ကျွန်တော်လေးစားရသော ဆရာ
မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။ ဆရာတစ်ယောက်ကို သတိရမိတာလေး ပြောပါရစေ။ တစ်ခါတလေကျ မိမိကိုယ်ကို အားမရပါဘူးဗျာ။ ကျွန်တော့်အကျင့်က သိပ်မကောင်းဘူးထင်တယ်။ တစ်ခုခုလုပ်တော့မယ်ဆို စိတ်ပါလက်ပါ အာရုံစူးစိုက်စွာလုပ်ပေမယ့် အခြားဟာတွေကို လစ်ဟာခဲ့တာတွေ များတယ်။ ကျွန်တော် steemit ကို စလုပ်ကတည်းက မဟော်ကြီး account ကို သိပ်မသုံးဖြစ်တော့ဘူး။ ထိုacc က ဘာသာရေးသီးသန့်သဘောမျိုးထားတဲ့အရာပါ။ ဆရာနဲ့က မဟော်ကြီးမှာ friend လုပ်ထားတယ်။ဆရာ့အကြောင်းကိုအနည်းငယ်မိတ်ဆက်ပါရစေ။ နောက်ပြီး ဆရာနဲ့ကျွန်တော် ဘယ်လိုတွေ့ဆုံခဲ့သလဲဆိုတာတွေကိုပြောပြပါ့မယ်။
ကျွန်တော်ဟာ အာနာပါနနည်း ဖြစ်တဲ့ မောင်းထောင်မြေဇင်းတောရနည်းကို ဓမ္မာစရိယဦးဌေးလှိုင်စာအုပ်တွေဖတ်ရင်းနဲ့ စိတ်ဝင်စားမိတယ်။ ဒါပေမယ့် ဆရာကြီးက ၂၀၀၅မှာကတည်းက ဆုံးသွားတော့ နောက်ဘယ်သူတွေဆက်လုပ်နေလဲ ဘယ်နေရာမှာလည်းဆိုတာကို internet မှာရှာဖြစ်တယ်။ ထိုနည်းက ရက်၆၀တရားစခန်းဆိုတော့ ကိုယ့်အတွက်လည်း ထူးဆန်းနေတယ်လေ။ ကိုယ်ကြားဖူးတာက ရက်တိုလောက်ဘဲကြားဖူးတာကို။ တရားအားထုတ်သူတွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို စနစ်တကျစုဆောင်းပြီး စာအုပ်တွေ ထုတ်ထားတာဖတ်ရတာ ကြက်တီးမွှေးချင်းထလောက်အောင် အားကျမိတယ်။ အစကတော့ ဆရာကြီး ဦးဌေးလှိုင်ရဲ့ ရိပ်သာမှာပြောကြားတဲ့ တရားတွေကို downloadဆွဲပြီးနာယူတယ်။ ဓမ္မရသစာအုပ်တွေ ဖတ်တယ်။ တဖြည်းဖြည်းနဲ့ စိတ်က အရမ်းActiveဖြစ်လာတယ်။ မကြာမကြာထိုနည်းနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ရိုက်ပြီး internetမှာရှာတယ်။ ဓမ္မဒေါင်းလုပ်မိသားစု websiteမှာ ဆရာ အောင်ထွန်းဝင်းကို တွေ့တယ်။ ဆရာက သီရိလင်္ကာမှာ ကျောင်းတတ်နေတယ်။ ကမ္ဘာအနှံ့ မြေဇင်းနည်းနဲ့ ဓမ္မကထိက ဆရာအဖြစ် တရားပြဆရာပါ။ အထူးသဖြင့်စင်္ကာပူကို မကြာမကြာသွားပြီး တရားပြရတယ်။ ပထမတော့ သူ့တရားတွေ Down ပြီး နာယူဖြစ်တယ်။ နောက် ဆရာ့ကို ကျွန်တော်အရဲစွန့်ပြီး ဖုန်းဆက်ဖြစ်တယ်။ ဖုန်းဆက်တာ ဆန်းသလားမဟော်လို့ မေးစရာရှိပါတယ်။ နိုင်ငံကျော် ဓမ္မကထိကဆရာကို ကျွန်တော့်မွေးနေ့မှာ ဖိတ်လိုက်တာ ဆန်းတာပေါ့လို့ ဖြေပါရစေ။ ဆရာကကျွန်တော့်လိပ်စာမေးပြီး မနက်ဖြန် လာပ့ါမယ်ဆရာတဲ့။ ကျွန်တော့်နားကို မယုံနိုင်အောင်ဖြစ်သွားတယ်။ ဝမ်းသာလွန်းလို့ ဘယ်လိုပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျ။ အံ့သြမှုတွေ ၊ပျော်ရွှင်မှုတွေကော တစ်ပြိုင်နက်ခံစားလိုက်ရတယ်။ ဘယ်ထင်မလဲဗျာ ၊ ကိုယ်နဲ့လည်းမသိ ၊ကိုယ်လေးစားရတဲ့ ဆရာတစ်ယောက်က အိမ်တိုင်ရာရောက် တရားလာပြပေးမယ်ဆိုတော့ ရင်ထဲမှာကြည်နူးလိုက်တာ တကယ်ပါ။
နောက်နေ့ မနက်၁၀ နာရီလောက် ကားဂိတ်က သွားစောင့်တယ်။ ဆရာက ရန်ကုန်ဘက်ကလာမှာ ။ ဆရာက ဒီနေ့ သွားစရာရှိတာကို ဖျက်ပြီး ကျွန်တော့်အတွက် သီးသန့်အချိန်ပေးတာ။ သူ ကျွန်တော့်ကို မြင်လည်မမြင်ဖူးဘူး၊ သိလည်းမသိဘူး။ ကျွန်တော်ကတော့ လိုင်းပေါ်မှာ မြင်ဖူးတယ်။ ကျွန်တော် ဆရာ့ကိုစောင့်နေရင်း တစ်ခုတွေးမိတယ်။ တရားအသိလေးဝေမျှဘို့ မသိတဲ့သူဆီကို တကူးတက လာရှာတယ်။ ငါဆိုရင် ဒီလိုလုပ်နိုင်ပါ့မလားပေါ့။ နီးနီးနားနားလည်း မဟုတ်ဘူးလေ။ ရန်ကုန်- ပဲခူး ကားဆိုက်တော့ ဆရာကားပေါ်ကဆင်းလိုက်တာနဲ့ ဒါဆရာဘဲလို့ အပြေးတပိုင်းကြိုမိတယ်။ ကိုယ့်ကိုကိုယ်လည်း ဆရာ့ကိုမိတ်ဆက်ရတာပေါ့။ ဆရာ့မျက်နှာက အေးချမ်းလိုက်တာဗျာ။ တရားအလုပ်ကို နှစ်ရှည်လများလုပ်နေသူမှန်း သိသာစေတယ်။ မေတ္တာဓာတ်ပြည့်ဝနေတဲ့ အပြုံးမျက်နှာလေးဟာ မြင်ရသူရင်မှာ ကြည်နူးမှုတွေ ဖြစ်စေတယ်။ ဆရာ့နာမည်က ဆရာကိုအောင်ထွန်းဝင်းပါ။ ဓမ္မဒေါင်းလုပ် websiteမှာ လူပုဂ္ဂိုလ်တရားပြဆရာအနေနဲ့ တွေ့ရှိနိုင်ပါတယ်။သူဟောတဲ့ တရားတွေကိုလည်း နာယူနိုင်ပါတယ်။ ဒီလိုနဲ့ ဆရာ့ကို အိမ်ခေါ်သွားတာပေါ့ဗျာ။ အိမ်ရောက်တော့ အိမ်ရှင်မက ပျူပျူငှာငှာ ဝမ်းသာအားရကြိုတာပေါ့။ ကျွန်တော်တို့နှစ်ယောက်ရဲ့ရင်ထဲမှာ ဝမ်းသာပီတိတွေအပြည့်နဲ့ ဆရာ့ကို ဦးခိုက်ကြပါတယ်။ ခဏလောက်နားပြီး ဆရာက တရားအကြောင်းစဆွေးနွေးပါတယ်။ ထိုအကြောင်းအရာတွေကို နောက်postမှာ ဆက်လက်တင်ပြပေးပါမယ်လို့ ပြောကြားရင်း ခဏနားလိုက်ပါတယ် မိတ်ဆွေတို့။
အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။
MSC-228
@mahaw
တခါတလေငယ်ဆရာတွေနဲ့ပြန်စုံချင်မိတယ်ဗျာ
ဟုတ်တယ်၊ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မတွေ့ ဖြစ်တော့ဘူး။
တွေ့ချင်နေသူ တွေ့ရတော့ အရမ်းဝမ်းသာသွားတယ်ပေါ့ ဝမ်းသာပါတယ် ကိုမဟော်ရေ😊
ကျေးဇူးပါမတ်မတ်ကြည်။
ကိုမဟော် ကျွန်တော်နဲ့ ဆရာမောင်လတ်ကို ဆရာအောင်ထွန်းဝင်း
လာတွေ့ တဲ့အကြောင်းပြောပြဖူးတယ်နော် အခုထပ်သိရတော့ ပိုကြည်နူးမိပါတယ်ဗျာ
ဟုတ်တယ် အစ်ကိုေ ပြာဖူးတယ်။
Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Award for the number of upvotes received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
အားကျတယ်ဗျာကြိုးစားရအုံးမယ်
အတူတူကြိုးစားကြတာပေါ့ ဦးထွေးရေ။
ကိုမဟော်ရဲ့ပိုစ် ဖတ်ရမှ
သန်းထွန်းလေးရဲ့သီချင်းကိုသွားသတိယတယ်
"ဟေ့...သူငယ်ချင်းရယ်....ဒို့ဆရာကြီး ကျမ်းမာပါရဲ့လားကွယ်......
ကျေးဇူးရှင်ကို သတိရတာ မင်္ဂလာပါ ဦးယုရေ။
ဟုတ်ကဲ့...ဆွေးနွေးမဲ့အကြောင်းအရာများကိုစိတ်ဝင်တစားစောင့်မျော်နေပါတယ်.......
ဟုတ်ကဲ့ ဆက်ရေးပါမယ် ညီမ။
ဂဏနည်းက ဝင်လေ ထွက်လေ မှတ်ရ ပိုမှတ်လို့တော့ ကောင်းသားဗျ
ဟုတ်တယ်ကိုဟိန်း ၊စိတ်အ ပြင်ထွက်တာကို လျော့ပါးစေတယ်။
ထပ်တူ ဝမ်းသာမိပါတယ်
ကျေးဇူးပါညီမ။
ဆရာကောင်းတွေဖို့ရာက ပထမအရေးအကြီးဆုံးပါပဲ
ဟုတ်ကဲ့၊သံသရာအတွက် ဆရာက ပိုအရေးကြီးပါတယ်။