Pick- Pocket

in #myanmar5 years ago

ခါးပိုက်နှိုက်

Hello , all steemit member.

ယမန်နေ့ က စစ်ကိုင်းမြို့ ဥပုတ်ဈေး တွင် ခါးပိုက်နှိုက် ခံခဲ့ရပါသည်

သူများတွေ ခါးပိုက်နှိုက် ခံရသည် ဟုပြောသံသာကြားဖူးပါသည် က်ုကိုယ်တိုင်တော့ အခု ပထမ ဦးဆုံးအကြီမ် ခါးပိုက်နှိုက်ခံ ရဖူးခြင်း ဖြစ်ပါသည်

ပြောရမည် ဆိုလျှင် ခါးပိုက်နှိုက် သွားသည် ဟူသော စကားရပ် ကို သူများတွေ ပြေားသံကြားဖူးသည့် အတွက် ကြားဖူးနားဝသာ ရှိသည် အတွေ့အကြုံ မရှိ ပထဆုံး အကြိမ် ကိုယ်တွေ့ လို့ ပြောရမည် ထင်ပါသည်

image

ဒီနေရာမှာ စစ်ကိုင်းမြို့ရဲ့ ဥပုတ်ဈေး အကြောင်း အရင် ပြောရပါမည်
စစ်ကိုင်းမြို့ရှိ မြို့ မ ဈေးကြီးသည် ကျန်သည့်ရက်များတွင် ဈေးဖွင့် ပြီး ဥပုတ်နေ့တွင် ဈေးပိတ်လေ့ ရှိပါသည်

ထိုသို့ မြို့မဈေးကြီး ပိတ်သည့် ဥပုတ်နေ့ ရက်များတွင် ဈေးအပြင်ဘက်ပတ်ဝန်ူ လမ်းဘေးဝဲယာ တို့တွင် ထီးမိုးများဖြင့် ဈေးသည်များ အထူးသဖြင့် အဝတ်အစား ဖိနပ် စသည့် လူသုံးကုန်ပစ္စည်ူများအား လာရောက် ရောင်းချလေ့ ရှိကြပါသည်

အထူးသဖြင့် ဥပုတ်နေ့တွင် မန္ထလေး ဈေးချိုတော်လည်း ပိတ်သည့်အတွက်
လာရောက်ရောင်းချသူ အများစုသည် ဈေးချိုတော်မှ ဈေးသည်များက ပို၍ များပါသည်

ထို့ကြောင့် စစ်ကိုင်း မှ မန္ထလေးဈေးချိုတော် သို့ သွားရောက်၍ ဈေးမဝယ် ထြစ်သူများက သွားရောက် ဝယ်ယူ ကြည့်ရှု့ လေ့ ရှိကြပါတယ်

ဥပုတ်ဈေး အကြောင်းပြောပြီး ပြီမို့ အခု ခါးပိုက်နှိုက်ခံရတဲ့ အကြောင်း ပြောပါမယ်

၁ ရက်ခြား ၂ ရက်ခြား တစ်ခါလောက် ဈေးချိုတော် သို့ဥဒဟို သွားရောက်လေ့ ရှိသော ကျမကလည်း သင်္ကြန်နားနီးသည် ဖြစ်၍ ဥပုတ်ဈေး လူစည်သည်
ကြိုက်တာတွေ့က ဝယ်မည် ဟူသည့် ရည်ရွယ်ချက်ဖြင့် ဥပုတ်ဈေး သို့ ထွက်ခဲ့ပါသည်

လူစည်ကားသည့် ဝယ်သူမျာူမည့်လရက် ဖြစ်သည့်အတွက် လူမတိုးရအောင် နံနက်စောစော ၇ နာရျီလာက်သွားရာက် ခဲ့ပါသည်

ကျမ ရောက်ရှိချိန်တွင် လူမစည်သေးပါ တစ်ချို့ဈေးသည်များ ဆိုင်ခင်းနေတုန်းပင် ဖြစ်ပါသည်

ကျမ ကိုင်သည့် ပိုက်ဆံအိတ် သည် လွယ်ကြိုး ပါပြီး အဖုံးပါပါသည် အုံဖုံးနှင့် ကိုယ်ထည်အား ပတ္တာ နှင့် ချိတ်ဆက်ထားပါသည် ဘယ်ဘက်ပခုံးတွင် လွယ်ထားပြီး ဘယ်ဘက်လက်နှင့်လည်း အိတ်အပေါ် မှ လက်ဖြင့်ကိုင်ထားပါသည်

ပိုက်ဆံအိတ် အတွင်းတွင် ဖုန်း ၂ လုံး ငွေ ၃၀၀၀၀ လ်ုင်စင် ဘဏ်ကဒ် များ နှင့်အတှု ဆောင်ထားသော ဆေးကဒ် များ ပါပါသည်

လူရှင်းနေရာမှ လူ ၄ , ၅ ယောက် တပြိုင်ထဲပြုံး တိုးခြင်း ဖြစ်ပါသည်
ညှပ်၍ တိုးခြင်းဖြစ် သည့်အတွက် လူကရှေ့သို ယိုင်သွားပြီး ပိုက်ဆံအိတ်ပေါ်တင်ထားသည့် လက်က ရှေ့သို့ ရောက်သွားပါသည်

အဲ့ဒီအချိန် ခါးပိုက်နှိုက်လိုက်ခြင်း ဖြစ်ပါသည် ယိုင်သွားရာကနေ ခါးကိုမတ် လ်ုက်နိုင်သည့် အချိန် လက်က ပိုက်ဆံအိတ်ပေါ် ပြန်တင်ရာ ပ်ုက်င်္ဆ အိပ် ပွင့်လျှက် ရှိနေပါသည် ချက်ခြင်း အိတ် ကို စစ်ကြည့်ရာ ဖုန်းများနှင့် ပိုက်ဆံ ရှိမနေတော့ပါ

အရေးကြီးသည်က ဖုန်းဖြစ်တာကြောင့် ဟာ ဖုန်းမရှိတော့ ဘူးဟု ပြောလိုက်သည့်အခါ နောက်မှာရှိသည့် မိန်မ နစ်ယောက်မှ ဟိုရှေ့မှာ ဖုန်းကျနေတယ် ဟု ပြောလ်ုက်သည့်အတွက် ကြည့်လိုက်ရာ ကျမ ညာေထြောက်ရှေ့ တွက် ဖုန်းကျ နေသည့် အတွက် ကောင်ယူကာ ထွက်လာခဲ့လိုက်ပါသည်

ပိုက်ဆံများ မရှိတော့ သော်လည်း ဖုန်းပြန်ရသည့် အတွက် ခါးပိုက်နှုက်သမားကို လည်း ရှာဖွေ ရန်လုပ်မနေတော့ပါ ကျမဘေး အနီးနားက လူ ၇ ယောက် ဝန်းကျင်က တစ်ယောက်ယောက်သာ ဖြစ်မည် လိုချင်လို့ မှ နှိုက်ယူသွားသည် ဟု သဘောထား တွေးမိလျက် ဝယ်စရာ ပိုက်ဆံလည်း မရှိတော့သောကြောင့် ပြနါလာခဲ့ပါတော့သည်

သို့သော် ကျမ၏ အတွေး မှာသွားကြောင်း ကိုတော့ ညနေစောင်း fb ကြည့်မိချိန်မှ သိပါတော့သည်
fb တွင် ယနေ့ ဥပုတ်ဈေး၌ ခါးပိုက်နှိုက် များ သောင်းကျန်းနေကြောင်း ခါးပိုက်နှိုက် မိန်မ ၂ ယောက် အားလက်ပူးလက်ကျပ် မိသဖြင့် ရဲစခန်း သို့ ခေါ်သွားကြကြောင်း နှင့် မန့် များတွင်လည်း ခါးပိုက်နှိုက်ခံ ထားရသူးများမှ ငွေ က ဘယ်လောက် ဖုန်း ပါသွားတယ် စသဖြင့် လူတော်တော်များများ မန့်ထားသည် ကို ကြည့် ပြီး

ကျမသာ နံနက်ကတည်း က အဲ့ဒီ ခါးပိုက်နှိုက်များအား ရဲစခန်းသို့ အကြောင်းကြား၍ ဖမ်းခိုင်းခဲ့ လျှင် နောက်လူ များ ပါ ခါးပိုက်နှိုက် ခံရစရာ အကြောင်းမရှိ နီုင်ပါ

ထို့ကြောင့် ခါးပိုက်နှိုက် သူခိုး ဆိုသော လူတန်းစားများ အား မငဲ့ညှာသင့်ပါ
ဟူသော အတွေ့ အကြုံ ရရှိ ခဲ့ ပါတော့ သည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

အတွေ့ကြုံသစ်ပါ့ မှန်တယ် ရဲစခန်း ရုံးတွေ အလုပ်ရှုတ်
မှာစိုးပြီးမတိုင်ကြ တော့ ဒုစရိုက်သမားတွေအ ကြိုက်ပ

အေးပါဆို အေ

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

နောက်ဆို သတိထား တတ်သွားတာပေါ့။ ဖုန်းပြန်ရတာတော့ ကံကောင်းတယ် မလားဗျာ။ နို့မို့ဆို အလုပ်ရှုပ် နေမယ်

Posted using Partiko Android

ဟုတ်ပ အေ
နာ့ ဖုန်းသာ ပါသွားလို့ ကတော့ တစ်ဈေးလုံး ကို စစ်တပ်နဲ့ ဝိုင်းခိုင်း မှာ အေ့

ျဝုတ်ဒေ ဝိုင်းသာဝိုင်း ဗျ :D

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

I love this. I'm just sitting here drinking a Berliner Weisse but now I really want to grab somthing to eat!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63475.87
ETH 3121.13
USDT 1.00
SBD 3.87