နည်းလမ်း‌ကောင်းတစ်‌ခု

in #myanmar6 years ago

FB_IMG_1524973561560.jpg

အားလုံးဘဲကျန်းမာချမ်းသာပါ‌စေလို့ ဆုမွန်‌‌ကောင်း‌တောင်းလိုက်‌ပါတယ်‌။ စိတ်‌ချမ်းသာ‌ရေးအတွက်‌ အဓိက က အ‌ခြေခံအချက်‌ ဖြစ်‌တဲ့ သီလ‌စောင့်‌ထိန်းမှု အပိုင်း‌လေး တင်‌ပြပါရ‌စေ။ သီလဆိုတာ ကိုယ်‌နဲ့နှုတ်‌ကို ‌စောင့်‌ထိန်းတာပါ။ ကိုယ်‌နဲ့ ပက်‌သက်‌ပြီး ‌စောင့်‌ထိန်းရတာ မခက်‌‌ပေမယ့်‌ နှုတ်‌ကို‌စောင့်‌ထိန်းရတာ ‌မလွယ်‌ဘူး။ တကယ်‌တမ်းသူက ပိုလွယ်‌သင့်‌တာ။ ဝဇီကံနဲ့ပက်‌သက်‌ပြီး ဒုစရိုက်‌ ၄ မျိုးရှိပါတယ်‌။
၁။မမှန်‌‌သောစကားကို ‌ပြောဆိုခြင်း
၂။ကုန်း‌ချော ရန်‌တိုက်‌စကားကို ‌ပြောဆိုခြင်း
၃။ကြမ်းတမ်းရိုင်းစိုင်း‌သောစကားကို ‌ပြောဆိုခြင်း
၎။အကျိုးမရှိ သိမ်‌ဖျင်း‌သောစကားကို‌ပြောဆိုခြင်း ဆိုပြီးရှိပါတယ်‌။ ‌ဒီ‌လေးချက်‌နဲ့ စာ‌မေးပွဲ စစ်‌လိုက်‌ရင်‌ ‌ကျွန်‌‌တော်‌အပါအဝင်‌ လူ‌တော်‌‌တော်‌များများ ကျရှုံးလိမ့်‌မယ်‌ထင်‌တယ်‌။

one-w.jpg
crd.org.source

၁။မမှန်‌‌သောစကားကို ‌ပြောဆိုခြင်း ကို စ‌ဆွေး‌နွေးကြည့်‌ရ‌အောင်‌။ မုသားသုံးလိုက်‌တာ လိမ်‌လိုက်‌တာကို အပြစ်‌တစ်‌ခုလို မခံစားရဘဲ လွယ်‌လွယ်‌‌ပြောဆိုခြင်းဟာ ထိုကံကိုကျူးလွန်‌မိ‌စေတဲ့ အဓိက အချက်‌ပါ။သူငယ်‌ချင်း အချင်းချင်း စတယ်‌‌နောက်‌တယ်‌ ‌နေရာမှာ မုသားသုံးခြင်းလိမ်‌ခြင်းကို အလွယ်‌တကူ ‌ပြောဆို‌နေမိကြတယ်‌။ အပြစ်‌ကြီးကြီးမားမား လိမ်‌တာ‌လောက်‌ဘဲ မုသားလို့ ယူဆကြ‌တော့ အ‌သေးအဖွဲကိစ္စ‌လေး‌တွေကို ဂရုမစိုက်‌ကြတာပါ ပါတယ်‌။ လာ‌သေးတယ်‌ မုသားမပါ လင်္ကာမ‌ချောတဲ့။အလွယ်‌တကူကျိုး‌ပေါက်‌လွယ်‌တဲ့ မုသားသုံးခြင်းကို ဂရုစိုက်‌ရပါမယ်‌။
၂။ကုန်း‌ချောရန်‌တိုက်‌စကားကို ‌ပြောဆိုခြင်းမှာ ‌တော်‌‌တော်‌များများထိန်းနိုင်‌လိမ့်‌မယ်‌လို့ ထင်‌ပါတယ်‌။ဒီအချက်‌ဟာ အရမ်းဂရုစိုက်‌စရာမလိုဘဲ ‌ပေါ့‌ပေါ့ပါးပါးထိန်းသိမ်းနိုင်‌မှာပါ။
၃။ကြမ်းတမ်းရိုင်းစိုင်း‌သောစကားကို‌ပြောဆိုခြင်းမှာ‌တော့ သိပ်‌မလွယ်‌‌တော့ဘူး။ ‌ဒေါသထွက်‌လာရင်‌ ဆဲဆိုလာတက်‌ကြတယ်‌။ ‌ဒေါသထွက်‌တဲ့အချိန်‌မှာ မကြားဝံ့မကြားထိုက်‌ အယုတ်‌တမာစကား‌တွေ‌ပြောဖို့ဝန်‌မ‌လေးကြ‌တော့ဘူး။ဒီ‌နေရာမှာ အ‌လေ့အကျင်‌နဲ့လည်းဆိုင်‌တယ်‌။ တစ်‌ချို့ဆို ရိုးရိုးစကား‌ပြောတာ‌တောင်‌ အဆဲ‌လေးပါမှ ‌ပြောတက်‌ကြတယ်‌။နှုတ်‌ဆက်‌ရင်‌‌တောင်‌ အဆဲ‌လေးနဲ့။အခု‌ခေတ်‌လူငယ်‌‌တွေပိုဆိုး‌သေး။ တစ်‌‌ယောက်‌တည်း ဂိမ်းကစားပြီး ဆဲ‌နေတာ မိုးမွှန်း‌နေတာဘဲ။ ‌ဘေးနားမှာ မိန်းခ‌လေး‌တွေရှိလည်းမ‌ရှောင်‌ဘူး ၊လူကြီး‌တွေရှိလည်း ဂရုမစိုက်‌ဘူး။အရသာတစ်‌ခု‌တွေ့သလို စိမ်‌‌ပြေန‌ပြေ ဆဲ‌နေကြတာ။facebookမှာလည်း ဘာထူးလဲ။comment‌တွေမှာ အဆဲ‌ပြိုင်‌‌နေကြတာ။တစ်‌ချို့ဆို ဘာမှမဟုတ်‌ဘဲနဲ့ အသားလွတ်‌ဆဲ‌နေကြတာ။ကိုယ်‌‌ကြောင့်‌ မိဘနှစ်‌ပါးပါသိက္ခာကျတာကို ဂရုမစိုက်‌ကြ‌တော့ဘူး။ အချို့လူငယ်‌‌လေး‌တွေကြ ‌တော်‌ရှာပါတယ်‌။ ဆဲကိုမဆဲတက်‌ကြတာ။ ဖြတ်‌သန်းခဲ့တဲ့ ပတ်‌ဝန်းကျင်‌နဲ့လည်းသက်‌ဆိုင်‌ပါတယ်‌။အချို့မိဘ‌တွေ ကိုယ်‌ချစ်‌တဲ့ သားသမီး‌ခေါ်တာတုန်း အဆဲ‌လေးနဲ့‌ခေါ်ကြတာ။ ဟဲ့‌ ‌သေနာ‌ကောင်‌ ထမင်းစားမယ်‌တဲ့။‌ဒီဘက်‌‌ခေတ်‌‌နောက်‌ပိုင်း ပိုဆိုးရွားလာတယ်‌။ ပုံမှန်‌‌ခင်‌မင်‌တဲ့ ‌ယောင်္ကျား‌လေးနဲ့ မိန်းခ‌လေး ‌ စကား‌ပြောရင်‌ ‌အောက်‌ပိုင်းစကားဘဲ ‌ပြော‌နေကြတာ။ ပါးစပ်‌အရသာခံ‌နေလားမသိပါဘူး။လူ‌တွေဟာ ‌ပြောလို့ရလို့ ‌ပြော‌နေကြတာပါ။မိန်းခ‌လေးတိုင်းကို သူတို့ သွား‌ပြောလို့ဘယ်‌ရမလဲ။ ‌ပြောလို့ရတဲ့ မိန်းခ‌လေးမို့လို့ ‌ပြော‌နေကတာ‌ပေါ့။ ဒါ‌ကြောင့်‌ ညီမ‌လေးတို့ကလည်း ခင်‌တာနဲ့ အ‌ရောဝင်‌တာ ခွဲခြားထားပါ။ ကိုယ်‌ကမိန်းခ‌လေးဆို‌တော့ sex နဲ့ပက်‌သက်‌တဲ့ ဟိုမ‌ရောက်‌ဒီမ‌ရောက်‌စကား‌တွေ‌ပြောဆိုခြင်းကို အထူးသတိထားပြီး ‌ရှောင်‌ရှားသင့်‌ပါတယ်‌။ ကိုယ့်‌ကိုလာ‌ပြောရင်‌လည်း မကြိုက်‌‌ကြောင်းသိ‌အောင်‌ တစ်‌ခါတည်း‌ပြောထားလိုက်‌ပါ။ ‌နောက်‌ပြီး နှုတ်‌ဆိုတာမျိုးက အ‌လေ့အကျင့်‌နဲ့လည်း အများကြီးဆိုင်‌တယ်‌။ ကြမ်းတမ်းရိုင်းစိုင်း‌သောဆဲဆိုခြင်းကို အလွယ်‌တကူ ‌ပြောထွက်‌ခြင်းကို အထူး‌ရှောင်‌ကျင်‌သင့်‌ အထူးဂရုစိုက်‌သင့်‌ပါတယ်‌။ ‌ဒေါသထွက်‌‌နေရင်‌‌တောင်‌ မဆဲမိဘို့ သတိထားရမှာပါ။ အထူးသဖြင့်‌ ဒီအချက်‌က ‌ယောင်္ကျား‌လေး‌တွေ ပိုဂရုစိုက်‌မယ့်‌အချက်‌ပါ။
၎။အကျိုးမရှိ သိမ်‌ဖျင်း‌သောစကားကို ‌ပြောဆိုခြင်းအပိုင်းမှာ ‌တော်‌‌တော်‌များများ ကျိုး‌ပေါက်‌လွယ်‌ကြတယ်‌။ ဘာဖြစ်‌လို့လဲဆို‌တော့လူစုံပြီဆို‌ရောက်‌တက်‌ရာရာ ‌ပြောဆိုကြတယ်‌‌လေ။အကျိုးရှိတဲ့ စကားဝိုင်း‌တွေလည်းရှိပါတယ်‌။ အများအားဖြင့်‌‌ပြော‌တော့ ‌ထွေရာ‌လေးပါး‌လျှောက်‌‌ပြော‌နေကြတာများပါတယ်‌။အလုပ်‌မအားရင်‌‌တော့ ‌ပြောဆိုချိန်‌ နည်းပါးတာ‌ပေါ့။လက္ဘရည်‌ဆိုင်‌ထိုင်‌ပြီး အချိန်‌ဖြုန်းတာက‌ကောင်းတာထက်‌ မ‌ကောင်းတာကများပါတယ်‌။ အကျိုးရှိ‌သောစကားဘဲ‌ပြောရမယ်‌လို့‌တော့ မဆိုလိုချင်‌ပါဘူး။ တတ်‌နိုင်‌သမျှ သတိ‌လေးထားပါလို့ဘဲ အကြံပြုချင်‌ပါတယ်‌။တစ်‌ခါတ‌လေကြ အချိန်‌မကုန်‌ ကုန်‌‌အောင်‌ ‌လျှောက်‌‌ပြော‌နေကြတာ‌လေ။ ဝန်‌ထမ်း‌တွေမှာ ပို‌တွေ့မြင်‌ရပါတယ်‌။ ဝန်‌ထမ်းတိုင်းကို မဆိုလိုပါဘူး။ ဖြစ်‌တတ်‌တာကို ဥပမာ‌ပေးတာပါ။
အထက်‌မှာ ကျွန်‌‌တော်‌‌ပြောခဲ့တဲ့ ဝဇီကံဒုစရိုက်‌ ၄ ပါးဟာ လွယ်‌မလိုနဲ့ ကျိုး‌ပေါက်‌လွယ်‌တယ်‌။ဒါ‌ပေမယ့်‌ မလိုက်‌နာနိုင်‌‌အောင်‌လည်း မခက်‌ခဲပါဘူး။နည်းလမ်း‌လေးတစ်‌ခု‌တော့ အကြံ‌ပေးချင်‌တယ်‌ဗျ။ စိတ်‌ကို အလုပ်‌‌ပေးထားတဲ့ နည်းလမ်းပါ။ဥပမာဗျာ ဂုဏ်‌‌တော်‌ပွား‌နေတာဖြစ်‌ဖြစ်‌ ဝင်‌‌လေထွက်‌‌လေမှတ်‌‌နေတာဖြစ်‌ဖြစ်‌ တစ်‌ခုခု လုပ်‌‌နေရင်‌ ‌ပြောခဲ့တဲ့ ဝဇီကံ ဒုစရိုက်‌၄ပါးကိုထိန်းသိမ်းရတာ ပိုလွယ်‌သွားပါတယ်‌။ကိုယ်‌လုပ်‌‌နေတာကိုယ်‌မ‌ပြောရင်‌ ဘယ်‌သူမှမသိပါဘူး။ အများနဲ့လည်းမှတ်‌လို့ရတယ်‌ ၊တစ်‌‌ယောက်‌တည်းလည်းမှတ်‌လို့ရတယ်‌။ တစ်‌ခုခုကိုသိမှတ်‌‌နေတာ့ စိတ်‌ဆိုးစိတ်‌ယုတ်‌တို့ ကြမ်းတမ်း‌သောစကား‌ပြောဆိုမှုတို့ ဖြစ်‌ခွင့်‌နည်းပါး‌စေပါတယ်‌။သီလ‌စောင့်‌တည်‌ရတာလည်း မပင်‌ပန်း‌တော့ဘူး။တစ်‌ချက်‌တည်းနဲ့သုံး‌လေးချက်‌ ‌ကောင်းတဲ့ကိစ္စပါ။ကာယကံ ဝဇီကံ မ‌နောကံ ဒုစိုက်‌ ၁၀မျိုးလုံး‌တောင်‌ ‌ပေါ့‌ပေါ့ပါးပါးထိန်းနိုင်‌မှာပါ။စိတ်‌ထဲမှာ မပျက်‌ပွား‌နေ သိမှတ်‌‌နေရင်‌ သီလ‌တွေ လုံခြုံ‌စေပါတယ်‌။
ကျွန်‌‌တော်‌တို့ steemit မိတ်‌‌ဆွေများတို့လည်း ကိုယ်‌အာသန်‌ရာ တစ်‌ခုခုသိမှတ်‌‌နေရင်းနဲ့သီလလုံခြုံပါ‌စေဗျာ။အားလုံး ကျန်းမာချမ်းသာကြပါ‌စေ။

MSC - 228
@mahaw

Sort:  

ဝင်လေထွက်လေ မှတ်နေရင် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို သူတို့လည်း မသိတော့ဘဲ စကားအပိုတွေလည်းပြောစရာမလိုတော့ဘူး အစ်ကို နည်းလမ်းလေးတွေကောင်းလွန်းပါတယ်ဗျ ကျွန်တော်တို့ လိုက်နာကျင့်သုံးဖို့ဘဲ လိုပါတော့တယ်

ဝင်‌‌လေထွက်‌‌လေ သိမှတ်‌‌နေ ခြင်းဟာ စွယ်‌စုံရနည်း‌လေးပါ။ ဖြစ်‌နိုင်‌ရင်‌ လုပ်‌ကြည့်‌‌စေချင်‌တယ်‌။ဟုတ်‌ မဟုတ်‌ သိရတာ‌ပေါ့။‌ကျေးဇူးပါ ညီ။

facebookမှာဆဲနေကြတာကော
ကာရကံပြောမလား ဝစီကံပြောမလား

ပါးစပ်‌နဲ့ေ ပြာမယ့်‌ဟာကို ကြားခံအ‌နေနဲ့ အသုံး ပြုလို့ ဝဇီကံ သ‌ဘောသက်‌‌ရောက်‌ပါတယ်‌။စကားေ ပြာသလို‌ရေးထားတာဆို‌တော့ ဝဇီကံလို့ဘဲ သတ်‌မှတ်‌ချင်‌ပါတယ်‌အစ်‌ကို။

ဒီနည်းလမ်း​လေး​ကောင်းပါတယ်​...စိတ်​ထဲတစ်​ခုခုသိမှတ်​ပြီး​အလုပ်​​ပေးထား​တော့သီလလုံခြုံတာ​ပေါ.​နော့....

ဟုတ်‌ပါတယ်‌ညီမ။စွမ်းအား‌တွေ ယုံကြည်‌ခြင်း‌တွေ တိုးသလို သီလလည်း လုံခြုံ‌စေပါတယ်‌။

သီလ အကုန်မလုံတောင် ၃ပါးလောက်တော့လုံအောင်ကြိုးစားမှ

‌ပြောပါဦး ဘယ်‌ ၃ ပါးကို လုံ ချင်‌လဲ။

ဆရာတို့တွေကို တကယ် ကျေးဇူးတင်မိတယ် တရား အကြောင်း လေးတွေ ဖတ်ခွင့်ရလို့ပါ😊

ကျွန်‌‌တော်‌တို့လည်း ‌လေ့လာဆဲကြိုးစာဆဲပါ ညီမ။‌ကျေးဇူးပါ။

သီလကတော့ လုံလေ ကောင်းလေပါဗျာ 😊😊

မှန်‌ပါတယ်‌ ကိုလွမ်း။သိလ‌ကောင်းမှ စစ်‌မှန်‌တဲ့ စိတ်‌ချမ်းသာ ခြင်းကို ပိုင်‌ဆိုင်‌နိုင်‌မှာပါ။‌ကျေးဇူးပါအစ်‌ကို။

သတိမထားမိပဲ ကျိုးပေါက်နေတတ်တဲ့ ဝဇီကံနဲ့ပတ်သက်တာတွေကို အကျယ်တဝင့် ရှင်းပြထားတာ မှတ်သားစရာကောင်းပါတယ်။ယနေ့ခေတ်မှာ တော်တော်များများဟာလည်း သတိမမူပဲ ဖြစ်နေတတ်ကြတဲ့အတွက် အကျိုးရှိစေတဲ့ post လေးလို့ထင်မြင်မိပါတယ်။

အတတ်‌နိုင်‌ဆုံး ဆင်‌ ခြင်‌ရမယ်‌ဆိုတာကို နည်းလမ်း‌လေး ‌ပြောကြည့်‌တာပါ။‌ကျေးဇူးပါ အစ်‌ကို။

တင်​​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ဗျာ..အကျိုးရှိလှပါတယ်

ကြိုးစားဆဲပါ

Congratulations @mahaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64344.02
ETH 3142.36
USDT 1.00
SBD 4.01