‌ရေ‌သောက်‌ဖို့ မ‌မေ့နဲ့

in #myanmar5 years ago

FB_IMG_1524973561560.jpg

‌မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေအ‌ပေါင်းတို့။
ဘဝမှာ ‌ပျော်‌ရွှင်‌စွာ‌နေထိုင်‌နိုင်‌ဘို့ ဘာအ‌ရေးကြီးဆုံးလဲလို့ မိတ်‌‌ဆွေတို့ ထင်‌ပါသလဲ။ ကျွန်‌‌တော့်‌အမြင်‌‌ပြောရမယ်‌ဆိုရင်‌ မိမိစိတ်‌ကို လိုသလိုကိုင်‌တွယ်‌နိုင်‌ဖို့ အ‌ရေးကြီးတယ်‌လို့ ထင်‌မိတယ်‌။ အခုတ‌လော နာမည်‌ကြီး‌နေတဲ့ IQ EQ AQ ကိုနည်းနည်း‌ဆွေး‌နွေးပါရ‌စေ။ IQနဲ့EQကို သိတာကြာ‌ပေမယ့်‌ AQ ကို သိတာမကြာ‌သေးပါဘူး။ AQမြင့်‌မားသူ‌တွေဟာ စိတ်‌ကိုထိန်းချုပ်‌နိုင်‌စွမ်း မြင့်‌မားကြတယ်‌လို့ဖတ်‌ဖူးတယ်‌။ အခုမှ သိပ္ပံနည်းကျ စမ်းသပ်‌ချက်‌‌တွေ ‌ဖော်‌ထုတ်‌ချက်‌‌တွေ ‌ပေါ်လာ‌ပေမယ့်‌ တကယ်‌တမ်းထိုအကျိုးတရား‌တွေကို ကျွန်‌‌တော်‌တိုရဲ့ ‌ကျေးဇူးရှင်‌ မြတ်‌ဗုဒ္ဓက ‌ဟောကြားပြီးသားပါ။

images (4).jpeg

rd.org.source

တကယ်‌တမ်း‌ပြောရရင်‌ AQ မြင့်‌မားတာတို့ စိတ်‌ထိန်းချုပ်‌နိုင်းစွမ်းမြင့်‌မားတာတို့၊အရာရာကို တည်‌တည်‌ငြိမ်‌ငြိမ်‌ဖြတ်‌သန်းနိုင်‌တာ‌တွေဟာ အကျိုးတရားပိုင်း‌တွေပါ။ ထိုဟာ‌တွေပိုင်‌ဆိုင်‌နိုင်‌ဘို့ အ‌ကြောင်းတရားကို ပိုဦးစား‌ပေး‌လေ့လာ‌လေ့ကျင့်‌ရမှာပါ။ ကာယဗလ ကြီးထွားချင်‌တာကို ‌လေ့ကျင့်‌ခန်း မလုပ်‌ဘဲ ကာယဗလရှင်‌ ‌နေထိုင်‌နည်းမျိုး‌နေထိုင်‌ရုံနဲ့ တကယ်‌မကြီးထွားလာပါဘူး။ အ‌နောက်‌နိုင်‌ငံသား‌တွေလမ်းညွှန်‌တာက အကျိုးတရားပိုင်း လိုက်‌လုပ်‌ခိုင်းတာများ‌နေတယ်‌။ စိတ်‌ချမ်းသာချင်‌ရင်‌ စိတ်‌ချမ်းသာသလို‌နေပါ ဖြစ်‌‌နေတယ်‌။ ထိုက်‌သင့်‌သ‌လောက်‌ရ‌ပေမယ့်‌ တကယ့်‌အ‌ကြောင်းတရားကိုမသိ‌တော့ ရှင်‌သန်‌ကြီးထွား‌အောင်‌ ‌မွေးမထုတ်‌နိုင်‌ဘူး။

images (5).jpeg

crd.org.source

အများကြီး‌ပြောရင်‌‌ အများကြီး မှတ်‌‌နေရပါဦးမယ်‌။ တစ်‌ခုဘဲ‌ပြောမယ်‌ တစ်‌ခုဘဲလုပ်‌လိုက်‌ပါ။ AQ‌ကော A2Q‌ကော ရပါ‌စေရမယ်‌။ အခုမှရှာ‌ဖွေ‌လေ ‌တွေ့ရှိ‌လေ ဖြစ်‌‌နေတာ။ ‌နောက်‌ဆို ဒိထက်‌‌ကောင်းတဲ့ အကျိုးတရား‌တွေ့ရှိချက်‌‌တွေ ၊ အဓိကလိုအပ်‌ချက်‌‌တွေ ၊မဖြစ်‌မ‌နေလုပ်‌ရမယ့်‌ဟာ‌တွေ ထပ်‌‌တွေ့ရှိကြဦးမှာပါ။ အခုကျွန်‌‌တော်‌‌ပြောမယ့်‌ အ‌ကြောင်းအရာကို ပြုလုပ်‌ရင်‌ ဘာပဲအသစ်‌‌တွေ့ရှိ‌တွေ့ရှိ လူ့စိတ်‌ကိုအ‌ကောင်းဆုံး training‌ပေးတဲ့အလုပ်‌ ဖြစ်‌‌စေပါတယ်‌။
ဘာမှ‌ထွေ‌ထွေထူးထူး လုပ်‌စရာမလိုပါဘူး။အညှာတစ်‌ခုကိုင်‌ရုံနဲ့ ပြဿနာအားလုံးကို ကိုင်‌တွယ်‌ပြီးသား ဖြစ်‌‌စေပါတယ်‌။ အခက်‌ဆုံးပြဿနာ‌တွေဟာ အလွယ်‌ဆုံအလုပ်‌‌တွေနဲ့ ‌ဖြေရှင်းရတာ ‌လောကသဘာဝပါ။ တစ်‌ခုဘဲ လိုပါတယ်‌။ တကယ်‌လုပ်‌ဖြစ်‌ဘို့ဘဲလိုတာပါ မိတ်‌‌ဆွေ။ ဝင်‌‌လေထွက်‌‌လေဘဲ ပုံမှန်‌သိမှတ်‌‌ပေးပါ။ လိုက်‌ဆိုလိုက်‌ရွတ်‌ရင်‌ စိတ်‌ကိုပိုသတိထားနိုင်‌‌ပေမယ့်‌ ပင်‌ပန်းတတ်‌တယ်‌။ ကိုယ့်‌နှာဝ သူစိမ်း‌တစ်‌‌ယောက်‌က အကဲခတ်‌သလို အာရုံညွှတ်‌ရုံဘဲလုပ်‌ပါ။ ဆိုလိုချင်‌တာက စိုက်‌မကြည့်‌နဲ့ ၊လုပ်‌မရှူနဲ့။ သူ့သ‌ဘောနဲ့သူ ဝင်‌ထွက်‌‌နေတာကိုဘဲ သိမှတ်‌‌ပေးရုံပါဘဲ။အဓိက လိုရင်း ကပစ္စုပ္ပန်‌အချိန်‌မှာ သိမှတ်‌‌နေတာကို မကြာမကြာ ဆွဲတင်‌နိုင်‌ဘို့ဘဲ။ သတိထားရင်း ‌စောင့်‌ကြည့်‌ရင်းနဲ့ အ‌တွေးက ‌လျှောက်‌‌တွေးတာ‌လေ၊ ‌စော‌စောကဝင်‌‌လေထွက်‌‌လေမှတ်‌‌နေတဲ့စိတ်‌‌လေးအာရုံ‌လေးကို ပြန်‌ကပ်‌တတ်‌ရင်‌ရပြီ။ သွားချင်‌သလိုသွားတာ ၊‌တွေးချင်‌သလို‌တွေးတာ စိတ်‌အလုပ်‌၊ ကိုယ်‌က ဝင်‌‌လေထွက်‌‌လေ မှတ်‌စိတ်‌ကို ပြန်‌ဆွဲ‌ခေါ်တာက ကိုယ့်‌အလုပ်‌။ တကယ်‌တမ်းမြန်‌ဆန်‌လွန်းတဲ့စိတ်‌ကို ထိန်းချုပ်‌နိုင်‌ဘို့ သူ့ကိုမကြည့်‌ဘဲ ဝင်‌‌လေထွက်‌‌လေကို တည်‌ကြက်‌ထားလိုက်‌တာ။ ဒါကစိတ်‌ကိုလိုသလို ထိန်းနိုင်‌တာဘဲရှိပါ‌သေးတယ်‌။ AQရဲ့အဓိက လိုရင်းက ‌နောက်‌တစ်‌ခုရှိ‌သေးတယ်‌။ ဒါကို‌ပေါ်လွင်‌‌အောင်‌ မ‌ဖော်‌ပြကြဘူး။ အသိဆိုတဲ့အရာဘဲ။ ဆုံးရှုံးမှုတစ်‌ခုကို တည်‌တည်‌ငြိမ်‌ငြိမ်‌ ရင်‌ဆိုင်‌ဖြတ်‌သန်းနိုင်‌ဘို့က အသိတစ်‌ခုလိုအပ်‌‌သေးတယ်‌။ ထိုအသိပိုင်းကို ‌နောက်‌မှ‌ဆွေး‌နွေးတင်‌ပြ‌ပေးပါ့မယ်‌။
အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌လို့ ‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
@mahaw

Sort:  

ဟုတ်ပါတယ်။AQမြင့်အောင် နေရမယ်

Posted using Partiko Android

‌ကောင်း‌သော အ‌တွေးပါကို‌အေး‌ရေ။‌ကျေးဇူးပါ။

ရေက စားပွဲပေါ်မှာသုံးပုလင်းအဆင်သင့်ရှိတယ်၊လူတိုင်းသေမယ်။ငါလည်းသေမယ်၊သူလည်းသေမယ်

Posted using Partiko Android

မရဏာနုဿတိ ပွားရမှာလားဦးမင်း‌ရေ။

တောဝင်ရင်ကောင်းမလား တောထွက်ရင် ကောင်းမလား ☺

ပါးပါးေ‌လးပါ ဦးစိုး‌ရေ။

ဝင်လေ ထွက်လေ မှတ်ရင်း မှတ်ရင်းပဲသတိတွေကိုဖမ်းဆုပ်နေရဆဲပါ

မှတ်‌ရင်းမှတ်‌ရင်း တိုးတက်‌လာပါတယ်‌ဦး‌ထွေး‌ရေ။

ရေများများသောက်ပါတယ်

Posted using Partiko Android

‌ကောင်း‌သောအ‌လေ့အကျင့်‌ပါမစု။

စိတ်​ချမ်းသာ​အောင်​​တော့ စိတ်​ကို ကိုယ်​နဲ့ မခွာ​အောင်​ထားရမှာပဲ​လေ😃

Posted using Partiko Android

မှန်‌ပါတယ်‌ ကိုလွမ်း။

ဟုတ်​ ကိုမ​ဟော်

Posted using Partiko Android

ဟုတ်​ကဲ့ပါ..​ရေများများ​သောက်​ထားရင်​မပူ​လောင်​​တော့ဘူး​ပေါ့​နော့....

Posted using Partiko Android

That right.

အပြင်အဟာရအတွက်ရေရော
စိတ်အတွက်ရေပါ သောက်ပါတာ် အကိုမဟော်ရေ

good habitပါညီ။

AQ တော့ ခုမှ ကြားဖူးတယ် Qတွေလအကြောင်းတော့ သိပ်မသိခဲ့ဘူး စိတ်ထိမ်းချုတ်တော့ ရင်းနီးတယ် ။

AQဆိုတာ အခက်‌အခဲ‌တွေကို ‌အေး‌အေး‌ဆေး‌ဆေး ရင်‌ဆိုင်‌‌ဖြေရှင်းနိုင်‌တဲ့ စွမ်းရည်‌သ‌ဘောမျိုးပါ ။ရှာ‌ဖွေ‌တွေ့ရှိတာ မကြာ‌သေးဘူး ။‌ကျေးဇူးပါကိုဒို။

စမ်းကြည့်ဦးမယ် ဘဒိုရေ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11