နှလုံးသွင်းစေချင်
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။
လူသားတွေမှာ အသိတစ်ခုဟာ အလွန်အရေးကြီးပါတယ်။ အသိမှာနှစ်မျိုးရှိပါတယ်။ လောကီအသိနဲ့ လောကုတ္တရာအသိ ဆိုပြီး ရှိပါတယ်။ တစ်ခုထူးခြားတာက လောကီအသိဟာ ဒီဘဝမှာတင် မေ့ချင် မေ့နိုင်တယ်။ နောက်ဘဝအထိ ထိုအသိဟာမကူးဘူး။ ဒါပေမယ့် လောကုတ္တရာအသိက အသိတစ်ခုကို ခွဲခွဲခြားခြားဝေဖန်ပိုင်ခြားနိုင်စွမ်းသိသွားရင် ဘယ်တော့ မှမမေ့တော့ဘူး။ နောက်ဘဝထိလည်းထိုအသိက ကူးပြောင်းသိတယ်။
တစ်ချို့အသိတွေက မကြာမကြာရိုက်ထည့်ပေးသင့်တယ်။ ဥပမာတစ်ခုပြောပြပါ့မယ်။ မရဏာနုဿတိကို ဘာကြောင့် မကြာမကြာပွားသင့်တယ်ဆိုတာ ရှင်းပြပါ့မယ်။ လူတိုင်းဟာ တစ်နေ့သေမယ်ဆိုတာ လူတိုင်းသိပါတယ်။ အလွန်ဆုံးနေရ ရက်သုံးသောင်းကျော်ပေါ့။ ဒီကြားထဲလည်းသေချင်သေမှာဘဲဆိုတာသိတယ်။ ကိုယ်သေရတော့မယ်ဆိုရင် စောင့်တည်ရာမရလောက်အောင် ကြောက်ကြတယ်။ ထို့အတူ ကိုယ်ချစ်တဲ့သူတွေ သေဆုံးရင် ဖြေမဆည်နိုင်အောင် ပူဆွေးကြတယ်။ သိတယ်လည်းပြောသေး ဘာကြောင့် ကြောက်ကြ ငိုကြတာပါလဲ။
၁။ အသိလေးက ပါးလို့၊ သေချာမထင်လို့ မှုန်ဝါးဝါးပုံရိပ်လို မသဲကွဲဘူးပေါ့ဗျာ။သိပ်မထင်ရှားတော့ မေ့တယ်တို့ မမှတ်မိစေဘူးလို့ ဖြစ်စေတာပေါ့။သိမှတ်မှုနယ်ပယ်မှာ ထိုအသိလေးရဲ့ နေရာဟာ spotသာသာလောက်ဘဲရှိတဲ့သဘောပေါ့ဗျာ။
၂။ ထိုအသိကို နက်နက်ရိုင်းရိုင်းထဲထဲဝင်ဝင် မသိဘဲ အပေါ်ယံလောက်ဘဲ သိတယ်။ သေခြင်းရဲ့နောက်ကွယ်က universal lawကို မသိခြင်းဟာ သေခြင်းကိုကြောက်ရွံ့စေသော အချက်တွေဖြစ်ပေါ်စေတယ်။ ဆိုလိုတာက တကယ့်အမှန်တရားတွေကို သေချာစွာမသိခြင်းဟာ စိုးရိမ်ကြောက်လန့်မှုတွေဖြစ်စေတာပါဘဲ။
ဟုတ်ပြီ ကျွန်တော်အထက်မှာ တင်ပြခဲ့တဲ့နှစ်ချက်မှာ ဒုတိယအချက်က မလွယ်ဘူးဗျ။ လတ်တလောကျွန်တော်တို့နဲ့ အလှမ်းဝေးတယ်လို့ဘဲ ဆိုကြပါစို့။ လုပ်လို့မရတာမဟုတ်ဘူးနော်၊ လောလောဆယ်ဆွေးနွေးရမယ့် အဆင့် မဟုတ်သေးဘူးပြောတာ။ ဒါပေမယ် ပထမအချက်ကို ကျွန်တော်တို့ အခုပြောလို့ အစဉ်ပြေနိုင်တယ်။ ပုံရိပ်မသဲကွဲရင် သဲကွဲအောင် ထင်ရှားအောင်လုပ်ရမှာပေါ့။သူ့အတွက်နေရာနည်းရင် များအောင်ဖန်တီးရမှာပါ။ မေ့တတ်တဲ့သူကို မမေ့အောင် သတိပေးဘို့လိုပါတယ်။ ဆင်ဦးစီးတွေ ပေါက်ချွန်းဘာကြောင့်ကိုင်တယ်ဆို မိတ်ဆွေတို့ သိမှာပါ။
ဆင်းဦးစီးက ဆင်ကို မင်းအပေါ်မှာ ငါရှိတယ်ဆိုတာကို မပြတ်သတိပေးနေရတယ်။ မကြာမကြာ ပေါက်ချွန်းနဲ့ signal ပေးနေရတယ်။ မြင်းတွေနွားတွေလို ပေကပ်ကပ်လုပ်နေလို့ ကြိမ်လုံးနဲ့ ရိုက်တဲ့သဘောမဟုတ်ဘူး။ ဆင်က မေ့တတ်လို့ သတိပေးခြင်းသဘောပါ။ထို့အတူဘဲ မရဏာနုဿတိပွားတယ် နှလုံးသွင်းတယ် သတိရစေတယ်ဆိုတာကလည်း signal ပေးခြင်းသဘောပါဘဲ။ မမေ့အောင် အသိဉာဏ်မှာ ပုံရိပ်ထင်ရှားအောင်ပြုလုပ်ရခြင်းပါ။ ဘာကြောင့် သေမှာကို မပြတ်နှလုံးသွင်းရတယ်ဆိုတာ ထိုအချက်တွေကြောင့်ပါ။ ငါဟာ တစ်နေ့မုချသေမှာပါလား၊ငါတင်မဟုတ်ဘူး သတ္တဝါတွေလည်းအားလုံးသေကြရမှာဘဲ။ ငါသေဘို့ အချိန်သိပ်မကျန်တော့ပါး။ အချိန်ပိုင်းလေးဘဲ လိုတော့ပါလားလို့ မကြာမကြာ တွေးပေးခြင်း နှလုံးသွင်းပေးနေခြင်းဟာ ကြိုတင် ဖြစ်လာမယ့်အရာအတွက် ကြိုတင်ကျင့်သားရအောင် လေ့ကျင့်ခြင်းသဘောပါဘဲ။ တစ်ခါတွေးရင်း အသိဉာဏ်မှာ spotတစ်ချက်ထင်ရင် spotပေါင်းများများရဘို့ များများနှလုံးသွင်းရမှာပါ။ ပထမအချက်က ဒီသဘောပါဘဲ ၊လေ့ကျင့်မှုနဲ့ အသိဉာဏ်ကို နိုးစေတဲ့သဘော အချက်ပေးတဲ့သဘောပါ။ ထိုလိုမျိုးအကျင့်တွေပိုင်ဆိုင်ထားရင် တကယ်ရင်ဆိုင်ရတော့လည်းသက်တောင့်သက်သာ ခံနိုင်ပါတယ်။ စိုးရိမ်ကြောက်လန့်မှုတွေ မရှိကြတော့ပါဘူး။ သေခါးနီး ကိုယ့်အိပ်ယာ ကိုယ်ပြင် ၊ကိုယ်တိုင်ရေချိုး၊ မှာစရာရှိတာမှာပြီး ပြုံးပြုံးလေး အသက်ထွက်သွားတဲ့သူတွေ တစ်ပုံကြီးပါ။ ရှေ့မှာသာဓကတွေ မှတ်တမ်းတွေ သက်သေတွေအများကြီးပါ။ သေရမယ့်အတူတူ စိတ်အေးလက်အေးသေတာနဲ့ စိုးရိမ်ကြောက်လန့်ပြီးသေတာ ဘယ်ဟာပိုဖြစ်သင့်တယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဒိထက်ပိုအရေးကြီးတာက သေခါနီးစိတ်ဟာ နောက်ဘဝကူးဘို့အတွက် အလွန်အရေးကြီးပါတယ်။ ဘယ်လောက်ကောင်းတာလုပ်ခဲ့လုပ်ခဲ့ သေးခါနီး စိတ်မထားတတ်ရင် သွားတာဘဲ။ စိုးရိမ်ကြောက်လန့်တယ်ဆိုတာ ဒေါသဘဲ။ ဒေါသနဲ့သေရင် ဘယ်ရောက်တယ်ဆိုတာ မိတ်ဆွေတို့လည်းသိပါတယ်။ သေလွန်ပြီးနောက်ပိုင်း သုဂတိဘုံရောက်တယ်ဆိုတယ် အလွန်ရှားတယ်ဆိုတာ မြတ်ဗုဒ္ဓဟောကြားထားပါတယ်။ သေခါနီး မထားတတ် မထားနိုင်တဲ့စိတ်အခြေအနေကြောင့် ဘဝကူးမကောင်းရင် သိပ်ကြောက်ဘို့ကောင်းပါတယ်။ သတ္တဝါတွေမှာ ဝိနိပါဒဘေးဆိုတာရှိပါတယ်၊ကျချင်ရာကျတဲ့ကံ ဖြစ်ချင်ရာဖြစ်တဲ့ကံဆိုတာရှိပါတယ်။သံသရာမှာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေက ဒုနဲ့ဒေး ရှိတယ်လေ။ ဒါကြောင့် အကုသိုလ်ကံကောင်းနေရင် ဖြစ်ချင်သလို ဖြစ်သွားနိုင်တယ်။ လူတိုင်းမှာ ကုသိုလ်လည်းရှိသလို အကုသိုလ်လည်းရှိကပါတယ်။ မီးများမီးနိုင် ရေများရေနိုင်ဆိုသလို ကုသိုလ်ကံသာနေရင် အကုသိုလ်ကံတွေ မှေးမှိန်နေပါတယ်။ လုံးဝမရှိတော့တာတော့မဟုတ်ပါ။ ကုသိုလ်ကံတွေ လျော့ပါးသွားရင်တော့ အားကြီးတဲ့ အကုသိုလ်ကံတွေတဖန်စိုးမိုးမှာပါ။ သံသရာဆိုတာ မတွေးပါနဲ့ဦး ၊ဒီဘဝကိုလည်းထည့်မစဉ်းစားပါနဲ့ဦး၊ ဒီနေ့တစ်ရက်ဘဲ ကိုယ်လုပ်ခဲ့တာ ကုသိုလ်များလား အကုသိုလ်များ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ လောဘဒေါသမောဟ နဲ့နေသမျှ အကုသိုလ်ဆိုတာ မိတ်ဆွေသိပါတယ် ။တရားနှလုံးသွင်းတဲ့အချိန်ကလွဲရင် ကျန်တာ အကုသိုလ်ဖြစ်စေတဲ့အချိန်တွေက များပါတယ်။ငါးပါးသီလ လုံခြံတာဘဲ အကုသိုလ် မဖြစ်ဘူးမထင်ပါနဲ့။ လောဘဒေါသ မောဟနဲ့နေသမျှ အကုသိုလ်ပါဘဲမိတ်ဆွေ။
ဆိုလိုရင်းကိုပြန်ကောက်ရရင် သေခါးနီးစိတ်ဟာ အင်မတန် အရေကြီးတဲ့အတွက် ကြိုတင်ပြင်ဆင်ရမှာပါ။ မရဏာနုဿတိလေး နေ့စဉ်နှလုံးသွင်းခြင်းအားဖြင့် တုန်လှုပ်မှုတွေ တစ်နေ့ထက်တစ်နေ့ လျော့ပါးသွားမှာပါ။ မိတ်ဆွေတို့လည်း အပန်းမကြီးတဲ့ထိုအသိလေးကို နေ့စဉ် နှလုံးသွင်းပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
သေမယ်ဆိုတာကို သေသေချာချာဘဝင်ကျ ကျနားလည်တဲ့စိတ်မရှိရင် လောဘလည်းရှိတယ် ဒေါသလည်းရှိတယ်၊ သေရင်အကုန်ဘာမှမပါဘူး သားလည်းမပါဘူး၊မယားလည်းမပါဘူး၊ စည်းစိမ်ဥစ္စာတွေဆိုဝေလာဝေးလို့ နှလုံးသားကထိထိမိမိသဘောပေါက်လာရင် လောဘလျော့ပြီးဒေါသလည်းလျော့လာတယ်
Posted using Partiko Android
ဟုတ်ပါတယ်ဦးမင်း ၊ကျေးဇူးပါ။
အသိနှင့် သတိ မြဲနေဖို့ အရေးကြီး
Posted using Partiko Android
မှန်ပါတယ် ကိုဟိန်း၊ကျေးဇူးပါ။
သင်္ကန်းနဲ ပရိက္ခရာ တာဝန် ယူမယ်ဗျာ
ဟားး! တကယ်နော်ပြီးမှ vote နဲ့ cm လာမတောင်းနဲ့။
နေ့တိုင်းသတိပေးနေတော့ကြိုတင်ပြင်ဆင်ဖို့လုပ်လာနိုင်မှာပါ...
Posted using Partiko Android
That right.ကျေးဇူးပါ ညီမရေ။
သိတယ်ဆိုတာက အပြောသိ အကြားသိတွေပဲဖြစ်တဲ့အတွက် သေချာမသိနိုင်ဘူးလို့ထင်ပါတယ်။ ကိုယ်တိုင်သိအောင်ကလည်း ကိုယ်တိုင်ကျင့်ကြံ အားထုတ်မှ ရမယ့်ကိစ္စဖြစ်လေတော့ လူတွေဟာ ကိုယ်တိုင် မကျင့်ကြံ အားထုတ်ခြင်း မရှိဘူးလို့ပဲ အဖြေရတယ်။ ကိုယ်တိုင်လည်း အားမထုတ်နိုင်သေးပါဘူးဗျာ။ တရားနဲ့အညီတော့ ကျင့်ကြံနေထိုင်နိုင်အောင် ကြိုးစားနေရဆဲပါပဲ။
အသိမှာ သညာသိ ပညာသိ ရှိတဲ့နေရာမှာ မရဏာနုဿတိကို သညာသိနဲ့ဘဲ စရတာပါ ။ဝိပဿနာမှာ ပရမတ် အဓိကကြပေမယ့် ပညတ်နဲ့ဘဲ စရသလိုပေါ့ဦးရေ။ကျွန်တော်လည်းလေ့လာဆဲပါ။ဆွေးနွေးပေးလို့ကျေးဇူးပါဦးစိုး။
သေဖို့ကတော့ တစ်ကယ် ခက်ပါသေးတယ် ။
ဘယ်ခါသေမယ်ဆိုတာ မသိပေမယ့် ခုချိန်ထိ သေဖိုါအဆင်သင့်မဖြစ်သေးဘူး သတိလေး အမြဲကပ်ထားမှ တွေးကြာ့်လိုက်ရင်လည်း တွေးစရာတွေအများကြီးပေါ်လာတယ်
နလုံးသွင်းမှန်ဖို့သာ အဓိကပါလေ
Posted using Partiko Android