်တော့ မိမိတာဝန်သာဖြစ်ကြောင်းပြောကြားရင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါရစေဗျာ 😍😍😍။

@lwanwai
Photo by my phone
Msc 045

Sort:  

မတ်မတ်တော့ ခု အဆင်ပြေနေပီ😊

မမ အဆင်ပြေရင်ကို ကျေနပ်တယ်လေ 😂😂

ဘာမှမလုပ်တတ်ပါဖွင့်လို့လာရင်ကြည့်ဖြစ်သွားတာပါ

အဲ့တာ အကောင်းဆုံးပါပဲ အကိုရေ 😆😆

အချိန်မပေးနိုင်တဲ့အတွက် မလေ့လာမိဘူးဗျာ

ဟုတ် ကိုပြုံးရေ ကိုယ့်နယ်ပယ်မှ မဟုတ်တာဗျာ 😊😊

ကျေးဇူးဗျာ
ပိတ်လိုက်ပါ့မယ်

ဟုတ်ကဲ့ပါ ခင်ဗျာ 😊😊

သုံးစွဲတဲ့သူ​တွေကိုခုလိုသတိ​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ဗျာ

ဟုတ်ကဲ့ပါ ကို ယုဇန ရေ 😊😊

‌ကိုလွမ်းက ‌တော်‌‌တော်‌‌လေ့လာထားတာဘဲ။‌ပြော ပြ‌ပေးလို့ ‌ကျေးဇူးပါဗျာ။

အဲ့လောက်လည်းမဟုတ်ပါဘူး ကိုမဟော်ရေ သိသလောက်လေးပါပဲ 😆😆

ic to ic ဆိုရင်တော့ အတော်တော့ လက်ဝင်မှာပဲ ။ဒီလို ပညာရပ်တွေ သိခွင့်ရလို့ ကျေးဇူးပါ။

ဟုတ်ကဲ့ပါဗျာ သိခွင့်ရသွားတယ်ဆို ကျေနပ်ပါတယ် 😊😊

ကိုလွှမ်းနောက်ကျတာလားဗျ
0.01 vote &m ment @winko😍

တင်ရတာ နောက်ကျနေတာ အကိုရေ 😊😊

ပညာရပ်တစ်ခုကို ဗဟုသုတ ဖြစ်စေရန် ပြန်လည်တင်ပြပေးထားတာ ကျေးဇူးတင်ပါတယ်အစ်ကို။သုံးတဲ့သူတွေလည်း သတိထားလို့ရတာပေါ့။လေးစားလျက်

ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ် 😊😊

ဗဟုသုတ​တွေအများကြီးရပါတယ်​ရှင်​။

ဟုတ်ကဲ့ပါ မမအိရေ 😊😊

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64420.25
ETH 3150.23
USDT 1.00
SBD 3.99