ပြစ်‌ဒဏ်‌

in #myanmar6 years ago (edited)

FB_IMG_1524973561560.jpg

မင်္ဂလာပါ မိတ်‌‌ဆွေအ‌ပေါင်းတို့။ ဒီတစ်‌ပတ်‌တင်‌ပြချင်‌တာက အဖွဲ့အစည်းတစ်‌ခု တိုးတက်‌ရာတိုးတက်‌‌ကြောင်း‌လေး‌ အကြံပြု ‌ဆွေး‌နွေးတင်‌ပြပါရ‌စေ။ ယခု‌တင်‌ပြခြင်းသည်‌ ကျွန်‌‌တော့်‌ ဉာဏ်‌တစ်‌ထွာတစ်‌မိုက်‌‌လောက်‌နဲ့ တင်‌ပြခြင်းဖြစ်‌သဖြင့်‌ အမှားပါရင်‌ လိုအပ်‌တာရှိရင်‌ ခွင့်‌လွှတ်‌‌ပေးပါရန်‌ ကြိုတင်‌‌တောင်းပန်‌ပါတယ်‌။ ဘာဖြစ်‌လို့လဲဆို‌တော့ အဖွဲ့အစည်းတစ်‌ခု တိုးတက်‌‌စေချင်‌ ‌သောရည်‌ရွယ်‌ချက်‌ ‌ကောင်းမွန်‌‌စေချင်‌‌သောရည်‌ရွယ်‌ချက်‌ဖြင့်‌ တင်‌ပြခြင်းဖြစ်‌လို့ အမှားပါရင်‌ ခွင့်‌လွှတ်‌ပါလို့ ‌ပြောခြင်းဖြစ်‌ပါတယ်‌။

MRhGkjG7JwzxW3k8fBAt.jpg
crd.org.source

အဖွဲ့အစည်းတစ်‌ခု ‌မှာ member တိုင်း ဟာ strong ဖြစ်‌ဘို့ အ‌ရေးကြီးပါတယ်‌။ အမြဲ active ဖြစ်‌‌နေဘို့ လိုအပ်‌ပါတယ်‌။အဖွဲအစည်း‌ပေါ် ယုံကြည်‌မှု ‌လျော့ရဲလာတာနဲ့အမျှ member ‌တွေကိုထိန်းရသိမ်းရခက်‌လာပါတယ်‌။သူတို့ရဲ့active နှုန်းကျလာတာနဲ့အမျှ အဖွဲ့အစည်းရဲ့ တိုးတက်‌နှုန်းကလည်း ကျဆင်းလာပါတယ်‌။active ဆိုတဲ့ စကားလုံးဟာ ကျယ်‌ပြန့်‌ပါတယ်‌။ လူ့သ‌ဘောသဘာဝက ကိုယ့်‌အတွက်‌အကျိုးရှိရာ ၊ကိုယ်‌ဝါသနာပါတာလုပ်‌ရရင်‌ active ဖြစ်‌ကြတယ်‌။ ဒီ‌နေရာမှာ ဝါသနာပိုင်းကို ထားလိုက်‌ပါ။ အကျိုးကိုကြည့်‌ပြီး active ဖြစ်‌တဲ့ အပိုင်းမှာ ပြဿနာအနည်းငယ်‌ရှိတယ်‌။ အခုလက်‌ရှိ အ‌ခြေအ‌နေဘဲကြည့်‌‌လေ၊ ‌ဈေးကျတာနဲ့ အ‌ကြောင်း‌ပေါင်းစုံ ပြပြီး ခွင့်တင်‌ထားကြတယ်‌။ စည်းကမ်းနဲ့ active မဖြစ်‌တဲ့သူ‌တွေ ထုတ်‌မယ်‌လို့ ဆုံးဖြတ်‌ရင်‌ ထို‌ဖြေရှင်းခြင်းဟာ အပြည့်‌အဝမ‌ကောင်းနိုင်‌ပါဘူး။စည်‌ကမ်းဟာ အဖွဲ့အစည်းအတွက်‌ အသက်‌ဆိုတာ မှန်‌‌ပေမယ့်‌ သူ့မှာအတိုင်းအတာရှိတယ်‌။ အဖွဲ့အစည်းတိုးတက်‌ဘို့ရာ စည်းကမ်းကအခရာကျ‌ပေမယ့်‌ သူ့‌ကြောင့်‌လည်း အဖွဲ့အစည်းပျက်‌နိုင်‌တယ်‌။ စည်းကမ်းကို memberတိုင်း‌ပေါ့‌ပေါ့ပါးပါး လိုက်‌နာနိုင်‌‌လေ အဖွဲ့အစည်းတိုးတက်‌‌လေပါ။ activeဖြစ်‌ရင်‌ ဝန်‌ကို‌လျှော့ချနိုင်‌ပါတယ်‌။active ဖြစ်‌တဲ့နှုန်းနဲ့ စည်းကမ်းနဲ့ balance ဖြစ်‌‌လေ အဖွဲ့အစည်းဟာ တိုးတက်‌ဘို့ အလားအလာ‌ကောင်းပါတယ်‌။ စည်းကမ်းကို အမျိုးမျိုး‌ပြောင်းရမယ်‌လို့ မဆိုလိုဘူး‌နော်‌။active ‌လျော့ပါးရင်‌ စည်းကမ်းကို ‌လျော့‌ပေးရမှာလည်း လုံးဝမဟုတ်‌ဘူး။ ဆိုလိုချင်‌တာက လူ့ဝိနည်းနဲ့ ရဟန်းဝိနည်းကွာသလို‌ပေါ့ဗျာ။

indexထထထ.jpg
crd.org.source

အဖွဲ့အစည်းမှာ ၁။ စတင်‌တည်‌‌ထောင်‌တဲ့အဆင့်‌ ၂။ အဖွဲ့အစည်း တိုးတက်‌ဘို့ ကြိုးစားတဲ့အဆင့်‌‌ ၃ ။ အဖွဲ့အစည်း ‌အောင်‌မြင်‌ပြီး တည်‌ငြိမ်‌စွာ ချုပ်‌ကိုနိုင်‌တဲ့ အဆင့်‌ စသဖြင့်‌ ရှိတဲ့‌နေရာမှာ စည်းကမ်းဟာလည်းတစ်‌စိတ်‌တစ်‌‌ဒေသ အ‌ရေးကြီးပါတယ်‌။စည်းကမ်းကို မ‌ပြောင်းရပါဘူး။ ပြစ်‌ဒဏ်‌ကို ဂရုစိုက်‌ရမှာပါ။တစ်‌ခုခုစည်းကမ်း‌ဖောက်‌တာနဲ့ ‌သေဒဏ်‌ဆိုရင်‌ ‌မွေးဖွားနှုန်းနဲ့ ‌သေဆုံးနှုန်း မှာ‌သေဆုံးနှုန်းက များ‌နေမှာပါ။့အဖွဲ့အစည်းဟာ ဘယ်‌အဆင့်‌လည်းဆိုတာ အရမ်းအ‌ရေးကြီးပါတယ်‌။ active ဖြစ်‌မှုနှုန်းဟာအသင်းရဲ့ ဘယ်‌အဆင့်‌‌ရောက်‌‌နေလဲဆိုတာ အကြမ်းအားဖြင့်‌ ခန့်‌မှန်းလို့ရပါတယ်‌။ သူ့တစ်‌ခုတည်းမဟုတ်‌‌ပေမယ့်‌ member ဖြစ်‌ချင်‌သူ‌တွေ များ‌လေ အဖွဲ့အစည်းဟာ တိုးတက်‌လာတယ်‌လို့ သတ်‌မှတ်‌ရမှာပါ။ အခု‌ဆွေး‌နွေးတင်‌ပြခြင်းသည်‌မ‌ကျေနပ်‌ခြင်း၊ အပြစ်‌တင်‌ခြင်း လုံးဝ ၊လုံးဝ မပါရှိပါ။ အဓိက ‌ပြောချင်‌တာက ဆီ‌လျော်‌တဲ့ ထိုက်‌တန်‌တဲ့ ပြစ်‌ဒဏ်‌ဘဲ ချ‌ပေး‌စေချင်‌တာပါ။ ပြစ်‌ဒဏ်‌ကို ‌ဆွေး‌နွေး‌စေချင်‌တာပါ။ တစ်‌ခုခုထိတာနဲ့ ‌သေဒဏ်‌ဆို နှ‌မြောတယ်‌ဗျ။Steemit မိတ်‌‌ဆွေ‌တွေ ‌လျော့ပါးသွားမှာ စိုးရိမ်‌လို့ပါ။ ဥပမာ copy ကိစ္စ။ steemitရဲ့ရဲ့ အသက်‌က no copy ဆိုတာ လက်‌ခံပါတယ်‌။ လုံးဝ ကူးချရင်‌‌တော့ တစ်‌ခါတည်း ‌သေဒဏ်‌‌ပေးသင့်‌ပါတယ်‌။ တစ်‌စိတ်‌တစ်‌‌ဒေသ ပုံစံတူ‌ရေးရင်‌ pro 2လနားတို့ ဘာတို့ ပြစ်‌ဒဏ်‌‌လေး‌လျော့‌ပေါ့‌စေချင်‌တာပါ။ အခုဆို ပြဿနာတစ်‌ခုခုဖြစ်‌ရင်‌ pollဆွဲပြီး‌ဖြေရှင်းတာ အရမ်း‌ကောင်းတယ်‌ဗျာ။ adm‌တွေတကယ်‌‌တော်‌ပါတယ်‌။ သူတို့လည်းလုပ်‌ရကိုင်‌ရတာ ‌တော်‌‌တော်‌မလွယ်‌ပါဘူး။ အများနဲ့လုပ်‌ရ‌တော့ အမုန်းလည်းခံရပါတယ်‌။ယခုကျွန်‌‌တော်‌တင်‌ပြတာ တင်‌ပြပုံ အားနည်းလို့ မှားယွင်းမိရင်‌ ‌တောင်းပန်‌ပါတယ်‌။ ခွင့်‌လွှတ်‌လို့ရတဲ့ စည်းကမ်းချိုး‌ဖောက်‌မှု‌တွေကို ပြစ်‌ဒဏ်‌‌လေး ‌လျော့‌ပေါ့‌စေချင်‌တာပါ။
main-qimg-deaaa86dabe27be0c3d6991dd5459c8e.png

crd.org.source
ကျွန်‌‌တော့်‌အတွက်‌ ‌ပြောဆို‌နေခြင်း မဟုတ်‌ပါ။ အဖွဲ့အစည်းတိုးတက်‌ဘို့ ဘာအကြံပြုရင်‌ ‌ကောင်းမလဲ လို့ အမြဲစဉ်းစား‌နေသူတစ်‌‌ယောက်‌ပါ။အကြံ‌ပေးခြင်းဟာ အပြစ်‌တင်‌ခြင်းမဟုတ်‌ပါ‌ကြောင်းထပ်‌‌လောင်း‌ပြောပါ‌စေ။‌‌
အားလုံးကို ‌ကျေးဇူးတင်‌ပါတယ်‌။ကျန်းမာချမ်းသာကြပါ‌စေ။

MSC - 228
@mahaw

Sort:  

တူတူကြိုးစားကြတာပေါ့

Fighting!

အကြံပေးတာကောင်းပါတယ်

‌ကျေးဇူးပါဗျာ။ကျွန်‌‌တော်‌တို့ ဝိုင်းဝန်းကြိုးစားကြရ‌အောင်‌ ။ဘယ်‌ ပြဿနာမဆို အချိန်‌တန်‌ပြီးသွားမှာပါ။

ဘယ်လောက်ပဲ သည်းထန်ပြင်းထန်နေပါစေ
ကိုမဟော် ရင်ထဲမှာ " မပြို သည့်မိုး " ကတော့ အမြဲရှိနေတယ်ဆိုတာ
post ကို ဖတ်ကြည့်ရင်း သိလိုက်ရပါတယ်

‌ကျေးဇူးပါညီ။

မသိဘူး သေဒဏ်ဘဲ လာမပြောနဲ့ စည်းကမ်းဟာစည်းကမ်းဘဲ

‌ပြောရရင်‌ လဂွန်းအိမ်‌အ‌ကြောင်း‌လေး‌တောင်ေ ပြာချင်‌ပါတယ်‌။ဒါ‌ပေမယ့်‌ မေ ပြာ‌တော့ပါဘူးညီရာ။

ဟုတ်​တယ်​ အခုတ​လော activeသိပ်​မဖြစ်​ကြဘူး

မအားကြလို့ဘဲ ဖြစ်‌မှာပါ။‌ကျေးဇူးပါ ညီမ။

စည်းကမ်းမရှိရင်ရေတောင်သောက်မရပါဘူး။ ရေခွက်ဆိုတဲ့စည်းရှိလို့ရေကိုပါးစပ်ထဲထည့်လို့ရတာ။

မှန်‌ပါတယ်‌ ဆရာ။

အားလုံးစည်းကမ်းလိုက်​နာactiveဖြစ်​ကြရင်​​အ​ကောင်းဆုံး​ပေါ့...အကြံ​ပေးတာ​ကောင်းပါတယ်​....👍

အတူတူကြိုးစားကြတာ‌ပေါ့။‌ကျေးဇူးပါ ညီမ။

အဖွဲ့အတွက်​ကြံ​ပေးတာ အဖွဲ့​အ​ပေါ်သံ​​ယောဇဉ်​ရှိတာကိုပြသတဲ့အတွက်​ကြိုဆိုပါတယ်​ဗျာ

‌ကျေးဇူးပါအစ်‌ကိုယု။

ရှဥ့်လဲလျောက်သာ ပျားလဲစွဲသာပေါ့

ကျွန်‌‌တော်‌‌ပြောချင်‌တာ အဲ့ဒါဆရာ‌ရေ။

အဖွဲ့အစည်းအတွက် အကြံပေးတာဖြစ်တဲ့အတွက် မည်သို့သောအကြောင်းအရာ ဖြစ်ပါစေ အဖွဲ့အစည်း၏ရှေ့ဆက်သွားမယ့်ခရီးအတွက် စဉ်းစားစရာ အကြံညဏ်တစ်ချက်တိုးစေတာပဲပေါ့။အဖွဲ့အစည်းတစ်ခုတိုးတက်ဖို့ ဒီလို အဖွဲ့ဝင်တွေရဲ့အကြံပြုချက်တွေလည်း လိုအပ်ပါတယ်ခင်ဗျာ။အဖွဲ့အစည်းပေါ်ထားတဲ့ အစ်ကိုရဲ့ စေတနာနဲ့ သံယောဇဉ်ကိုလည်း တွေ့နေရပါတယ်ခင်ဗျာ

‌ရေးတတ်‌ပါ‌ပေ့ ကိုသန့်‌ရာ။ စကားလုံး‌ရွေးချယ်‌တတ်‌တယ်‌။‌ကျေးဇူးပါဗျာ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60725.43
ETH 2900.91
USDT 1.00
SBD 3.59