RE: ကိုယ်တွေ့ဝိပဿနာ Tin Hlaing Oo(Thayet)
အလှူတကာ့ အလှူထဲမှာ တရားအလှူဟာ တန်ဘိုးအရှိဆုံးနဲ့ အ မြင့် မြတ်ဆုံး အလှူပါ။ဝိပဿနာဟာ ဉာဏ်အလုပ်မလို့ အသိ က အရမ်းအရေးကြီးပါတယ်။ဆရာ ပြောသလို သိသင့်သိထိုက်တာကိုကြိုတင် သိထားသင့်ပါတယ်။သမထယာနိကလမ်းနှင့် ဝိပဿနာယာနိက လမ်းနှစ်သွယ် ရှိတဲ့ နေရာမှာ ကိုယ်အာသန်ရာလမ်းနဲ့ ပန်းတိုင်ကို လျှောက်လှမ်းရမှာပါ။ဘယ်လမ်းက သွားသွား သတ်မှတ်ထားတဲ့ မိုင်တိုင်လေးတွေ ရှိကြပါတယ်။သူရောက်တဲ့ခရီးကို မိုင်တိုင်တွေကိုကြည့် ခြင်းအား ဖြင့် သိနိုင်ပါတယ်။ဥပမာ အာနာပါန ကမ္မဌာန်းသမထနည်းမှာ နိမိတ်ရတဲ့အပေါ်အဆင့် ကွာခြားသွားပါတယ်။ဥဂ္ဂဟ နိမိတ်လောက်ရရင် ဝိပဿနာကို ကူးေ ပြာင်းလို့ရပါပြီ။ အခု ကျွန်တော်ပြောနေတာဟာ ဘုန်းကြီးရှေ့ စာချနေတာမဟုတ်ပါဘူး။ဆရာ့ကို အကူအညီတောင်းစရာရှိလို့ စကားလမ်းခင်းခြင်းပါ။အခုခေတ်လူငယ်တွေက နာမ်ရုပ်တို့ စာသံပေသံဆိုရင် စိတ်မဝင်စားချင်ဘူး။လက်တွေ့ ပြမှ ယုံ ချင်ကြတာ။လက်တွေ့မှ ယုံတယ်ဆိုတဲ့သူတွေကို အာနာပါန နည်းနဲ့ ပြလို့ရပါတယ်။ ဆရာက အကြောင်းအရာတစ်ခုကို ရှင်း ပြရာမှာ တစ်ဘက်သားနားလည်အောင် ပြောတက်လို့ ဆရာရေးပေးပါလို့ အကူအညီ တောင်းခြင်းပါ။ဆရာကလည်း နောက်post မှာ အာနာပါန အကြောင်း ရေးမယ်လို့ ပြောထားးတော့ တစ်ခုသတိရလို့ေ ပြာပါရစေ။ အာနာပါန အကြောင်းကို စာသံပေသံ မပါ ၊ပါဠိသံမပါ လူပိန်းနာလည်အောင် ရေးပေးပါဆရာ။အထူးသဖြင့် အကျိုးတရားပိုင်းကို ပိုရေးပေးပါဆရာ။ဆရာရေးရင် ပိုရှင်းလို့ပါ။ကျေးဇူးတင်ပါတယ် ဆရာ။
သားပြောတာကိုဆရာနားလည်ပါတယ်၊ ဆရာက ကျမ်းတတ်ပေတတ်မဟုတ်တော့ ဆရာသိတဲ့ အသိ၊ အမြင်တွေဟာကျမ်းဂန်နဲ့ညီမညီဆိုတာ အလုပ်လုပ်သောဆရာတော်များထံမှ အစစ်ခံရပါတယ်၊ တရားဟောလို့ အပါယ်ကျတဲ့သုတ္တန် ဒေသနာတော်ရှိပါတယ်။ ဒါကြောင့် ဆရာလည်း ရဲရဲမရေးရဲပါဘူးဗျာ၊ ပိုင်ပိုင်နိုင်နိုင်သိတာလောက်ပဲ ရေးပြရဲတာပါ။