Boiled Water Chestnut

in #myanmar5 years ago

ကျွဲခေါင်းသီး ပြုပ်

Hello , all steemit member.

ယနေ့ အတွက် နေ့လည်စာ ကျွဲခေါင်းသီးပြုပ် စားရင်း ကျွဲခေါင်းသီး အကြောင်းရေးသားလိုက်ပါသည်

မန္တလေး ကိုင်းတန်းဈေး တွင် ယခုလို ကျွဲခေါင်းသီး များရရှိချိန်တွင် ကျွဲခေါင်းသီး ခူးဆွတ်၍ လာရောက် ရောင်းချကြသူများ အများအပြား တွ့ရပါသည်
ဈေးလည်းချို ၍ ကျွဲခေါင်းသီးများလည်း လတ်ဆတ်လှပါသည်

ထို့ကြောင့် ကိုယ်တိုင်ပြုပ်စားရန်သာမက မိတ်ဆွေများအားလက်ဆောင်ပေး အတွက် ကျွဲခေါင်းသီး အစိမ်းများအား ဝယ်ယူ ခဲ့ပါသည်

image

ကျွဲခေါင်းသီး ပင်သည် ကုန်းမြေပေါ်တွင် ပေါက်ရောက်သည့်အပင် မဟုတ်ဘဲ ရေပြင်ပေါ်တွင် ပေါက်ရောက် သည့် နွယ်ပင် အမျိုးအစားဖြစ်ပါသည်

အခုလို ဆောင်းဦးရာသီ အချိန်မျိုးတွင် အသီးများရရှိပြီး ခူးဆွတ် ရောင်းချကြပါသည်

အသီး၏ ပုံသဏ္ဌန်မှာ ကျွဲခေါင်းပုံစံ ရှိသည့်အတွက် ကျွဲခေါင်းသီး ဟူ၍ ခေါ်ဆိုကြခြင်း ဖြစ်ပါသည်

ကျွဲခေါင်းသိးသည် ခူးဆွတ်ပြီးစ အချိန်တွင် ရေညှိစိမ်းရောင် ရှိပြီး ရက်ကြာလာပါက အမဲရောင်သို့ ပြောင်းသွားပါသည်

image

ကျွဲခေါင်းသီး ၏ အပြင်ခွံမှာ အမဲရောင် ရှိသော်လည်း အတွင်းအသားမှာအဖြူရောင် ရှိ၍ အရသာမှာ ချို စိမ့်သော အရသာရှိပါသည်

ကျွဲခေါင်းသီးကို ပြုပ်၍စားကြသလို ချက်၍လည်း စားကြပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

ကျွဲခေါင်းသီးပြုပ် ဌာပနာထုတ် ပြောင်းဖူးပြုပ် ပူပူလေး
မန္တလေးည လမ်းမများထက်က အော်သံများ

Is it still hot there?
It is so cold here now. It is winter.
Have a good weekend.

အရသာစိမ့်ပြီးကောင်းတယ်အခွံနွှာရင်လက်တွေမဲတာ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64222.08
ETH 3135.29
USDT 1.00
SBD 3.99