My Made Dessert ( Part -4 )
ငှက်ပျောပူတင်း
Hello , all steemit member.
အစားတစ်လိုင်း တို့ ထုံးစံအတိုင်း
ယန့ အတွက် ပြုလုပ်စားသောက်ဖြစ်သော အစားအစာကတော့ ငှက်ပျောပူတင်း ဖြစ်ပါသည်
ထမင်းနှင့်ဟင်း စားသောက်ပြီးပါက ချို ချို ချဉ်ချဉ် စိမ့်စိမ့် လေးစားရပါမှ
လူတွေက အာသာ ပြေပါသည်
ဘုန်းကြီး များကို ဆွမ်းကပ်ရာတွင်လည်း ဆွမ်းခဲဘွယ်များ ဆက်ကပ်ပြီးပါက အချို ပွဲများပါ ဆက်ကပ်ကြပါသည်
မြန်မာ့ ရိုးရာသရေစာ လည်းဖြစ် ရဟန်းသံဃာ များအား အမွန်အမြတ်ထား၍
ဆက်ကပ် လှူဒါန်း ကြသည့် အချို ပွဲ များစွာထဲကမှ ယနေ့ အတွက် ငှက်ပျောပူတင်း ပြုလုပ်နည်း အား ရေးသား လိုက်ပါသည်
ငှက်ပျောပူတင်း ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
- ငှက်ပျောသီးမှည့် ၂၀ လုံး
- သကြား..၂၅ ကျပ်သား
- ကြက်ဥ ၁၀ လုံး
- ဂျုံမှုန့် ၁၀ ကျပ်သား ( ငှက်ပျောသီး ပျော့ပါက ဂျူံ မှုံန့် ပိုထည့်ပါ)
- အုန်းသီး ၁ လုံး
- ထောပတ် ၂ ကျပ်သား
- ဆား ဟင်းစားဇွန်း ၁ဇွန်း
ပြုလုပ်ပုံ
ငှက်ပျောသီးမှည့်များ အာ အခွံခွှာပြီး ဇကာနှင့် အနှစ် တိုက်ချပါ
ကြက်ဥ ကို ခေါက်ထားပါ
အုန်းသီး ကို ခြစ်ဖြင့် ခြစ်ထားပါ
ဇလုံ တစ်ခုတွင် ငှက်ပျောသီး အနှစ်များ ဂျုံမှုန့် ဆား သကြား ကြက်ဥ အုန်းသီး စသည့် ပါဝင်ပစ္စည်း များအားလုံးအား နှံ့စပ်အောင် နယ်ပေးပါ ၁၅ မိနစ်ခန့် နှပ်ထားပါ
မုန့်ဖုတ်မည့် ဘန်းထဲတွင် ထောပတ် ဆီသုတ်ပြီး နယ်ထားသေား ငှက်ပျောသီး အနှစ်များအားလုံးကို လောင်းထည့်ပါ
မျက်နှာပြင် ညီအောင်ညှိပြီး အထက်မီး အောက်မီးဖြင့် ဖုတ်ပါ
မုန့်ဖုတ်တဲ့oven ရှိလျင် oven ထဲထည့်ဖုတ်ပါ
ငှက်ပျောသီး များ ရွှေညို ရောင်သမ်းပြီး အနံ့ မွှေးလာပါက အအေးခံပြီး လိုသလိုလှီးဖြတ် စားသုံးနိင်ပါသည်
As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!
Thanks , your supported .
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks , your supported .I am ever used esteem app.
မိုက်တယ်နော် တနေ့တမျိုးမရိုးရအောင်မုန်တွေက စားခြင်စရာတွေပါ
Posted using Partiko Android
လုပ်လိုက် စားလိုက် ဓာတ်ပုံ ရိုက်လိုက်
စားကောင်းမယ့် ပုံပါပဲ
စားစေချင် ပါ့