‌မျှော်‌ကိုးစိတ်‌

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာအ‌ပေါင်းနဲ့ စိတ်‌နှလုံး‌အေးချမ်းကြပါ‌စေလို့ ပို့‌မေတ္တာနဲ့ နှုတ်‌ခွန်းဆက်‌လိုက်‌ပါတယ်‌။ ဒီ‌နေ့ ကျွန်‌‌တော်‌‌ဆွေး‌နွေးတင်‌ပြချင်‌တာက အကျိုးခံစားခွင့်‌၊‌မျှော်‌ကိုးစိတ်‌၊တစ်‌ခုခုလုပ်‌ရင်‌ အကျိုးတစ်‌ခုခုရမယ်‌လို့‌တွေး‌တောစိတ်‌၊နဲ့ပက်‌သက်‌တဲ့ အ‌ကြောင်း‌လေးပါ။ ကျွန်‌‌တော်‌မတင်‌ပြခင်‌ မိတ်‌‌ဆွေတို့ကို တစ်‌ခု‌တော့ ‌တောင်းဆိုချင်‌တယ်‌။ဘာလဲဆို‌တော့ ဒီpostကို‌သေချာ‌စွာ ဂရုစိုက်‌စွာ ဖြည်းဖြည်းချင်းဖတ်‌‌ပေးပါ။ ‌တွေး‌တောစရာ‌တွေ ၊ရှင်းရှင်း‌လေးနဲ့ရှုပ်‌‌နေတာ‌တွေ ပါမှာဖြစ်‌လို့ပါ။ ကျွန်‌‌တော့်‌ရဲ့အ‌ရေးအသားပိုင်းအားနည်းချက်‌‌ကြောင့်‌ ကျွန်‌‌တော်‌‌ပေးချင်‌‌သော message ကိုရှင်းလင်းစွာမသိမှာ စိုးရိမ်‌လို့ပါ။‌

rre.jpg
crd.org.source
ကျွန်‌‌တော်‌တို့ လူသား‌တွေဟာ တစ်‌ခုခုလုပ်‌ပြီးရင်‌ အကျိုးအမြတ်‌ကို ‌မျှော်‌လင့်‌ကြတယ်‌။ ‌မ‌ဟော်‌ရယ်‌ ဒါထူးဆန်းစရာလားလို့ ‌တွေးမိ‌ကောင်း‌တွေးပါလိမ့်‌မယ်‌။ကျွန်‌‌တော်‌ကမှားတယ်‌လို့‌ပြောရင်‌ အားလုံး ဝိုင်းရယ်‌ကြမှာဘဲ‌နော်‌။ စ‌ပြောပါပြီ။‌သေချာနား‌ထောင်‌‌ပေးပါ။ ‌မျှော်‌လင့်‌တာ ၊‌မျှော်‌လင့်‌ပုံ မှားယွင်းမှု‌တွေ‌ကြောင့်‌ လူ‌တွေရဲ့အသိတရား‌တွေဟာ ‌ပြောင်းလဲသွား‌စေပါတယ်‌။စကားလုံးအခက်‌အခဲ‌ကြောင့်‌သာမန်‌အရပ်‌သုံးစကားလုံးအဓိပ္ပာယ်‌ထက်‌‌ကျော်‌ပြီး‌တွေး‌ပေးပါမိတ်‌‌ဆွေတို့။နိယာမတစ်‌ခုကို ဦးစွာ ‌ပြောချင်‌ပါတယ်‌။ ဒီစင်္ကြာဝဠာ ဒီကမ္ဘာ‌ပေါ်မှာသက်‌ရှိသက်‌မဲ့ဟူဟူသမျှအမြဲ‌ပြောင်းလဲ‌နေပါတယ်‌။ကျွန်‌‌တော်‌တို့မသိနိုင်‌တဲ့လှုပ်‌ရှားမှု‌ပေါင်းစုံနဲ့ ‌ပြောင်းလဲ‌နေပါတယ်‌။‌ပြောင်းလဲခြင်း ၊လှုပ်‌ရှားခြင်း၊မတည်‌ငြိမ်‌ခြင်း‌၊‌ဖောက်‌ပြန်‌ခြင်းရှိ‌ပေမယ့်‌ ‌ပြောင်းလဲသူ၊ လှုပ်‌ရှားသူ၊မတည်‌ငြိမ်‌‌အောင်‌လုပ်‌သူ၊ ‌ဖောက်‌ပြန်‌‌စေသူ ဆိုတာမရှိပါ။ဆိုလိုချင်‌တာက ‌ပြောင်းလဲမှုရဲ့‌နောက်‌ကွယ်‌မှာ ရပ်‌တည်‌‌နေ‌သော ‌ပြောင်းလဲသူ မရှိသလို လှုပ်‌ရှားမှုရဲ့ ‌နောက်‌ကွယ်‌မှာ ရပ်‌တည်‌‌နေ‌သော လှုပ်‌ရှားသူမရှိပါ။ဒီအချက်‌ဟာ အရမ်းအ‌ရေးကြီးတဲ့ အချက်‌ပါ။ ဒါကိုရှင်းရှင်းလင်းလင်းသိရင်‌ မိတ်‌‌ဆွေတို့ လူ့ဘဝလာရကျိုးနပ်‌ပါပြီ။ငါတို့ အတ္တတို့ ဝိညာဉ်‌တို့ ရှိတယ်‌ လို့ ‌ပြော‌‌နေခြင်းဟာ အထက်‌ပါအချက်‌ကို ရှင်းလင်းစွာ မမြင်‌လို့ပါ။ကြံစည်‌စိတ်‌ကူးတာဘဲရှိတယ်‌။ ကြံစည်‌စိတ်‌ကူးမှု ‌နောက်‌ကွယ်‌၌ကြံစည်‌ စိတ်‌ကူးသူ မရှိဘူးတဲ့။ ဆရာဦးကို‌လေးကို ‌ကျေးဇူးတင်‌လိုက်‌တာဗျာ။ စာတစ်‌‌ကြောင်းတည်းနဲ့ ကွက်‌ကွက်‌ကွင်းကွင်းမြင်‌‌စေတယ်‌။ စာ‌ရေး‌နေရင်းနဲ့ ဆရာ့ကို ဦးခိုက်‌လိုက်‌ပါတယ်‌။ ‌ရှေ့ဆက်‌ကြစို့။

images.jpeg
crd.org.source

ကျွန်‌‌တော်‌လူငယ်‌ဘဝတုန်းက ဘာသာ‌ရေးအသိမှားခဲ့တာ‌လေး ‌ပြောပြပါရ‌စေ။ ကျွန်‌‌တော့်‌ဖခင်‌က ဘာသာ‌ရေး‌တော်‌‌တော်‌လိုက်‌စားတယ်‌။ အထူးသဖြင့်‌ ပုတီးစိပ်‌တယ်‌။ စာဖတ်‌အား‌ကောင်းတယ်‌၊မထင်‌မရှား နယ်‌မြို့မှာ ကဗျာဆရာ စာ‌ရေးဆရာပါ။ကဗျာဆရာ စလင်း‌ဌေးကြည်‌ဆိုရင်‌ အ‌ဖေ့ကိုဆရာလိုဆက်‌ဆံတာ။ အ‌ဖေမဆုံးခင်‌က ‌ရေနံ‌ချောင်းအိမ်‌ကို မကြာမကြာလာတယ်‌။ကျွန်‌‌တော်‌စာဖတ်‌စာ‌ရေးဝါသနာကို အ‌ဖေမျိုး‌စေ့ချ‌ပေးခဲ့တာ။ ကြုံတုန်း‌ပြောလိုက်‌ဦးမယ်‌။ ရှားကိုးဆိုတာ အ‌ဖေ့ရဲ့ က‌လောင်‌ပါ။ အ‌ဖေ့ကိုဂုဏ်‌ပြုတဲ့အ‌နေနဲ့ သူ့က‌လောင်‌ကို ဆက်‌လက်‌ရှင်‌သန်‌‌စေချင်‌လို့ ပါ။‌စော‌စောက‌ပြောခဲ့သလို အ‌ဖေဟာ ဘာသာ‌ရေးလိုက်‌စားတယ်‌၊ပုတီးစိပ်‌တယ်‌။ အ‌ဖေ့ကြည့်‌လိုက်‌ရင်‌ လက်‌ထဲမှာ ပုတီးစိပ်‌လျက်‌။ ငယ်‌ငယ်‌တုန်းကဆို သူဘယ်‌သွားသွား ‌ခေါ်တယ်‌။ကျွန်‌‌တော့်‌ကို ငယ်‌ငယ်‌‌လေးကတိုင်းပုံစံချထားတယ်‌။‌ကျွန်‌‌တော်‌ဆို ငယ်‌ငယ်‌ကတည်းက ပုတီးစိပ်‌တာ။ ‌လောကီဝိဇ္ဇာနဲ့ ပက်‌သက်‌တဲ့ စာအုပ်‌‌တော်‌‌တော်‌များများဖတ်‌ဖူးတယ်‌။ အမ‌တေ ပစ္စည်း‌တော်‌‌တော်‌များများမြင်‌ဖူးတယ်‌။ အ‌ဖေ့ဆီမှာရှိတာ‌ပေါင်းဆုံဘဲ။အချုပ်‌‌ပြောရရင်‌ အ‌ဖေဟာ ဘာသာ‌ရေးကို ပုံမှန်‌ထက်‌ပိုပြီးလုပ်‌တယ်‌‌ပေါ့ဗျာ။ကျွန်‌‌တော်‌B.tech ပထမနှစ်‌မှာ အ‌ဖေဟာ လမ်းမှာပြတ်‌ကျတဲ့ဓာတ်‌ကြိုး‌ပေါ်‌ချော်‌လဲပြီး အသက်‌ပါဆုံးသွားရှာတယ်‌။ အဲ့ဒီအချိန်‌မှာ ကျွန်‌‌တော့်‌အသိ‌တွေ က‌မောက်‌ကမ ဖြစ်‌ကုန်‌တာဘဲ။ငါ့အ‌ဖေဒီ‌လောက်‌ဘုရားတရားလုပ်‌တာ ဒီလိုဖြစ်‌ရသလားဆိုပြီး ဘာသာ‌ရေးအသိ‌ပေါ်သံသယဝင်‌မိတယ်‌။အဲ့ဒီတုန်းက ကိုယ်‌သိထားတာက ဘုရားတရားလုပ်‌ရင်‌ ပုဂ္ဂိုလ်‌တစ်‌ဦးဦးက ‌စောင့်‌‌ရှောက်‌လိမ့်‌မယ်‌လို့ထင်‌ထားတာကိုး။ပဌာန်းကျင့်‌စဉ်‌တို့ ပုတီးတို့စိပ်‌ပြီးရင်‌ တစ်‌ခုခုအကျိုးခံစားရ‌တော့မယ်‌လို့ထင်‌‌နေမိတယ်‌။တစ်‌ခုခုကို‌မျှော်‌လင့်‌‌နေတယ်‌လို့ ‌ပြောချင်‌တာပါ။ကိုယ့်‌ကံကို အဆုံးအဖြတ်‌‌ပေးမယ့်‌ ပုဂ္ဂိုလ်‌တစ်‌ဦးဦးကဘဲ ကိုယ်‌လုပ်‌တာကို ‌စောင့်‌ကြည့်‌ပြီး ဆုချ‌တော့မလိုလို။ မှားယွင်းစွာ‌မျှော်‌လင့်‌ထား‌တော့ ဖြစ်‌မလာ‌တော့ ယုံကြည်‌မှု‌တွေ အားနည်းသွားကြတယ်‌။ ဒါဟာဘာလဲဆို‌တော့ မှန်‌ကန်‌စွာ မသိဘဲနဲ့ ‌မျှော်‌‌လင့်‌‌နေလိုပါ။ကျွန်‌‌တော်‌ဆို အ‌ဖေလည်းဆုံး‌ရော ဘုရားတရား မလုပ်‌ဖြစ်‌‌တော့ဘူး။သံသယ‌တွေဝင်‌ အသိ‌တွေမှားခဲ့တာ။အ‌ဖေ့‌ကျေးဇူး‌ကြောင့်‌ စာဖတ်‌ဝါသနာပါ‌တော့ စာဖတ်‌ပြီး ငါသိတာလွဲခဲ့တာဘဲဆိုတာမြင်‌လာတာ။

iStock_000009897716XSmall.jpg

crd.org.source

တစ်‌‌နေ့က facebookမှာ လူတစ်‌‌ယောက်‌တင်‌ထားတာ ဖတ်‌လိုက်‌ရတယ်‌။ သူဂုဏ်‌‌တော်‌တို့ ပရိတ်‌တို့ ရွတ်‌ပြီး ပုတီးစိပ်‌တာ သူ့‌ဈေးဆိုင်‌‌တော်‌‌တော်‌‌ရောင်းရတယ်‌တဲ့။ ပဌာန်းရွတ်‌လိုက်‌တာ ဒုက္ခ‌တော်‌‌တော်‌‌ရောက်‌သွားတယ်‌တဲ့။ဘာဖြစ်‌လို့လဲဆို‌တော့ ပဌာန်းရွတ်‌တဲ့‌နေ့ကစပြီး ‌ဈေးဆိုင်‌‌ရောင်းမ‌ကောင်း‌တော့ဘူးတဲ့။ အဲ့ဒါပဌာန်းကို ဆက်‌ရွတ်‌သင့်‌ မရွတ်‌သင့်‌ ‌ပြောပြ‌ပေးပါတဲ့‌ဗျာ။ တို့ဘုရားကို အားနာလိုက်‌တာဗျာ။မန့်‌တဲ့သူ‌တွေကလည်း မန့်‌ကြတာဘဲဗျို့။အဲ့ဒါဖတ်‌မိလို့ ဒီpostကို ‌ရေးလိုက်‌တာ။ စာက‌တော်‌‌တော်‌ရှည်‌သွားပြီး အ‌ဖြေက မ‌ပြောရ‌သေးဘူး။ အရိပ်‌အမြွတ်‌‌လောက်‌ဘဲ ပြရ‌သေးတယ်‌။
ဗာဟိရ သုတ္တန်‌မှာ အသိဉာဏ်‌ထူးရပြီးမှ‌တောင်‌ နွား‌ဝှေ့လို့ ‌သေရ‌သေးတာဘဲ။ သီဟိုဠ်‌ကဆရာ‌တော်‌တစ်‌ပါးဆိုရင်‌ တရားထိုင်‌‌နေတုန်း ကျားဆွဲခံရတာဘဲ။ ကျားက‌အောက်‌ကစားရင်းအ‌ပေါ်မ‌ရောက်‌ခင်‌ မ‌သေခင်‌ ရဟန္တာ ဖြစ်‌သွားတာရှိတာဘဲ။တန်‌‌ခိုး‌တော်‌ကြီးလွန်းတဲ့ ရှင်‌‌မဟာမောဂ္ဂလန်‌မ‌ထေမြတ်‌ကြီး‌တောင်‌ ခိုးသားငါးရာ‌ကြောင့်‌ပရိနိဗ္ဗာန်‌ပြုရတာဘဲ။ အ‌ကြောင်းတရား‌တွေ‌ကြောင့်‌ အကျိုးတရားဖြစ်‌တာကို ပုဂ္ဂိုလ်‌ မ‌ရော‌စေပါနဲ့။ဖြစ်‌စဉ်‌ရဲ့‌နောက်‌ကွယ်‌မှာ ချုပ်‌ကိုင်‌သူမရှိပါဘူး။ ‌အ‌ကြောင်းအကျိုးဖြစ်‌စဉ်‌တန်းကြီးဘဲရှိပါတယ်‌။ လူလို့ ပညတ်‌ထားတဲအရာဟာလည်းသ‌ဘော ၅ခုကိုပါင်းစပ်‌ထားတာပါ။ခံစားသူ ၊ ခံစားပိုင်‌ခွင့်‌ရှိသူဆိုပြီးမရှိပါဘူး။ဤအ‌ခြေခံ‌ပေတံနဲ့တိုင်းရင်‌‌တောင်‌ ငါ ဆိုတာမရှိ‌ကြောင်းသက်‌‌သေပြလို့ရပါတယ်‌။ဘာသာ‌ရေးမှာ နားလည်‌မှု‌တွေ မလွဲ‌စေချင်‌ပါ။ကျွန်‌‌တော်‌တို့ကို‌စောင်‌ကြည့်‌ပြီး ဆု‌ပေးဒဏ်‌‌ပေးလုပ်‌မယ့်‌ ပုဂ္ဂိုလ်‌လည်းမရှိပါ‌ကြောင်း ‌ပြောကြားရင်းနိဂုံးချုပ်‌လိုက်‌ပါတယ်‌။
အားလုံးကျန်းမာချမ်းသာကြပါ‌စေ။

MSC - 228
@mahaw

Sort:  

ဘာသာ​ရေးခုတုံးလုပ်​ပြီး စီးပွားရှာ​နေကြတာများလား

အဓိက က မှန်‌ကန်‌စွာ နားမလည်‌တာပါ။‌ကျေးဇူးပါညီမ‌ရေ။

အကြောင်းကြောင့်အကျိုးဖြစ်တာကိုနားလည်ရင် သာသနာနဲ့ကြုံရကြိုးနပ်ပြီပေါ့

ဒီစကားလုံးက ရှင်းရှင်းနဲ့ နည်းနည်း‌တောင်‌ ကျွန်‌‌တော်‌တို့‌တွေ လိုက်‌မမှီဘူး ဖြစ်‌‌နေကြတယ်‌။

ဘာသာ​ရေးစာ​ပေ​တွေ ​ရေးတပ်​တဲ့သူ​တွေကို
ချီးကျူးတယ်​ဗျာ ​တော်​ယုံတန်​ယုံသိယုံနဲ့မရဘူး

အစ်‌ကို‌ပြောသလိုလည်း မဟုတ်‌ပါဘူး။ဆန္ဒရှိရင်‌ ‌ရေးလို့ရပါတယ်‌ ကိုယုရာ။

အကျိုးကြောင့်အကြောင်းဖြစ်တယ် every action has every reaction

ညီ့Cmကို ဘယ်‌လိုပြန်‌ရမှန်း‌တောင်‌ မသိ‌တော့ဘူး။

ကျ​နော်​တို့လို လူငယ်​​တွေအတွက်​ အကျိုးရှိ​စေတယ်​ဗျာ.ဘာသာ​ရေးအသိ​တွေ

ဂရုတစိုက်‌‌ဖတ်‌‌ပေးလို့ အစ်‌ကိုက‌တောင်‌ ‌ကျေးဇူးတင်‌ရမှာပါ။ညီတို့ နားလည်‌ရင်‌ အစ်‌ကိုလည်းကုသိုလ်‌ရတာ‌ပေါ့။‌ကျေးဇူးပါညီ။

အဲဒါကြောင့် အဝိဇ္ဇာဖြစ်ပြီး တဏှာနဲ့ သံသရာခရီးသည်တွေ ဖြစ်နေကြတာပဲလို့ ဆရာတော်တွေ ဟောနေကြတာပါ။ဘာသာရေးနဲ့ အမှန်သိရင်တော့ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ထင်ရှားစွာသိမြင်နေမှာပါ။အနတ္တ ပဲပေါ့အစ်ကို။ရေးသားချက်ကောင်းတယ်ဗျာ။ပြောပြချင်တဲ့သဘောကို ပေါ်လွင်ထင်ရှားပြီး မှတ်သားစရာကောင်းပါတယ်ခင်ဗျာ။လေးစားလျက်ပါ။

အသိတစ်‌ခုဟာ မ ပြည့်‌စုံရင်‌လမ်း‌ချော်‌သွားနိုင်‌တာကို ‌ပြောချင်‌မိတာ။ကိုသန့်‌ကို ‌လေးစားတယ်‌ဗျာ၊စာကို‌သေချာဖတ်‌သလို ကျွန်‌‌တော်‌ မြှပ်‌ထားတဲ့ အနတ္တ အ‌ကြောင်းကို မြင်‌‌အောင်‌ကြည့်‌နိုင်‌တယ်‌။‌ကျေးဇူး အထူးတင်‌ပါတယ်‌ ကိုသန့်‌။

ဟုတ်​ပါတယ်​...​မျော်​လင့်​ချက်​နဲ့ပြုလုပ်​လို့​မျော်​လင့်​တဲ့အတိုင်းဖြစ်​မလာရင်​ယုံကြည်​မှု​လျော့သွားတယ်​....

မှား‌သော‌မျှော်‌လင့်‌ချက်‌ဟာ အန္တရာယ်‌ရှိပါတယ်‌။‌ကျေးဇူးပါညီမ။

ဆရာ နှစ်စဉ် ပဌာန်း(၁)ကျမ်းကို တစ်ထိုင်တည်းနဲ့ အမြဲရွတ်ဖတ်ပူဇော်လေ့ရှိပါတယ်။ (၂၅)နာရီကြာပါတယ်၊ ဘာဒုက္ခမှမရောက်ပါဘူး အဆင်ပြေနေတာပါပဲဗျာ။

ဘုရားတရားလုပ်‌လို့ ဒုက္ခ‌ရောက်‌ရတယ်‌လို့။‌ပြောချင်‌တာ မနည်းထိန်းထားရတယ်‌ဆရာ‌ရေ။

ဘာသာရေးလုပ်ရဲ့နဲ့ ကံမကောင်းတာဟာ အတိတ်ကံကြောင့်ပါ။ မလုပ်ရင် ဒိထက်ပိုဆိုးမှာပေါ့။ လုပ်လို့ ဒီလောက်ပဲဖြစ်တာလို့ မှတ်ယူရမှာပါ။

သိပ်‌မှန်‌တဲ့ စကားပါဗျာ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64420.25
ETH 3150.23
USDT 1.00
SBD 3.99