ဖတ်‌‌စေချင်‌

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေ အ‌ပေါင်းတို့။ အ‌ကြောင်းအရာတစ်‌ခုကို တင်‌ပြတဲ့‌နေရာမှာ တင်‌ပြပုံမတူရင်‌ ဖတ်‌ရတာ အသစ်‌ဖတ်‌ရသလို ခံစားမိတာ‌လေး ‌ပြောပြချင်‌ပါတယ်‌။ ဥပမာ ‌ထေရဝါဒ ဗုဒ္ဓစာ‌ပေ‌တွေကို အ‌နောက်‌တိုင်းသား‌တွေ‌ရေးသားတဲ့စာ‌ပေ‌တွေ ဖတ်‌ရတာ တစ်‌မျိုးဖြစ်‌မိတယ်‌။ ပြည်‌ပ နိုင်‌ငံသား‌တွေ‌ရေးထားတာ ဟာ ကိုယ်‌ကြာဖူး‌နေကြစကားလုံးမဟုတ်‌‌တော့ အသစ်‌အဆန်းသ‌ဘောမျိုး‌တွေ ‌တွေ့ရတယ်‌။ တစ်‌ချို့ဆို ကိုယ်‌သိထားတာကို သူတို့တင်‌ပြတာဖတ်‌ရ‌တော့ ပိုရှင်းသွားသလိုဘဲ။ သူတို့အမြင်‌ကို ‌ခေတ်‌အမြင်‌ ‌ခေတ်‌စာ‌ပေနဲ့ ‌ရေးသားထား‌တော့ အသစ်‌အဆန်းလို့ထင်‌ရ‌ပေမယ့်‌ အဓိပ္ပာယ်‌လိုရင်းအချက်‌က‌တော့ အတူတူပါဘဲ။ တင်‌ဆက်‌ပုံ ကွာခြားတာ‌ပေါ့ ။
images (2).jpeg
Crd.org.sourge
ဘယ်‌ပညာရပ်‌မဆို နှိုက်‌နှိုက်‌ချွတ်‌ချွတ်‌ ကျွမ်းကျွမ်းကျင်‌ကျင်‌ သိတဲ့သူ တက်‌တဲ့သူ‌ရေးသားရင်‌‌တော့ ပို‌ကောင်းတာသဘာဝပါ။ စာ‌ရေးသူမှားရင်‌ စာဖတ်‌ပရိတ်‌သတ်‌အများကြီး မှားသိသွားနိုင်‌တယ်‌‌လေ။ အထူးသဖြင့်‌ ဘာသာ‌ရေးစာ‌ပေ‌တွေက အမှားမခံဘူး။ ကိုယ်‌ထင်‌ရာ စိတ်‌မှန်းနဲ့ ‌ရေးချင်‌ရာ ‌ရေးခွင့်‌မရှိဘူး။ ဖ‌လော်‌တို့ ဒဿနစာ‌ပေ‌တွေ က ကြိုက်‌သလို ဉာဏ်‌ကွန့်‌နိုင်‌တယ်‌။က‌လောင်‌အစွမ်းနဲ့ ‌မွေ့ချင်‌သလို ‌မွေ့လို့ရတယ်‌။ အကျင့်‌မပါတဲ့အသိဟာ ဗုဒ္ဓစာ‌ပေမှာ အန္တရာယ်‌ရှိတယ်‌။ ဘာပဲ‌ပြော‌ပြော ‌ခေတ်‌အလိုက်‌ ‌ရေးသားဟန်‌‌တွေ ဘယ်‌လို‌ပြောင်း‌ပြောင်း ဗုဒ္ဓမြတ်‌စွာ ‌ပြောကြားတဲ့ တရားကို မှန်‌ကန်‌စွာ သိမြင်‌နားလည်‌ဘို့ အဓိကပါ။ ပါဠိစာ‌ပေ‌တွေကို ထိန်းသိမ်းနိုင်‌‌လေ ‌ကောင်း‌လေပါ။ ဘာသာစကားတစ်‌ခုမှတစ်‌ခုကို ကူး‌ပြောင်း‌ရေးသားတဲ့‌နေရာမှာ အဓိပ္ပာယ်‌ဟာ လွဲမှားသွားနိုင်‌တယ်‌။ ‌လျော့ပါးသွားနိုင်‌တယ်‌။ သင်္ဂါယနာတင်‌တယ်‌ဆိုတာ အ‌ကြောင်းမဲ့ တင်‌တာမဟုတ်‌ပါဘူး။ ဗုဒ္ဓ‌ဟောကြားတရား‌တော်‌‌တွေ၊ ဆိုဆုံးမမှု‌တွေကို ဖြည့်‌စွက်‌ခြင်း ထုတ်‌နှုတ်‌ခြင်းမလုပ်‌ဘဲ မူရင်းအတိုင်း ပြန်‌စိစစ်‌တာပါ။ သာသနာရဲ့ အသက်‌က ဒါဘဲ‌လေ။ သာသနာဆိုတာ ဘုရား‌ဟောဆိုဆုံးမမှု ‌တွေကို ‌ခေါ်ဆိုတာပါ။ ဒီ‌နေရာမှာ တစ်‌ခု‌ပြောပါရ‌စေ။ ‌ခေတ်‌အလိုက်‌ ‌ခေတ်‌စာ‌ပေတို့ သမိုင်းတို့ ဟာ တစ်‌ဖြည်းဖြည်း‌ပြောင်းလဲလာကြတယ်‌။ ဘုရားရှင်‌‌ဟောကြားတဲ့တရား‌တော်‌‌တွေဟာ ဘယ်‌‌ခေတ်‌ဘယ်‌အချိန်‌မဆို အမြဲ မှန်‌ကန်‌တဲ့ တရား‌တွေဆိုတာ မြဲမြဲမှတ်‌သားထားဘို့လိုပါတယ်‌။ ‌ခေတ်‌‌ပေါ်မူတည်‌ပြီး ‌ရေးသားဟန်‌ တင်‌ပြဟန်‌‌တွေ ကို အဓိက ‌ဆွေး‌နွေးချင်‌တာပါ။ ယခု‌ခေတ်‌လူငယ်‌တစ်‌‌ယောက်‌ဟာ ဟိုတုန်းက ဗုဒ္ဓစာ‌ပေ အထာဂတာ ကျမ်း‌တွေ၊ ဒီပနီကျမ်း‌တွေ၊ ‌ရှေး‌ခေတ်‌က ဆရာ‌တော်‌ကြီးများ‌ရေးတဲ့ ဝိပဿနာကျမ်း‌တွေ ဖတ်‌ရင်‌ သိပ်‌နားမလည်‌‌တော့ဘူး။ မြန်‌မာစာကို မြန်‌မာလိုဖတ်‌တာ‌တောင်‌ နားမလည်‌ချင်‌‌တော့ဘူး။ ဘုန်းကြီးတစ်‌ပါးဆိုရင်‌‌တော့ မ‌ပြောတက်‌ဘူး။ ‌ခေတ်‌လူငယ်‌တစ်‌‌ယောက်‌အ‌နေနဲ့ တစ်‌ခါနှစ်‌ခါ ဖတ်‌ရုံနဲ့ နားမရှင်း‌လောက်‌ဘူး။ အ‌ဝေးကြီး မကြည့်‌ပါနဲ့ လွန်‌ခဲ့‌သော နှစ်‌ ၅၀ ကစာ‌ပေ‌တွေ ဖတ်‌ရတာ‌တောင်‌ တစ်‌မျိုးဘဲ‌ဗျ။ အဓိပ္ပာယ်‌‌တွေ ဆိုလိုရင်း‌တွေ ကို သိ‌ပ်‌နားမလည်‌‌တော့ဘူး။ ပွင့်‌လင်းစွာ‌ပြောရရင်‌ ခံတွင်းမ‌တွေ့ဘူး‌ပေါ့ဗျာ။ စာ‌ပေ‌တွေ အဖိုးတန်‌‌တွေပါ။ ကိုယ်‌က မလိုက်‌နိုင်‌တာ။ စာရွက်‌ နှစ်‌ရွက်‌ သုံးရွက်‌‌လောက်‌ဖတ်‌ပြီးရင်‌ စာအုပ်‌က ချဖြစ်‌‌ရော။ ကိုယ်‌မလိုက်‌နိုင်‌ ဖြစ်‌‌နေတယ်‌။ ဟိုးအ‌ဝေးကြီးမ‌ပြောဘူး ၊ဆရာကြီး ဦးကြည်‌‌ရေးတဲ့ သတိပဌာန်‌ကျမ်းကို ဖတ်‌တာ နှစ်‌‌ပေါင်းမနည်း‌တော့ဘူး။ အခုထိစာအုပ်‌ဆုံး‌အောင်‌ မဖတ်‌ဖူး‌သေးဘူး။ ၂ရွက်‌ ၃ ရွက်‌ဖတ်‌လိုက်‌ နားမလည်‌လို့ချလိုက်‌ ၊ဒါက ဖတ်‌သင့်‌တယ်‌လို့ဖတ်‌လိုက်‌ ဖတ်‌ရင်းဖတ်‌ရင်းပျင်းပြီးချလိုက်‌နဲ့ အခုထိမပြီးဘူး။ ကိုယ်‌ကလည်း ညံ့တာပါမှာပါ။ စာကြီး‌ပေကြီးဆိုရင်‌ ကိုယ်‌ကလည်းဖတ်‌ချင်‌ ဒါ‌ပေမယ့်‌ မလိုက်‌နိုင်‌ဘူးဗျ။
IMG_20150416_182418.JPG
crd.org.source
ယခု‌နောက်‌ပိုင်း စာ‌ပေ‌ရေးသားဟန်‌‌တွေ ‌ပြောင်းလာ‌တော့ ဖတ်‌ရတာ နည်းနည်းနားလည်‌လာတယ်‌။ ‌မေတ္တာရှင်‌ ‌ရွှေပြည်‌သာ ၊ဆရာ‌တော်‌ဦး‌ဇောတိက ၊မြစိမ်း‌တောင်‌ဆရာ‌တော်‌ ဦးဇာ‌နေယျ တို့ အစရှိသဖြင့်‌ ‌နောက်‌ပိုင်းဆရာ‌တော်‌‌တွေ ‌ရေးသားတဲ့ ပုံစံကြ နားဝင်‌လာတယ်‌။ အဓိက ဆိုလိုချင်‌တာက ဘုရား‌ဟော‌ဒေသနာ‌တော်‌‌တွေကို ထိထိမိမိ သိဘို့လိုတယ်‌။ ‌ခေတ်‌အမြင်‌ ‌ခေတ်‌စာ‌ပေနဲ့ လိုရင်းကိုသိပြီး တကယ်‌ကျင့်‌ကြံ‌ပေါက်‌‌မြောက်‌‌စေချင်‌တယ်‌။ တန်‌ဘိုးရှိလှ‌သော အိပ်‌‌နေတဲ့ ကျမ်း‌တွေကို ‌ခေတ်‌အမြင်‌‌ခေတ်‌စာ‌ပေအ‌ရေးအသားနဲ့‌ရေးတဲ့ ဆရာ‌တော်‌‌တွေ များများ‌ပေါ်ထွန်း‌စေချင်‌တယ်‌ဗျာ။ ကျွန်‌‌တော်‌ ‌ပြောတာ ပါဠိစာ‌တွေ ‌ဖျောက်‌ခိုင်းတာမဟုတ်‌ဘူး‌နော်‌။ ယခုတရားပွဲ‌တွေ‌တောင်‌ ‌ဟောဟန်‌‌တွေ ‌ပြောင်းလဲ လာကြတယ်‌။ အဓိက က ‌ဒေသနာ‌တော်‌ကို နားကြားသူ စာဖတ်‌သူ လိုရင်းကိုထိထိမိမိနားလည်‌ဘို့ လိုတယ်‌‌လေ။ ယခုလို အင်‌တာနက်‌‌ခေတ်‌ကြီးမှာ ကိုယ်‌လိုချင်‌တဲ့ တရားစာအုပ်‌ ၊ဆရာ‌တော်‌‌ပေါင်းစုံ ‌ဟောကြားထားတဲ့ တရား‌တော်‌‌တွေ ကို အလွယ်‌တကူ နာကြားနိုင်‌ ဖတ်‌ရှူနိုင်‌ပါပြီ။ ကိုယ်‌နားလည်‌တဲ့ စာအုပ်‌‌တွေ ဆရာ‌တော်‌‌တွေကို ‌ရွေးပြီးဖတ်‌ရှူ နား‌ထောင်‌သင့်‌ပါတယ်‌။ လူ့ဘဝ‌ရောက်‌ရင်‌ လူ့ဘဝရဲ့ အနှစ်‌သာရကို သိဘို့လို့တယ်‌။ သိတဲ့အတိုင်းလည်းကျင့်‌ကြံ‌နေထိုင်‌ဘို့လိုတယ်‌။ နည်းနည်းချင်း ဖြည့်‌ရမှာဘဲ‌လေ။ ယခု‌ခေတ်‌ဟာ ဝိမုတ္တိ‌ခေတ်‌ပါ။ အရှင်းဆုံး‌ပြောရရင်‌ သတ္တဝါ‌တွေ အများကြီး ကျွတ်‌တမ်းဝင်‌မယ့်‌ ‌ခေတ်‌‌ပေါ့ဗျာ။
ကျွန်‌‌တော်‌တို့‌တွေလည်း မကျန်‌ရ‌အောင်‌ ‌လေ့‌လာမှတ်‌သား လိုက်‌နာ ကျင့်‌ကြံသင့်‌ပါတယ်‌။ သင်‌စိတ်‌ပါရင်‌ သင့်‌‌ဘေးနာမှာ အလွယ်‌တကူရှိပါတယ်‌။
တစ်‌ခုဘဲ သင့်‌စိတ်‌‌လေးကို ဗုဒ္ဓစာ‌ပေဘက်‌ ဦးတည်‌‌ပေးလိုက်‌ပါ။ အားလုံးကျန်းမာချမ်းသာကြပါ‌စေ။

MSC -228
@mahaw

Sort:  

ကောင်းကောင်းဖတ်ခဲ့ပါတယ်ဗျ လိုက်နာနိုင်အောင်လည်း ကြိုးစားပါ့မယ်

‌ကျေးဇူးပါ အစ်‌ကို‌ရေ။

အဓိကကတော့ နားလည်သဘောပေါက်လွယ်ကူဖို့ လိုတာပေါ့နော် အစ်ကို

ကိုယ်‌တိုင်‌သိ ဖြစ်‌ဘို့ အ‌ရေးကြီးပါတယ်‌။ဒါ‌ကြောင့်‌ ပထမက တရားကို နားလည်‌ဘို့ လိုတာ‌ပေါ့။

ဟုတ်​ပါတယ်​...ဘာသာ​ရေးစာ​ပေကအမှန်​တရားဆို​တော့တစ်​လုံးမှားတာနဲ့အဓိပ္ပါယ်​လွဲနိုင်​ပါတယ်​...အစမှအဆုံးဖတ်​ခဲ့ပါတယ်​...​ကောင်း​သောပို့စ်​ပါ..

‌ကျေးဇူးပါညီမ။

ကိုယ်မကျန်နေခဲ့အောင်တော့ အမှီလိုက်ရမှာပဲဗျာ😄😄

ကျန်‌ခံရင်‌ ခံသွားရလိမ့်‌မယ်‌။‌ကျေးဇူးပါ bro

ရွှေပြည်သာအရှင်ဇဝနတို့ ဆရာတော် ဇောတိကတို့စာပေးတွေအရမ်းကောင်းပါတယ်

ဟုတ်‌ပါတယ်‌အစ်‌ကိုေ‌ရ။ဖတ်‌နိုင်‌ရင်‌‌ကောင်းပါတယ်‌။

ဒါလည်းသတိထားကြည့်ရင် သိတယ်ဗျ။ကျွန်တော်တို့တွေက အခုခေတ်ဆရာတော်တွေ ဟောပြောဆိုဆုံးမနေတဲ့ တရားပွဲတွေ တရားစာအုပ်တွေကို ပိုနားလည်တယ်လို့ ခံစားရတယ်ဗျာ။မည်သို့ပင်ဆိုစေ ဗုဒ္ဓဘုရား၏ဆိုဆုံးမခဲ့သော တရားတော်တွေကို အဓိက လိုရင်း အနှစ်ချုပ်အဓိပ္ပါယ်ကို ထိထိမိမိမှန်ကန်အောင် ယူတတ်ဖို့ပဲ လိုအပ်တယ်ဆိုတာ ထောက်ခံပါကြောင်း ပြောခဲ့ပါရစေအစ်ကို။

ဟုတ်‌ကဲ့ပါ ဦးသန့်‌ဇင်‌ ၊‌ကျေးဇူးပါဗျာ။

ဒို့ စတီးမက်​က မိုက်​တယ်​ ဗဟုသုတစုံတယ်
များများ​ရေးပါဗျာ

ကြိုးစား‌နေပါတယ်‌ အစ်‌ကို‌ရေ ၊‌ကျေးဇူးပါ ကိုယုဇန။

ထပ်ပြောရင်လည်း ပြောဦးမယ် ဘုန်းကြီးဝတ်ပါဗျို့ 😝😝😝😝😝😝

ကပ္ပိယလုပ်‌မလား။

ဝိမုတ္တိခေတ်မှာ ကျွတ်တမ်းဝင်ဖို့ ကျင့်ကြံရမှာပေါ့နော်အကို

လယ်‌တီ ဆရာ‌တော်‌ ‌ပြောသလိုဆိုရင်‌
ခွင့်‌သာခိုက်‌မှ မလိုက်‌ချင်‌ လျှင်‌ အမိုက်‌နင့်‌ ပြင်‌ ရှိဦးမလား။

ဖတ်စေချင်ဆိုလို့ ဖတ်ခဲ့ပါတယ်ရှင့်😊

‌ကျေးဇူးပါညီမ။‌လေ့‌လာဦး‌နော်‌။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63877.55
ETH 3143.56
USDT 1.00
SBD 3.97