Visited

in #myanmar6 years ago (edited)

ဓါတ်တော်ချိုင့် ရေတံခွန် ရောက် အမှတ်တရ

Hello ,
မင်္ဂလာပါ

image

ပြင်ဦးလွင် ဟု ဆိုလျင် လူအများ သိရှိကြပြီး သွားရောက်လည်ပတ်သူ
ရောက်ဖူးကြသူ အများအပြား ရှိကြမှာ ဖြစ်ပါတယ်

ပြင်ဦးလွင် တွင် လည်ပတ်သွားလာစရာ နေရာအများအပြားရှိသည်တွင်
လူအများသွားရောက်မှုနည်းသည့် ဓာတ်တော်ချိုင့်ရေတွံန်ရောက် အမှတ်
တရလေးကို ရေးသားပေးလိုက်ပါတယ်

image

ပြင်ဦးလွင်တွင် လည်ပတ်သွားလာစရာနေရာများစွာ ရှိရာ
ပိတ်ချင်းမြောင်BE fall ရုက္ခဗေဒဥယျာဉ် နှီးဘုရား မဟာအံ့ထူးကံသာဘုရား တရုတ်ဘုံကျောင်း မြို့မဈေးကြီး စသည့်နေရာများအား ၁ရက် ထဲ စုံအောင် သွားလာနိုင်မည် ဖြစ်သော်လည်း ဓာတ်တော်ချိုင့် ကို သွားရောက်လည်ပတ်ပါက ၁နေရာထဲ၌ ပင် နေ့တစ်ဝက်ခန့် အချိန်ပေးရသဖြင့် ခရီးဝေးမှ လာရောက်လည်ပတ်သူများ သွားလာမှု့နည်းရခြင်းဖြစ်ပါသည်

image

ဓါတ်တော်ချိုင့်ရေတံခွန် သည်အနီးစခန်းတွင်တည်ရှိပြီး
ပြင်ဦးလွင်-မန္တလေး ကားလမ်းမကြားတွင်ရှိပါသည် ဓါတ်တော်ချိုင့်ရေတံခွန် သည်အမြင့်ပေ ၁၂၂မီတာရှိပြီးအနက်မှာ၉၁မီတာရှိပါသည်
ဓါတ်တော်ချိုင့်ရေတံခွန် သည်အဆင့်သုံးဆင့်ရှိ ပါသည်

image

ကျမတို့ သွားရောက်သည့်အချိန်ကတော့ ကြားရက်ဖြစ်သည်ကြောင့်လားတော့မသိပါ ကျမတို့ ကား ၁စီး အပြင် ရှေ့မှာရောက်နျေသာ ဘုရားဖူးကား၁စိး နှင့် ကိုယ်ပိုင်ကား ၂စေီး ဆိုင်ကယ် ၃စီးခန့်လောက်သာရှိ ပါတယ်
ကျမတို့ အဖွဲ့လည်ူ ဓါတ်တော်ချိုင့်ရေတံခွန်ကိုရောက်ဖို့ မတ်စောက်ပြီး အကွေ့ပေါင်း ၂၄ ကွေ့ရှိတဲ့ လမ်းအတိုင်း မိနစ် ၃၀ လောက် ကားရှပ်နားရာနေရာမှ လမ်းလျောက် ဆင်းရပါတယ်
စီးသွားကြသည်မှာ ဒေါက်ဖိနပ် ကွင်းထိုးဖိနပ် များဖြစ်သည့်အတွက်
လမ်းမှာဖိန်ပ် ငှားစီးကြရပါတယ်
ရာဘာဖိနပ် တစ်ရံ ကို ၃၀၀ိ/ကျပ်ပေး၍ ဖိနပ်မျာလဲလှယ်စီးခဲ့ကြရပါတယ်

သာယာအေးမြတဲ့ရာသီဥတုရှိပြီး ပတ်ဝန်းကျင်သဘာဝ စိမ်းလန်းစိုပြေကာ ဘယ်လောက်ပင် ပင်ပန်းနေပါစေ ရေတံခွန်အောက် ရောက်တဲ့အခါ
အပန်းပြေစေပါတယ်
လူသူအရောက်ပေါက်နည်းတဲ့ အတွက် ရေကလည်း ကြည်လင် နေပြီး စိတ်ချမ်းသာစရာ ကောင်းလှပါတယ်

image

အသွားခရီး သည် မတ်စောက်သော မြေလမ်း အဆင်းလမ်းဖြစ်သည့်
အတွက် မနားတမ်း လျောတိုက်ကာ သွားရင်း ရေတံခွန်သို့ ရောက်သွား
သော်လည်း
အပြန်အတတ်ခရီးကတော့ သူများတွေ ၁ နာရီ နီးပါး အချိန်ယူ ရတဲ့ခရီးကို
ကိုတွေ ၂နာရီ ကြာမှ လေးဘက်ကုန်းကာ ဝါးတစ်ရိုက်သွား ခဏနား
စနစ်ဖြင့် ကားပါကင်ကို ပြန်ရောက် ခဲ့ပါတယ်

နောက် ၃-၄ ရက်ထိ ခြေသလုံးတွေတောင့်တင်း နေခဲ့သည်ကတော့
မမေ့နိုင်စရာ အမှတ်တရ ဖြစ်ခဲ့ပါသည်

သွားရလာရ တာအနည်းငယ် အခက်အခဲ ရှိပေမယ့် ပင်ပန်းရကျိုး နပ်တဲ့သဘာဝ အလှ တို့နှင့် တည်ရှိသော ရေတံခွန် ဖြစ်သောကြောင့် မရောက်သေးသူများအနေဖြင့် ပြင်ဦးလွင်သို့ ရောက်ပါက သွားရောက်လည်ပတ်လေ့လာသင့်သည် နေရာ တစ်ခု ဖြစ်ပါကြောင်း အမှတ်ရရင် ရေးသားလိုက်ရပါ
သည်

Author-

@mamamyanmar

MSC-070

Sort:  

ရောက်ဖူးဝူး 😭

ရောက်အောင်သွားကြည့် နော်

ကြားကို မကြားဖူးတာပါကွယ် ခုမှ သိတာ မရောက်ရောက်အောင် သွားမယ် တောရကျောင်းလေးဘာလေးဆောက်ပြီး တရားအားထုတ်ရအောင်ပေါ့ ဟီးးးးးးးး

တပည့်တော်တို့ လမ်းမှားပီး ဘုန်းကြီးကျောင်းလေး တစ်ကျောင်းရောက်သွားသေးတယ် အဲ့ကဘုန်းကြီးတွေ မိန့်တာက နေရထိုင်ရတာတော့ အေးဆေးတယ်တဲ့ ဆွမ်းကွမ်း တော့ခက်ဆိုဘဲ
ဦးဇင်းသတင်းသုန်းမယ်ဆို msc အဖွဲ့သားအားလုံးစုပီး ကျောင်ဆောက်
လှူ မယ်လေ

လွန်ခဲ့သောနှစ်များဆီက ရထားနှင့်အနီးစခန်းဘူတာမှာဆင်းပြီး
ဓာတ်တော်ချိုင့်သို့ ခြေလျှင်သွားဖူးတယ်
ပင်ပန်းပေသိပျော်စရာကောင်းတယ်

ခု သွားလိုက် ဦး

ရောက်ဖူးတယ် အတက်ကောအဆင်းကော အသက်ထွက်မတက်ဘဲ

အိုးသာယာလိုက်တာနော်မမမြန်မာရေ။ရောက်ဖူးချင်တယ်ဗျာ။

ရောက်အောင် သွားပါ့ နော်

ရောက်​ဖူးတယ်​အမ အဆင်းထက်​အတက်​ကပို​မောတယ်​အမ​ရေ

မြင်ရဝူး လေးထောင့်ကွက်တေဘဲမြင်ရတာ

ရေကူးတတ်တာလဲဟုတ်ဖဲနက်

ရေတံခွန် ကြည့် သွားတာပါ ဆို

မရောက်ဖူးသေးပါ သွားရအုံးမယ်

သွားလိုက် ဦး

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64140.77
ETH 3133.36
USDT 1.00
SBD 4.15