Acacia Tree & Acacia Leaf Salad

in #myanmar6 years ago

ထနောင်းပင် နှင့် ထနောင်းရွက်သုပ်

Hello , all my steemit member .
Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ

image

ထနောင်းပင်သည် သဘာဝပေါက်ပင် အမျိုးအစားဖြစ်ပါသည်
သဘာဝပေါက်ပင်ဆိုတာ အထူးပြုပြင်စရာ မလိုအပ် သဘာဝရေမြေအရ
အတိုင်း ပေါက်ရောက်သောအပင်ကို သဘာဝပေါက်ပင်ဟုခေါ် ကြပါသည်

ထနောင်းပင် သည် သဘာဝပေါက်ပင် ဆိုပေမယ့် လူတို့ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျင် အထူးအကျိုးပြုပါသည်

ထနောင်းပင်သည် ကျမတို့ အညာဒေသ အတွက် အထူးသဖြင့် တောသူ
တောင်သားများအတွက်တာ့ အိုအေစစ် တစ်ခုလို့ဆိုရမှာ ဖြစ်ပါတဟ်

image

နွေရာသီ ရောက်ပြီ ဆိုပါက အညာနွေကို အံတုနေတဲ့ ထနောင်းရွက် နုနု စိမ်းစိမ်းလေးတွေ ဝေဆာနေပုံက တံလျှပ်တွေ ရိပ်ရိပ်ပြေးနေတဲ့ နေအပူမှာ မြင်ရသူ မျက်စိထဲတင်သာမက ရင်ထဲအထိပါ အေးမြ ၍ အရိပ်အာစါသ ကိုပေးစွမ်း
စေပါတယ်

" နွေမှာထနောင်း ဆောင်းမာန်ကျည်း " ဟူသည့် ရှေးစကားအရ

အေးမြတဲ့ ဆောင်းရာသီ မှာ မန်ကျည်းပင် ရဲ့ အရိပ်က နွေးထွေးမှု
ကိုပေးစွမ်း စေနိုင်ပြီး

ပူပြင်းတဲ့ နွေရာသီ မှာ ထနောင်းပင် ရဲ့ အရိပ်က အေးမြမှု့ ကိုပေးစွမ်း
နိုင်စေပါတယ်

ရှေးက လူကြီးသူမများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ်
ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး
အပူငြိမ်းခဲ့ကြပါသည် ရေနွေးကြမ်းကို အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည့် ဓာတ်ပါရှိကာ လေကိုလည်း ကြေစေသည်
အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုပါသည်

ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက် ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှောခြင်း ဝမ်းပျက် ခြင်းများကိုကာကွယ်စေသည် အပူငြိမ်းစေ
သည် ကျောက် ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုပါသည်
ထနေညင်းပက်ခြေတွင် ရှိသောခွာ (အမြစ်ခေါက်) သည် သွားနာရောဂါ များ
အတွက် ဆေးဝါးဖော်ပ်ရာမှာ အသုံး ပြုကြပါတယ်

image

ထနောင်ရွက် နှင့်မတည့်သည့် အစားအစာကတော့ မန်ကျည်းသီးမှည့်
ဖြစ်ပါတယ်

ထနောင်းပင်သည် လူတို့ အတွက် အကျိုး ရှိစေရုံသာမက
တိရိစ္ဆာန်များအတွက်လည်း များစွာ အသုံးဝင်စေပါတယ်
ထနောင်းသီးများကို ဆိတ်များအား အစာအဖြစ် ကျွေးကြပါတယ်

ထို့ကြောင့် steemit မှ မိတ်ဆွေများကိုလည်း နွေနေပူပူ တွင် ထနောင်ရိပ်
မှာ နားခိုရင်း ထနောင်ရွက်သုပ် ပြုလုပ်နည်းလေးအား ရေးသားမျှဝေ လိုက်ရပါသည်

image

ထနောင်းရွက်သုပ်

ပါဝင်ပစွည်းများ

1-ထနောင်းရွက် -၂၀ ကျပ်သား
2-ကြက်သွန်နီ -၁လုံး
3-ဆီကျက် -လ္ဘက်ရည်ပုဂံလုံး -၁လုံးစာ
4- မြေပဲလှော် - လ္ဘက်ရည်ပုဂံလုံး -၁လုံးစာ
5-ပဲမှုန့် အကျက် - ဟင်းစားဇွန်း-၁ဇွန်း
6- ငရုတ်သီးလှော်မှုန့် -လ္ဘက်ရည်းဇွန်း-၁ဇွန်း
7-ဆား- အနည်းငယ်
8- အရသာမှုန့်- အနည်းငယ်

စသည်တို့ လိုအပ်ပါတယ်

image

ပြုလုပ်ပုံ

အရင်ဆုံးထနောင်းရွက် များအား ရွက်နုများသင်ခြွေကာ ရေနွေးဆူဆူ မှာ
၃မိနစ် မှ ၅မိနစ်ခန့်ကြာ ပြုပ်ပေးပါ
ဈေးမှ ပြုပ်ပြီးသား ဝယ်ယူရရှိပါက ရေနွေးဖျောပေးထားပါ

ထနောင်းရွက်များအား ရေစစ် နုပ်နုပ် လီထားပါ

ဆီကျက် မြေပဲဆံ ထောင်း အဆင်သင့်ပြင်ထားပါ

ထို့နောက် နယ်မည့်ပုဂံတွင် ထနောင်းရွက်များထည့် ကြက်သွန်နီ ပါးပါးလှီးထည့် မြေပဲဆံ ပဲမှုန့် ဆီကျက် ဆား အရသာ မှုန့်များထည့် နယ်ပါ
အစပ် ကြိုက်ပါက ငရုတ်သီး မှုန့် ထညိ့နယ်ပေပါ
အချဉ် ကြိုက်ပါက သံပုရာသီးလေး ညှစ်ထည့်ပါ

အပေါ့အငံ မြည်းကာ ထနောင်းရွက်သုပ်အား လိုအပ်သလို ပြင်ဆင်တည်ခင်
စားသောက်နိုင်ပြီ ဖြစ်ပါသည်

Steemit မှ မိတ်ဆွေများအားလုံးလည်း ကျန်းမာဝဖြိုး အလှတိုး၍
ဘေးဘယာများဝေးကွာကြပါစေ

Author-

@mamamyanmar

MSC-070

Sort:  

အသုပ်ဆိုင်တောင်ဖွင့်လို့ရတော့မှာမက်မက်မြန်မာကတော့။မိုက်တယ်။အသုပ်ကတော့အရမ်းကြိုက်ဗျာ။အားပေးသွားပါတယ်ထနောင်းသုပ်ရေ။

ငင့် … online အသုပ်ဆိုင်ဖွင့် ပလိုက်မယ်
ဖောက်သည်တွေကလည်း msc ကလူတေ ရှိပီးသားဆိုတော့

ကျွန်​​တော်​ တစ်​ခုစဉ်းစားမိတာရှိတယ်​ အစ်​မ​ရေ .. အစ်​မရဲ့ သုပ်​နည်း​လေး​တွေ မှတ်​မှတ်​ထားပြီး အသုပ်​ဆိုင်​​လေးဖွင့်​မလားလို့ .. ​အောင်​မြင်​ရင်​ ​ကျေးဇူးဆပ်​မယ်​​နော်​ ..😀

ဆပ်ရင် steem လေးတေနဲ့ဆပ် … ဟီးဟီးးP

တော်တော်အရိပ်ကောင်းမဲ့ပုံပဲ
နေ့ခင်း အပင်အောက်မှာတရေးလောက်အိပ်လိုက်ရလို့ရတော့ရှယ်ပဲ

ရွတေဘက်မှာဆို နွားကျောင်းသားတွေ လယ်ထွန်ပြန်လာကြတဲ့သူတေဆို အဲ့လိုအိပ်နေကြတာဘဲ

Congratulations @mamamyanmar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

တခါမှမစားဖူး​သေးဘူးရှင့်​။

ဟောတော်

အဲ့လိုလေးသုတ်ထားတော့လည်း စားချင်စရာလေး

တို့စားလည်းကောင်းတယ်ရယ်

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

တင်ပြပုံအလွန်ပဲတိုးတက်လာတာကိုတွေ့မြင်ရတဲ့အတွက် အားရဝမ်းသာဖြစ်မိပါတယ်၊ နောင်းရွက်သုတ်အကြောင်းကို တိုက်ရိုက်မဖေါ်ပြဘဲ ထနောင်းပင်ရဲ့ရာဇဝင်ကိုအရင်ခင်းကျင်းပြသတာဟာ စာရေးသူရဲ့ ပရိယာယ်ပါဗျာ။ မရောက်တာကြာတဲ့ကာလမှ တိုးတက်နေတာမြင်ရလို့ ကျေနပ်မိပါတယ်။

ဆရာ့ အရေးအသား ကိုတော့ ဘယ်လိုမှ တုနှုင်းလို့ မမှီနိုင်ပါ ရှင်

အာ့လိုထ​နောင်းပင်​ကြီးကြီး တစ်​ပင်​​လောက်​အိမ်​နားရှိရင်​ ​ကောင်းမှာ

စစ်ကိုင်းမှာပေါတာမှ နေရာအနှံ့မှာ ရှိတယ်

ထနှောင်းပင် အရိပ်ခိုတာလောက်ပဲ့သိတာ ခုမှသုပ်စားရမှန်းသိတယ်ဗျို့

ခုဘဲ စားကြည့်လိုက်တော့ နော်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60725.43
ETH 2900.91
USDT 1.00
SBD 3.59