Subbath Day and Sagaing Pagodas ( Part - 8 )

in #myanmar6 years ago

ဝါတွင်း ၃ - လ နှင့် စစ်ကိုင်း ဘုရားပွဲများ ( အပိုင်း - ၈ )

Hello , all steemit member.

ယနေ့ သည် တော်သလင်း လဆန်း ၈ ရက် နေ့န့ ဥပုဒ်နေ့ ဖြစ်ပါသည်

ကျမ တို့ စစ်ကိုင်းမြို့တွင် ဝါတွင်း ၃ လ ကာလ အတွင်းတွင် ဘုရေားပွဲ များပြုလုပ် ကျင်းပသော ဘုရားပွဲ ကျင်းပရာ ဘုရားစဉ် ဟူသည့် ဓလေ့ထုံးတမ်း တစ်ခု အဖြစ် နှစ်ပေါင်း မြောက်များစွာကတည်းမှ စတင်ကာ ယနေ့ကာလ အထိ တိုင်အောင် ဆင်နွဲ လာခဲ့ကြပါသည်

စစ်ကိုင်းမြို့ ၏ ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ
ဆင်ယင် ကျင်းပ ခဲ့သော ဘုရားစဉ် ဘုရားပွဲ များ ၏ ဘုရားအမည် များကို
စာချိုးလေးများ ဖြင့် ခေါ်ဝေါ် ခဲ့ကြပါသည်

ဘုရားစဉ် လင်္ကာ စာချိုးလေးကတော့

"ပုံ တောင် ဇေ ချမ်း ဥ နန်း နန် လေး ပ ထူ ရှင် ငါး အောင် ကောင်း "

ဟူ ၍ ဖြစ်ပါသည်

စစ်ကိုင်းမြို့ တွင် ဝါဆိုလပြည့် နေ့မှ သီတင်းကျွတ်လပြည့်လနေ့ အထိ ဆင်ယင် ကျင်းပ ခဲ့သောဝါတွင်းကာလ ဘုရားစဉ် ဘုရားပွဲ များ မှ

ယနေ့ ကျင်းပပြုလုပ်သော ဘုရားပွဲမှာ " လေးကျွန်းမာရ်အောင် "ဘုရားပွဲ ဖြစ်ပါသည်

ဘုရားစဉ် လင်္ကာ စာချိုးး တွင်တော့ " လေး " ဖြစ်ပါသည်

image

လေူကျွန်းမာရ်အောင် ဘုရားသည် စစ်ကိုင်း မြို သောတာပန် ရပ်ကွက် အရှေ့ဘက် ဧရာဝတီ မြစ်ကမ်း နဘေး တွင် တည်ရှိ ပါသည်

လေးကျွန်းမာရ်အောင် ဘုရားသမိုင်း

လေးကျွန်းမာရ်အောင် ဘုရား ၏ နောက်ထပ် ဘွဲ့အမည် တစ်ခုမှာ ပထမ
ကျောက်တော်ကြီး ဘုရားဖြစ်ပါသည်

စစ်ကိုင်းတောင်ခြေ သောတာပန် ရပ်ကွက် ဧရာဝတီ မြစ် နဖူး တွင် တည်ရှိသော လေးကျွန်းမာရ်အောင် ကျောက်တော်ကြီး စေတီတော်မြတ်ကြီးသည်
ကျောက်တော်ကြီး(၅)ဆူအနက် ရှေးအကျဆုံး မူလ အစ ပထမပင် ဖြစ်ပါ
သည်

လေးကျွန်းမာရ်အောင်စေတီမြတ်ကြီးကို ကောဇာသက္ကရာဇ်(၁၀၈၆)ခုနှစ်
တွင် စနေမင်းတရားကြီး၏သားတော် အင်းဝဘုရင်မှန်နန်းရှင် သီရိပ၀ရ
ဓမ္မရာဇာဓိပတိဘွဲ့ အမည်ခံ(ငယ်မည်မောင်အောင်) တနင်္ဂနွေမင်းတရား
ကြီး တည်ထားကိုးကွယ်ခဲ့ပါသည်

တနင်္ဂနွေမင်းတရားကြီးကလည်း ယုံကြည်ချက် အပြည့်အ၀နှင့် စေတီတော်ကြီးနှင့်အတူ လှိုဏ်အတွင်း စကျင်ကျောက်သားစစ်စစ်ဖြင့် သက်တော်ထင်ရှား မြတ်စွာဘုရားမှ တရားပွဲကျင်းပ နေဟန် ထုလုပ်ပူဇော် တည်ထားကိုးကွယ် ပူဇော် ခဲ့ပါသည်

image

ယခုခေတ်ကာလမှာလည်းဘဲ လေးကျွန်းမာရ် ဘုရားပုရဝုဃ် အတွင်း
အောင်ဝင်းသို့  တရားနှလုံးသွင်း အဓိဌာန်ပြုရင်း အောင်မြေနင်းကြသူများ
လောကီ-လောကုတ္တရာ အောင်မြင်နိုင်ကြသည် ဟု အယူရှိကြပါသည်

သို့ ဖြစ်၍ လှိုဏ်အတွင်းသို့ ဝင်ရောက်၍ အောင်မြေနင်းပြီး တရားပွဲကြီး တရားနာရသလို ရုပ်ပွားတော် မြတ်ကြီးအား ဖူးမြင်ရသူတို့ အဖို့  မှာလည်း
ဖူးမ၀ ထူးခြားလှပြီး သဒ္ဒါ ကြည်နူး ၀မ်းသာ ပီတိ အပြည့်ဖြင့် ဖူးမျှော်ကြည်ညို ကြရပါသည်

ထို့အပြင် လေးကျွန်မာရ်အောင် ဘုရား တည်ရှိရာ သောတာပန်ရပ်ကွက်သည် ဓမ္မဓူတ အရှင်ဆေကိန္န ဆရာတော်ဘုရား၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်ပါသည်

ထို့ကြောင့် လေးကျွန်းမာရ်အောင်ဘုရာပွဲ တော်တွင် ဓမ္မဓူတ အရှင်ဆေကိန္န ဆရာတော်ဘုရား အမှူးပြုသော တပည့် ဒါယကာ ဒါယိကာမများ မှ စစ်ကိုင်းတောင်ရိုး မင်းဝံ တောင်ရိုး တစ်ခွင်တွင် သီတင်းသုံးတော်မူကြသည့် သံဃာတော် အရှင်သူမြတ်များ သီလရှင် ဆရာကြီး ဆရာလေးများ ဆန် ဆီ ဆား ဆေး အလှူ တော်ကြီးပါ ကျင်းပ ပြုလုပ်သည့် အတွက် စစ်ကိုင်းတောင် တစ်ခွင် ရှိ ဘုရားပွဲများ တွင် စည်ကားလှသည့် ဘုရားပွဲ ဖြစ်ပါသည်

အထူးသဖြင့် သာသနာ့နွယ်ဝင် သံဃာတော်များ သီလရှင်များ မှစာရေးတံမဲများအား ပြန်လည်လှူ တန်းကြသည့် ထူးခြားလှသည့် ဘုရားပွံကြီး ဖြစ်ပါသည်

စစ်ကိုင်းမြို့ရှိ ရပ်ကွက်အရုဏ်တော် ဝတ်အသင်းများ ဆွမ်းတော်ကြီးဝတ်ပြု အသင်းများမှ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပသည့် စေတီပုထိုးများသို့ ဆွမ်းတော်ကြီးများ သွားရောက်ကပ်လှူ ပူဇော်ကြသည့် မွန်မြတ်လှသည့် အလေ့ တစ်ခု ရှိသည်တွင်
ယနေ့ အာရုံ မတက်မှီ အချိန်တွင် ဆွမ်းတော်ကြီး အသင်းအဖွဲ့ များမှ လေးကျွန်းမာရ်အောင် ဘုရားသို့ သွားရောက်၍ ဆွမ်းဆက်ကပ် လှူ
တန်းခြင်း ဝတ်ရွတ်စဉ်များ ဖြက့် ရွတ်ဖတ် သရဇ္ဇါယ် ခြင်များ ပြုလုပ် ကုသိုလ်
ပြုကြပါသည်

…… နောက်တစ်ပတ် ဆက်ရန် ……

@mamamyanmar

Sort:  

အတော်စည်တာလား သောတာပန်ရပ်က အရှင်ဆေကိန္န
အရပ်ထင်ပ

ဟုတ်တယ် ဆရာတော် နောက်ပါ ဒါယကာ တေကိုက express ကားတေနဲ့ အများကြီားလာလှူကြတာ
ကိုဒေတောင် ဘုန်းကြီး မယ်သီလ တေကြား ညှပ်နေအောင် တိုးရတယ်

သာဓုပါနော်

ဟုတ်ကဲ့

ဖတ်ပြီးဗဟုသုတရလိုကျေးဇူးပါ မမမြန်မာ😍😍

မနေ့ကဆွမ်းဦးပုညရှင်ရောက်တော့လေးကျွန်းမာရ်အောင်ဘက်ကဘုရားပွဲလို့ ပြောသံကြားခဲ့တာမရောက်ခဲ့ရဘူး

အယ် ဝင်ဘူး တာတော့ ဟုတ်ဘူး တစ်အား စည် တာ

Wow amazing

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97