သို့  steemit ညီအစ်ကိုများ

in #myanmar7 years ago

download.jpeg

ချစ်လှစွာသော steemit ညီအစ်ကိုအပေါင်းတို့ 
ပထမဦးစွာ ကျွန်တော့်ရဲ့ပျက်ကွက်မှုအတွက် တောင်းပန်စကားဆိုပါရစေ။ ဘာကြောင့်ညာကြောင့်လို ဆင်ခြေဆင်လက်တွေ မပေးတော့ပါဘူး။ steemit မှာ စာရေးလို့ ရသေးတယ်သိရတော့ ပျော်မိပါတယ်။ ဈေးကတော့ သူ့ သဘောအတိုင်းရှိစေတော့။ ဆက်လက်ရေးသားနေတဲ့ steemitညီအစ်ကိုတွေ ကို လေးစားမိသလို ဂုဏ်ယူပါတယ် ဗျာ။ တန်ဘိုးဆိုတာ တန်ဘိုးသိမှ တန်ဘိုး ရှိတာပါ။ အားလုံးနီးပါး ရပ်တန့် နေချိန်မှာ ဆက်လက် postတင်နေသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ညီအစ်ကိုတို့ စာ တွေ postတွေ ပင်တိုင်ဖတ်မယ့် ပရိတ်သတ်တစ်ယောက် ပြန်လာပါပြီ။အမြဲအားပေးနေပါ့မယ်။ တိုးတတ်မှု အောင်မြင်မှု အကျိုးအမြတ်ကို ဘာနဲ့ တိုင်းတာမလဲ။ ကိုယ်ရဲ့  မှတ်တိုင် အတွေ့ အကြုံနဲ့ ဘဲ တိုင်းတာသင့်ပါတယ်။ ဘာပဲပြောပြော အခုထိ ရေးသားနေသူတွေဟာ ကျွန်တော့်ထက် စိတ်ရှည်သည်းခံ ကြိုးစားမှုမှာ သာလွန်နေသူတွေချည်ပါဘဲ။ ထပ်ပြောပါရစေ လေးစားမိပါတယ် ညီအစ်ကို အစ်မတို့ ။ နောက်တော့ စာရေးသားခြင်း စာမရေးသားခြင်းရဲ့ ကွာခြားချက်ကို ကျွန်တော်တင်ပြပါ့မယ်။ အရည်အသွေး တိုးတတ်မှုဟာ မလုပ်တော့ရင် ပိုသိသာစေ ပိုမြင်စေပါတယ်။ အဓိကပြောချင်တာက မိတ်ဆွေတို့ အကျိုးအမြတ် မရဘူး မရှိဘူးဆိုတာ မဟုတ်ပါဘူး။ သတိမထားမိတာ မသိလိုက်တာဘဲ ဖြစ်ချင်ဖြစ်မှာပါ။

Pig-Poop.jpg

Org.crd.source

စွမ်းအင်တိုင်းဟာ ဘယ်တော့မှမပျောက်ပျက်ပါဘူးလို့  ပြောကြားရင်း မဟော် တစ်ယောက် အားပေးဖို့ လာနေပြီနော်။

@mahaw
MSC-228

Sort:  

အခုလိုစာတွေပြန်ရေးလာတာ ကောင်းပါတယ်။မိတ်ဆွေတွေပြန်ရင်းနှီးရတာပေါ့။အားပေးနေပါမယ်။

ကျေးဇူးပါခင်ဗျ။ လေးစားလျက်

Fighting ပါ bro!

Posted using Partiko Android

ဟုတ်ကဲ့ပါ bro။ ကျေးဇူးပါနော်

အစ်ကိုမဟော် "မင်္ဂလာပါလို့" ဒီလိုလေး မပြောရတာကြာလို့ အရင်ပြောခဲ့ပါရစေ...။Post ပြန်တင်လို့ ဝမ်းသာမိပါတယ်။

Posted using Partiko Android

ပဲခူးမှာ ရက်ရှည်နေတိုင်း အစ်ကို့ ကို သတိရမိတယ်။ မင်္ဂလာပါ ကိုသန့် ရေ။

Welcome back!
ပြန်ပေါ်လာသေးတယ်

Posted using Partiko Android

လာချင်တာ ကြာပေါ့

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 64197.41
ETH 1862.07
USDT 1.00
SBD 0.38