postကို လေ့လာမှုပုံစံ လေ့ကျင့်မှုပုံစံ ပြောင်းပါ။

in #myanmar5 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
ကျွန်တော်အမြဲပြောခဲ့သလို steemit မှာ လုပ်ကိုင်နေခြင်းဟာ ဈေးအတက်အကျ တစ်ခုတည်းပေါ်ကြည့်ပြီး လုပ်ကိုင်ရင် ရေရှည်လုပ်နိုင်ဘို့ မလွယ်ပါဘူး။ ကိုယ်အားသန်ရာတစ်ခုခုနဲ့တွဲလုပ်နေမှ ရေရှည်အဆင်ပြေမှာပါ။ ယခုက steemit ဈေးတင်မကဘဲ အာမခံမှုအပိုင်းမှာပါ တစ်ဖြည်းဖြည်းလျော့နည်းလာသလိုဖြစ်နေတော့ ပိုဆိုးတာပေါ့။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ်သွားချင်တဲ့လမ်းမှာ ရှိနေတဲ့ ဆူးညှောက်ခလုတ်တွေကို မတွေးဖြစ်အောင် ရှောင်တယ်။ ကိုယ်လုပ်စရာရှိတာကိုဘဲ ခေါင်းထဲထည့်ထားလိုက်တယ်။ ယခုကျွန်တော် အချိန်ပေးအလုပ်လုပ်နေခြင်း steemitမှာ လုပ်ကိုင်နေခြင်းဟာ အကျိုးတစ်စုံတစ်ရာ ဖြစ်အောင်တော့ လုပ်ရမယ်လေ။ ယနေ့တစ်နာရီ အချိန်ပေးအလုပ်လုပ်ရင် တစ်နာရီ ဖိုး အကျိုးခံစားချင်တယ်။ ဒါမှလည်း အချိန်တွေ အလဟဿ မဖြစ်စေမှာပါ။ ရှင်းရှင်းပြောရရင် steemit ကြီး ပျက်သုန်းသွားတောင် လုပ်ခဲ့တဲ့အရာတွေ၊ ပေးခဲ့တဲ့အချိန်တွေဟာ အဟောသိကံတော့ အဖြစ်မခံနိုင်ဘူး။

images.jpeg
crd.org.source

တစ်ခုခု ကိုယ့်အတွက် အကျိုးရှိအောင်တော့ plan ဆွဲထားမှရမယ်။ ငွေးကြေးပိုင်းထက် အကျိုးအမြတ်များတဲ့ ပုံစံတစ်ခုကို တည်ဆောက်ချင်တယ်။ နောင်တစ်ချိန်မှာ steemitမှရတဲ့ ငွေကြေးတစ်စုံတစ်ရာ မရခဲ့တောင် သွယ်ဝိုက်သောနည်းဖြင့် အကျိုးဖြစ်ထွန်းအောင် လုပ်ထားစီမံထားရမှာပါ။steemitမှာ လုပ်ကိုင်ခြင်းဖြင့် ကိုယ့် skill ဟာ ပုံမှန်ထက် တိုးတက်လာအောင် ကြိုးစားရမှာပါ။

images (1).jpeg
crd.org.source

ကိုယ့်ရဲ့ postတွေကို ဂရုစိုက်ရမယ့် အချိန်ရောက်ပြီ မိတ်ဆိုတို့ရေ။ ကောင်းဘို့ မကောင်းဘို့ထက် လမ်းကြောင်းတစ်ခုကို ဦးတည်သွားတာ ဖြစ်သင့်နေပြီ။ နောက်ဆုံး ကုန်ကုန် ပြောမယ်၊ ကိုယ့်postကို ဘယ်သူမှ မဖတ်တောင် ကိုယ့်အတွက် ကိုယ့်ဘဝအတွက် အကျိုးဖြစ်စေမယ့် postလေးတွေ အဖြစ် ရေးသားရမှာပါ။ လေ့လာမှုတစ်ခုကို့ မှတ်တမ်းပုံစံမျိုး၊ reportပုံစံမျိုးနဲ့ တစ်ခုခုကို ဇောက်ချရေးသင့်တယ်။ အမှန်အတိုင်းပြောရရင် ယခုအချိန် steemit မှာ postတွေကို လိုက်ဖတ်တဲ့သူနည်းပါတယ်။ cmလည်း ဒီအတိုင်းပါဘဲ။ ကျွန်တော်ပြောတဲ့ ပုံစံအတိုင်း မိမိကိုယ်ကို လေ့လာသင်ယူပုံစံမျိုးနဲ့သာ ရှေ့ဆက်တိုက်ပွဲဝင်တာ ကောင်းမယ်ထင်တယ်။ ဒါမှလည်း နေ့စဉ် postတင်ဖြစ်မှာ။ ဈေးနည်းလို့ ဖတ်မယ့်လူမရှိလို့ဆိုတဲ့ စိတ်အားလျော့စေတဲ့ အကြောင်းတွေကို ကျော်လွှားနိုင်စေပါတယ်။ မစုတို့ မယွန်းတို့လို ကိုယ်ဝါသနာပါရာ လိုင်းတစ်လိုင်းရွေးချယ်ပြီး လေ့လာလေ့ကျင့်နေခြင်းသည် postကို ပုံမှန်တင်ဖြစ်စေသလို မိမိအရည်အချင်းလည်း တိုးတက်စေပါတယ်။ သေချာတာက ယခုအချိန်မှာကတည်းက အကျိုးဖြစ်စေနေပြီလေ။ steemitကြီး အောင်မြင်နေတဲ့အချိန်ကြ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း အောင်မြင်မှုကို ပိုင်ဆိုင်ရမှာပါ။steemit မအောင်မြင်လည်း ကိုယ့်အတွက် အကျိုးရှိရာကို တစ်စိုက်မတ်မတ် လေ့လာလေ့ကျင့်ထားတဲ့အတွက် အကျိုးမယုတ်စေသလို အချိန်တွေအလဟဿ မဖြစ်စေပါဘူး။ မိတ်ဆွေရဲ့postတွေဟာ မိတ်ဆွေရဲ့လေ့ကျင်ခန်းစာအုပ်လို၊ မှတ်တမ်းစာအုပ်လို ရေးသားခြင်းဖြင့် post အမြဲရေးနိုင်အောင် ကြိုးစားကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ကိုယ့်သမိုင်း ကိုယ်ရေးရင်းဖြင့်..

MSC-228
@mahaw

Sort:  

အမှန်​ပါ....ကိုယ်​အားသန်​ရာဆက်​လက်​ကြိုးစား​လေ့ကျင့်​​နေပါ့မယ်​....

Posted using Partiko Android

အမှန်​ပါပဲ ကိုမ​ဟော်​​ရေ 😊

Posted using Partiko Android

မှန်ပါတယ်အစ်ကို။ဘာမှမရခဲ့ရင်တောင် မိမိရဲ့blog လေးဟာ အရမ်းတန်ဖိုးရှိပြီး အများအတွက်လည်း ဗဟုသုတတွေပေးနိုင် မိမိအတွက်လည်း မှတ်တမ်းကောင်းတွေ အနှစ်သာရတွေနဲ့ ပြည့်စုံနေအောင် ပိုမိုဂရုစိုက်ရမှာပါ။ကောင်းမွန်မှန်ကန်သော တိုက်တွန်းချက်လေးပါအစ်ကို။ကြိုးစားဆောင်ရွက်ပါ့မယ်ခင်ဗျာ။

You got a 1.24% upvote from @booster courtesy of @mahaw!

NEW FEATURE:

You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63799.64
ETH 3130.40
USDT 1.00
SBD 3.97