တန်ဘိုးတက်အောင် ဒါလေးလုပ်စေချင်

in #myanmar5 years ago

download.jpeg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ 
ဒီနေ့ တင်ပြချင်တာက မိမိရဲ့ တန်ဘိုးကို မြှင့်တင်ခြင်းဆိုတဲ့အကြောင်းအရာကို တင်ပြဆွေးနွေးမှာဖြစ်ပါတယ်။ လေ့လာပါ ဆည်းပူးပါ သင်ယူပါ မှတ်သားပါဆိုတာတွေက အားလုံးကြားနေကြ သင်ခန်းစားတွေပါ။ မသင်ယူ မလေ့လာဘဲ မိမိတန်ဘိုးကို တိုးတက်စေချင်တယ်ဆိုရင် မဟော့်လာမေး။ အမျိုးရင်းတွေမိုလို့ ပြောပြမယ်။
လူတစ်ယောက်မှာ အကျင့်စရဏအားကောင်း ရင် သူ့ တန်ဘိုးမြှင့်ပါတယ်။ ငွေမရှိလို့ လည်း စိတ်ဓါတ်မကျပါနဲ့  ပညာအရည်အချင်းမရှိလို့ လည်း မသိမ်ငယ်ပါနဲ့  မိတ်ဆွေအပေါင်းအသင်းမရှိလို့ လည်း စိတ်တော်မညှိုးလိုက်ပါနဲ့ ။ ထိုဟာတွေမပိုင်ဆိုင် လည်း သင့်တန်ဘိုးကို မြှင်တင်နိုင်ပါသေးတယ်။သင့်ရဲ့ willpowerကို တိုးတက်အောင် လုပ်ထားရင် ထိုအရာတွေကိုသင်တစ်နေ့ ပိုင်ဆိုင်လာမှာပါ။ကိုယ်နှစ်သက်ရာ စိတ်ခွန်းအားဖြစ်စေတဲ့ စကားလုံး တစ်ချို့ ကို မပြတ်ရွတ်ဆိုနေခြင်းအားဖြင့် သင့်ရဲ့ စိတ်စွမ်းအင်တွေ တိုးလာစေပါတယ်။ ဥပမာ ငါ့ရဲ့ စိတ်တွေ ကြံ့ ခိုင်လာပြီတို့ ငါဟာ တစ်နေ့ ထက်တစ်နေ့ ချမ်းသာလာပြီ စသဖြင့် တစ်ခုခုကိုထုံနေအောင် ရွတ်ဆိုခြင်းဖြင့် သင့်စွမ်းအားတွေ တိုးစေပါတယ်။ ဘုရားဂုဏ်တော် တစ်ပါးပါးကို သင်ရွတ်ဆိုပွားများရင်လည်း ကုသိုလ်လည်းရ စွမ်းအင်လည်းတိုးစေပါတယ်။ နောက်ပြီး ထိုထက်အဆင့်မြင်တဲ့ အာနာပါနလို့ ခေါ်တဲ့ ဝင်လေထွက်လေကို ရှူမှတ်နိုင်ရင် သင်ဟာ တန်ဘိုးရှိသောလူသားတစ်ယောက် မဖြစ်မနေပိုင်ဆိုင်လာမှာပါ။ စွမ်းအင်တစ်ခုဖြစ်ဖို့  မပြတ်လုပ်နေဘို့ တော့လိုတယ်။ အများကြီးပြောတော့ဘူးနော် ။ ထိုဟာလေးတွေ စမ်းလုပ်ကြည့်ပါမိတ်ဆွေ။ သင့် ရဲ့ တန်ဘိုးဟာ တစ်နေ့ ထက်တစ်နေ့ တိုးတက်စေပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

@mahaw
MSC - 228

Sort:  

I have Willpower!😁😁

Posted using Partiko Android

တန်ဖိုးတက်စေသော အကြောင်းအရာလေးတစ်ခုကို ထုတ်ဖော်ပြသွားတာ ကောင်းမွန်လှပါတယ်။ဘဝအတွက် ကုသိုလ်လည်းတိုး တန်ဖိုးလည်းတက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။

Posted using Partiko Android

လုံးဝ ယုံကြည်ပါတယ်။ အကျင့်စာရဏ ရဲ့ အစွမ်းကို

Posted using Partiko Android

ကျေးဇူးပါbro. please နာမည်နဲ့ ဖုန်းနံပါတ်တစ်ချက်လောက်

နာမည်က ရန်နိုင်ပါ bro။ ဖုန်းနံပါတ် က 09425023011 ပါ။ ဖုန်းက ခဏ ခဏ ပိတ်ထားတတ်ပါတယ်။ မီးအားသွင်း ထားတတ်လို့ပါ။ miss called သုံးခါ ဖြစ်ရင် ဘယ်သူ့ ဖုန်းမဆို ကျွန်တော် ပြန်ခေါ်ပါတယ်။ ခဏ ခဏ လွဲသွား တတ်လို့ ကြိုတင် ပြောပြတာပါ။

Posted using Partiko Android

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 61136.19
ETH 2969.45
USDT 1.00
SBD 3.64