King Crad mix curry powder

in #myanmar6 years ago

ဂဏန်း မဆလာချက်

Hello , all steemit member .

ဒီနေ့ အတွက် အစားတစ်လိုင်း ကျမ ၏ နေ့လည်စာကတော့
ဂဏန်းမဆလာချက် လေးဘဲ ဖြစ်ပါတယ်

ယနေ့ဈေးမှ ဂဏန်း (အနည်းငယ် ကြီးသော အကောင်) များ ၃-ကောင်လျှင်
၁၀၀၀ ကျပ် နှင့် ၂၀၀၀ ဖိုး ဝယ်ပါက ၇- ကောင် ရရှိသည့် အတွက် ဂဏန်းမဆလာချက် ပြုလုပ်စားသောက်ရင်း ပြုလုပ်နည်းလေးအား ရေးသားလိုက်ပါ
သည်

ဂဏန်းမဆလာ ချက် ပြုလုပ်ရသည်မှာလွယ်ကူပါသည်

ပါဝင်ပစ္စည်းများ

  • ဂဏန်း အကောင်ကြီး - ၃ ကောင်

  • ခရမ်းချဉ် သီး ၁ လုံး

  • ကြက်သွန်နီ ၂ လုံး

  • ကြက်သွန်ဖြူ ၅ မွှာ

  • ဂျင်း လက်တစစ်

  • မဆလာ ဟင်းစားဇွန်း ၁ ဇွန်း

  • ငရုတ်ကြမ်း မှုန့် ဟင်းစားဇွန်း ၁ ဇွန်း

  • ဆီ ဟင်းစားဇွန်း ၁ ဇွန်း

  • မန်ကျည်းမှည့် အနှစ် ဟင်းစားဇွန်း ၁ ဇွန်း

  • ရှမ်းနံနံ ၁ စီး

  • ကြက်ဥ ၁ လုံး

  • ကြက်သားမှုန့် အနည်းငယ်

  • ပဲငံပြာရည် အနည်းငယ်

ပြုလုပ်ပုံ

အရင်ဆုံး ဂဏန်းများအား ရေစင်အောင် အထပ်ထပ် ဆေးကြော သန့်စင် ပြီး ရေစစ်ထားပါ

ဂျင်း ကြက်သွန်နီ / ဖြူ ခရမ်းချဉ်သီး တို့ကို အခွံခွာပါးပါး လှီး ထောင်း
ထားပါ

ဒယ်အိုး အတွင်း ဆီပူလာပါက က်ြသွန်နီ ဖြူ ဂျင်း ငရုတ်သီးမှုန့် တစ်ဆင့်
ခြင်း ထည့်ဆီသတ် အနံ့မွှေးလာပါက ခရမ်းချဉ်သီး ထည့်မွှေ

ခရမ်းချဉ်သီးကြေပါက ဂဏန်းများထည့် ကြက်သားမှုန့် ပဲငံပြာရည်ထည့် ၍ မွှေပေးပြီး အသာအယာ အထက်အောက်လှန်ပေးပါ မဆလာ တစ်ဝက်ခန်ထည့် ၃ မိနစ်ခန့် အဖုံးအုပ်ထားပါ

ဟင်းအနှစ် ဆီဝေ့လာပါက မန်ကျည်း နှစ်ရေထည့် ခေါက်ထားသောကြက်ဥ
ထည့် ၍ ရေ ဆူသည် အထိ အဖုံးအုပ်ထားပါ

ရေဆူပါက ဂဏန်ူများအား အထက်အောက်ပြန်လှန် ပေးပြီး အပေါ်မှ ရှမ်းနံနံ မဆလာ များ အုပ် ၍ အပေါ့အငံ မြည်း ကာစားသောက်နိုင်ပြီ ဖြစ်ပါသည်

image

ဂဏန်းမဆလာချက် ကို Mark များ စားပွဲရုံ များတွင် ဝယ်စားမည် ဆိုပါက
ဂဏန်း ၃ကောင် ပါ မဆလာချက် တစ်ပွဲ လျင် ၅၀၀၀ ကျပ်ခန့် ဝယ်ယူ စား
သောက်ရမှာဖြစ်ပါသည် အိမ်တွင် ချက်ပြုပ်စားပါက ဈေးလည်းသက်သာ သန့်ရှင်းလတ်ဆတ် ပြီး အရသာလည်း ရှိ ပြုလုပ်ရလည်း မခက်တာကြောင့်
ပြုလုပ်စားသောက်ကြရေန် ရည်ရွယ် ၍ ရေးသား လိုက်ပါသည်

@mamamyanmar

Sort:  

တစ်နေ့ တစ်မျိုး မရိုးအောင် နှိပ်စက်တတ်သော @mamamyanmar ဂလု တံတွေးမြိုချသံ. .

တပည့်တော် post ဝင်ကြည့်မယ်ဆိုရင် ဆွမ်းဘုန်းမပေးခင် ဝင်ကျိ ဘရာ့
ဟိဟိ

မွန်မလေးကျမသိပ်ကြိုက်သောအစာပါ

ကြိုက်တယ်ဂဏန်းမဆလာချက်

မြင်တာနဲ့ကို သွားရည်ယို

စားပါ နော်

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64534.17
ETH 3150.15
USDT 1.00
SBD 4.01