မထွက်‌ခွာ‌စေချင်‌

in #myanmar6 years ago

FB_IMG_1524973561560.jpg
မိတ်‌‌ဆွေများအားလုံး မင်္ဂလာပါ။ အချိန်‌နဲ့ပက်‌သက်‌ပြီး တင်‌ပြပါရ‌စေ။ အချိန်‌‌တွေ ပို‌နေတယ်‌ အား‌နေတယ်‌ဆိုတာ စနစ်‌တကျ စီမံမထားလို့ ကိုယ့်‌အတွက်‌အကျိုးရှိစွာ အသုံးမချလို့သာ ပို‌နေတာပါ။ ဒီလို‌ခေတ်‌ကြီးမှာ အချိန်‌ပို‌နေတယ်‌ဆိုတာ မဖြစ်‌သင့်‌‌တော့ဘူး။ လုပ်‌မယ်‌ဆိုရင်‌ လုပ်‌စရာ‌တွေက ဒုနဲ့‌ဒေး။ ကျွန်‌‌တော်‌ခုတ‌လော Steemit မှာ စာ‌ရေးအားကျသွားတယ်‌။ တကယ်‌တမ်း‌ပြောရရင်‌ ပုံမှန်‌‌လေး‌ရေးချင်‌တယ်‌။ ကျွန်‌‌တော့်‌အချိန်‌ဇယား‌လေး နည်းနည်း‌ပြောပြမယ်‌‌နော်‌။ မ‌ပြောခင်‌ ပတ်‌ဝန်းကျင်‌အ‌ကြောင်း‌လေး အနည်းငယ်‌ ဖြည့်‌စွက်‌‌ပြောချင်‌ပါတယ်‌။ ကိုယ့်‌သူငယ်‌ချင်း‌တွေ ကိုယ့်‌အ‌ပေါင်းအသင်း‌တွေ ဟိုသင်‌တန်းတက်‌ ဒီသင်‌သင်‌တန်းတက်‌‌ရောက်‌‌နေတာ‌တွေ၊ တိုးတက်‌ရာတိုးတက်‌‌ကြောင်း အလုပ်‌‌ပြောင်းကြတာ‌တွေ‌တွေ့‌တော့ ငါလည်းဒီအတိုင်း‌နေလို့‌တော့ မဖြစ်‌ဘူး။ တစ်‌ခုခုကို လုပ်‌ချင်‌စိတ်‌ဖြစ်‌လာပါတယ်‌။ modifine လုပ်‌သင့်‌တယ်‌‌ပေါ့။ ကျွန်‌‌တော်‌ဘာကို‌ရွေးချယ်‌လိုက်‌လည်းဆို‌တော့ English ‌လေ့လာဘို့ ‌ရွေးချယ်‌လိုက်‌ပါတယ်‌။ သူက‌တော်‌‌တော်‌အသုံးဝင်‌တယ်‌‌လေ။ ကိုယ့်‌အရည်‌အချင်းကို ချက်‌ခြင်း မြင်‌သာတယ်‌။ broken ‌ပြောတာ‌ရေးတာထက်‌ နည်းစနစ်‌ကျကျ ‌ပြောနိုင်‌‌ရေးနိုင်‌ရင်‌ ‌တော်‌‌တော်‌တန်‌ဘိုးရှိပါတယ်‌။ထားပါ‌တော့ ‌လေ့လာ‌တော့်‌မယ်‌‌ပေါ့။ ကိုယ်‌က ဝန်‌ထမ်းတစ်‌ဘက်‌နဲ့ အိမ်‌‌ထောင်‌သည်‌ဆို‌တော့ အချိန်‌က‌တော်‌‌တော်‌လုယူရတယ်‌။ ဒါ‌တောင်‌သင်‌တန်းမတက်‌‌သေးဘဲ self study ဘဲလုပ်‌‌နေတာ။ ‌နောက်‌ဆို သင်‌တန်းတက်‌ရ‌တော့မှာ။ ကျွန်‌‌တော့်‌ အချိန်‌ဇယား‌လေ ‌ပြောပြမယ်‌‌နော်‌။ မနက်‌ဆို ၄နာရီ ၄နာရီခွဲ ထ ပြီး တရား‌လေး နည်းနည်းပါးပါးထိုင်‌။ ပြီး‌တော့ ခ‌လေး၂‌ယောက်‌ ‌ကျောင်းထမင်းချိုင့်‌အတွက်‌ ထမင်း‌ပေါင်းအိုတည်‌ရပါတယ်‌။ ပြီးရင်‌ steemit မိတ်‌‌ဆွေများကို v and cmလုပ်‌ဘို့ Post ဖတ်‌တယ်‌။၆ နာရီထိုးရင်‌ ဆိုင်‌အတွက်‌ လိုအပ်‌တာနဲ့ အိမ်‌စားဘို့ ‌ဈေးသွားရပါတယ်‌။ ၇နာရီပြန်‌‌ရောက်‌ ‌ရေမိုးချိုး မနက်‌စာစားပြီး ၇း၃၀မှာ ခ‌လေး၂‌ယောက်‌ကို ‌ကျောင်းပို့ပါတယ်‌။ ပြန်‌လာရင်‌ ၈း၀၀ အမှီ အလုပ်‌တက်‌ရပါတယ်‌။ အလုပ်‌ချိန်‌က ၈း၀၀ to ၁၁း၀၀ ၊၁၂း၀၀ to ၅း၀၀ ဖြစ်‌ပါတယ်‌။ အိမ်‌‌ရောက်‌တာနဲ့ သားကြီး ကျူရှင်‌သွားကြိုရပါတယ်‌။၆း၀၀ နာရီ ၆း၃၀ ‌လောက်‌ အိမ်‌‌ရောက်‌ ပါတယ်‌။ အိမ်‌ဆို်‌‌င်‌‌လေးဖွင့်‌ထား‌တော့ ‌ဈေးကူ‌ရောင်း‌ပေးပါတယ်‌။ ၇း၃၀ မှာ မိသားစု ညစာ စားပါတယ်‌။၈း၀၀ ထိုးပြီးရင်‌ ကိုယ့်‌အတွက်‌ အချိန်‌ရသွားပါပြီ။ steemit အတွက်‌ စာ‌ရေး ဒါမှမဟုတ်‌ စာဖတ်‌‌ပေါ့။ အခု English ‌လေ့လာပြီဆို‌တော့ အချိန်‌က မ‌လောက်‌‌တော့ဘူး။ မနက်‌‌စော‌စောထ‌တော့ ည ၁၀းဝနာရီ ၁၀း၃၀ ဆို အိမ်‌ယာဝင်‌ပါတယ်‌။steemit က ကျွန်‌‌တော့်‌ရဲ့ အနာဂတ်‌‌မျှော်‌လင့်‌ချက်‌ဆို‌တော့ စာ‌ရေခြင်းကို မဖြစ်‌မ‌နေလုပ်‌မှာပါ။ ‌လော‌လောဆယ်‌ စာ‌ရေးကျဲသွားတာ‌လောက်‌ပါဘဲ။ steemit က ‌ရေရှည်‌plan ပါ။နှစ်‌ရှည်‌ပင်‌စိုက်‌ပျိုးပြီး စိတ်‌မရှည်‌လို့‌တော့ ဘယ်‌ရမလဲ။ပုံမှန်‌အားဖြင့်‌ ကျွန်‌‌တော်‌ မအားဘူး‌ပေါ့ဗျာ။ ဒါ‌ပေမယ့်‌ ကျွန်‌‌တော့်‌ ‌ခေါင်းထဲမှာ အမြဲ steemit ရှိ‌နေရင်‌ အချိန်‌ဆိုတာ ပိုထွက်‌လာပါတယ်‌။ ဘာကိုဆိုလိုချင်‌တာလည်းဆို‌တော့ ကျွန်‌‌တော့်‌မိတ်‌‌ဆွေ‌တွေ ‌တော်‌‌တော်‌များများက မအားလို့ မ‌လုပ်‌နိုင်‌‌တော့ဘူး ၊‌ရေးစရာမရှိလို့ မ‌ရေးနိုင်‌‌တော့ဘူး ၊‌ဈေးကျလို့ မ‌ရေးချင်‌‌တော့ဘူး ဆိုတာ‌တွေ ကြား‌နေရမြင်‌‌နေရ‌တော့ မချိတင်‌ကဲ ဖြစ်‌မိတယ်‌ဗျာ။ အလကားရတဲ့ နွားကို သွားဖြဲကြည့်‌‌နေကြတယ်‌။ ဆန္ဒာဓိပတိတပ်‌ရင်‌ မဖြစ်‌ဘူးဆိုတာမရှိပါဘူး။ အ‌ကြောင်းအမျိုးမျိုး‌ကြောင့်‌ လက်‌တွဲဖြုတ်‌ရတာ စိတ်‌မ‌ကောင်းတာအမှန်‌ပါ။ ကျွန်‌‌တော်‌တို့လို newbies ‌တွေတင်‌မဟုတ်‌ဘဲ powerကြီးတဲ့ စီနီယာ‌တစ်‌ချို့ power down ချင်‌‌နေတာသိရ‌တော့ ဒီpostကို ‌ရေးသားခြင်းပါ။ ကျွန်‌‌တော်‌အကြံဉာဏ်‌‌ပြောဆိုမှု ၊ကရုဏာ‌ဒေါ‌သော‌ပြောဆိုမှု‌တွေဟာ နွယ်‌တစ်‌ပင်‌ မြက်‌တစ်‌‌ပင်‌‌လောက်‌ အကျိုးရှိရှိဆိုပြီး‌ရေးလိုက်‌ပါတယ်‌။ အဓိက ပြဿနာက စာ‌ရေးခြင်းအပိုင်းနဲ့ vote ခြင်းအပိုင်း။ စာ‌ရေးခြင်းအပိုင်းကို ပထမဦးစွာ ‌ဆွေး‌နွေးတင်‌ပြပါ့မယ်‌။
steem_success.jpg
crd.org.source

‌ရေးစရာမရှိလို့ မ‌ရေးနိုင်‌‌တော့ဘူး၊ စာ‌ရေးခြင်းအတွက်‌ ဖိအားတစ်‌ခုခုခံစား‌နေရလို့ ဆက်‌မလုပ်‌ချင်‌‌တော့ဘူးဆိုတာ‌တွေ မြင်‌သိကြားရပါတယ်‌။ steemitမှာ post တင်‌ခြင်းဟာ ‌ဆောင်းပါး၊ ဝတ္ထု ၊ကဗျာ ဆိုပြီးစာ‌ပေတစ်‌လိုင်းတည်းမှ မဟုတ်‌ဘဲ။ကန့်‌သတ်‌လည်းမထားပါဘူး။မှန်‌ပါတယ်‌ စာ‌ရေးခြင်း စာဖတ်‌ခြင်းကို ဝါသနာမပါတဲ့သူ ရှိမှာပါ။ ကိုယ်‌ဝါသနာမပါတာကို လုပ်‌ရ‌တော့ ဖိအားတစ်‌ခုလိုခံစားရပြီး မလုပ်‌ချင်‌‌တော့တာ ရှိမှာပါ။ ဒါဆို ကိုယ်‌ဝါသနာပါရာကို ဖိအားကင်းကင်းနဲ့ Post တင်‌မယ်‌‌လေ။ ကိုယ်‌တက်‌ကျွမ်းတဲ့ ပညာရပ်‌‌တွေ sharingလုပ်‌ခြင်းဟာ ကုသိုလ်‌လည်းရ ဝမ်းလည်းဝ ‌စေပါတယ်‌။ ကိုယ့်‌ Field ဆို‌တော့ ‌ပြောရ‌ရေးရတာလည်း ‌ပေါ့ပါး‌စေပါတယ်‌။ ကိုယ်‌အာသန်‌‌တော့ စကားလုံ‌တွေက auto ထွက်‌လာပါတယ်‌။ တစ်‌ခု‌တော့လိုတာ‌ပေါ့ steemit ဆိုတဲ့ ဆန္ဒာဓိပတိ‌လေး‌တော့ တပ်‌ထား‌ပေးပါ။ ကိုယ်‌ကိုယ်‌တိုင်‌က စိတ်‌မပါဘူးဆိုရင်‌‌တော့ အ‌ကြောင်းပြချက်‌‌တွေက တန်းစီ‌နေမှာပါ။ လက်‌ရှိကိုယ်‌လုပ်‌‌နေတဲ့ လုပ်‌ငန်းအ‌ကြောင်း ၊ကိုယ်‌‌လေ့လာ‌နေတဲ့ ဘာသာရပ်‌ရှိရင်‌လည်း ချ‌ရေးခြင်းအားဖြင့်‌ ကိုယ်‌လည်းစာပိုရ အများကိုလည်း‌ဝေမျှခြင်းဖြစ်‌ပါတယ်‌။စာ‌တော့‌ရေးချင်‌တယ်‌ မ‌ရေးတတ်‌တာ ‌ရေးစရာမရှိတာဆိုရင်‌‌တော့ စာဖတ်‌‌ပေးပါလို့ဘဲ အကြံပြု ပါရ‌စေ။ စာဖတ်‌အား‌ကောင်းရင်‌ ‌ရေးစရာမရှားပါဘူး။ လိုင်းတစ်‌လိုင်း‌ရွေးချယ်‌လိုက်‌ပါ။ steemitမှာ ငါ ဘယ်‌လိုင်းနဲ့ ပရိတ်‌သတ်‌ရှာမလဲ‌ပေါ့။ ‌စေတနာပါပါအားထည့်‌‌ရေးရင်‌ ကိုယ့်‌ပရိတ်‌သတ်‌‌တွေ များလာမှာပါ။ ကိုယ်‌က‌ပေးလိုက်‌တာဆို‌တော့ တူ‌သောအကျိုး‌တော့ ခံစားရမှာပါ။

steemit.png
crd.org.source

‌နောက်‌ပြဿနာတစ်‌ခုကို ဆက်‌‌ဆွေး‌နွေးပါ့မယ်‌။ vote ကိစ္စ။ ငါကြသွားရတယ်‌။ သူက ပြန်‌မလာဘူး။ဒီနရာမှာ ကြိုပြီးတစ်‌ခု‌ပြောချင်‌ပါတယ်‌။ ရယူလိုမှုအပိုင်းကို ‌ခေါင်းထဲသိပ်‌မထည့်‌ပါနဲ့။ ဥပမာဗျာ သူငယ်‌ချင်းတစ်‌‌ယောက်‌ကို လက်‌ဘက်‌ရည်တိုက်‌တယ်‌ဆိုပါစို့။ ငါ့ကိုတစ်‌‌နေ့ပြန်‌တိုက်‌လိမ့်‌မယ်‌ဆိုတဲ့ ‌မျှော်‌လင့်‌ချက်‌နဲ့တိုက်‌ရင်‌ ‌စေတနာမမှန်‌ပါဘူး။ သူပြန်‌တိုက်‌ခြင်း မတိုက်‌ခြင်းက သူ့ကိစ္စ။ ‌လော‌လောဆယ်‌ကိုယ်‌က ‌စေတနာပါပါနဲ့ ‌မျှော်‌လင့်‌ချက်‌ကင်းကင်းနဲ့ တိုက်‌ဘို့က ကိုယ့်‌ကိစ္စပါ။‌လော‌လောဆယ်‌ ကိုယ်‌တက်‌နိုင်‌ရင်‌ ပြုစုမယ်‌ ၊အဆင်‌မ‌ပြေရင်‌ ‌နောက်‌ ကြုံတဲ့တစ်‌‌နေ့‌ပေါ့ဗျာ။ လူမှု‌ရေး‌ကြောင့်‌ လာတဲ့voteထက်‌ကိုယ့်‌အရည်‌အချင်း‌ကြောင့်‌လာတဲ့ voteကို ပိုတန်‌ဘိုးထားပါ။ vote power ဆိုတာကလည်း အကန့်‌အသတ်‌ရှိတယ်‌‌လေ။ ကိုယ့်‌postကို ကြိုက်‌‌ပေမယ့်‌ သူမ‌ပေးနိုင်‌တဲ့ အချိန်‌လည်းရှိမှာ‌ပေါ့။ အဓိက ‌ပြောချင်‌တာက voteကို‌ခေါင်းထဲသိပ်‌မထည့်‌ပါနဲ့။ ကိုယ့်‌ဆီလာတဲ့commentဘဲ ‌စေတနာပါပါ reply ပြန်‌လုပ်‌ပါ။commentတစ်‌ခု reply တစ်‌ချက်‌ဟာ သင်‌‌ရေးတဲ့postထက်‌ မိတ်‌‌ဆွေရသွားတာ‌တွေရှိတယ်‌။ ဒါကို steemitမိတ်‌‌ဆွေ‌တော်‌‌တော်‌များများသတိမထားမိကြဘူး။ comment‌ကောင်းတစ်‌ချက်‌ဟာ မိတ်‌‌ဆွေတစ်‌‌ယောက်‌ ပရိတ်‌သတ်‌တစ်‌‌ယောက်‌တိုး‌စေပါတယ်‌။ မည်‌သူမဆို ကိုယ့်‌postကို ဂရုတစ်‌စိုက်‌ဖတ်‌တာ မှက်‌ချက်‌‌ပေးတာ လိုချင်‌ကြတာဘဲ‌လေ။ သူ့ heartကိုထိရင်‌ သင့်‌ဆီသူလာမှာပါ။steemitမှာ commentဟာ ‌ဆေးတစ်‌ခွက်‌‌ကောင်းဆိုတာ မြဲမြဲမှတ်‌ထားပါ။ ‌ပြောရရင်‌ လျှိုဝှက်‌ချက်‌တစ်‌ခု‌ပေါ့ဗျာ။
ဘယ်‌လိုအ‌ကြောင်းအမျိုးမျိုးနဲ့မှ steemitမိတ်‌‌ဆွေ‌တွေ ‌လျော့ပါးတာမလိုချင်‌ပါဘူး။ တိုးတာဘဲ လိုချင်‌ပါတယ်‌။ အခက်‌အခဲရှိရင်‌ group chart‌တွေမှာ‌ပြောဆို‌ဆွေး‌နွေး‌စေချင်‌ပါတယ်‌။ MSC အဖွဲ့အစည်းဟာ ကြီးမားဖွံ့ဖြိုးတိုးတက်‌လာတာဘဲ မြင်‌‌တွေ့ချင်‌ပါတယ်‌။ MSC member အသစ်‌‌တွေ‌ရောက်‌လာ‌အောင်‌ ကျွန်‌‌တော်‌တို့က ကြိုးစားပြရမှာပါ။ ရှင်းရှင်း‌ပြောရရင်‌ MSC တိုးတက်‌ဘို့ဟာ ယခု member ‌တွေအ‌ပေါ်မှာ မူတည်‌ပါတယ်‌။ တာဝန်‌ရှိတယ်‌လို့‌တောင်‌ ‌ပြောချင်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့ ‌မျှော်‌မှန်‌တဲ့ ‌ရွှေ‌ရောင်‌အနာဂတ်‌ကြီးဟာ မကြာမှီ‌ရောက်‌လာ‌တော့မှာပါ။ အချင်းချင်း‌ဖေးမကူညီရင်း ကြိုးစားကြပါစို့။
မိတ်‌‌ဆွေများအားလုံးကျန်းမာ‌ပျော်‌ရွှင်‌ကြပါ‌စေ။

MSC -228
@mahaw

Sort:  

ကြိုးစားတာ ဘယ်တော့မှအချည်းနှီးမဖြစ်ပါဘူး သား
ဆက်၍ ဆက်၍ ကြိုးစားပါ

ဟုတ်‌ကဲ့ အန်‌တီ ၊ဆက်‌လက်‌ ကြိုးစားပါ့မယ်‌။

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

အင်း ဆိုးတာက စိတ်ကို စုစည်းမရတာပဲ

အဆက်‌ ပြတ်‌သွားလို့ပါ ။၃ ၄ရက်‌ဆက်‌တိုက်‌ ပြန်‌လုပ်‌ရင်‌ ပုံမှန်‌ ဖြစ်‌ပါတယ်‌။

စာရေးချင်ပါတယ် ဗဟုသုတတွေနည်းပါးတော့ သိပ်မထွက်ဘူးဖြစ်နေပါတယ်ဗျ အစ်ကို့လိုမျိုးစာရေးသူကောင်းတစ်ယောက်ဖြစ်ဖို့တော့တော်တော်ကို ကြိုးစားရဦးမည်

အတူတူ ချင်းေ မြှာက်‌‌နေ ပြန်‌ပါပြီ။‌ကျေးဇူးပါညီ‌ရေ။

မဟော်ရေးထားတာတွေကောင်းပါတယ်။
ရေးစရာမရှိဘူးဆိုတာ တကယ်ဝါသနာမပါလို့ပါ။
ဝါသနာပါရင် နေ့စဉ်လှုပ်ရှားမှုတွေ မြင်သမျှအရာတွေဟာ postတွေပါပဲ။

လှူံ့‌ဆော်‌စိတ်‌‌လေး ‌ပျောက်‌‌နေကြလို့ပါ။မီး‌လေး ပြန်ွှေး‌ပေးဘို့လိုပါတယ်‌။အခုလိုအား‌ပေးတာ ‌ကျေးဇူးပါ အစ်‌ကို။

မျက်စိရှေ့မှာ မြင်နေသမျှ အရာ အားလုံးစာရေးနိင်အောင် ကြိုးစားနေပါတယ် ကိုမဟော်ရေ
သင်တန်းကောင်းလေးကို အချိန်ပေး တက်နိင်ပါစေဗျာ

‌ကျေးဇူးပါ ကိုလွမ်း‌ရေ။MSC ‌မွေး‌နေ့မှာ ဆုံကြမယ်‌‌နော်‌။‌

စာ​အ​ရေးအသားတိုးတက်​ဖို့အတွက်​စာများများဖတ်​ဖို့လိုတာ​ပေါ့​နော့...​ကောင်း​သောပိုစ့်​ပါ...

‌ကျေးဇူးပါ ညီမ။

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

ဆန္ဒာဓိပတိလေးတော့ တပ်ထားပါတဲ့ အစ်ကိုပြောသွားတာလေး သဘောကျနှစ်သက်ရပါတယ်။လုပ်ချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်ဆန္ဒလေးတော့ လိုတယ်လို့ပြောပြသွားတာပါ။နောက်ပြီး vote တွေလိုက်တောင်းနေမဲ့အစား comment တွေကို reply ကောင်းကောင်းရေးပြီး မိတ်ဆွေတိုးအောင်လုပ်ဖို့ မမေ့စေရန်ပြောထားတာလည်း မှတ်သားစရာတိုးစေပါတယ်ခင်ဗျာ

ကျွန်‌‌တော်‌တို့ G3မှာ cm အ‌ရေးအသား အ‌ကောင်းဆုံးက အစ်‌ကိုပါ။ post ကို‌သေ ချာဖတ်‌တယ်‌။ပြီး‌တော့ ‌ရေးတတ်‌တယ်‌။‌ကျေးဇူးပါ အစ်‌ကို‌ရေ။

ပုံမှန်​​လေး​ရေးလို့ရပါတယ်​။ကိုယ့်​ပတ်​ဝန်းကျင်​မှာဖြစ်​ပျက်​​နေတာကကုန်​ကြမ်း​တွေ​ပေါ့ရှင်​။

မှန်‌ပါတယ်‌ အစ်‌မ‌ရေ။ပုံမှန်‌‌လေး‌ရေး‌တော့ မီး‌ဝေးချိပ်‌ပမာ မဖြစ်‌‌တော့ဘူး‌ပေါ့။‌ကျေးဇူးပါ အစ်‌မ။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34