တစ်ခုခုကိုလေ့လာပါ
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့ ။
လေ့လာမှုများကို အခုမှစတင် နေတော့ အတော်လိုက်နေရတယ်ဗျာ။ တိုးတက်မှုနှုန်း နှေးပေမယ့်လည်း ရသလောက်ပေါ့ဗျာ။ ကိုစောတို့လို လူငယ်တွေကို လေးစားမိတယ်။ လေ့လာအားကောင်းတယ်။ ကျွန်တော်တို့ သူတို့လိုအချိန်တုန်းက ဝေ့ကောင်းတုန်း၊ဝေလေလေ လုပ်ကောင်းတုန်း။ အခုမှ အိပ်ချင်မူးတူး ထပြေးနေရတယ်။ သူပြောတဲ့ ဝnline ဘာသာပြန် သင်တန်းက မိုက်လောက်တယ်။ လက်မှက်ရမှာဖြစ်သလို မိတ်ဆွေတွေလည်း အများကြီးတိုးစေလောက်တယ်။ ကိုယ်လိုက်နိုင်ဘို့ skillတော့ လိုမယ်ထင်တယ်။ level အလိုက် သေချာစုံးစမ်းကြည့်ရဦးမယ်။ အလုပ်ကိစ္စမှာလည်းဘာသာပြန်ရတယ်၊ သင်တန်းအတွက်လည်း assingment တင်ရသေးတာတောင် post တင်နိုင်တာ ချီးကျူးပါတယ်။
ဒီနေရာမှာ ဘာကိုသတိထားမိလည်းဆိုတော့ လူတစ်ယောက်ရဲ့ကြိုးစားအားထုတ်မှုနှုန်း၊ လေ့လာမှုနှုန်းဟာ သူရဲ့ပတ်ဝန်းကျင်နဲ့ အများကြီးသက်ဆိုင်စေတယ်။ မြင်တွေ့နေရ ထိတွေ့နေရတဲ့ပတ်ဝန်းကျင်က အမြင်ကျယ်စေတယ်။လုပ်ဖြစ်ဖို့ တွန်းအားဖြစ်စေတယ်။ ကျွန်တော့်လူငယ်ဘဝ မှာ ကြုံတွေ့ရတာလေးတွေကို ဥပမာ အနေနဲ့ တင်ပြချင်ပါယ်။
ကျွန်တော်GTI ကျောင်းပြီးတော့ 1999 ။ရန်ကုန်ကို အလုပ်ဝင်တော့ 2000မှာ ဖြစ်ပါတယ်။ စက်ရုံထဲမှာဘဲ အဆောင်ပေးတယ်။ GTI ကျောင်းဆင်း အယောက်၃၀ကျော်လောက်ရှိတယ်။ စီနီယာ အစ်ကိုတွေပေါ့။ ထိုအလုပ်ကိုလည်း တောင်ငူ စီနီယာအစ်ကိုတွေJoin ပေးလို့ရတယ်။ထားပါတော့ အလုပ်ဝင်ပြီဆိုပြီးပေါ့ပေါ့ပါးပါးလေးဘဲနေထိုင်တာပေါ့။ ကျောင်းပြီး ပြီဘာတွေကျက်စရာ လိုသေးလို့လဲပေါ့ဗျာ။ ည၈း၃၀ထိ OT ပုံမှန်ဆင်းရတယ်။ အပြင်လောကနဲ့အဆက်ပြတ်နေသလိုပါဘဲ။ sunday တစ်ရက်ဘဲရတယ်။ ဒါတောင် OTနှစ်ဆရတယ်ဆိုပြီး ဆင်းတာ ။ပထမတော့ အစ်ကိုတွေကိုသတိမထားမိခဲ့ဘူး။ ကျောင်းပေါင်းစုံနယ်ပေါင်းစုံ ရှိပါတယ်။ ကိုယ့်ရှေ့မှာပေါတောတော ပျော်ပျော်နေတတ်တဲ့အစ်ကိုက MOT အောင်ပြီးပြီတဲ့၊ သဘောင်္တတ်ဘို့ လုပ်နေတယ်။ BEတစ်ယောက်အောင်ဘို့တောင်မလွယ်တဲ့ကိစ္စ။ အားလုံး အားလုံးက ရတဲ့အချိန်လေးမှာ ကြိုးစားနေကြတာ။ ဟိုအစ်ကိုက ဘာသင်တန်း ဒီအစ်ကိုကဘာသင်းတန်းနဲ့စုံနေတော့တာဘဲဗျာ။ ဘာသင်တန်းမှမတက်တဲ့သူတွေကလည်း လေ့လာမှုတစ်ခုခုတော့ လုပ်နေကြတယ်။ တနင်္ဂနွေတစ်ရက်တည်းရတာကို အချိန်ပေးကြတယ်။ ဟ ငါလည်းဒီအတိုင်းနေလို့ မဖြစ်သေးဘူးထင်တယ် ဆိုပြီး အတွေးဝင်လာတာပေါ့။ ပတ်ဝန်းကျင်က ပြနေတာ။ရက်ရှည်ပိတ်လို့ အညာပြန်ရင် မြင်နေရတဲ့မြင်ကွင်းက ပြောင်ပြန်ကြီးဗျ။ ကိုယ့်ငယ်ပေါင်း သူငယ်ချင်းတွေမှာ အချိန်တွေပိုနေလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြဘူး။ ညနေဘက်ရေမိုးချိုး အပြင်ထွက်လာ အရက်ဆိုင်မှာ လူစု။ ခက်တာက ထိုအချိန်တုန်းက ကျွန်တော်တို့နယ်တွေမှာ သင်တန်းဆိုတာ ကြားတောင်မကြားဖူးဘူး။ တက်ဘို့ဝေးရော။ ကျွန်တော်သတိထားမိတယ်၊ တိုးတက်သွားတဲ့သူငယ်ချင်းထက် ပျက်စီးတဲ့သူငယ်ချင်းပိုများတယ်။ ယစ်ထုပ်ကြီးတွေဖြစ်ကုန်ကြတာများတယ်။ အလုပ်အကိုင် အခွင့်အလမ်းနည်းသလို့ လေ့လာတက်ရောက်ရမယ့်သင်တန်းလည်းမရှိပါဘူး။ နောက်ပြီး ရန်ကုန်လောက် အမြင်ကျယ်မှုလည်း မရကြဘူး။ ဒါကြောင်လူငယ်တော်တော်များများ တိုးတက်မယ့် လမ်းကြောင်းပေါ်မရောက်ခဲ့တာ။
ရန်ကုန်ပြန်ရောက်တော့ အလုပ်တစ်ဘက် လေ့လာမှုတစ်ဘက်နဲ့ပေါ့။ ငါ့ဘဝမှာ GTI တစ်ခုတည်းနဲ့ ပညာရေးဆုံးပြီ ထင်ပါတယ်ပေါ့။ ကျွန်တော်တို့တုန်းက တက္ကသိုလ်တက်ခွင့်မရခဲ့ဘူး။ GTIတက်တော့ ၁၀တန်းအမှတ်စာရင်းမူရင်းပေးရတယ်။ မပေးလို့ first year တုန်းက အောင်းစာရင်းထဲမပါလို့ ရန်ကုန်ချက်ချင်ဆင်းပြီးပေးရတာ။ ဂုဏ်ထူးနှစ်ဘာသာအမှတ်လေး နှမြောစရာပေါ့ဗျာ။ ထိုတုန်းက GTI တစ်ခုတည်း ကျောင်းတွေဖွင့်တာကိုး။ ဒီလိုနဲ့အလုပ်ထဲမှာ တစ်နှစ်လောက် အလုပ်လုပ်နေတုန်း တစ်နေ့ အမေ့ဆီက ဖုန်းလာတယ်။ သားပြန်လာခဲ့တော့ B.Tech ပါတယ်။ ကျောင်းတက်ဘို့ ပြန်လာခဲ့တော့တဲ့။ ပျော်လိုက်တဲ့ဖြစ်ချင်း။ ငါ ကြိုးစားဘို့ အခွင့်အရေးရပြီပေါ့။
2001တောင်ငူမှာ B.Tech ပြန်တက်ခဲ့ရပါတယ်။ ၅နှစ်စာပေါင်းခေါ်တော့ အကြီးတွေကော အငယ်တွေကောပေါ့။ တော်တော်များများက အပြင်လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေကြပြီ။ သွားတုန်းကတော့ ကြိုးစားဘို့မောင်းတင်သွားတာဘဲ။ ကျောင်းတက်တော့ GTIတုန်းက လိမ္မာခဲ့သမျှအတိုးချ ကျူးသလိုပါဘဲဗျာ။ အရက်သောက်တတ်လာတယ်၊ ဖဲရိုက်တတ်လာတယ်။ ဆေးလိပ်သောက်တတ်လာတယ်။ အတန်းလစ်တတ်လာတယ်၊ ကန်တင်းမှာ အချိန်ဖြုန်းတတ်လာတယ်၊ မိန်းခလေးကို ချစ်စကားဆိုတတ်လာတယ်။ ကျွန်တော်တို့ နည်းပညာကျောင်းတို့ရဲ့အထာကို သိနေပြီလေ။ စာမေးပွဲဖြေခါနီး တစ်လအလို စာလုပ်ရင် အေးဆေးဆိုတာ သိပြီးတာလေ။ ကဲတာပေါ့ဗျာ။တစ်လအလိုရောက်မှ မိတ္တူဆွဲ Time table ဆွဲ ပြီး ဗျင်းတာ။ အောင်ရုံကတော့ ပါးပါးလေးပါ။ ဆိုလိုချင်တာက ပတ်ဝန်းကျင် ပြောင်းတော့ ပုံစံအချိုးတွေပြောင်းလာတာကို ထောက်ပြချင်တာပါ။အဲ့ဒလိုကဲခဲ့လို့ဘဲ B.E မပါဘဲ B.tech နဲ့လမ်းဆုံးခဲ့ရတယ်။ တစ်နှစ်လေးကွာပေမယ့် လုပ်ငန်းခွင်မှာ ရင်နှစ်အောင်ခံရတယ်။ နောင်တဆိုတာ နောင်မှရတာအလကားပါ။
ညီငယ်တို့ကို အဓိက ပြောချင်တာက ပတ်ဝန်းကျင်ကောင်းလေးဖန်တီးပါ၊ ကြိုးစားလေ့လာပါ ၊အချိန်ကို အကျိုးရှိစွာ အသုံးချပါ။ ဒီခေတ်ကြီးမှာ မြို့ကြီးမလို့ နယ်မလို့ မဟုတ်တော့ပါဘူး။ ပညာလိုချင်ရင် ရွာကတောင် သင်ယူလို့ရတဲ့ခေတ်ဖြစ်နေပါပြီ။ ကိုယ်စိတ်လည်းထိန်းသိမ်းပြီးသားဖြစ်အောင် တစ်ခုခုကိုသင်ယူလေ့လာပါလို့ အကြံပြုပြောဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw
ဟုတ်တယ်အကိုရေ။တစ်နေ့1%တိုးအောင် လေ့လာသင့်ပါတယ်
Posted using Partiko Android
ဟုတ်ပါတယ်ကိုအေး ကျေးဇူးပါ။
အချိန်ကို အကျိုးရှိရှိ အသုံးချရမယ်လေ 😊
Posted using Partiko Android
ဟုတ်ကဲ့ ကိုလွမ်း။ကျေးဇူးပါနော်။
ဟုတ်။အခုချိန်မှာတော့ ကိုယ်ဝါသနာပါတဲ့ ပညာရပ်လေးတွေ လေ့လာနေပါတယ်။
Posted using Partiko Android
အချိန်တန် အသီးအပွင့် ခံစားရမှာပါ။
သင်မယ်ကွယ်😁ပြန်သင်ပေးဘာ
Posted using Partiko Android
သူကသင်ပေးရမှာကို ၊ေ ပြာထားတဲ့ကိစ္စ သင်ပေး ဦး။
ကိုမဟော်အနေနဲ့တော့ နာင်တနဲ့အတူ ဆိုတဲ့စကားက နောက်တစ်ကြိမ်မလာလောက်တော့ဘူးထင်ပါတယ်ဗျာ
ချီးကျူးတတ်ပါပေ့၊ကျေးဇူးပါဦးစိုး။
ခုထိ သိပ်မလေ့လာနိုင်
အစလေးဘဲ ဆုံး ဖြတ်ဘို့ ခက်တာပါ။ကျေးဇူးပါကိုဒို။
ဘဝရပ်တည်ဖို့အတွက် လုပ်ရတဲ့ အလုပ်က ဝါသနာမပါဘူးဆိုရင်တောင် ကိုယ်ဝါသနာပါရာလေးကို တစ်နေ့နည်းနည်းလေ့လာရင် နှစ်တွေကြာလာတဲ့အခါ ဝါသနာနဲ့ အလုပ် တစ်ထပ်တည်း ကျလိမ့်မယ်
ကိုယ့်ရဲ့တိုးတက်မှု၊ဆုတ်ယုတ်မှုကပတ်ဝန်းကျင်နဲ့အတော်သက်ဆိုင်ပါတယ်....လေ့လာမှုကနောက်မကျပါဘူး...ကောင်းသောပိုစ့်ပါ...
Posted using Partiko Android