လုပ်‌ဘို့ အ‌ရေးကြီးတယ်‌

in #myanmar6 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်‌မိတ်‌‌ဆွေ အ‌ပေါင်းတို့။ ဦးစိုးpostဖတ်‌ပြီး‌တော့ အ‌တွေးတစ်‌ချက်‌ ဝင်‌မိတယ်‌။ စာ‌ရေးဆရာတိုင်းဟာ တကယ်‌သိ တကယ်‌တတ်‌ရဲ့လား။ ဒါမှမဟုတ်‌ သူတို့‌ပြောတဲ့အတိုင်း‌ကော သူတို့ လိုက်‌လုပ်‌ကြလား။ သူတို့ ‌ပြော‌သောအ‌ကြောင်းအရာ‌တွေမှန်‌ မမှန်‌ ဟာ သူတို့လုပ်ခြင်း မလုပ်‌ခြင်းနဲ့သက်‌ဆိုင်‌ပါသလား။ ငါ‌ပြောတာလုပ်‌ ငါလုပ်‌သလို မလုပ်‌နဲ့ ဆိုတာမျိုးဖြစ်‌‌နေသလား။
ကျွန်‌‌တော်‌အမြင်‌‌ပြောရမယ်‌ဆိုရင်‌ မဆိုင်‌ဘူးလို့ထင်‌မိတယ်‌။ စာ‌ရေးဆရာရဲ့လမ်းညွှန်‌ချက်‌အဓိက ၊စာ‌ရေးဆရာက အဓိကမဟုတ်‌ပါဘူး။ အဓိက က ‌အောင်‌မြင်‌‌ရေး လမ်းညွှန်‌‌မြေပုံပါ။ လိုက်‌နာခြင်း မလိုက်‌နာခြင်းက သူ့သမိုင်းပါ။ ကျွန်‌‌တော်‌ငယ်‌ငယ်‌က‌ရေးခဲ့တဲ့ ‌ဆောင်းပါး‌လေးကိုသတိရမိတယ်‌။ အနည်းငယ်‌‌ပြောပြမယ်‌‌နော်‌။

images (1).jpeg

crd.org.source

ဟိုး‌ရှေး‌ရှေးတုန်းက တိုင်းပြည်‌တစ်‌ပြည်‌မှာ စာ‌ပေပညာရှင်‌ကြီးတစ်‌‌ယောက်‌ရှိတယ်‌တဲ့။ စာ‌ပေပညာရှင်‌ကြီးလို့‌ပြော‌ပေမယ့်‌ အသက်‌က သိပ်‌မကြီး‌သေးပါဘူး။ထိုဆရာကြီးက ‌အောင်‌မြင်‌‌ရေးတက်‌ကျမ်းကို အထူးအသား‌ပေး‌ရေး‌လေ့ရှိတယ်‌။ ထိုတိုင်းပြည်‌မှာရှိတဲ့ လူငယ်‌လူရွယ်‌‌တွေဟာ သူ့ကို ‌လေးစားကြသတဲ့။ သူ့ရဲ့ကျမ်း‌တွေက တကယ်‌အသုံးဝင်‌တာကို။ သူ့ကျမ်း‌ကြောင့်‌ ချမ်းသာတဲ့သူ‌တွေ မနည်းမ‌နောပါဘဲ။ သူ့ရဲ့‌အောင်‌မြင်‌‌ရေးကျမ်းဟာ လူငယ်‌‌တွေအတွက်‌ တကယ့်‌အဖိုးတန်‌ရတနာပါဘဲ။
ထိုတိုင်းပြည်‌မှာရှိတဲ့ လူငယ်‌‌လေးတစ်‌‌ယောက်‌ဟာ သူ့ကျမ်း‌တွေဖတ်‌ပြီး ‌လေးစားအားကျသတဲ့။ ကျမ်းထဲမှာပါတဲ့အတိုင်း လိုက်‌နာကျင့်‌ကြံပြီး ‌နောက်‌ဆုံး သူ‌ဌေးကြီး ဖြစ်‌လာပါတယ်‌။ ထိုလူငယ်‌‌လေး ထိုသူ‌ဌေးကြီးဟာ သူ့‌ကျေးဇူးရှင်‌ သိပ်‌‌တွေ့ချင်‌‌နေရှာတယ်‌။
‌အောင်‌မြင်‌‌ရေးကျမ်းကို‌ရေးခဲ့တဲ့ စာ‌ပေပညာရှင်‌‌လေးဟာ နာမည်‌ကြီးလာ‌တော့ ယမကာကို သုံးစွဲဖြစ်‌လာတယ်‌။ ဟိုကဖိတ်‌‌သောက်‌လိုက်‌ ဒီကဖိတ်‌ ‌သောက်‌လိုက်‌နဲ့‌နောက်‌ဆုံး အရက်‌သမားကြီး ဖြစ်‌‌ကောတဲ့။ နှစ်‌‌တွေကြာ‌တော့ လမ်း‌ဘေး‌ရောက်‌သွားတဲ့ ယစ်‌ထုပ်‌ကြီးဖြစ်‌သွားတယ်‌။

a7ipa77o68.jpg

crd.org.source

တစ်‌‌နေ့ ထိုယစ်‌ထုပ်‌ကြီးနဲ့ သူ‌ကြောင့်‌သူ‌ဌေးဖြစ်‌လာတဲ့သူ‌ဌေးကြီး ‌တွေ့ဆုံဘို့ဖြစ်‌လာတယ်‌။ သူ‌ဌေးကြီးလာတဲ့လမ်းမှာ ယစ်‌ထုပ်‌ကြီးနဲ့‌တွေ့ဆုံကြ‌တော့ သူ‌ဌေးကြီးက ‌ငွေစ‌လေးနည်းနည်း‌ပေးပြီး ယစ်‌ထုပ်‌ကြီးကို ဆုံးမသတဲ့။ သူဆုံးမတာ‌တွေ လမ်းညွှန်‌ချက်‌‌တွေက ‌အောင်‌မြင်‌‌ရေးကျမ်းထဲက စကားလုံး‌တွေတဲ့။ သူ‌ဌေးကြီး ‌ပြောတဲ့ စကားလံး‌တွေကြား‌တော့ ယစ်‌ထုပ်‌ကြီးက ဟားတိုက်‌ရယ်‌သတဲ့။ သူ‌ဌေးကြီးက‌မေးတာ‌ပေါ့၊ဘာဖြစ်‌လို့ ရယ်‌တာလဲ‌ပေါ့။ ယစ်‌ထုပ်‌ကြီးက ပြန်‌‌ပြောတယ်‌။ ‌အောင်‌မြင်‌‌ရေးကျမ်းထဲကစာသား‌တွေရွတ်‌ပြပြီး သူဟာ သင်‌ဖတ်‌ခဲ့တဲ့ ‌အောင်‌မြင်း‌ရေးကျမ်းကို‌ရေးခဲ့တဲ့ စာ‌ပေပညာရှင်‌ဖြစ်‌တဲ့အ‌ကြောင်း ‌ပြောပြတယ်‌။ သူ‌ဌေးကြီးဟာ အရမ်းအံ့သြသွားတယ်‌။ သူ‌လေးစားခဲ့ရတဲ့စာ‌ပေပညာရှင်‌ကြီးဟာ ဒီလို‌ပုံစံ‌တွေ့ရ‌တော့ သူအံ့သြလို့မဆုံးဘူး။သူဟာ သင့်‌‌အောင်‌မြင်‌‌ရေးကျမ်းကိုလိုက်‌နာခဲ့လို့ သူ‌ဌေးကြီးဖြစ်‌လာတဲ့အ‌ကြောင်း၊ဆရာကြီးက ထိုကျမ်း‌တွေကိုယ်‌တိုင်‌‌ရေးခဲ့သိခဲ့တာ‌တောင်‌ ဘာဖြစ်‌လို့ဒီလိုဘဝမျိုးဖြစ်‌‌နေရတာလဲဆိုတာကို‌မေးသတဲ့။
ယစ်‌ထုပ်‌ကြီးက တစ်‌ခွန်းဘဲ‌ဖြေလိုက်‌ပါတယ်‌။
"သူဟာ သိခဲ့တဲ့အတိုင်း မလိုက်‌နာမကျင့်‌ကြံခဲ့လို့ပါတဲ့။ "‌

MSC-228
@mahaw

Sort:  

စဉ်းစားနေတာနဲ့ မပြီးဘူး ထလုပ်လိုက်တာကပြီးရော

ဟုတ်‌ကဲ့ပါဦး‌ထွေး။

မြန်မာ လူကြီးအများစုကတော့ ငါပြောသလို လုပ် ၊ ငါ လုပ်သလို မလုပ်နဲ့တွေ များပါတယ်😁

Posted using Partiko Android

သိပ်‌မှန်‌ပါတယ်‌ကိုဟိန်း‌ရေ။

သိအောင်အရင်လုပ်ရတာမှန်ပါတယ်။သိပြီး လက်တွေ့မကျင့်ကြံနိုင်တဲ့အခါ တန်ဖိုးမဲ့သလိုဖြစ်သွားတာပေါ့။အစ်ကို ပြောပြပေးထားတာ ပေးချင်သော massage ကို သိသာပေါ်လွင်စေပါတယ်။သတိထားကြိုးစားကျင့်ကြံပါ့မယ်အစ်ကို။

‌ကျေးဇူးပါကိုသန့်‌။အတတ်‌နိုင်‌ဆုံး‌တော့ကြိုးစားရမှာပါ။သိပြီးမလုပ်‌ရင်‌ ပိုနှေ မြာစရာ‌ကောင်းတယ်‌။

ဟုတ်တယ်။အမှန်ပဲ စာရေးဝါသနာပါလို့ စာရေးဆရာဖြစ်နေတာနဲ့ ကြီးပွားတိုးတက်ရောက်ရေးတွေရေးပေမယ့် သူကိုယ်တိုင်တိုးတက်ချင်မှတိုးတက်မှာပေါ့။ ဒါနဲ့ပဲ သူ့စာတွေအလကားပါလို့လည်းပြောမရပြန်ဘူး

ဟုတ်‌ပါတယ်‌ဦးမင်း။‌ကျေးဇူးပါ အန်‌ကယ်‌။

သိတိုင်းလည်းမလုပ်ကြသလို လုပ်နေကြတိုင်းလည်း မသိပါဘူးဗျာ မနေ့က စကားလေးတစ်ခွန်းပဲပြန်ရေးရမှာပဲ ဗေဒင်ဆရာက သူကိုယ်တိုင်ကံမကောင်းလို့ မကြီးပွားနိုင်ပေမယ့် ကြီးပွားနိုင်တဲ့လူတွေကိုတော့ အကူအညီပေးနေတာပဲလို့ ထင်တယ် ကိုမဟော်ရေ

ဟုတ်‌ကဲ့ပါ ဦးစိုး။အသိတစ်‌ခုဟာ တန်‌ဘိုးဖြတ်‌လို့ မရပါဘူး။‌ဝေမျှ‌ပေးတာနဲ့တင်‌ ‌ကျေးဇူးတင်‌ထိုက်‌ပါတယ်‌။

ဘာမှမလုပ်​ရင်​ ဘာမှမရ
ဘာမှမရ​တော့ ဘာမှမဖြစ်​လာဘူး
အဓိက က​တော့လုပ်​​နေဘို့အ​ရေးကြီးတာပါ

ဟုတ်‌တယ်‌ဦးယု‌ရေ ။လုပ်‌ ဖြစ်‌ဘို့ကြိုးစား‌နေရတယ်‌။

သိပ်ကို ထိမိတဲ့ ဆောင်းပါးကောင်းလေးပါ ကိုမဟော်ရေ
ကျေးဇူးအထူး။

‌ကျေးဇူးပါညီ။

ဆရာကြီးပီမိုးနင်းကပြောတယ်၊ ပညာရှင်ဆိုတာ မချမ်းသာဘူးတဲ့။

Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Presentamos el Ranking de SteemitBoard
Introducing SteemitBoard Ranking

Support SteemitBoard's project! Vote for its witness and get one more award!

ဘာဘဲလုပ်လုပ် လုပ်နေဖို့သာ အရေးကြီးပါတယ် ဦးမဟော်

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64513.89
ETH 3155.04
USDT 1.00
SBD 4.00